၂၀၂၀ ရွေးကောက်ပွဲအလွန် အစိုးရသစ်အပေါ် ဖလမ်းဒေသခံတွေ ဘာတွေမျှော်လင့်လဲ

၂၀၂၀ ရွေးကောက်ပွဲအလွန် အစိုးရသစ်အပေါ် ဖလမ်းဒေသခံတွေ ဘာတွေမျှော်လင့်လဲ
by -
Salai Benezer (KMG)

၂၀၂၀ ရွေးကောက်ပွဲအပေါ် ခံစားချက်များ၊ မျှော်လင့်ချက်များ စသည်တို့နှင့်ပတ်သက်၍ ချင်းပြည်နယ် ဖလမ်းမြို့မှ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများ၏ ပြောကြားချက်များကို ဖော်ပြလိုက်ရပါသည်။

Rev. Thawng Bik (ဖလမ်းနှစ်ချင်းအသင်းတော်/ချင်းလူမှုသိပ္ပံကျောင်း CISS ဦးဆောင်သူ)

“ကျွန်တော်တို့ ချင်းပြည်နယ်အတွက်ဆိုရင် ကျနော်တို့ လိုချင်နေတဲ့ ဖက်ဒရယ်ဒီမိုကရေစီပေါ့နော်။ ဒါကို ဒီအစိုးရအနေနဲ့ အကောင်အထည်ဖော်ပေးမယ်လို့ ကျနော်တို့မျှော်လင့်တယ်။ တက်လာတဲ့ ဘယ်အစိုးရပဲဖြစ်ဖြစ် ဒါအရေးကြီးဆုံးလို့ထင်တယ်။ ဖလမ်းအတွက်ဆိုရင်လည်း နိုင်ငံတကာတွေတက်လို့ရတဲ့ ကျောင်းတစ်ခု ဥပမာ - အိန္ဒိယအစိုးရနဲ့လုပ်မလား၊ နယ်စပ်လည်းဖြစ်တယ။် နိုင်ငံတကာကျောင်းတစ်ခုခုပေါ့။ ဒါကို အကောင်အထည်ဖော်ပေးစေချင်တယ်။ နောက်တစ်ခုက ပညာရေးကို အဓိကကျဆုံးလို့ ကျွန်တော်မြင်တယ်။ ဒီနိုင်ငံတွေ အပြောင်းအလဲလုပ်တဲ့အခါမှာ အဓိက လူသားအရင်းမြစ်ကို အားဖြည့်ကျတာပေါ့နော်။ အခုလက်ရှိက ချင်းပါတီတွေမှာ ဒါဟာကို သိပ်ပြောတာမတွေ့ဘူး။ NLD အနေနဲ့လည်း ပညာရေးပြုပြင်ပြောင်းလဲမှု လုပ်နေတယ်။ ဒါ General အနေနဲ့တော့လုပ်နေတယ်။ ဘယ်ပါတီပဲဖြစ်ဖြစ် သိပ်အားရစရာမကောင်းသေးဘူး။ ဒီထက်ပိုပြီးတော့မှ လူသားအရင်းမြစ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ဒီပညာရေးကို ဇောင်းပေးတော့မှ လုပ်စေချင်တယ်။

ပါတီလည်း အရေးကြီးတယ်လို့ထင်ရေပမဲ့ အဓိကကျတာက လူပါပဲ။ ဒီလူသည် သူ့ရဲ့နောက်ကြောင်းရာဇဝင်မှာ စိတ်ချရတဲ့လား ဘယ်လိုအကျင့်မျိုးရှိလဲ ဘယ်လိုစိတ်ထားရှိလဲ။ ပြီးတော့ သူ့ရဲ့အကျင့်စာရိတ္တရောကောင်းရဲ့လား။ ဒီလိုမျိုး အကျင့်စာရိတ္တကောင်းတဲ့လူတွေပေါ့။ လူတွေမှာတော့ မပြည့်စုံဘူး။ သို့သော်များလည်း အပြစ်ကင်းစင်တဲ့လူတော ့ ရှိမှာမဟုတ်ဘူး။ သို့သော် အနည်းဆုံး ဒါကို ကျွန်တော်တို့ကြိုးစားပြီးတော့မှ စိတ်ချရတဲ့လူကိုပဲ ရွေးပြီးတော့ မထည့်စေချင်ပါတယ်။ ခေါင်းဆောင်ဆိုတာ လူပုဂ္ဂိုလ်ပါပဲ အရေးအကြီးဆုံးက လူပါပဲ”

ဆရာမမေရီ (အလယ်တန်းပြဆရာမ)

“အသက်သိပ်မကြီးပဲနဲ့ ဒီလူလတ်ပိုင်းတွေကို ကျွန်မရွေးချယ်ချင်တယ်။ ပြီးတော့ ချင်းလူမျိုးကိုချစ်တဲ့ ကိုယ့်လူမျိုးကိုချစ်ရမယ်၊ လူမျိုးကို မြင့်တင်ချင်တဲ့စိတ်ရှိတဲ့သူကို ရွေးချယ်ချင်တယ်။ ပြီးတော့ ကိုယ့်အကျိုးအတွက် ကြည့်တဲ့သူပဲမဟုတ်ပဲနဲ့ တိုင်းပြည်အတွက်ဖြစ်ဖြစ် ကိုယ့်လူမျိုးအတွက် အနစ်နာခံမဲ့လူမျိုးကိုပဲ ရွေးချယ်ချင်တယ်။ တက်လာမယ့်အစိုးရအနေနဲ့ကတော့ အဓိကတော့ ပထမအချက်အနေနဲ့ ပညာရေးပေါ့။ ကျွန်မက ပညာရေးမှာလုပ်နေတဲ့အခါကြတော့ ပညာရေးကို နည်းနည်းလေးပိုပြီးတော့ လုပ်ပေးစေချင်တယ်။ အင်တာနေရှင်နယ်မမီရင်တောင် မြန်မာနိုင်ငံမှာ မြန်မာနိုင်ငံနဲ့တန်းတူ အဆင့်မှီအောင် လုပ်ပေးစေချင်တယ်။ ပြီးတော့ လမ်းပန်းဆက်သွယ်ရေးပိုင်းပေါ့။ လမ်းပန်းဆက်သွယ်ရေးက ခုတွေ့တဲ့အတိုင်းပဲ မိုးရာသီမှာဆိုရင် တအားခက်ခဲတယ်။ ကျမတို့ချင်းပြည်နယ်ပဲမဟုတ်ဘူး။ ပလက်ဝဖက်တို့ဆိုရင် ပိုးဆိုးသေးတယ် အဲ့ခါကြတော့ လမ်းပန်းဆက်သွယ်ရေးကို အဓိကလုပ်စေချင်တယ်။ လမ်းပန်းဆက်သွယ်ရေး နည်းနည်းကောင်းလာမယ်ဆိုလို့ချင်ရင် စီးပွားရေးကို အများကြီးကို အကျိုးပြုမယ်လို့ ကျွန်မမြင်တယ်။ ဒါကြောင့်မို့ စီးပွားရေးကိုလည်း နည်းနည်းလေး အဆင်ပြေအောင်လုပ်ပေးမယ်ဆိုရင် ပိုကောင်းမယ်လို့ ကျမထင်တယ်”

မအဲလ်နီရွေးသယ် (ကိုဗစ်-၁၉ စေတနာ့ဝန်ထမ်း)

“ကျွန်မအနေနဲ့က ပါတီကင်းရှင်းတယ်။ NLD ဘက်မှာဘဲဖြစ်ဖြစ် CNLD ဘက်မှာဘဲဖြစ်ဖြစ်မပါဝင်ခဲ့ဘူး။ မပါဝင်ခဲ့ရခြင်းအကြောင်းက ပါတီကိုမကြည့်ဘဲနဲ့ ကိုယ်စားလှယ်ကိုကြည့်ပြီးတော့ မဲထည့်ချင်လို့ မပါဝင်ခဲ့တာပါ။ ကျွန်မအနေနဲ့ ဘယ်လိုမျိုးကိုယ်စားလှယ်ကို ရွေးချယ်မလဲဆိုတော့ ပထမအနေနဲ့ နိုင်ငံရေးမှာ စိတ်အားထက်သန်တဲ့သူကိုရွေးမယ်။ ဒုတိယအနေနဲ့က သူ့ရဲ့ အကျင့်စာရိတ္တကိုကြည့်ပြီးတော့ မဲထည့်မှာဖြစ်ပါတယ်။ နောက်တက်လာမယ့် အစိုးရအနေနဲ့ အဓိကလုပ်စေချင်တာကတော့ ပညာရေးပိုင်းကို ပထမဆုံးလုပ်စေချင်ပါတယ်။ ဘာလို့လုပ်စေချင်လဲဆိုရင် အားလုံးသိတဲ့အတိုင်း မြန်မာနိုင်ငံက ၁၉၆၂ ခုနှစ်ကတည်းက ဘာလို့သူများ နောက်ကျသွားလဲဆိုရင် ပညာရေးပိုင်းမှာ ဖျက်စီးခံခဲ့ရလို့ဖြစ်တယ်။ အဲဒါကြောင့် မြန်မာနိုင်ငံကို ပြုပြင်ပြောင်းလဲစေချင်ရင် ပထမဆုံးအနေနဲ့ ပညာရေးပိုင်းကို ဦးစားပေးစေချင်ပါတယ်”

Joshua Lallawmpuia (ဖလမ်းလူငယ်အဖွဲ့ စာပေနှင့် ယဉ်ကျေးမှုတာဝန်ခံ)

“အဓိကအနေနဲ့ ဘယ်လိုမျိုးလွှတ်တော်ကိုယ်စာလှယ်မျိုးကို ရွေးချယ်စေချင်လဲဆိုရင် သူတို့အလုပ်ကဘာဖြစ်သလဲ၊ အမတ်လောင်းရဲ့တာဝန်သည် ဘာဖြစ်သလဲ၊ သူတို့ရဲ့ စည်းကမ်းတွေက ဘာဖြစ်သလဲ ဆိုတဲ့ဟာကို တိတိကျကျ ဆောင်ရွက်နိုင်တဲ့သူကို ရွေးတတ်ဖို့ရန် အရမ်းအရေးကြီးတယ်လို့ ကျွန်တော်မြင်ပါတယ်။ အခုတက်လာမယ့်အစိုးရက ဘယ်သူဘဲဖြစ်ဖြစ် ဘယ်ပါတီဘဲဖြစ်ဖြစ် ကျနော်ဖြစ်စေချင်တာက ဦးစားပေးအနေနဲ့ ဖက်ဒရယ်ကိုရဖို့ရန်အတွက် စွမ်းဆောင်နိုင်တဲ့သူတွေကို သဘောကျတယ်။ ပြီးတော့ လူတိုင်းမှာ အခွင့်အရေးရှိတယ်၊ အဲဒီအခွင့်အရေးကို လေးလေးနက်နက်နဲ့တန်ဖိုးထားပြီးတော့ ဆောင်ရွက်ပေးမယ်ဆိုရင် ချင်းပြည်နယ်အတွက်ဘဲဖြစ်ဖြစ် ဖလမ်းအတွက် ဘဲဖြစ်ဖြစ်ကောင်းမယ်လို့ထင်တယ်”

Most read this week

June 14, 2021
စစ်တပ်က တိုင်းပြည်အာဏာကို သိမ်းယူပြီးနောက် ရခိုင်ပြည်နယ်တွင် မြို့နယ်တစ်ချို့တွင် အာဏာရှင် ဆန့်...
January 28, 2021
တတိယအကြိမ်မြောက် ချင်းပြည်နယ်လွှတ်တော်အစည်းအဝေးကို လာမည့် ဖေဖော်ဝါရီ ၉ ရက်တွင်...
January 28, 2021
၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ မဲစာရင်းတွေ မှားယွင်းခဲ့ပြီး အဆိုပါမဲစာရင်းများကို တပ်မတော်က...
January 27, 2021
တတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်၏ ပထမဆုံးအကြိမ်အစည်းအဝေးကို ဖေဖော်ဝါရီ ၁...