မဲဆွယ်ဆိုင်းဘုတ်များ ဖျက်ဆီးခံရမှု ပုဂ္ဂိုလ်ရေးပြဿနာကြောင့်ဖြစ်ဖွယ်ရှိဟု မွန်ညီညွတ်ရေးပါတီဆို

မဲဆွယ်ဆိုင်းဘုတ်များ ဖျက်ဆီးခံရမှု ပုဂ္ဂိုလ်ရေးပြဿနာကြောင့်ဖြစ်ဖွယ်ရှိဟု မွန်ညီညွတ်ရေးပါတီဆို
by -
စောဇင်မောင် (Hintha)

နိုင်ငံရေးပါတီဆိုင်းဘုတ်များ ဖျက်ဆီးခံရမှုသည် ပုဂ္ဂိုလ်ရေးပြဿနာများကြောင့်ဖြစ်ဖွယ်ရှိကြောင်း မွန်ညီညွတ်ရေးပါတီမှ ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီ အတွင်းရေးမှူး နိုင်သန်းရွှေကပြောသည်။

 

"ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရတာ အောက်ခြေက ပုဂ္ဂိုလ်ရေးပြဿနာကြောင့်ပဲ ဒီလိုဖြစ်တယ်လို့ ယူဆပါတယ်" ဟု ၎င်းကပြောသည်။

 

ယခုလအတွင်း ရခိုင်ပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မွန်ပြည်နယ်၊ နေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ မြို့နယ်တစ်ချို့မှ နိုင်ငံရေးပါတီများ၏ မဲဆွယ်ဆိုင်းဘုတ်များ ဖျက်ဆီးခံခဲ့ရပြီး အထူးသဖြင့် NLD ပါတီ၏ ဆိုင်းဘုတ်များ ဖျက်ဆီးခံနေရခြင်းဖြစ်သည်။

 

အဆိုပါဆိုင်းဘုတ်များ ဖျက်ဆီးခံရမှုသည် ပုဂ္ဂိုလ်ပြဿနာကြောင့်သာဖြစ်ပြီး နိုင်ငံရေးပါတီများနှင့် သက်ဆိုင်ခြင်းမရှိနိုင်ကြောင်း နိုင်သန်းရွှေက သုံးသပ်သည်။

 

ယခုလို နိုင်ငံရေးပါတီ ဆိုင်းဘုတ်များ ဖျက်ဆီးခံရမှုသည် ခြိမ်းခြောက်၊ တိုက်ခိုက်မှုဖြစ်ကြောင်း သုံးသပ်မှုများရှိလာပြီး ယင်းကိစ္စအား ဥပေဒေအရ တိကျစွာကိုင်တွယ်ရန် နိုင်ငံရေးပါတီများက လိုလားလျက်ရှိသည်။

 

ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအရ လူပုဂ္ဂိုလ်တစ်ဦးဦး၏ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ကို အကြမ်းဖက်၊ ခြိမ်းခြောက်ပါက ထောင်ဒဏ်တစ်နှစ်အထိ ချမှတ်နိုင်ကြောင်း သိရသည်။

 

ယခင်ရွေးကောက်ပွဲများက နိုင်ငံရေးပါတီများ၏ မဲဆွယ်ဆိုင်းဘုတ်များ ယခုလို ဖျက်ဆီးခံရမှုမျိုး မရှိခဲ့ကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...