ချင်းပြည်နယ်တွင် ရွေးကောက်ပွဲလုံခြုံရေးအတွက် လက်ရှိရဲအင်အား၏ ၅၀ ရာခိုင်နှုန်းကို အသုံးပြုမည်

ချင်းပြည်နယ်တွင် ရွေးကောက်ပွဲလုံခြုံရေးအတွက် လက်ရှိရဲအင်အား၏ ၅၀ ရာခိုင်နှုန်းကို အသုံးပြုမည်

ချင်းပြည်နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲလုံခြုံရေးအတွက် ပြည်နယ်တစ်ခုလုံးရှိ ရဲအင်အား၏ ၅၀ ရာခိုင်နှုန်းကို အသုံးပြုမည် ဖြစ်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

“ပြည်နယ်တစ်ခုလုံးမှာရှိတဲ့ ရဲအင်အားရဲ့ ၅၀ ရာခိုင်းနူန်းကို ရွေးကော်ကပွဲလုံခြုံရေးအတွက် အသုံးပြုမယ်။ အထူးရဲတွေပါမယ်။ အထူးရဲတွေသုံးမယ်။ အတိကျပြောလို့မရဘူး ဆိုတာကတော့ ဗဟိုကော်မတီရယ်၊ ပြည်ထဲရေးရယ်၊ ကျန်တဲ့ဌာနဆိုင်ရာတွေ ပေါင်းစပ်ပြီးလုပ်မှ အဆင်ပြေမှာဆိုတော့။ အဲဒါကြောင့် တစ်ပြည်နယ်လုံးမှာရှိတဲ့ အင်အား ၅၀ ရာခိုင်နူန်းကို သုံးမှာပါ” ဟု ၎င်းကပြောသည်။

အဆိုပါပြည်နယ်တွင် ရွေးကောက်ပွဲလုံခြုံရေးအတွက် ပြည်နယ်တစ်ခုလုံးရှိ ရဲအင်အား၏ ၅၀ ရာခိုင်နှုန်းကိုသာ အသုံးပြုခြင်းမှာ ကျန် ၅၀ ရာခိုင်နှုန်းသည် ရုံးလုပ်ငန်းများတွင် ဆက်လက်တာဝန်ထမ်းဆောင်ရန် လိုအပ်ခြင်းကြောင်ဖြစ်သည်ဟု ဆိုသည်။

“ကျွန်တော်တို့ အထူးလုံခြုံရေးအတွက် ၅၀ ရာခိုင်နူန်းကတော့ အသုံးပြုမယ်။ ကျန်တဲ့သူတွေကတော့ ရုံးလုပ်ငန်းတွေရှိသေးတယ်။ ဒါကြောင့် ရှိတဲ့အင်အားရဲ့ တစ်ဝတ်ကိုသာ အသုံးပြုသွားမယ်“ ဟု ချင်းပြည်နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောသည်။

ချင်းပြည်နယ်တွင် နယ်မြေတည်ငြိမ်မှုမရှိသည့် ပလက်ဝမြို့နယ်အပါအဝင် မြို့နယ်ကိုးခုရှိပြီး မြို့ ၁၈ မြို့၊ ရပ်ကွက် ၆၆ ရပ်ကွက်၊ ကျေးရွာအုပ်စု ၄၆၄ အုပ်စုနှင့် ရွာပေါင်း ၁၃၄၇ ရွာရှိကာ မြို့နယ်နှင့်ကျေးရွာအလိုက် မဲရုံပေါင်း ၁၁၁၄ ထိ ဖွင့်လှစ်ရန်လျာထားကြောင်း ပြည်နယ်ရွေကောက်ပွဲကော်မရှင်ထံမှ သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...