ကချင်တွင် မြစ်ကြီးနားခရိုင်သည် ရွေးကောက်ပွဲ၌ အကြိတ်အနယ်ယှဉ်ပြိုင်ရမည့် ခရိုင်တစ်ခုဖြစ်လာဖွယ်ရှိ

ကချင်တွင် မြစ်ကြီးနားခရိုင်သည် ရွေးကောက်ပွဲ၌ အကြိတ်အနယ်ယှဉ်ပြိုင်ရမည့် ခရိုင်တစ်ခုဖြစ်လာဖွယ်ရှိ

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်တွင် နိုင်ငံရေးပါတီ ၁၅ ပါတီနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း လေးဦး ရွေးကောက်ပွဲဝင်ပြိုင်မည်ဖြစ်သဖြင့် အကြိတ်အနယ်ယှဉ်ပြိုင်ရမည့် ခရိုင်တစ်ခုဖြစ်လာဖွယ်ရှိကြောင်း မြစ်ကြီးနားခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံခွဲမှ သိရသည်။

မြစ်ကြီးနားခရိုင်တွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ကချင်ပြည်နယ်ပြည်သူ့ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)၊ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ကချင်အမျိုးသားကွန်ဂရက်ပါတီ၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)၊ လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဒီမိုကရေစီပါတီသစ် (ကချင်)၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ နာဂအမျိုးသားပါတီနှင့် ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ ဟူ၍ စုစုပေါင်း ၁၅ ပါတီတို့ အကြိတ်အနယ် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

တစ်သီးပုဂ္ဂလအနေဖြင့် ဦးဇော်ဇော်ထက်၊ ဒေါ်မရန်ဂျာဆိုင်းခေါန်၊ ဦးယောနာနှင့် ဦးဇောင်းခေါင်တို့က ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မြစ်ကြီးနားခရိုင်ရှိ မြစ်ကြီးနား၊ ဝိုင်းမော်၊ တနိုင်း၊ ချီဖွေ၊ ဆော့လော်နှင့် အင်ဂျန်ယန် စသည့် မြို့နယ်ခြောက်မြို့နယ်၌ မဲပေးခွင့်ရှိသူ ၃၅၀၁၇၀ ဦးရှိကြောင်းနှင့် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒပေးခွင့်ရှိသူ နှစ်သိန်းကိုးသောင်းကျော်ရှိခဲ့ရာ မဲပေးခွင့်ရှိသူ ခြောက်သောင်းနီးပါးခန့်တိုးလာကြောင်း မြစ်ကြီးနားခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ သိရသည်။

ကချင်ပြည်နယ်တစ်ခုလုံးအနေဖြင့် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းသူ ၄၈၄ ဦးရှိပြီး အမည်စာ ရင်း ပြန်လည်ရုပ်သိမ်းသူ နှစ်ဦး၊ ပယ်ချခံရသူ နှစ်ဦးရှိသဖြင့်  ကိုယ်စားလှယ်လောင်း ၄၈၀ ဦးရှိကာ ပြည်နယ်တစ်ခုလုံးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၁ သိန်းနီးပါးရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အရာရှိ ဦးထွန်းအောင်ခိုင်ထံက ပြောသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...