ရွှေလီကတိုက်ပွဲ အစိုးရတပ်အချင်းချင်းပစ်ခတ်မှုဖြစ်ကြောင်း RCSS/SSA ပြော

ရွှေလီကတိုက်ပွဲ အစိုးရတပ်အချင်းချင်းပစ်ခတ်မှုဖြစ်ကြောင်း RCSS/SSA ပြော

တရုတ်နယ်စပ်နမ့်ခမ်းမြို့တွင်  ဩဂုတ် ၄ ရက်ညနေပိုင်းက ဖြစ်ပွါးသော ပစ်ခတ်တိုက်ခိုက်မှုတွင် အစိုးရတပ်မတော်ဘက်ကအချင်းချင်း ပစ်ခတ်မှုသာဖြစ်ကြောင်း RCSS/SSA ဘက်က ထုတ်ပြန်သည်။

RCSS/SSA ပြောခွင့်ရ ဒုဗိုလ်မှူးကြီး အုမ်ခေးက – “သျှမ်းပြည်မြောက်ပိုင်းကို အင်အားဖြည့်ပြီးတက်လာတဲ့ အစိုးရတပ်အချင်းချင်းက သြဂုတ်လ ၃ ရက်နေ့ညပိုင်းမှာ အရက်မူးပြီး စကားများရန်ဖြစ်ကြတယ်။ ၄ ရက်နေ့ နေ့လည်ပိုင်းကျတော့ သူတို့အချင်းချင်း ပစ်ခတ်ကြတယ်။ အဲ့နေ့ညနေ ပိုင်းကတော့  ဗမာစစ်တပ်တဖက်တည်းသာသေနတ်ပစ်ခတ်တယ်။ တောထဲတောင်ထဲလျှောက်ပစ်တာ။ RCSS/SSA နဲ့ပစ်ခတ်တာမဟုတ်ဘူး” – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

မူစယ်မြို့နယ် မန့်ဟီးရိုး (မန့်ဟျိုး)မြို့နယ်ခွဲတွင် အစိုးရတပ်မတော် တပ်မ ၈၈ နှင့် ရဲတပ်ဖွဲ့တို့ အပြင်သြဂုတ်လဆန်းပိုင်းက တပ်မ ၇၇ ကအင်အားဖြည့်တင်း၀င်လာခဲ့ကြောင်းသိရသည်။

သြဂုတ်လ ၄ ရက်နေ့က တပ်မ ၈၈ လက်အောက်ခံ တပ်ရင်းမှ တပ်ရင်းမှူးနှင့် ရဲမှူးတို့က ဒေသခံလူထု၏ကားကို ယူဆောင်မောင်းနှင်လာစဉ် အင်အားဖြည့်တင်းလာသော  စစ်တပ်က ပစ်ခတ်သဖြင့် ထိခိုက်ဒဏ်ရာရ သေဆုံးမှုများရှိခဲ့သည်။ လူထု၏ကားလည်း ပျက်စီးသွားခဲ့ကြောင်း ဒေသခံ စိုင်းအောင်က ပြောသည်။

ပစ်ခတ်တိုက်ခိုက်မှုအသံကြောင့် ဒေသခံများတရုတ်ဘက်သို့ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး တရုတ်အစိုးရဘက်မှလည်းနယ်စပ်တလျှောက်သို့ လုံခြုံရေးအင်အားဖြည့်တင်းထားကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

အဆိုပါဒေသတွင် ယခင်ကတည်းက RCSS/SSA ကအခြေစိုက်လှုပ်ရှားနေသည်သာမက  SSPP/SSA လည်း ရောက်ရှိလှုပ်ရှားနေပါသည်။ သို့သော် ၂ ဖွဲ့စလုံးကမူ အစိုးရစစ်တပ် အင်အားဖြည့်တင်းလာသည့် လဆန်းပိုင်းကတည်းက တိုက်ပွဲမဖြစ်ပွါးစေရေး တိမ်းရှောင်ထားနှင့်ပြီးဖြစ်ကြောင်း ကြေငြာထားခဲ့ကြပြီးဖြစ်သည်။

အဆိုပါအစိုးရစစ်တပ်အချင်းချင်းပစ်ခတ်မှုတွင် ဟတ်ဟင်ဒေသခံတဉီး သေနတ်ကျည်ဆံထိမိဒဏ်ရာရရှိခဲ့ပြီးရွာသားတို့၏နေအိမ်နှင့် ကား တော်တော်များများလည်း ကျည်ဆံထိမိပျက်စီးခဲ့ကြောင်းသိရသည်။

September 16, 2024
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ရှိ တပိုင်တနိုင် ကုန်ကူးနေသည့် ဆင်ဖြူဂိတ်ကို စစ်ကောင်စီဘက်က...
September 16, 2024
သျှမ်းပြည် လားရှိုးမြို့နယ်နှင့် နောင်ချိုမြို့နယ်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့်...
September 13, 2024
သျှမ်းတောင်၊ ကလောမြို့တွင် စက်တင်ဘာလ ၁၀ ရက်နေ့က စတင် ဖြစ်ပွားနေသည့် ရေကြီး မြေပြိုမှုများကြောင့်...
September 13, 2024
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့အတွင်း စစ်ကောင်စီလက်‌အောက်ခံ ပြည်သူ့စစ်အဖွဲ့ နှစ်ဖွဲ့...