အသက်ရှူမရတော့သည့် ယူအက်စ် နှင့် အ သွားသောမြန်မာပြည်

အသက်ရှူမရတော့သည့် ယူအက်စ် နှင့် အ သွားသောမြန်မာပြည်

ဒီနေ့ အမေရိကန်မှာဖြစ်နေတဲ့ ကိစ္စရပ်တွေမှာ အားနည်းချက်တွေ၊စိတ်ပျက်စရာတွေအများကြီးပါ။ ဒါပေမယ့် အဲ့ဒီဖြစ်ရပ်တွေကနေ မြန်မာနိုင်ငံအတွက်သင်ခန်းစာယူစရာတွေလည်း အများကြီးရှိနေပါ တယ်။

အမေရိကန်မှာ ရဲအရာရှိ Derek Chauvin က နိုင်ငံသားတစ်ယောက်ဖြစ်တဲ့ George Floyd ကိုဖမ်းတဲ့အခါမှာ လုပ်ပိုင်ခွင့်ကို ကျော်ပြီး လုပ်ဆောင်ခဲ့လို့ George Floyd သေဆုံးခဲ့တယ်။ ဒါနဲ့ပတ်သက်ပြီးနိုင်ငံအနှံ့မှာ ဆန္ဒပြမှုတွေ၊အဓိကရုဏ်းတွေဖြစ်လာတယ်။ (Derek Chauvinကလူဖြူဖြစ်ပြီး George Floydကလူမည်းပါ) အမေရိကန်လူမည်းတွေ (အမေရိကန်အာဖရိကန်) တွေကဒီကိစ္စဟာသူတို့ အပေါ်လူဖြူတွေရဲ့ ခွဲခြားဖိနှိပ် ဆက်ဆံမှုပဲဆိုပြီး ခေါင်းစဉ်တပ်ကြတယ်။ ဒါပေမယ့် ဆန္ဒပြပွဲတွေမှာ လူဖြူ၊လူမည်း၊ လူဝါ၊ လူညို အကုန်ပါတယ်။ ဇက်ပိုးကိုဒူးဖြင့်အဖိခံရပြီး သေဆုံးခဲ့ရသူကနောက်ဆုံးတောင်းပန်ပြောဆိုခဲ့သည့် အသက်ရှူမရတော့ဘူး (I can't breathe)ဆိုသည့်စကားမှာ ဆန္ဒပြပွဲများ၏ကြွေးကြော်သံဖြစ်ခဲ့ရသည်။

လူဖြူတွေကဘယ်လိုတုန့်ပြန်လဲလူဖြူတွေကဒါဟာရဲတစ်ယောက်ကနိုင်ငံသားတစ်ယောက်ကိုလွဲမှားစွာဖိနှိပ်ဆက်ဆံတဲ့ကိစ္စပဲ။ ရဲတွေကမင်းတို့လူမည်းတွေကိုတင်မဟုတ်ဘူး ငါတို့လူဖြူတွေကိုလည်းဒီလိုဖိနှိပ်မှု တွေရှိတာပဲ။ ရဲတွေ၊ စစ် သားတွေ၊ အာဏာပိုင်တွေထဲမှာလည်း လူမည်းတွေရှိတာပဲ။ ဒါကြောင့်လူဖြူတွေကဖိနှိပ်တယ်လို့ လူမျိုးရေးကို ရှေ့တန်းတင်မနေသင့်ဘူး ဘာ ညာတွေလုပ်မနေကြဘူး။

ဒီလိုလူဖြူ၊ လူမည်းခွဲခြားမှုဟာနိုင်ငံမှာ အမြစ်တွယ်ခဲ့တာကြာပြီ။ အတိတ်ကလူဖြူအများစုမှာဒီလိုခွဲခြားမှုရှိခဲ့တယ်။ ဒါဟာတကယ်ဖြစ်ခဲ့တဲ့သမိုင်း၊ ဒီသမိုင်းတွေကြောင့်လဲ လူဖြူတွေနဲ့ပတ်သက်ရင်လူမည်း တွေစိတ်ထဲမှာ တကယ်ပဲဒီလိုခံစားနေကြရတယ်ဆိုတာကိုသူတို့အသိအမှတ်ပြုတယ်။ ဒီလိုတစ်ခုချင်းပြဿနာဖြစ်လာတာမျိုးပေါ်မှာလည်းလူမည်းတွေရဲ့မူလခံစားချက်တွေပြန်ပေါ်လာတတ်တယ်ဆိုတာကိုလည်းနားလည်ပေးနိုင်ကြ ပါတယ်။ လက်ရှိလူဖြူတချို့မှာဒီလိုခွဲခြားတဲ့စိတ်ဓါတ်တွေရှိနေနိုင်သေးပေမယ့်ငါတို့မှာမရှိဘူး၊ ငါတို့လည်းဒီလို မတရားမှုမျိုးကိုလက်မခံဘူးဆိုတာကိုပြဖို့စိတ်ဆန္ဒနဲ့ ဆန္ဒပြပွဲတွေမှာပူးပေါင်းကြတယ်။

အာဏာပိုင်တွေကဘယ်လိုတုန့်ပြန်လဲအာဏာပိုင်တွေကလည်း ဒါဟာရဲနဲ့နိုင်ငံသားတစ်ယောက်ရဲ့ပြဿနာပဲဖြစ်တယ်။ လူမည်းတွေကအလကားသက်သက်မဲ့ပြီးခဲ့တာတွေကိုပြန်ဆွနေတယ်တို့၊ အတိတ်တုန်းကဒီလောက် လည်းမဆိုးခဲ့ပါဘူးတို့အဲဒီလိုမျိုးလူမည်းတွေရဲ့အမြစ်တွယ်နေတဲ့ခံစားချက်ကပွင့်ထွက်လာတဲ့စွပ်စွဲချက်တွေအပေါ်မှာမသိကျိုးကျွန်ပြုပြီး ကိုင်တွယ်ဖို့မကြိုးစားပါဘူး။ ဒီခံစားချက်တွေကို အသိအမှတ်ပြုတယ်။

အဲဒီလက်ရှိအခြေအနေပေါ်မှာဘယ်လိုအကောင်းဆုံးဖြစ်အောင်ကိုင်တွယ်မလဲဘဲစဉ်းစားကြတယ်။ ပြဿနာစဖြစ်တဲ့ Minnesota ပြည်နယ်အုပ်ချုပ်ရေးမှူးTimWalz၊ကဒီမိုကရက် တစ်ပါတီသမတလောင်း  အဖြစ်အရွေးခံမယ့် Joe Biden၊ Minnesota တက္ကသိုလ်က လူမျိုးကွဲဆက်ဆံရေးဘာသာရပ်ပို့ချသူ Keith Mayes တို့ရဲ့ အင်တာဗျူးတွေမှာ ပြောတာတွေဟာထင်ရှားတဲ့ဥပမာတွေပါပဲ။

ရဲအချို့ကဆန္ဒပြသူတွေကိုထောက်ခံတဲ့အပြုအမူတွေပြခဲ့ကြတယ်။ မြို့အုပ်ချုပ်ရေးမှူးတွေက ဆန္ဒပြသူတွေရဲ့ခံစားချက်တွေကိုနားလည်စွာနဲ့ကိုင်တွယ်ဖို့ကြိုးစားခဲ့ကြတယ်။ ဆန္ဒပြမှူတွေကိုအကြမ်း ဖက်နှိမ်နှင်းဖို့ငြင်းဆန်မှုတွေရှိခဲ့ကြတယ်။ စိတ်မကောင်းစရာခြွင်းချက်တွေကတော့ရှိတာပေါ့လေ။ ဥပမာသမ္မတဒေါ်နယ်ထရမ့်လိုပေါ့။ ဘာကလမ်းပြခဲ့သလဲ လူဖြူပြည်သူတွေနဲ့ အာဏာပိုင်တွေကအမေရိကန်မှာ လူဖြူ၊လူမည်းပြဿနာ ရှိခဲ့တယ်။ အတိုင်းအတာတစ်ခုအထိရှိနေဆဲပဲဆိုတာကို လက်ခံအသိအမှတ်ပြုနိုင်လောက်အောင်လည်းသူတို့ရဲ့စာသင်ခန်းတွေ က မှန်မှန်ကန်ကန်လမ်းပြပေးခဲ့လို့ပါပဲ။ သမိုင်းကိုသမိုင်းအတိုင်း၊အရှိကိုအရှိအတိုင်း အားလုံးသိ အောင်လုပ်ပေးခဲ့လို့ပါပဲ။

မြန်မာနိုင်ငံရဲ့ပြဿနာတကယ်တော့တစ်ထပ်တည်းမကျပေမယ့် မြန်မာနိုင်ငံမှာလဲအမြစ်တွယ်နေတဲ့တိုင်းရင်းသားပြဿနာရှိနေခဲ့တာပါ။ လွတ်လပ်ရေးရပြီးကတည်းကမတူညီတဲ့ နောက်ခံသမိုင်း၊ ယဉ်ကျေးမှု၊ ဘာသာစကား၊ စာပေစတာတွေသီးသန့်ရှိနေခဲ့တဲ့လူမျိုးတွေဟာမြန်မာနိုင်ငံရဲ့တိုင်းရင်းသားတွေအဖြစ်ခွင့်တူညီမျှဝါဒ ဖြူစင်တဲ့ပြည်ထောင်စုမြန်မာနိုင်ငံကြီး ကိုတည်ထောင်ကြမယ်ဆိုပြီးသဘောတူညီချက်တွေထားခဲ့ကြ တာပါ။

ဒါပေမယ့်ခေတ်အဆက်ဆက်အစိုးရတွေနဲ့၁၉၆၂ခုနှစ်အာဏာသိမ်းတပ်မတော်အစိုးရတို့ကဒီသဘောတူညီချက်တွေကိုချိုးဖောက်ပြီးဗမာမဟုတ်တဲ့တိုင်းရင်းသားတွေကိုဗမာအများစုရဲ့အုပ်ချုပ်မှူအောက်ထဲကိုတရားဝင်ရောတရားမဝင်ရောနည်းလမ်းတွေနဲ့ထည့်သွင်းခဲ့ကြပါတယ်။ဒါ့ကြောင့်လဲမြန်မာနိုင်ငံရဲ့လက်နက်ကိုင်ပဋိပက္ခ(ပြည်တွင်းစစ်မီး)တွေတစ်ဟုန်းဟုန်းတောက်လောင်ခဲ့ရတာပါ။

အကျိုးဆက်နဲ့ပုံသွင်းမှူ

ဒီစစ်တွေကိုအမှီပြုပြီး ဗမာမဟုတ်တဲ့တိုင်းရင်းသားတွေအပေါ်မှာ အနိုင်ကျင့်ချိုးဖောက်မှုတွေအများကြီးရှိခဲ့ပါတယ်။ အာဏာသိမ်းအစိုးရဟာအမျိုးသားရေးဝါဒကိုကိုင်စွဲခဲ့တာကြောင့်ဗမာအများစုဟာလည်း ဒီလုပ်ရပ်တွေ အပေါ်မှာဝေဝါးခဲ့ကြပါတယ်။ ဗမာမဟုတ်တဲ့တိုင်းရင်းသားတွေကလည်း ဗမာတွေအားလုံးအပေါ်မှာသိမ်းကျုံးပြီး နာကျည်းမှူတွေဖြစ်လာခဲ့ရပါတယ်။ ဒီလိုဖြစ်အောင်လည်းစာသင်ကျောင်းတွေ ကလိုသလိုပုံသွင်းခဲ့ကြတာပါ။

ဒါ့ကြောင့်လည်း၁၉၈၈မှာနိုင်ငံဖွံ့ဖြိုးမှုနိမ့်ကျလာလို့၁၉၆၂အာဏာသိမ်းတပ်မတော်အစိုးရနဲ့သူတို့ရဲ့ဆက်ခံသူတွေကိုဗမာအများစုကဆန့်ကျင်ခဲ့ကြပေမယ့်တိုင်းရင်းသားပြဿနာတွေအပေါ်မှာတော့ရှင်းရှင်းလင်းလင်းနားလည်မှုမရှိခဲ့တာကိုတွေ့ရပါတယ်။အဓိကပြဿနာကတော့စာသင်ခန်းတွေ၊ပညာရေးတွေကတိုင်းရင်းသားပဋိပက္ခနဲ့ပတ်သက်ပြီးအမေရိကန်မှာလိုမှန်ကန်စွာအသိပညာပေးတာတွေမလုပ်ခဲ့လို့ပါပဲ။သမိုင်းကိုသမိုင်းလိုမသင်ကြားပဲ လိုရာဆွဲပြီးလုပ်ကြံသမိုင်းတွေ အတင်းထည့်သွင်းခဲ့တာတွေပါလုပ်ခဲ့ပါတယ်။

အမေရိကန်နဲ့ဘာကွာသလဲ

ဒါကြောင့်လည်းမြန်မာပြည်ကအာဏာပိုင်တွေနဲ့ဗမာအများစုဟာတိုင်းရင်းသားပြဿနာတွေအပေါ်ချည်းကပ်ရာမှာအမေရိကန်အာဏာပိုင်တွေ၊လူဖြူတွေအခုကိစ္စကိုချည်းကပ်တာနဲ့ကွာသွားတတ်ပါတယ်။ GeorgeFloydကိစ္စမှာရဲကပြည်သူကိုအနိုင်ကျင့်ပြီးတရားလက်လွတ်လုပ်တဲ့လက်ရှိပြဿနာဖြစ်ပေမယ့်အတိတ်ကတည်းကအမြစ်တွယ်နေတဲ့လူဖြူလူမည်းပြဿနာကိုလည်းဖြေရှင်းရမယ့်အရှိတရားတစ်ခုအနေနဲ့ထည့်သွင်းစဉ်းစားပါတယ်။

နိုင်ငံသားတစ်ယောက်ကိုအာဏာပိုင်တစ်ယောက်ကလက်လွတ်စပယ်ကိုင်တွယ်တာကိုတုန့်ပြန်တာအပြင်လူမည်းတစ်ယောက်မို့လူဖြူတစ်ယောက်ကဒီလိုဆက်ဆံရသလားဆိုတဲ့လူမည်းတွေရဲ့အတိတ်ကအမွေဆက်ခံခဲ့ရတဲ့ခံစားချက်ကိုလဲလူဖြူတွေနဲ့အမေရိကန်အာဏာပိုင်တွေကကုစားပေးရမယ့် အရေးကြီးကိစ္စတစ်ခုအနေနဲ့အလေးထားအသိအမှတ်ပြုကြတယ်။

ဗမာတွေရဲ့တုန့်ပြန်ပုံ

မြန်မာပြည်မှာတော့ဒီလိုပြဿနာတွေဖြစ်လာရင်အာဏာပိုင်တွေကဖိနှိပ်ဆက်ဆံတာအပေါ်မှာတုန့်ပြန်တဲ့အထိဗမာတွေဟာဗမာမဟုတ်တဲ့တိုင်းရင်းသားတွေနဲ့တူကြပေမယ့်တိုင်းရင်းသားတန်းတူရေးနဲ့ပတ်သက်ပြီးထဲထဲဝင်ဝင်စပြောလာပြီဆိုရင်တော့အဲဒီခံစားမှူတွေကိုနားလည်လက်ခံနိုင်မှုမှာ အားနည်းတာတွေ့ကြရပါတယ်။

အာဏာပိုင်တွေရဲ့တုန့်ပြန်ပုံ

အာဏာပိုင်အဆင့်မှာတော့ပိုဆိုးပါတယ်။တိုင်းရင်းသားပြဿနာကိုသက်သက်မဲ့ဆူပူသောင်းကျန်းနေတဲ့သောင်းကျန်းသူတွေလို့ပဲမြင်တတ်ကြပါတယ်။ တန်းတူမှုနဲ့ပေါင်းကြမယ်ဆိုတဲ့ကတိအပေါ်မှာ အခြေခံထားတဲ့ပြည် ထောင်စုဆိုတာကိုမေ့လျော့နေကြပြီးတန်းမူမှုမရှိရင်ခွဲထွက်မယ်လို့ပြောရင် တန်းတူမှုရှိအောင်ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတဲ့အပိုင်းထက် ခွဲထွက်မယ်ဆိုတဲ့အပိုင်းကိုပဲဖောက်ဖျက်မှူ တစ်ခုလိုမြင်တတ်ကြပါတယ်။

ဘယ်လိုကျော်လွှားမလဲ

အထက်ကပြောခဲ့သလိုပါပဲ။ အဓိကကတော့ကျောင်းပညာရေးကဒါတွေကိုမှန်မှန်ကန်ကန်မသင်ကြားပေးခဲ့ယုံမကပဲ ဘက်ပေါင်းစုံကနေသမိုင်းကိုလိုသလိုဆွဲပြီးပြည်သူတွေရဲ့ ခေါင်းထဲကိုထည့်ခဲ့တဲ့ အတွက်ပါပဲ။ ဒီလိုအခြေ အနေမှာပြည်သူတွေရော၊အာဏာပိုင်တွေကရောမြန်မာပြည်ရဲ့တိုင်းရင်း သားပြဿနာကိုကျေကျေညက်ညက်နားလည်နိုင်အောင်ကြိုးစားသင့်ပါတယ်။

အာဏာပိုင်များ

အထူးသဖြင့်တော့အာဏာပိုင်တွေအနေနဲ့မြန်မာပြည်ရဲ့လက်နက်ကိုင်ပဋိပက္ခတွေကိုဖြေရှင်းဖို့တကယ်စိတ်စေတနာရှိတယ်ဆိုရင်အဲဒီပဋိပက္ခတွေရဲ့ဇစ်မြစ်ဖြစ်တဲ့မြန်မာနိုင်ငံတိုင်းရင်းသားပြဿနာကိုခြေခြေမြစ်မြစ်စေ့သင့်ပါတယ်။ဘက်ပေါင်းစုံ၊ အသံပေါင်းစုံ၊ ခံစားချက်ပေါင်းစုံကိုနားထောင်ဖို့ လိုမှာဖြစ်ပါတယ်။

မြန်မာပြည်လွတ်လပ်ရေးကြိုးပမ်းမှုကာလမှာတောင်လွတ်လပ်ရေးအတွက်ကြိုးပမ်းသင့်တယ်ထင်တဲ့သူအများစုရှိကြသလိုမကြိုးပမ်းသင့်ဘူးအင်္ဂလိပ်အစိုးရလက်အောက်မှာပဲဆက်နေသင့်တယ်ယူဆတဲ့သူတွေလည်းရှိခဲ့ကြပါတယ်။ ဒါ့ကြောင့်တိုင်းရင်းသားတွေရဲ့အသံကိုနားထောင်တဲ့အခါမှာလဲဒေါင့်စုံအောင်၊အသံစုံအောင်နားထောင်ဖို့တော့လိုပါမယ်။ကိုယ်နဲ့သိတဲ့တိုင်းရင်းသားအစုလေးရဲ့အခြေအနေအရပြောတဲ့သဘောထားမျိုးကိုပဲအတည်ယူဖို့ခက်နိုင်ပါတယ်။

သာမန်ပြည်သူများ

ပြည်သူတွေအနေနဲ့လည်း ဗမာတိုင်းရင်းသားရော၊ ဗမာမဟုတ်တဲ့တိုင်းရင်းသားတွေပါဖြစ်ပျက်ခဲ့တာတွေ ကို စနစ်တကျလေ့လာပြီး ကောင်းမွန်စွာသိရှိသွားသူက ကျန်သူများကိုပြန်လည်ဝေငှပြီးရှင်းလင်းပြ တာမျိုးတွေ လုပ်ဆောင်သင့်ပါတယ်။ ဒါမှ အပြန်အလှန်နားလည်မှု၊ယုံကြည်မှုတွေတည်ဆောက်နိုင်ပြီး တင်းမာမှုတွေလျှော့ချနိုင်မှာပါ။

အချုပ်

အဓိကအချက်ကိုချုပ်ပြောရရင်မြန်မာပြည်တိုင်းရင်းသားပြဿနာကိုအာဏာပိုင်နဲ့နိုင်ငံသားကြားထဲကမတရားဖိနှိပ်မှုပြဿနာလောက်တင်မကဘဲတိုင်းရင်းသားတန်းတူမညီမျှခဲ့တဲ့သမိုင်းဆိုးကိုလည်းသေသေချာချာသိဖို့လိုပါမယ်။

နောက်ခံသမိုင်းကြောင်းမတူ၊ယဉ်ကျေးမှူမတူသီးသန့်နေထိုင်နိုင်တဲ့လူမျိုးများကအတူယှဉ်တွဲနေထိုင်ဖို့ကြိုးစားနေတာဖြစ်တယ်။တန်းတူမှုပျောက်ဆုံးပြီလို့ယူဆတာနဲ့ခွဲထွက်ဖို့ဆုံးဖြတ်တာဟာသူတို့အခွင့်အရေးဆိုတာကိုလည်း အလေးအနက်ထားသင့်ပါတယ်။

သက်ဆိုင်ရာအာဏာပိုင်တွေအနေနဲ့လည်းသမိုင်းကြောင်းအပေါ်နားလည်ဖို့မကြိုးစားဘဲလက်နက်နဲ့ဖိတိုက်လိုက်ရင်ငြိမ်သွားမှာပဲလို့မယူဆပါနဲ့။တန်းတူအခွင့်အရေးမရှိသ၍တော့ငြိမ်သွားရင်တောင်မီးတောင်မြုံသွားသလိုပဲဖြစ်မှာပါ။ အချိန်တစ်ခုမှာ ပြန်ပြီးပေါက်ကွဲကြမှာပါ။မျိုးဆက်အလိုက် ဒုက္ခဖန် တီးတာပဲဖြစ်မှာပါ။

ဟာဝိုင်အီ

ဥပမာလေးတခုပေးချင်ပါတယ်။ အမေရိကန်နိုင်ငံရဲ့၅၀ခုမြောက်ပြည်နယ်ဟာဝိုင် အီကျွန်းလေးဟာ၁၈၉၃ခုနှစ်မှာမှအမေရိကန်ပိုင်ဖြစ်ခဲ့တာပါ။ အငြင်းပွားဖွယ်ရာပိုင်ဆိုင်မှုဖြစ်ခဲ့ရပြီး ဟာဝိုင်အီဒေသခံလူမျိုးတွေက အခုထိမကျေနပ်မှူတွေရှိနေတုန်းပါပဲ။

ဟာဝိုင်အီဒေသခံတွေကိုဘယ်လိုဆက်ဆံလဲ

ဒါပေမယ့်ဟာဝိုင်အီမှာပြင်းထန်တဲ့လွတ်မြောက်ရေးလှူပ်ရှားမှုဆိုတာမတွေ့ရပါဘူး။ ဟာဝိုင်အီကျွန်းစုကိုရောက်ရင်နှုတ်ဆက်တာကအစဒေသခံစကားနဲ့ပဲနှုတ်ဆက်ပါတယ်။ လမ်းတွေ၊ အဆောက်အဦတွေကို ဒေသခံနာမည်တွေပဲပေးထားပါတယ်။ အာဏာပိုင်တွေထဲမှာအာရှသားနဲ့ဒေသခံတွေက အများစုပါ။

အထင်ကရအဆောက်အဦတွေကိုဒေသရဲ့သမိုင်း၊ ဒဏ္ဌာရီ၊ နောက်ခံတွေကိုထင်ဟပ်စေမယ့်ဗိသုကာတွေနဲ့ပုံဖော်ထားပါတယ်။ ဟာဝိုင်အီရဲ့ကျော်ကြားတဲ့ခေါင်းဆောင်တွေရဲ့ရုပ်တုတွေကိုပဲတွေ့ရပါတယ်။ အမေရိကန်ရဲ့ ဟာဝိုင်အီကိုသူတို့ပိုင်ပြည်နယ်လုပ်ခဲ့မှုအပေါ်လုံးဝ မကျေနပ်လို့သေဆုံးတဲ့အထိကန့်ကွက်သွားတဲ့ဟာဝိုင်အီရဲ့နောက်ဆုံးဘုရင်မရုပ်တုကိုလည်းဟာဝိုင်အီလွှတ်တော်မှာထုလုပ်ပေးထား ပါတယ်။

တကယ်တော့ဟာဝိုင်အီဒေသခံတွေကတော်လှန်မယ်ဆိုရင်တောင်သူတို့လူဦးရေနဲ့ဆိုဖြစ်နိုင်ချေနည်းလှပါတယ်။ ဒါပေမယ့်ဟာဝိုင်အီသားတွေရဲ့မကျေနပ်မှုတွေမမြင့်မားလာအောင် အရာရာမှာသတိထားပြီးနှစ် သိမ့်မှုတွေ ဝေဝေဆာဆာလုပ်ဆောင်ပေးထားတာကိုတွေ့ရမှာပါ။

မြန်မာကရော

အမေရိကန်မှာသူတို့သိမ်းယူခဲ့တယ်လို့ပြောလို့ရတဲ့သူတွေကိုတောင်တန်းတူညီမျှမှု၊လေးစားအသိအမှတ်ပြုမှုပေးနိုင်သေးတယ်။ ဒီလိုလုပ်ခဲ့လို့လည်းပဋိပက္ခကြီးကြီးကိုရှောင်နိုင်ခဲ့တယ်။ မြန်မာပြည်မှာအတူတူ နေကြမယ် ဆိုပြီးသဘောတူခဲ့တဲ့တိုင်းရင်းသားတွေကိုဘာလို့ အဲဒီလိုမဆက်ဆံနိုင်ခဲ့တာပါ လဲ။ ဒီလိုအခြေခံစိတ်လေးမွေးနိုင်ဖို့ဆိုရင် သမိုင်းတွေကိုအမှန်သိဖို့လိုပါတယ်။ အမှန်အတိုင်းသုံးသပ်နိုင်ဖို့လိုပါမယ်။

“သမိုင်းသင်တာ မအ အောင်လို့” လို့ဆရာကြီးဒေါက်တာသန်းထွန်းကပြောပါတယ်။ ၁၉၆၂ ကအာဏာ ရှင်တွေကတော့ “သမိုင်းအမှားတွေသင်တာ အ အောင်လို့” လို့ရည်ရွယ်ပုံရပါတယ်။

အဲဒီလို အ အောင် ရည်ရွယ်ချက်ကို ဒီနေ့ခေတ်ပြည်သူတွေနဲ့ နိုင်ငံခေါင်းဆောင်တွေကဖြည့်ဆည်းပေးဖို့မသင့်တော့ပါဘူး။ ပြည်သူတွေကို မအ ပါစေနဲ့တော့။

အထူးသဖြင့်တော့နိုင်ငံကိုကောင်းစေချင်တယ်ဆိုရင်လက်ရှိနိုင်ငံ့ခေါင်းဆောင်များအနေနဲ့အတိတ်ကနိုင်ငံတော်အဆင့်ဂျင်းများနောက်ကိုမပါသွားသင့်သလိုကိုယ်တိုင်ကလည်းဂျင်းအသစ်တွေထပ်ပြီးမထည့်သင့်တော့ပါဘူး။နိုင်ငံသားများအနေနဲ့လည်းအခုလိုပွင့်လင်းလာတဲ့အခြေအနေကိုအခွင့်အလမ်းအဖြစ်အသုံးချပြီးဂျင်းကင်းစင်ရေးများများလုပ်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။  ။

(စာရေးသူ ကိုသွင်လင်းအောင် သည်နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်ကာမြန်မာ့ဒီမိုကရေစီရေး တိုက်ပွဲတွင် တောက်လျှောက်ပါဝင်ခဲ့သူဖြစ်ပြီး လက်ရှိတွင်ပြည်သူ့မိတ်ဆွေအဖွဲ့ (GPS) ၏ ဒါရိုက်တာလည်းဖြစ်ပါသည်။)

အာဏာသိမ်းပြီးနောက် ဒုတိယအကြိမ် ပြန်လည်ဖွဲ့စည်းသည့် သတင်းမီဒီယာကောင်စီအတွင်းရေးမှူး ဦးအေးချမ်း
November 23, 2024
စစ်ကောင်စီလက်ထက် သတင်းမီဒီယာကောင်စီကို ဒုတိယအကြိမ်မြောက် ပြောင်းလဲဖွဲ့စည်းလိုက်ရာတွင်လည်း...
ဓါတ်ပုံ- စစ်ကောင်စီ
November 22, 2024
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ မြဝတီအသံလွှင့်ဌာနရုံးနှင့် တောင်ဥက္ကလာပမြို့နယ်ရှိ...
၂၀၁၄ ခုနှစ်က ကလေးစစ်သားအဖြစ်စုဆောင်းခံရသူတဦးကို စစ်တပ်ကပြန်လွှတ်ပေးခဲ့  (Photo-AFP)(ပုံဟောင်းဖြစ်ပါသည်)
November 21, 2024
၂၀၂၁ ခုနှစ် အာဏာသိမ်မှုဖြစ်စဉ်နောက်ပိုင်း အသက် ၁၈ နှစ်အောက် ကလေးငယ် ၂,၀၀၀ နီးပါးကို စစ်ကောင်စီက...
အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား။(ပုံ- ဒေါနတပ်ရင်း)
November 19, 2024
စစ်ကောင်စီ၏ အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းကြောင့် စစ်မှုထမ်းခဲ့ရသည့် ရဲဘော်ခြောက် ဦး...