KIA ကို တပ်မတော် တိုက်ခိုက်လာမလား

KIA ကို တပ်မတော် တိုက်ခိုက်လာမလား
KIA စစ်ရေးပြ၊ လိုင်ဇာမြို့၊ ကချင်ပြည်နယ်
KIA စစ်ရေးပြ၊ လိုင်ဇာမြို့၊ ကချင်ပြည်နယ်

ကချင်လွတ်လပ်ရေးအဖွဲ့ KIO နယ်မြေတွင် ရက္ခိုင့်တပ်တော် AA ကို ဆက်လက်ထားရှိလျှင် စစ်ရေးအရ တိုက်ခိုက်မည်ဟု တပ်မတော်က ပြောဆိုလာမှုအပေါ် ကချင်ငြိမ်းချမ်းရေးလေ့လာသုံးသပ်သူများ၏ အမြင်ကို တင်ပြထားပါသည်။

ဆရာတူးခေါင်

ငြိမ်းချမ်းရေးလေ့လာသုံးသပ်သူ

“KIA/KIO နဲ့လည်း မြန်မာစစ်တပ်က တရားဝင် အပစ်အခတ် ရပ်စဲထားတာ မဟုတ်ဘူးပေါ့။ သူတို့ ဟိုဘက်ကို တိုက်နေသေးလို့ မအားသေးလို့ ဒီဘက်ကို မတိုက်သေးတာပဲ။ တကယ်လို့ ဆုံခဲ့ရင် အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်တယ်။ မင်းတို့မှာ AA တွေ ရှိလို့ တိုက်ခိုက်မယ်ဆိုပြီး ပြည်သူတွေသိအောင် အသိပေးတယ်ဆိုပါတော့။ သူတို့သာတိုက်မယ်ဆို တိုက်လို့ရတယ်။ ပြောချင်တာက အပစ်ရပ်ထားတဲ့ကာလမဟုတ်ဘူး။ တိုက်ခိုက်ချင်ရင် အချိန်မရွေးတိုက်ခိုက်လာနိုင်တာပဲ။ ဒါကို ပြည်သူတွေသိအောင် လုပ်တယ်ဆိုကတည်းက သူတို့ဆီမှာ agender တစ်မျိုးရှိတယ်။”

ဆရာတန်ဂွန်း

ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့



“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လုပ်ဆောင်နေတဲ့ ကာလအတွင်းမှာ အခုလို တင်းမာမှုတွေ အချင်းချင်းပြောဆိုလာမှုတွေက  သတိထားရမယ့်အရာဖြစ်မယ်။ တိုက်ပွဲဖြစ်မယ်ဆိုရင်လည်း မခက်ဘူး။ ဒါပေမဲ့ ပြည်သူတွေအပေါ် ဘယ်လောက် ထိခိုက်နစ်နာလာမယ်ဆိုတာကို နိုင်ငံခေါင်းဆောင်တွေအားလုံးက ဒါတွေကို စဉ်းစာရမယ်လို့ မြင်တယ်။ အခုတောင်မှ IDP တွေအရမ်းများနေတယ်။ ပြီးတော့ အခုဆိုရင် COVID-19 ရောဂါကို ကျနော်တို့ ပူးပေါင်းကာကွယ်ဖို့ တာဝန်တွေရှိနေတယ်။ အခုလိုအချိန်အခါမျိုးမှာ တိုက်ပွဲတွေ ဖြစ်နေတယ်ဆိုဒါက မကောင်းဘူး။ မဖြစ်အောင်လည်း ကျနော်တို့ ရှောင်ရမယ်လို့ မြင်တယ်။”



ဒေါက်တာမနမ်တူးဂျာ

ဥက္ကဋ္ဌ၊ ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP



“တိုင်းမှူးပြောသလိုဆိုရင် ဒီနှစ်မှာတော့ သိပ်ပြီးမစိုးရိမ်ရသလို နောက်နှစ်တော့ တကယ်ကို ချတော့မယ်ဆိုတာတွေပေါ့။ ဒါကို AA တွေကို အဆက်မဖြတ်နိုင်သ၍တော့ KIA KIO မှာလည်း သူတို့တိုက်ပွဲတွေဖြစ်လာနိုင်တယ်ဆိုပြီးပြောတယ်လို့ ကြားတယ်။ ကျနော်အမြင်ပြောရရင်တော့ ဒါကပြသာနာပဲ။ ဒီပြသာနာကို ဖြေရှင်းတဲ့နည်းလမ်းမှန်ရမယ်။ နည်းလမ်းမမှန်ရင် ပြသာနာက သေးတာကနေ ကြီးလာနိုင်တယ်။ ကြီးလာတာကနေ ပျံ့သွားမယ်။ တစ်ဖက်အသံကိုလည်းနားထောင်ပေးရမယ်လေ။ KIA KIO တွေ ဘယ်လိုစဉ်းစားထားတယ်ဆိုတဲ့ အသံကိုလည်း နားထောင်ကြည့်ရမယ်။ နောက်ပြီး အစိုးရစစ်တပ်ဘက်က ဘယ်လို စဉ်းစားထားတယ်ဆိုဒါကို တွေဆုံးဆွေးနွေးပြီး ညှိနိုင်းကြဖို့ လိုတယ်။ ဆွေးနွေးကြတဲ့အချိန် ထွက်လာတဲ့အဖြေက တိုက်ပွဲတွေ ဆက်မဖြစ်ဖို့ ၊ တိုက်ပွဲမရှိစေဖို့ အဖြေဖြစ်ရမယ်။ ကျနော်အမြင်က စစ်တပ်ဘက်ကနေ ဖိအားပေးတဲ့ပုံစံလို ၊ အမိန့်ချတဲ့ပုံစံလို မဟုတ်ဘဲ သူတို့ဖြစ်စေချင်တဲ့ပုံစံ ပြောပြမယ်။ KIA KIO ဘက်ကလည်း ကျနော်တို့ဘက်က ဒီလိုဒီလိုလုပ်လို့ရတယ်၊ လုပ်လို့မရဘူးဆိုတာကို သူတို့ဘက်က အမြင်ကို ပြန်ပြောပြပြီး ညှိနိုင်ရင် ပိုကောင်းတယ်။”



ဒေါ်နန်ပူ

ထွယ်ဂျဲန်ဒါဖွံ့ဖြိုးရေးအဖွဲ့



“အစိုးရစစ်တပ်က စစ်ပွဲကို မကြိုက်ဘူး။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ထူထောင်ချင်တယ်ဆိုပြီး သူတို့ပြောနေတယ်။ ဒါဆိုရင် ပြောတဲ့အတိုင်း လုပ်မယ်ဆိုရင်လည်း ဖယ်တယ် ၊ မဖယ်ဘူးဆိုတဲ့စကားကို သူတို့ မပြောရဘူး။ တော်လှန်ရေးအဖွဲ့ဘာဖြစ်လို့ ရှိလာတယ်ဆိုဒါကို ဆွေးနွေးတိုင်ပင် ညှိနှိုင်းပြီး အပေးအယူမျှတအောင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဘက်ကို သွားရမယ်လို့ မြင်တယ်။ KIA KIO နဲ့ အစိုးရတပ်မတော်က အခု အပစ်အခတ်ရပ်စဲထားဖို့နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဘက်ကို သွားတယ်။ KIA/KIO ကို ရန်စဖို့ မရှိဘူးလို့ ကျမအနေနဲ့ မြင်မိတယ်။”

Most read this week

မြစ်ကြီးနား လေယာဉ်ကွင်း။ Photo - Crd
April 10, 2025
မန္တလေး – မြစ်ကြီးနား လေယာဥ်လက်မှတ်စျေး အဆမတန်မြင့်တက်နေပြီး ဝယ်ယူရလည်း ခက်ခဲတယ်လို့...
April 9, 2025
ကချင်ပြည်နယ် တနိုင်းလီဒိုလမ်းမပေါ်ရှိ  ဝါရာဇွပ်နဲ့ လဝါးကျေးရွာအနီး တိုက်ပွဲတွေကြောင့်...
ဖားကန့် သွားလမ်းမှာ ခရီးသွားယာဉ်တွေ ပိတ်ဆို့နေတဲ့အခြေအနေ (ပုံဟောင်း)
April 8, 2025
ကချင်ပြည်နယ် မြစ်ကြီးနား–တနိုင်း လီဒိုကားလမ်းပိုင်းမှာ KIA နှင့် မင်းဇေသန့်ပြည်သူ့စစ်တပ်တို့...
April 3, 2025
ငလျင်နောက်ဆက်တွဲ ကယ်ဆယ်ရေးအတွက် ရက်ပေါင်း ၂၀ ယာယီအပစ်ခတ်ရပ်ကြောင်း ကြေညာလိုက်တဲ့ စစ်ကောင်စီတပ်ဟာ...