မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(အေအေ)တပ်ဖွဲ့တွေ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်မှာ စတင်တိုက်ပွဲဖြစ်ပွားလာတာ ခုဆိုရင် ၄ နှစ်ကျော်ရှိနေပါပြီ။ အဲဒီတိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ ချင်းပြ ည်သူတွေ နေရပ်စွန့်ခွါပြီး စစ်ဘေးတိမ်းရှောင်နေကြရသလို လူ့အခွင့်အရေးချိူးဖောက်မှုတွေကော် ဘယ်လောက်ထိရှိနေသလဲ။ စစ်ဘေးရှောင်ပြည်သူတွေဟာ လူသားချင်းစာနာထောက်ထား မှုဆိုင်ရာ အကူအညီတွေ လုံလုံလောက်လောက်မရ ရှိကြပါဘူး ။ တဖက်မှာတော့ မြန်မာ့တပ်မတော်က ဆန်သယ်ယူခွင့် ကန့်သတ်ထားတာကြောင့် ကူညီထောက်ပံ့ပေး လိုသူတွေ အတွက်လည်း အခက်ကြုံစေရပါတယ်။ ဒါဟာ လူ့အခွင့်အရေးရှူထောင်ကနေကြည့်ရင် ဘယ်လိုရှိပါသလဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ချင်းပြည်နယ်အတွင်းလူ့အခွင့်အရေးချိူးဖောက်မှုတွေကို ထဲထဲဝင်ဝင် လေ့လာပြုစုနေတဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO) ရဲ့ Field Director Salai Terah Thantluang ကို ခိုနူမ်းသုန်သတင်းဌာနမှ တွေ့ဆုံမေးမြန်းထားပါတယ်။
မေး။ ရက္ခိုင့်တပ်မတော်(အေအေ) နဲ့ မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် လူ့အခွင့်အရေးချိူးဖောက်ခံရ တဲ့ အဖြစ်အပျက် တွေ ချင်းပြည်နယ်မှာ ဘယ်လောက်ထိရှိနေပြီလဲ။ အဲဒီထဲမှာ ပိုပြီး ဆိုးဆိုးရွာရွာချိူးဖောက်ခံရတဲ့ အဖြစ်အပျက်တွေပြောပြပေးပါဦး။
ဖြေ။ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်အတွင်း ၂၀၁၅ခုနှစ်၊ မတ်လမှစတင်၍ AA နဲ့ မြန်မာ့တပ်မတော်တို့ တိုက်ပွဲကြောင့် လူ့အခွင့်အရေးချိုးဖောက်မှု (၂)ဖွဲ့စလုံးကကျုးလွန်နေတာ တွေ့ရှိရပါတယ်။ မြန်မာတပ်တော်ကနေ ပလက်ဝမြို့နယ်က ဒေသခံပြည်သူတွေကို ဆန်အကန့်အသတ်နဲ့ဝယ်ယူခိုင်းတဲ့ကိစ္စက အင်အတန်မှဆိုးရွားတယ်၊ ပြီးတော့ဒေသခံရွာသားတွေကို အတင်း အဓမ္မတပ်ရိက္ခာထမ်းခိုင်းတာတွေရှိတယ်၊ လမ်းပြအဖြစ်ရှေ့တန်းကိုခေါ်တယ်၊ မြေမြုပ်မိုင်းနင်းမိပြီးသေဆုံးနေတာတွေရှိတယ်။ တချို့နေရာတွေမှာဆိုယင် Curfew (အပြင်မထွက်ရအမိန့်) လုပ်ထားတာတွေလည်းရှိတယ်။
AA အဖွဲ့တွေကလည်း ဒေသခံရွာသား တချို့ခြိမ်းခြောက်တာတွေရှိသလို၊ ကျေးရွာတချို့မှာ ဆန်၊ ဝက်၊ ကြက် ၊ လက်ကိုင်ဖုန်းတွေကို ရွာသားတွေဆီက အတင်းလုယူတာတွေရှိတယ်၊ ဖေဖော်ဝါရီလတုန်းက ကင်းတလင်းရွာသား(၅၂)ဦးု ဖမ်းဆီးခေါ်ဆောင်သွားပြီး သူတို့စခန်းမှာ အတင်းအဓမ္မခိုင်းစေတာတွေဟာ အင်မတန်မှဆိုးရွားတယ်။ အဲမှာ အသက်(၆၀)ကျော် အဘွားကြီးတဦးလည်းဆုံးသွားတယ်။
မြန်မာ့တပ်မတောနဲ့ AA တပ်ဖွဲ့အကြားတိုက်ပွဲကြောင့် ပလက်ဝမြို့နယ်အတွင်း ကျောင်း(၁၁၈) ကျောင်းဆရာမရှိတဲ့အတွက် ပိတ်နေရတဲ့အဖြစ်ဟာ အင်မတန်မှဆိုးရွားတဲ့ ဆိုးကျိုးဘဲ။
မေး။ ဒီ ပဋ္ဋိပက္ခတွေကြောင့် ရာနဲ့ချီတဲ့ချင်းပြည်နယ်သူတွေ မီးဇာကျေးရွာမှာ စစ်ဘေးတိမ်းရှောင်နေကြရပါတယ်၊ သူတို့တွေအပေါ်မှာကော် လူ့အခွင့်အရေးဆိုင်ရာ ချိူးဖောက်ခံရမှုတွေ ဘယ်လောက်ထိရှိနေလဲ မှတ်တမ်းတင်ထားတာမျိူးရှိပါသလား။
ဖြေ။ မီးဇာကျေးရွာမှာရှိတဲ့ စစ်ဘေးရှောင်နေကြတဲ့သူတွေကို မြန်မာစစ်တပ်ကနေ အခကြေးတွေနည်းနည်းပေးပြီး တပ်ရိက္ခာသယ်ယူရာမှာ အတင်းအကြပ်ခိုင်းစေမှုတွေရှိတယ်။ အခြား လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းတင်တာတွေမရှိသေးဘူး။
မေး။ မြန်မာ့တပ်မတော်ကနေ လုံခြုံရေးအကြောင်းပြပြီးတော့ ပလက်ဝမြို့နယ်အတွင်းမှာ ဆန်တင်သွင်းမှုကန့်သတ်တဲ့ ကိစ္စက လူ့အခွင့်အရေးရှုထောင့်ကနေကြည့်ရင် ဘယ်လိုမြင်လဲ။ ဒါက လူ့အခွင့်အရေးချိူးဖောက်မှုမဟုတ်ဘူးလား။ ဒီကိစ္စကို CHRO အနေနဲ့ ဘယ်လိုလုပ်ဆောင်ပေးဖို့အစီစဉ်ရှိလဲ။
ဖြေ။ မြန်မာ့တပ်မတော်က လုံခြုံရေးအကြောင်းပြပြီး ပလက်ဝမြို့နယ်အတွင်းမှာ ဆန်တင်းသွင်းမှု ကန့်သတ်နေတာဟာ ဆိုးဆိုးရွားရွားလူ့အခွင့်အရေးချုးဖောက်မှုဖြစ်တယ်၊ အကြောင်းရင်းကတော့ လူသားတဦးရဲ့ အသက်ရှင်ခွင့်ကို ထိခိုက်နေတယ်၊ ဘယ်လိုအသက်ရှင်ခွင့်ကိုထိခိုက်သလဲဆိုတော့ လူတစ်ဦးဟာလုံလုံခြုံခြုံအသက်ရှင်သန်နိုင်ရေးအတွက် စားနပ်ရိက္ခာဖူလုံံမှုဟာလည်း အင်မတန်မှအရေးကြီးတဲ့ အချက်တခုဖြစ်တယ်၊ အခု ဆန်တင်သွင်းမှုကန့်သတ်တာဟာ စားနပ်ရိက္ခာဖူလှုံမှုကိုထိခိုက်နေတယ်။
မေး။ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ အင်တာနက်လိုင်းဖြတ်တောက်တာ ခုဆိုရင် တစ်လကျော်နော်ပြီ အဲဒီဒေသမှာရှိတဲ့ ဒေသခံတွေလည်း အင်တာနက်လိုင်းမရှိတော့ အတော်လေးဒုက္ခဖြစ်နေကြတယ်ဆိုတော့ ဒီကိစ္စအပေါ် လူ့အခွင့်အရေးရှူ့ထောင်ကနေကြည့်ရင် ဘယ်လိုမြင်လဲ။
ဖြေ။ ချင်းပြည်နယ် ပလက်ဝမြို့အပါအဝင် ရခိုင်ပြည်နယ်အတွင်း မြိုနယ်တချို့မှာ မြန်မာအစိုးရက အင်တာနက်လိုင်းဖြတ်တောက် တာဟာ လူတစ်ဦးတစ်ယောက်ရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ လွပ်လပ်စွာ သတင်းရယူပိုင်ခွင့်ကို ပိတ်ပင်တာဟာဖြစ်တယ်၊ ဒီမိုကရေစီအစိုးရခေတ်မှာ မလုပ်သင့်မလုပ်ထိုက်တဲ့အရာဖြစ်တယ် လူ့အခွင့်အရေးချိူးဖောက်မှုဖြစ်တယ်။
မေး။ ရက္ခိုင့်တပ်မတော် ချင်းပြည်နယ်အတွင်းမှာ ခြေကုပ်ယူပြီး လှုပ်ရှားနေတဲ့အပေါ်ဘယ်လိုမြင်လဲ။ ဘယ်လိုဆိုးကျိူးတွေ ဆက်ဖြစ်လာနိုင်လဲ။
ဖြေ။ AA အဖွဲ့ဟာ ရခိုင်လူမျိုးအတွက် တော်လှန်ရေးတိုက်ပွဲဝင်နေတယ်ဆိုတာ လူတိုင်းအသိပါ။ ဒါပေမဲ့ မဆီမဆိုင် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်အတွင်းမှာ စစ်မျက်နှာလာဖွင့်တာဟာ ချင်းအမျိုးသားကိုအနိုင်ကျင့်ရာရောက်သလို အထင်အမြင်သေးတာလည်းရောက်တယ်။ ဒါကြောင့် AA အဖွဲ့အနေနဲ့ ဒီကိစ္စအတွက် ရေရှည်အကျိုးကိုမျော်ကိုးပြီး လေးလေးနက်နက်စဉ်းစားစေချင်တယ်။ ဒီကိစ္စကြောင့် ရခိုင်နဲ့ချင်းလူမျိုးများအကြား လူမျိုးရေးအရ ပြသာနာမဖြစ်စေချင်လို့ပြောတာပါ။
မေး။ အေအေတပ်မတော်ကနေ ဘင်္ဂလားဒေရှ့်နယ်စပ်ဘက်ကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ကင်းသလင်းရွာသားကိစ္စနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးဖွဲ့အနေနဲ့ ဘယ်လိုရှေ့ဆက်ဆောင်ရွက်ပေးဖို့ရှိလဲ။
ဖြေ။ ကျနော်တို့ဖက်ကတော့ AA အဖွဲ့ကနေ ကင်းတလင်းရွာသား အယောက်(၅၂)ကို ဖမ်းဆီးခေါ်ဆောင်ခြင်းနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်ချက်တွေ၊ သတင်းမီဒီယာကတဆင့် ပြန်လွှတ်ပေးဖို့ အကြိမ်ကြိမ်တောင်းဆိုပြီးသွားပြီ။
AA အဖွဲ့ဖက်ကဆောင်ရွက်ဖို့ဘဲ ကျန်တော့တယ်။
မေး။ အေအေတပ်မတော်ကတော့ သူတို့ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ကင်းသလင်းရွာသားတွေဟာ ဘင်္ဂလားဒေရှ့်နယ်စပ်ဘက်မှာ ပျော်ရွှင်စွာ အေးအေးချမ်းချမ်းနေထိုင်ကြတယ်ဆိုပြီး လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ဗီဒီယိုဖိုင်နဲ့ တက်လာတာတွေ့ရပါတယ်၊ အဲဒီအပေါ် ဘာများ မှတ်ချက်ပြုချင်လဲ။
ဖြေ။ AA အဖွဲ့ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ကင်းတလင်းရွာသားတွေထဲမှ (၁၂)ယောက် ဇွန်လအတွင်း ပြန်လည်ထွက်ပြေးလွတ်မြောက်လာတဲ့သူတွေရဲ့ ပြောဆိုချက်နဲ့ AA အဖွဲ့တွေရဲ့ပြောဆိုချက်တွေ အများကြီးလွဲနေတာက တကယ်စဉ်းစားစရာတခုဘဲ။
မေး။ နောက်တစ်ခုကတော့ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်မှာ စစ်ဘေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးဒုက္ခသည်တွေကို အိန္ဒိယအစိုးရက မကြာသေးခင်က မောင်းထုတ်လိုက်တဲ့ကိစ္စအပေါ်မှာကော် ချင်းလူ့အခွင့်အရေးအဖွဲ့အနေနဲ့ ဘယ်လိုမြင်လဲ၊ တစ်ခုခုဆောင်ရွက်ပေးတာမျိူးရှိလား။ မရှိဘူးဆိုရင် ဘာကြောင့်လဲ။
ဖြေ။ ကျနော်တို့က လူ့အခွင့်အရေးအဖွဲ့အစည်းတခုပါ၊ ကျနော်တို့အနေနဲ့လုပ်ပေးလို့ရတာက သူတို့ရဲ့ တကယ်ကြုံတွေ့နေရတဲ့ အခြေအနေတွေကို သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတွေဘဲဖြစ်ဖြစ်၊ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေကိုဘဲဖြစ်ဖြစ် အသိပေးပြောကြားခြင်းဘဲဖြစ်တယ်လေ ဒါကိုတော့ပုံမှန်လုပ်ပေးနေကျဘဲ။ ပြီးတော့ မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင် အိန္ဒိယ-မြန်မာနယ်စပ်မှာရှိတဲ့ စစ်ဘေးရှောင်ဒုက္ခသည်(၂၀၀)ကျော်တွေကို မီဇိုရမ်အစိုးရက မြန်မာပြည်ထဲပြန်ပို့တာဟာ ဒီမိုကရေစီနိုင်ငံတခုအနေနဲ့ လုံးဝမပြုလုပ်သင့်အရာဘဲ၊ စစ်ဘေးရှောင်ဒုက္ခသည်တွေကို ဒုက္ခရောက်သထက်ရောက်အောင် တွန်းပို့နေသလိုပါဘဲ။ လူသားချင်းစာနာ ထောက်ထားဖို့လိုတယ်။
မေး။ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO အနေနဲ့ ခုလိုလူ့အခွင့်အရေးချိူးဖောက်မှုတွေနဲ့ပတ်သက်ပြီး မှတ်တမ်းတွေယူတယ်၊ ကြေညာချက်တွေထုတ်တယ်၊ Report တွေထုတ်တာတွေ တွေ့ရတယ်ပေါ့နော် အဲဒီအပြင်ကို တခြားဘယ်လိုနည်းလမ်းတွေနဲ့ဆက်လက်လုပ်ဆောင်ဖို့ရှိပါသလဲ။
ဖြေ။ ဟုတ်ကဲ့- သက်ဆိုင်ရာ UN အဖွဲ့အစည်း၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဒေသန္တရအဖွဲ့အစည်းများထံ သွားရောက် စည်းရုံးလှုပ်ဆော်မှု (Advocacy) ဆက်လက်လုပ်ဆောင်ဖို့ရှိပါတယ်။
မေး။ ကျနော်တို့သိတဲ့အတိုင်းပဲ ပြည်တွင်းစစ်ကလည်း နှစ်ပေါင်း ၇၀ ရှိနေပြီး လူ့အခွင့်အရေးချိူးဖောက်မှုတွေ၊ ပဋ္ဋိပက္ခတွေက ခုချိန်ထိ ဘာကြောင့်ဖြစ်ပွားနေရတာလဲ။ ဘယ်သူ့ကြောင့်လဲ။ ဘယ်သူတွေမှာတာဝန်ရှိလဲ။ ရည်ရွယ်ချက်ရှိရှိနဲ့ တမင်သက်သက်စစ်ပွဲတွေဖန်တီးနေတာလို့ ယူဆလို့ရပါလား။ ဘယ်လိုမြင်ပါသလဲ။
ဖြေ။ မြန်မာပြည် ပြည်တွင်းစစ်ရဲ့အရင်းအမြစ်ကနိုင်ငံရေးပြသာနာကို နိုင်ငံရေးအရမဖြေရှင်းဘဲ စစ်ရေးနဲ့ ဖြေရှင်းလို့ ယနေ့အချိန်အထိ ပြည်တွင်းစစ်က တောက်လောင်နေဆဲပါ၊ ပြည်တွင်းစစ်အဆုံးသတ်နိုင်ဖို့ဆိုရင် ပင်လုံ ကတိကဝတ်အတိုင်း “အမျိုးသားတန်းတူရေးကိုအခြေခံသည့် စစ်မှန်သောဖက်ဒရယ် ပြည်ထောင်စုစံနစ်”ထူတောင်နိုင်မှသာလျှင် မြန်မာပြည် ပြည်တွင်းစစ်မီးကငြိမ်းသွားမှာဖြစ်တယ်။
အစိုးရကလည်း အများပြည်သူအကျိုးစီးပွားကိုသာ ဦးထိပ်ထားပြီး အမှန်တရားပေါ်မှာ မားမားမတ်မတ် ရပ်တည်သင့်တယ်။ ယခင်အစိုးရအဆက်ဆက်ကတော့ ရည်ရွယ်ချက်ရှိရှိနဲ့ မဟာဗျူဟာချမှတ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေ တွင်တွင်ကျယ်ကျယ်လုပ်လာခဲ့ကြတာပါဘဲ။
မေး။ နောက်ဆုံးအနေနဲ့မေးချင်တာကတော့ ချင်းပြည်နယ်မှာ လူ့အခွင့်အရေးချိူးဖောက်မှုတွေ လျှော့နည်းလာအောင် ပပျောက်လာအောင် ဘယ်လိုမျိူးဆောင်ရွက်သင့်ပါသလဲ။
ဖြေ။ ချင်းပြည်နယ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ လျော့နည်းလာဖို့က ချင်းပြည်သူတွေကို လူ့အခွင့်အရေးပညာပေးတာတွေ များများပြုလုပ်ပြီးမှ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တွင်တွင်ကျယ်ကျယ် ဖော်ထုတ်ခြင်းအားဖြင့် လူ့အခွင့်အရေးကြီးကြပ်နိုင်မယ်ဆိုယင် လျော့နည်းလာမှာ သေချာတယ်။