NLD အစိုးရလက်ထက် ရှားတောမြို့ပြောင်းလဲမှု လူငယ်တချို့ရဲ့အမြင်

NLD အစိုးရလက်ထက် ရှားတောမြို့ပြောင်းလဲမှု လူငယ်တချို့ရဲ့အမြင်

၂၀၁၅ခုနှစ်ရွေးကောက်ပွဲမှာ ရှားတောနယ်ခံမဟုတ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက NLD ပါတီဖြစ်နေလို့ အပြတ်အသတ်နိုင်ခဲ့ပါတယ်။

အပြောင်းအလဲကိုမြင်ချင်ကြတဲ့ ရှားတောမြို့နယ်ဒေသခံလူငယ်တွေဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့်ပါတီကို တခဲနက်အားပေးထောက်ခံခဲ့ကြတာဖြစ်ပါတယ်။

အစိုးရသက်တမ်း ၃ နှစ်ထဲဝင်လာချိန်မှာတော့ မျော်လင့်ထားတဲ့အတိုင်းဘာတွေဖြစ်လာလဲ၊ မဖြစ်လာလဲဆိုတာနဲ့ပတ်သက်လို့ ဒေသခံလူငယ်တချို့ တွေ့ဆုံမေးမြန်းထားတာ တင်ပြလိုက်ပါတယ်။

 



ကူးရယ်- ဒေသခံလူငယ်

အရင်က ဦးသိန်းစိန် အစိုးရလက်ထက်မှာလည်း အပစ်ခတ်ရပ်ဆဲ နဲ့ပါတ်သက်တာတော့ ဆင်ပြေပါတယ်။ လူငယ်ပိုင်းမှာဆို သွားလာလှုပ်ရှားလို့တော့ ရတယ်။ ဒါပေမဲ့ လက်ရှိ NLD အစိုးရ လက်ထက်မှာက ပိုပြီးတော့ ဆင်ပြေတယ်။ လူငယ်အရေးကော တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ချိတ်ဆက်မူတွေ ပိုလုပ်နိုင်တယ်။ အရင်ကဆို အခြေအနေတော့ ကောင်းပေမယ့် လူငယ်ကဏ္ဍမှာဆို လက်ရှိထက် လှုပ်ရှားမူတွေ အားမကောင်းသေးဘူး။ ကျနော်တို့ ဖရေစိုးလဲလူငယ်ပဲမဟုတ်ဘူး ရှားတောမြို့မှာရှိတဲ့ လူငယ်အသီးသီးတွေလည်း ပူပေါင်းဆောင်ရွက်မူက အများကြီးပိုကောင်းလာပါတယ်။

လူငယ်အရေးတစ်ခုထဲ ပြောင်းလဲတာတော့ မဟုတ်ဘူး။ ရှားတောမြို့မှာ ရှိတဲ့ ပြည်သူလူထုတွေ အတွက်ကော ပိုပြီး ကောင်းလာတယ်။ ခုသလောမှာလည်း နိုင်ငံခြားသားဝင်လာမူတွေပိုလာတာကို သူတို့တွက်လည်း ပြောရေးဆိုရေးပိုင်းမှာ ပိုပြီး ကောင်းလာပါတယ်။ သွားလာလှုပ်ရှားမူလည်း အရင်ကထက် အခွင့်အရေးအများကြီး ပိုရှိပါတယ်။

နဲမယ်- ဒေသခံလူငယ်

နဲမယ်- ဒေသခံလူငယ်

အရင်အစိုးရလက်ထက်မှာဆို လမ်းတွေ မကောင်းသေးဘူး။ ကျောက်တွေတော့ ရှိတယ် ဒါပေမယ့် သူတို့ကတ္တရာလမ်းတွေ ကောင်းကောင်း မလုပ်ပေးသေးဘူး။ ခုလက်ရှိ NLD အစိုးရလက်ထက်မှာဆို နည်းနည်းပြောင်းလဲလာတယ်။ တံတားကော၊ လမ်းကော ပိုပြီးကောင်းလာတယ်။ လုပ်တောလုပ်နေတယ် ဒါပေမယ့် လွိုင်ကော်မြို့လောက် မမှီသေးဘူး။ တအားတော့မပြောင်းသေးပါဘူး ဘာဖြစ်လဲဆိုတော့ နည်းနည်းပါးပါးပဲ လုပ်သေးတော တအားကြီး မတိုးတက်သေးပါဘူး။ မြို့နဲ့ လမ်းဝေးနေတဲ့ ရွာတွေလည်း လျှပ်စစ်မီးတွေ တချို့ရနေကြပြီး။ ဒါပေမယ့် မြို့လောက်တော့ အစုံစုံလင်လင် မရသေးဘူး။ အခွန်ပေးရတာ တအားများလို့ တချို့က လျှပ်စစ်မီးတွေ မယူဖြစ်တာလည်းရှိတယ်။

ဦးနိဒူ- ဒေသခံပြည်သူ

လက်ရှိဖွံဖြို့တိုတက်မူနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် အရင်ကဆို ခဏခဏ ပစ်ခတ်မူတွေ ဖြစ်ကြတော့ ကျနော်တို့ ဈေးရောင်းထွက်ဖို့ လည်းအဆင်မပြေခဲ့ဘူး။ တောထဲမှာ အလုပ်သွားဖို့ အတွက်လည်း အဆင်ပြေဘူး။ အတားအဆီးတွေ များတော့ များများရသင့်ရင်လည်း နည်းနည်းပဲရတယ်။

ဘယ်လိုကွာလဲဆိုတော တအားကွာတာပေါ့။ ကွားခြားမူနဲ့ပြောမယ်ဆိုရင် အားလုံးတော့ တွေ့ပါတယ်။ အဆင်ပြေလာပြီဆိုပေမယ့် ဒီထက် ပိုပြီးအဆင်ပြေချင်တာပေါ့။ အားလုံးတော့ အကောင်းတွေ လိုချင်ကြတာပဲလေး။ မကောင်းတာ ဘယ်သူမှ အလုပ်ချင်ပါဘူး။ ဖွံ့ဖြို့တိုးတက်မူ တွေပဲ လိုချင်ကြပါတယ်။ ဒါပေမယ့် နောက်မှ ကြီးလာတဲ့ ကလေးတွေက ယခင်အခက်အခဲတွေ သူတို့ မကြုံဖူးတော့ ဘာမှမသိကြဘူး။ အခက်ခဲတွေ ကြုံဖူးတဲ့ လူတွေကတော့ အများအားဖြင့် လက်ရှိအခြေအနေ ပြောင်းလဲမူတွေ ပိုပြီး သိရှိနားလည်းတယ်။

မမဲမို- ဒေသခံ

မမဲမို- ဒေသခံ

အတူတူပါပဲ။ မပြောင်းလဲကျဘူးဘယ်သူပဲတက်တက် အုပ်ချုပ်မူစနစ်ကမတူကျပေမယ့် ပြောင်းလဲမူကို မတွေ့ရဘူး။ ဒါပေမဲ့ ကွားသွားတာ တစ်ခုက လက်ရှိအစိုးရက လက်ထက်မှာ ကြတော့ အခွင့်အရေးပိုးရတယ်။ ဥပမာ- ဈေးကွက်မှာဆို နိုင်းယှဉ်မူတွေ ရှိလာတယ်။ နိုင်းယှဉ်မူတွေရှိလာသည့်အမျှ အခွင့်အရေးတွေ ပိုရလာကြတယ်။ ပြီးတော့ လက်ရှိအစိုးရလည်း ပိုမို ပွင့်လင်းလာတယ်လို့ ထင်ရတယ်။ ဒါပေမဲ့လည်း ဗဟိုရဲ့ ထိန်းချုပ်မူ စနစ်က ခုထိရှိနေတုန်းပဲဆိုတော့ အဲလောက်ထိလဲ မပြောင်းလဲသေးပါဘူး။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 20, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့လယ်ကို ဖြတ်စီးနေတဲ့ ဘီလူးချောင်းရေဆက်လက်မြှင့်တက်နေတာကြောင့်...
September 19, 2024
ကရင်နီပြည်  ဆိုမိုဖေစိုးလေးမြို့နယ် ( ရှားတောမြို့နယ် ) အတွင်းရှိ  ကျေးရွာသုံးရွာမှာ...
September 18, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ၊ ညောင်ရွှေမြို့နယ်က အင်းတိန်ကျေးရွာ၊ အင်းတိန်ချောင်းဘေးမှာ...