၂၁ ရာစု ပင်လုံမှာ အမျိုးသမီးထု တန်းတူညီမျှမှု အမှန်တကယ် ရပြီလား

၂၁ ရာစု ပင်လုံမှာ အမျိုးသမီးထု တန်းတူညီမျှမှု အမှန်တကယ် ရပြီလား

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ရာစု ပင်လုံ တတိယ ဆွေးနွေးပွဲ တွင် ကျား၊မ တန်းတူညီ ရေး ကို ထည့်သွင်း ဆွေးနွေးခဲ့ပါတယ်။ ထိုဆွေးနွေးမှုတွေမှာတော့ ကျား၊ မ ဆိုင်ရာလိင်ခွဲခြားမှု မရှိရ၊ တန်းတူညီမျှမှု ၊ ကဏ္ဍ တိုင်းမှာ အမျိုသမီး အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်ဖို့၊ ကျား၊မ လိင်ကို အခြေပြုပြီး အကြမ်းဖက်တွေကို ဘယ်လို ကာကွယ်မလဲ နဲ့ အမျိုးသမီး စွမ်းဆောင်ရည် ဘယ်လို မြှင့်တင်မလဲ ဆိုတဲ့ အချက် ၄ ချက်ဖြစ်ပါတယ်။

အဲဒီဆွေးနွေးမှုတွေနဲ့ ပတ်သက်ပြီး ၂၁ ရာစု ပင်လုံ တတိယ အစည်းအဝေးကို အမျိုးသမီး ကိုယ်စားလှယ် အဖြစ် တက်ရောက်သူ နဲ့ လေ့လာသူ အဖြစ် တက်ရောက်ခဲ့သူ များကို သျှမ်းသံတော်ဆင့် က ကျား၊ မတန်းတူညီရေး ဆွေးနွေးတဲ့အပေါ် နဲ့ ပတ်သတ်ပြီးဆက်သွယ် မေးမြန်းခဲ့ပါတယ်။

၂၁ရာစု ပင်လုံ တတိယ အစည်းအဝေးမှာတော့ အမျိုးသမီး ပါဝင်မှု အခြေအနေမှာ ကိုယ်စားလှယ် အနေနဲ့ ပါဝင်တဲ့ အမျိုးသမီး ၁၇ရာခိုင်နှုန်း ဖြစ်ပြီး ၊ညီလာခံ တွင် ပါဝင်တဲ့ အမျိုးသမီး စုစုပေါင်း ၂၂ ရာခိုင်နှုန်း ဖြစ်ကြောင်းသိရပါတယ်။

မသန္တာဦး -- အမျိုးသမီး နှင့် ငြိမ်းချမ်းရေး ( ရှမ်းပြည်)ဒါရိုက်တာ

Gender ဆွေးနွေးဖို့က လိုအပ်တဲ့ ခေါင်းစဉ် တခုပါ။ အနာဂတ် ဖွဲ့စည်းပုံထဲမှာ ကျား၊မ တန်းတူ ညီမျှမှု နဲ့ ကျား၊ မခွဲခြား ဆက်ဆံ မှုကို ကာကွယ်ပေးတဲ့ မူဝါဒ တွေ အခိုင် အမာ ချမှတ်ထားဖို့ လိုအပ်ပါတယ်။

လက်ရှိ ဆွေးနွေးပွဲရလဒ်က Gender ဆိုတာကို မြင်တဲ့အမြင်သဘောထားတွေ မတူညီဘူး၊ အမျိုးသမီး တွေရဲ့ အရည်အချင်းအပေါ် မေးခွန်းထုတ် တာတွေ ၊မယုံကြည်မှုတွေ ရှိတယ်။ ရာခိုင်နုန်းတောင်းတာကိုလက်မခံနိုင်ဘူးအတိုင်းအတာတခု ပြည့်စုံနေတဲ့ပတ်ဝန်းကျင်တွင်ပေါက်ဖွားခဲ့တဲ့ အမျိုးသမီးတွေ ကိုယ်တိုင် Gender က ဆွေးနွေးရန် မလိုအပ် ဘူး ။မိန်းမတွေ အရည်အချင်းရှိရင် တက်လာမှာပဲလို့ပြောဆိုကြသလို ၊ Gender အကြောင်းဆွေးနွေး ရင် အမျိုးသမီး ပါ၀င်ရေး နှင့် အမျိုးသမီး အရေး ပဲဆွေးနွေးတယ်လို့ထင်မြင်ယူဆလို့ ကိုယ် နေရာဖယ်ပေးရမယ် ဆိုတဲ့ရှုထောင့် မှ အသည်းအသန်ကာကွယ် ဆန့်ကျင်ကြတယ်။

၂၁ ပင်လုံ ငြိမ်းချမ်းရေးက နောင် အနာဂတ်တွင် အကောင်အထည်ဖော်လုပ်ဆောင်ရမယ့် ကိစ္စရပ်တွေ နဲ့ပတ်သတ်ပြီး လိုအပ်သည့် အခြေခံမူတွေ ၊ မူ ၀ါဒတွေ ချမှတ်နို်င်ရေး အတွက် ဆွေးနွေးနေတဲ့ အခင်း အကျင်းတခုဖြစ်ပါတယ်။

ဒါ့ကြောင့် ဒီ အခင်းအကျင်း မှာ Gender အရေးနဲ့ပတ်သတ်ပြီး ဆွေးနွေးခြင်းက Federal ရဲ့ အခြေခံ သဘောတရားဖြစ်တဲ့ မတူကွဲပြားမှုများကိုစုစည်းညီညွတ်စေမှု နဲ့ ဒီမိုကရေ စီ စံနှုန်းတခုဖြစ်တဲ့ အများသဘောကိုလိုက်နာအကောင်အထည်ဖော်ရန်ကြိုးပမ်းခြင်း ဖြစ်တဲ့ အတွက် Gender နှင့်ပတ်သက်၍ ဆွေးနွေးခြင်းသည်အရေးကြီးပါတယ်။

Gender ကိုဆွေးနွေးဖို့ ငြင်းပယ်လိုက်ခြင်းက လူဦးရေ တဝက်ကျော်တဲ့ အမျိုးသမီးတွေရဲ့ ပါ၀င်မှုနဲ့ အခြားလိုအပ်ချက် တွေကို ငြင်းပယ်လိုက်ခြင်းဖြစ်ပါတယ်။Federal အခြေခံသဘောတရားနဲ့ ဒီမိုကရေစီ စံနှုန်းကို ယုံကြည်သက်ဝင်မှု ရှိတာ သေချာလားလို့ပြန်လည်မေးခွန်းထုတ်ရမှာဖြစ်တယ်။

နန်းဖြူဖြူလင်း - ငြိမ်းချမ်းရေး အတွက် ကျား၊မတန်းတူညီမျှရေး အဖွဲ့ ( AGIPP)

၂၁ ရာစု တတိယ အကြိမ် ငြိမ်းချမ်းရေ ညီလာခံ မှာ ဆွေးနွေးနေတဲ့ ကျား၊မ တန်းတူညီမျှ ရေး မှာ ကျမတို့ ကြိုက်တဲ့ စာသားတော့ မဟုတ်ဘူး။ ကျမတို့ နောက်ဆုံး မျှော်လင့်ထားတာကတော့ ကျား၊မ တန်းတူညီမျှရေးကို အနည်းဆုံး ၃၀ရာခိုင်နှုန်းအထောက်အကူပြုပေးမယ့် အမျိုးသမီးတွေကို ပါဝင်ဖို့ အားပေးမယ်ဆိုတဲ့ စကား ဖွဲ့စည်းပုံ အခြေခံ ဥပဒေထိ ပါးသွားမှာ ဖြစ်တဲ့အတွက် ခိုင်လုံမှုရှိပြီးတော့ သူတို့ဘက်က တကယ်ကို ဖြည့်ဆည်းပေးမယ်လို့မျှော်လင့်ပါတယ်။ အမျိုးသမီးအဖွဲ့အနေနဲ့ ဆက်လက်ကြိုးစားသွားရမယ်။ မတိကျတဲ့ မူဝါဒကို ဘယ်လို့အကောင်အထည် ဖော်ကြမယ်ဆိုတာ စိတ်ပူစရာကောင်းသလို ခက်လည်း ခက်နေအုံးမယ် ။

ဂျန်ဒါကိစ္စနဲ့ ပတ်သတ်ပြီး ဆွေးနွေးတာ ခက်ခဲနေအုံးမယ်။ ကျမတို့ ကျား၊မ ရေးရာ မူဝါဒကို ဆွေးနွေးမယ် ဆိုတာ ကျမတို့ကြိုဆိုတယ် ဝမ်းသာတယ်။ တချို့ အစုအဖွဲ့ခေါင်းဆောင်တွေမှာတော့ အမျိုးသားစည်းလုံးရေး နဲ့ရင်ပါးနေသူများ တခြား အရေးကြီးတဲ့ ဟာ တွေရှိတဲ့ထဲ က ဂျန်ဒါ ကို အရေးမကြီးဘူး၊ ဆွေးနွေးပွဲက အဓိပ္ပာယ်မှရိတော့ဘူးလို့ ပြောဆိုနေတာတွေ တွေ့ရပါတယ် ။

နော်ဆဲဆဲ -- ကရင်အမျိုးသား အစည်းအရုံး ( KNU) နိုင်ငံရေးကဏ္ဍ တာဝန်ခံ အမျိုးသမီးအဖွဲ့ချုပ် (မြန်မာ) တွဲဖက် အတွင်းရေးမှူး

လက်ရှိ ၂၁ ရာစု ပင်လုံ ညီလာခံ ဆွေးနွေးမှု မှာ ကျား၊ မ တန်းတူညီရေး ကို ဆွေးနွေးခဲ့ပေမယ့် ကျား၊မ တန်းတူ ညီမျှရေး ကိစ္စမှာ အမျိုးသားတွေက အလေးအနက် မထား ကြတဲ့အပြင် စေတနာလည်း မရှိ နားလည်းမလည်ကြဘူး။ စိတ်လည်း မဝင်စားတော့ ဆွေးနွေးတဲ့ခါ ဘာမှ ဖြစ်မလာဘူး။

ကျား၊မတန်းတူညီမျှရေး နဲ့ ပတ်သတ်ပြီး အမျိုးသားတွေ အများစု က အမျိုးသမီး အခွင့်အရေး လာတောင်းတယ်ဆိုတဲ့ ပုံစံ ပဲနားလည်ကြတယ်။၊ ဂျန်ဒါ ကိစ္စကို အမျိုးသားတွေက နားမလည်တဲ့အပြင် ဆွေးနွေးတဲ့အခါမှာလည်း စိတ်ဝင်စားမှု မရှိတာကို တွေ့မြင်ရတယ်။

နန်းမွေနွမ်ဟွမ် -- အမျိုးသမီး အဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ လေ့လာသူ အနေဖြင့် သွားရောက်ခဲ့သူ

၂၁ ရာစု ပင်လုံ တတိယ အကြိမ် ညီလာခံ ဆွေးနွေးပွဲကို လေ့လာသူ တယောက်အနေနဲ့ သုံးသပ်ရရင် ကျေနပ်အားရ မှု မရှိဘူး။ ဒီတကြိမ် ကျား၊ မ တန်းတူ ညီမျှရေး ဆွေး နွေး တယ်ဆိုတာမျှော်လင့်ချက် ရှိတယ်။ ပျော်လဲပျော်တယ်။ ဒါပေမယ့် နောက်ဆုံးနေ့မှာ ကြားလိုက်ရတဲ့ သိလိုက်ရတာက တော့ ဆုံးဖြတ်ချက်တွေမှာ ကျေနပ်အားရမှု မရှိဘူး။ ကိုယ့်မျှော်လင့်ချက် ကို ရိုက်ချိုးခံရသလိုပဲ။

အမျိုးသမီး ထု တွေလိုချင်တာ နိုင်ငံရေး နဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ ယာယီလုပ်ဆောင်မှု အနေနဲ့ အမျိုးသမီး အနည်းဆုံး ၃၀ရာခိုင်နှုန်း ပါဝင်ရေး မူဝါဒ ချ မှတ်ပေးစေချင်တယ်။ ကိုယ့်အနေနဲ့ ပြောရရင် အမျိုးသမီးအရေး ကို အမျိုးသားက ဆုံးဖြတ်ပေးတယ် ဆိုကတည်း က လုံးဝ မဖြစ်သင့် တဲ့အရာပါ။ ဒီလို ကျား၊မ တန်းတူ ညီမျှရေး ကိစ္စတွေ မှာတောင် တရားမျှတမှု မရှိ ဘူးဆိုရင် အခြား ကိစ္စရပ်တွေလဲ တန်းတူညီမျှ မှု ရှိနိုင်မယ်လို့ မထင်ဘူး။

အခု ပင်လုံ တတိယ ညီလာခံကို အမျိုးသမီး တက်ရောက်မှု ၂၂ ရာခိုင်နှုန်းပဲ ရှိတယ်။ တက်ရောက်တဲ့ အမျိုးသမီး တိုင်းလည်း ဆုံးဖြတ်ချက် ချမှတ်တဲ့နေရာမှာ သူတို့ အသံ မပါဘူး။ အပြည့်အဝ ပါဝင်ခွင့် မရဘူး။

Most read this week

September 20, 2024
သျှမ်း-မန္တလေးနယ်စပ် မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တို့တွင် TNLA မှ ဖွဲ့စည်းပေးထားသည့်...
September 20, 2024
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/...
September 19, 2024
သျှမ်းပြည်မြောက်ပိုင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်သည့်...
September 18, 2024
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ်တွင် တောင်ကျရေကြောင့် မြေပြိုမှုများဖြစ်ပွားကာ သေဆုံးသူ...