ချင်းတောင်တန်းမှ ပထမဦးဆုံးကျောင်းသားသပိတ်

ချင်းတောင်တန်းမှ ပထမဦးဆုံးကျောင်းသားသပိတ်
by -
ဆလိုင်းမာန်ငိုင်း ( မိုးညှင်း)

၁၉၅၉ ခုနှစ်၊ နိုဝင်ဘာလ၊ ပထမပတ်အတွင်း ထိုစဉ်က ချင်းဝိသေသတိုင်း မတူပီမြို့နယ် စာလ်တောင်အလယ်တန်းကျောင်းတွင် ထူးထူးခြားခြားကျောင်းသားသပိတ်​ဖြစ်ပွားခဲ့သည်။ သပိတ်ဖြစ်ပွားရခြင်းအကြောင်းရင်းတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး သက်ရှိထင်ရှားရှိနေသေးသည့် အသက်(၇၈)နှစ်အရွယ် မှုလတန်းကျောင်းအုပ်(အငြိမ်းစား) U ZAKUA(စာလ်တောင်ရွာ) အားကံကောင်းထောက်မစွာ တွေ့ဆုံမေးမြန်းခွင့်ရရှိခဲ့ပါသည်။

ယခုအခါ အထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်နေပြီဖြစ်သည့် တစ်ချိန်က စာလ်တောင်အလယ်တန််းကျောင်းမှ ကျောင်းသားများ၏ စိတ်လှုပ်ရှားဘွယ်ရာ သပိတ်အကြောင်း UZA KUA ကိုယ်တိုင်ပြောပြသည်ကို မဖော်ပြမီ ထိုစဉ်ခါက ချင်းဝိသေသတိုင်း၏ နိုင်ငံရေးနောက်ခံသမိုင်းမြင်ကွင်း ကို ထင်ဟပ်ပေါ်လွင် စေနိုင်သည့် မြန်မာ့နိုင်ငံရေး(ဒုတိယတွဲ)စာအုပ် စာမျက်နှာ (၃၇၉)မှ စာပိုဒ်တစ်ပိုဒ်ဖြင့်မိတ်ဆက်ပေးပါရစေ......။

"အမှန်စင်စစ် တည်မြဲနှင့် သန့်ရှင်းဖဆပလ တို့၏ပဋိပက္ခသည် ရွေးကောက်ပွဲရက်အတိအကျ မသက်မှတ်မီကပင် မြန်မာနိုင်ငံရှိ ပြည်နယ်အချို ့၌ ပြဿနာ ဖြစ်ပွားသည်။ တောင်ပိုင်းချင်းတောင်ခရိုင် သန့်ရှင်းဖဆပလ အဖွဲ ့ဝင် ဗိုလ်အောင်ဖေက တည်မြဲဖဆပလတို့၏ မတရားအနိုင်ကျင့်ခြင်းကို အထက်သို့ တိုင်ကြားစာပေးပို ့သည်အထိ ဖြစ်ခဲ ့သည်။ ထိုတိုင်ကြားစာတွင် ချင်းဝိသေသတိိုင်းအတွင်း သန့်ရှင်းဖဆပလ၊ တည်မြဲ ဖဆပလနှင့် စီအန်အို (ခေါ်) ချင်းအမျိုးသားအစည်းအရုံး (ခမစ)ဟူ၍ ပါတီသုံးရပ်ရှိကြောင်း၊ ၎င်းတို့အနက် တည်မြဲဖဆပလတို ့သည် ချင်းရေးရာကောင်စီတွင် လက်ရှိအာဏာရထားသည့်အတွက် ဥပဒေလက်လွတ်လုပ်ကိုင်၍ မတရားဖမ်းဆီးခြင်း၊ ရာထူးပေး၍ မဲဆွယ်ခြိမ်းခြောက်လှည့်ဖျားခြင်းများ ပြုလုပ်သည့်အတွက် သန့်ရှင်းဖဆပလနှင့် ချင်းအမျိုးသားအစည်းရုံးများ "အလူးအလဲ” ခံံရကြောင်းပါရှိသည်။”ထိုအချိန်ကာလသမယတွင် ချင်းပြည်နယ် စာလ်ထောင်အလယ်တန်းကျောင်း၌ ကျောင်းသားသပိတ်ဖြစ်ပွားခဲ ့ခြင်းဖြစ်သည်။

ကျောင်းသားသပိတ်ဖြစ်ပွားရခြင်း အကြောင်းအရင်း

တိုင်းပညာဝန် ဦးဆွမ်မန်း အလက စာလ်ထောင်ကိုရောက်လာဖို ့ အစီအစဉ်ရှိလို ့ ဧည့်ခံဖျော်ဖြေရန် ကာယတာဝန်ခံ ဆရာဦးဇတုန်းကို တာဝန်ပေးတယ်။ ကျောင်းသားတွေဟာ ညတိုင်း ကျောင်းဘောလုံးကွင်းကိုလာပြီး ကာယ၊ အကနဲ့ ့အဆိုသင်ပေးတယ်။ ကျွန်တော်ဦးဇကွားဟာ ထိုစဉ်က စာလ်ထောင်ရွာ နှစ်ခြင်းခရစ်ယာန်အသင်း လူငယ်ခေါင်းဆောင်ဖြစ်တယ်။ ဗုဒ္ဓဟူး၊ စနေနဲ ့ တနင်္ဂနွေညပိုင်းမှာ ဘုရားရှိခိုးအစီစဉ်တွေရှိလို ့ ကာယ၊ အက၊ အဆိုသင်ယူရန် လာရောက်နှိုင်ခြင်းမရှိကြောင်း ဆရာဦးဇတုန်းထံ ခွင့်တောင်းတော့ သူကလည်းခွင့့်ပြုတယ်။ 



၁၉၅၉ ခုနှစ်၊ နိုဝင်ဘာလ(၂)ရက်၊ တနင်္လာနေ ့ တန်းစီချိန်တွင် တာဝန်ခံကျောင်းအုပ် ဆရာကြီးဦးထွန်းကားက ဒေါသပေါက်ကွဲပြီး ဆူပါလေရော။ ညတို်င်း ကာယ၊ အက၊ အဆိုသင်ရန် မလာနိုင်သူကျောင်းသားတွေကို မတ်တပ်ရပ်။ လာနိုင်သူတွေထိုင်ခိုင်း တယ်။ ညတိုင်းမလာနိုင်လို ့ မတ်တပ်ရပ်သူတွေကို ရှေ ့သို ့ခေါ်တော့ ကျွန်တော် ကဦးစွာထွက်တယ်။ ကျွန်တော်ကခွင့်တောင်းခဲ့တာကိုပြောတော့ လက်မခံဘဲ ညာဘက်လက်ဝါးကို ဖြန့်ခို်င်းပြီးတုတ်ချောင်းဖြင့် ပြင်းထန်နာကျင်စွာ ငါးချက်ရိုက်တယ်။ ကိုယ့်ဖာသာအရိုက်ခံမည်ပြောပြီး ဘယ်ဘက်လက်ဖဝါးကိုပါ ဖြန့်ပေးတော့ ငါးချက်ထပ်ရိုက်ပြန်တယ်၊ နောက်ပြီးညာဘက် ခြေသလုံးကိုထိုးပြတော့ ငါးချက်၊ ဘယ်ဘက်ခြေသလုံးကိုထိုးပြတော့ငါးချက်၊ ဆက်တိုက်ရိုက်တယ်။ နောက်ဆုံးဘယ်နေရာရိုက်ချင်သေးလဲဆိုပြီး ခေါင်းကိုထိုးပြတော့ ခေါင်းကိုငါးချက်ရိုက်အပြီးမှာ တုတ်ချောင်းကျိုးသွားတယ်။ ဟေ့ကောင် စကားများတယ် ပြောပြီး ခြေထောက်နဲ ့ဆောင့်ကန်၊ ဒီနေ ့ကစပြီး မင်းကိုကျောင်းထုတ်ပယ်လိုက်ပြီတဲ ့။

ကျွန်တော်က ကျောင်းထုတ်ရင်ထွက်တယ်ဆိုပြီး အခန်းထဲဝင် စာအုပ်တွေလွယ်အိတ်ထဲထည့်ပြီး တန်းစီပြီးတဲ့အထိ ခဏထိုင်စောင့်နေတယ်။ တိုင်းပညာဝန်ခရီးစဉ်အတွက် ကာယ၊ အက နှင့် အဆို လေ့ကျင့်ဖို ့ ညတိုင်းကျောင်းဘောလုံးကွင်းကို မလာနိုင်လို့ ့ မတ်တပ်ရပ်တဲ့ ကျောင်းသားတွေ ကိုလည်း တစ်ယောက်ချင်းရှေ ့ခေါ်ပြီး ဆက်ရိုက်တယ်။ အထူးသဖြင့် ကျွန်တော်ရက်ရက်စက်စက် အရိုက်ခံရတာကို ကျောင်းသားကြီးငယ်အားလုံးက ကြည့်ပြီးစိတ်မသက်မသာဖြစ်နေကြတယ်။ တန်းစီဖြုတ်ပြီးကျောင်းသားတွေအခန်း ထဲပြန်ဝင်လာတဲ့အခါ ကျွန်တော်က ကျောင်းသားကြီးတွေနဲ ့ ဆရာတွေကို နှုတ်ဆက်ပြီး အိမ်ပြန်လာခဲ ့တယ်။

အဲဒီချိန် ကျောင်းကောင်စီအတွင်းရေးမှူး မောင်ဇာကီ ဦးဆောင်တဲ ့ ကျောင်းသားခေါင်းဆောင်တွေဆွေးနွေးတိုင်ပင်ပြီး မတရားသဖြင့်မိမိတို့ ကျောင်းသား တစ်ဦး ရိုက်နှက်နှိပ်စက်ခံရပြီး ကျောင်းကနေ ထုတ်ပယ်ခြင်းခံရတာကို မကျေမနပ် ဖြစ်ပြီး ကျောင်းသားသပိတ်မှောက်ရန်ဆုံးဖြတ်လိုက်ကြသည်။ ခါတိုင်းအချိန် ခေါင်းလောင်းတီးတာက ကျောင်းတက်ချိန်ကိုတီးတာဖြစ်တယ်။ ဒီတစ်ခါခေါင်းလောင်း တီးတာနဲ ့ ကျောင်းသားအားလုံး လွယ်အိတ်ယူပြီး ကျောင်းကနေထွတ် အိမ်ပြန်သွား ကြဖို ့ အတန်းအားလုံးကို လိုက်ပြောထားတယ်။ ကျောင်းသားတွေက လည်း မိမ်ိတို ့မျက်စိအောက်မှာ ဖြစ်ပျက်မြင်တွေ ့ခဲ ့တာကို သဘောပေါက်နားလည်ကြတယ်။ ခေါင်းလောင်းတီးအချက်ပေးသံလည်း ကြားရော သူငယ်တန်းကနေ သတ္တမတန်းထိ ကျောင်းသားအားလုံး ညာသံပေးပြီး သပိတ်မှောက် အိမ်ပြန်ခဲ ့ကြတယ်။

သပိတ်မှောတ်ပြီး တစ်ပတ်အကြာ (၈.၁၁.၁၉၅၉)တနင်္ဂနွေနေ ့မှာ ရွာသူကြီး ဦးဒါရ်ကုန်က ဆရာများ၊ ကျောင်းသားခေါင်းဆောင်များနဲ ့ ကျောင်းထုတ်ပယ်ခံရတဲ ့ ကျွန်တော် မောင်ဇကွား တို ့ကိုခေါ်တွေ ့စစ်ဆေးမေးမြန်းပါတယ်။ ဆရာကြီး ဦးထွန်းကားက သူမှားကြောင်းဝန်ခံတောင်းပန်တယ်၊ ရွာသူကြီးနဲ ့ ရပ်မိရပ်ဖ လူကြီးတွေက ဇိုတုန်ချင်းဓလေ့ထုံးစံအရ နွားနောက်တစ်ကောင်၊ ဝက်တစ်ကောင်၊ ရိုးရာ ချင်းစောင်တစ်ထည်၊ ချင်းပတီးတစ်ကုံးနဲ ့ တောင်းပန်ရမည်လို ့ ဆုံးဖြတ်တယ်။ ဆရာကြီးက ဒါတွေအားလုံးသူလျော်ပေးမည်ဟု ပြောပြီး ကျောင်းသားများကလည်း ကျောင်းပြန်တက်ဖို ့ သဘောတူကြတယ်။

ကျွန်တော် မောင်ဇကွားက မှားယွင်းကြောင်း ဝန်ခံတောင်းပန်တဲ့ ဆရာကြီးအား လျော်ပေးရန်မလို၊ သည်းခံခွင့်လွှတ်သည်၊ ခရစ်ယာန်ထုံးစံအရ လက်ဆွဲနှုတ်ဆက်မည် ဟုပြောပြီးအားလုံးကိုသင်ပုန်းချေလိုက်သည်။ ဆရာကြီးကလည်း ကျောင်းက ထုတ်ပယ်တာကို ပြန်ရုတ်သိမ်းတယ်။ (၉-၁၁-၁၉၅၉)တနင်္လာနေ ့မှာ ကျောင်းသား အားလုံး ကျောင်းပြန်တက်ခဲ ့ကြတယ်” ဟုဦးဇာကွား က သူ ့ကိုယ်တွေ ့ဇတ်လမ်းကို ပြန်ပြောင်းပြောသည်။

တစ်ချိန်ကဇိုတုန်နယ်တွင်ခေတ်ပညာတတ်လူငယ်များစွာကို မွေးထုတ်ပေး နိုင်ခဲ ့သော စာလ်ထောင်အလယ်တန်းကျောင်းသို ့ရှာရှီး၊ ခေါ့တွား၊ အိုက်ကား၊ လိုတော၊ ရှုပ်တလိုင်း၊ ရိုဝေါ၊ ရေဇွာ၊တိန်ဆီး၊ ကျွီနီးယား၊ ဟိန်ထားစသည့် ကျေးရွာများမှ အလယ်တန်းပညာဆက်လက်သင်ယူရန် စာလ်ထောင်ဘော်ဒါဆောင်တွင် မိမိရိ က္ခာဖြင့် လာရောက်နေထိုင် ကျောင်းတက်ကြရသည်။ သပိတ်မှောက်၍ ရွာပြန်ကြ ရာတွင် ဘာကြောင့် ပြန်လာရသလဲဟု မေးပါက အများသဘော တူညီချက်အရ ပြန်လာတာဟု ဖြေရန် ကျောင်းသားခေါင်းဆောင်များကမှာလိုက်သည်ဆို၏ ။ သို ့ဖြင့် ဘယ်သူဘာမေးမေး အကျိုးအကြောင်းရှင်းပြမနေတော့ ဘဲ "အများသဘော တူညီချက်အရပြန်လာတာ”တစ်ခွန်းတည်းသာ တညီတညွတ်တည်း ပြန်လည်ဖြေကြား ကြသည်ဖြစ်ရာ လမ်းမှာဆုံလို့ နှုတ်ဆက်မေးမိတဲ ့သူတွေ နားမလည်နိုင်အောင် ဖြစ်ကြရသည်။ အတော်နှုတ်လုံသစ္စာရှိသော ချင်းကျောင်းသားများ ဟု ဆိုရမည်ဖြစ် သည်။

 

Photo - MSRF
December 17, 2024
မော်လမြိုင်-ရေး-ထားဝယ် အမှတ် - ၈၊ ပြည်ထောင်စုလမ်းမကြီးကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ရန်...
December 16, 2024
“ကျနော်တို့ မသန်စွမ်းသူတွေအတွက် ဘဝလုံခြုံမှု လုံးဝမရှိတော့ဘူး။ အခု တောထဲမှာနေရတယ်။...
December 16, 2024
“ကျနော်တို့ မသန်စွမ်းသူတွေအတွက် ဘဝလုံခြုံမှု လုံးဝမရှိတော့ဘူး။ အခု တောထဲမှာနေရတယ်။...
December 12, 2024
မိုင်မိုင်မန်းထာ — တီးတိန်မြို့နယ်၊ သိုင်းငင်းရွာဟာ ကုန်သွယ်ရေးနှင့် ခရီးသွားလာရေးအတွက်...