ယဉ်ကျေးမှုသည် လူမျိုး၏အသက်ဖြစ်ပေရာ အနာဂတ်ကို ပိုင်ဆိုင် ကြမည့်လူငယ်များအနေဖြင့် ယဉ်ကျေးမှု၏တန်ဖိုးကို နားလည်ကြရပါပေမည်။ယဉ်ကျေးမှုစံနှုန်း မြှင့်မား လာအောင်လည်း ယနေ့လူငယ်များ၏ သမိုင်းပေးတာဝန်တစ်ရပ်ဖြစ်ပေသည်။
ယဉ်ကျေးမှုဟူသော စကားတွင် အနက်အစိပ္ပာယ်အမျိုးမျိုးရှိပါသည်။ခရီးဆောင် မြန်မာ အဘိစာန်တွင် အစိပ္ပာယ်(၃)မျိုးပြထားသည်။ပထမတစ်မျိုးမှာ သိမ်မွေ့ပြေပြစ်သော တတ်သိ လိမ္မာမှု၊ဒုတိယတစ်မျိုးမှာ တိုးတက်ထွန်းကားလာသော လူမှုအဆင့်အတန်း၊တတိယ တစ်မျိုး ကား အစဉ်အလာအားဖြင့် ထိန်းသိမ်းတည်ရှိလာသော ဓလေ့ထုံံးတမ်း စသည်ကို ဆိုလိုခြင်း ဖြစ်သည်။အင်္ဂလိပ်လို Culture သို့မဟုတ် Civilization ဟုလည်းခေါ်ကြပါသည်။ Culture ဆို လျှင်် Physical Culture( ရုပ်ယဉ်ကျေးမှု)၊Logical Culture(စိတ်ယဉ်ကျေးမှု) ဆိုပြီး ၂မျိုးရှိပါ သည်။မြန်မာအဘိဓာန်တွင်တွေ့ရသော ယဉ်ကျေးမှု(၃)မျိုးကို ရုပ်ယဉ်ကျေးမှု ၊စိတ်ယဉ်ကျေး ၂ မျိုးနှင့် ချိန်ထိုးပြီးသုံးသပ်ကြည့် ပါမည်။
ချင်းလူမျိုး၏ရုပ်ယဉ်ကျေးမှုမှာှု ဝတ်စားဆင်ယင်မှု၊ပါးရဲထိုးတာ၊နားတောင်းကြီး ဝတ်တာ၊အသုံးအဆောင်၊ဘုရားကျောင်းကန်စသည်စသည်တို့ဖြစ်တယ်။ကိုယ်ပိုင်ဝတ်စားဆင်ယင ်မှု မျိုးနွယ်စုတိုင်းမှာရှိတယ်။ရှေးတုန်းကကျွန်တော်တို့ ချင်းအမျိုးတွေက ပင်ရှည်ပုဆိုးကို ပေါ င်ကြားတွင် လျှိုုရျွှ်ခါးတွင် နှစ်ပတ်၊သုံးပတ်ရစ်ပတ်စုကာ အစ(၂)စကိုရှေ့နောက်ချရျွှ်ဝတ်လေ့ရှိ တယ်။အင်္ကျီမှာ ရိုးရာဂျပ်ခုတ် လက်ဖြတ်၊ခေါင်းပေါင်း ပေါင်းကာ နားတွင် ကွင်းကျယ်သော နားတက်ပြားကွင်းကြီးဆင်ထားတယ်။သျှောင်ထုံးကို ဦးခေါင်းအလယ်(ဗွေ)ရှိသည့် နေရာတွင် ထုံးလေ့ရှိတယ်။အမျိုးသမီးများမှာ ဒူးလောက်သာရှိသော ရိုးရာဂျပ်ခုတ်ထမီ၊အကျီမှာ ရိုးရာဂျ ပ်ခုတ် လက်ဖြတ်၊ပိုးခေါင်းပေါင်း ပေါင်းကာ နားတွင် နားတောင်းခေါင်းပွကြီးဆင်ထားတယ်။ဆံ ထုံးကို နောက်စေ့ဖက်တွင် စုရျွှ်ထုံးလေ့ရှိတယ်။ဒါတွေဟာ ရှေးတုန်းက နေ့စဉ်ဝတ်လေ့ရှိသော ဝတ်စားဆင်ယင်မူပင်ဖြစ်တယ်။ယနေ့ခေတ် လူငယ်တွေဟာ ချင်းယဉ်ကျေးမှုကိုထိမ််းသိမ်း တယ်ဆိုပြီး ရှေးကလိုဝတ်စားဆင်ယင်နေလို့ မရတော့ဘူး။ခေတ်နဲ့အညီ Update တော့လုပ်ရ တော့မယ်မဟုတ်လား။ဒါပေမယ့် ကျွန်တော်တို့မှာ ချင်းဆိုတဲ့Form တော့ရှိရမှာပေါ့။
နောက်တစ်ခုကပါးရဲထိုးတဲ့ယဉ်ကျေးမှု။ဆေးမင်ကြောင်၊ပါးမဲထိုးခြင်းဟုခေါ်တယ်။ ယေ န့ခေတ်လူငယ်တွေကBody Art ။တတ်တူး လို့ခေါ်တယ်။ပါးမဲထိုးတဲ့ ယဉ်ကျေးမှုဟာ (၁၁) ရာစု ခန့်ကစတင်ကာ ချင်းမျိုးနွယ်စု(၁၂)စုခန့် ထိုးလေ့ရှိတယ်။ ချင်းတိုင်းရင်း သူတစ်ဦး ကိုဗမာဘုရ င်တစ်ပါးက တော်ကောက်ပြီး ပြည်မသို့ခေါ်ဆောင်သွားခဲ့တယ်။ထိုအခါ ချင်းတိုင်း ရင်းသူလေး မှာ မနေပျော်ရျွှ်ထွက်ပြေးလာခဲ့တယ်။သူမမှာ ဘုရင်၏နောက်တော်များ လိုက်ရှာ ခဲ့လျှင် မမှတ်မိ အောင် မျက်နှာကို ဓားဖြင့်မွန်းကာ ရုပ်ဖျက်လိုက်တယ်။ကျန်သော ချင်းသူများ မှာလ ည်း တော်ကောက်မခံရအောင် ရုပ်ဖျက်လိုက်ကြတယ်။ထိုမှတဆင့် နောက်ပိုင်းတွင် ပါးမဲထိုးတဲ့ ဓလေ့ ဖြစ်လာတယ် ဟုမှတ်သားပါတယ်။မိမိတို့လူမျိုးစုအချင်းချင်း အလွယ်တကူ သိရှိနိုင်ရန် အတွက်လည်း ဖြစ်တယ် လို့ဆိုကြတယ်။မြန်မာ့ ယဉ်ကျေးမှုတွင်လည်းအ မျိုးသား များ ပေါင်ေ ပါ်တွင် ထိုးကွင်းမှင်ကြောင်ရှိမှ ယောကျင်္ားပီသသည်ဟု ယူဆသကဲ့သို့ ချင်းအမျိုး သ မီးများမှာ လည်းပါးမဲရှိမှ မိန်းမပီသသည်ဟု သဘောထားခဲ့တယ်။ ယနေ့ခေတ်လူငယ်များ တတ်တူးပုံစံအမျိုးမျိုးဖြင့်ခန္ဒာကိုယ်နေရာအမျိုးမျိုးတွင် ယဉ်ကျေးမှုကိုထိမ်းသိမ်းနေကြတယ်။ယခုလို ယဉ်ကျေးမှုကိုထိမ်းသိမ်းပေးနေကြသော ခေတ် လူငယ်များအတွက် ကျွန်တော်စိတ်မကောင်းဖြစ်မိတယ်။အဘယ်ကြောင့်ဆိုသော် အဆိုပါ ယဉ်ကျေးမှုကို (၁၉၆၀)ခုနှစ်တွင် အစိုးရက တရားဝင် ပိတ်ပင်တားမြစ်ခဲ့ပါတယ်။တတ်တူးထိုး ထားတဲ့ လူတွေကို ဗိုလ်လောင်းသင်တန်းမှ လက်မခံကြောင့်နဲ့ဘယ်အစိုးရဌာနကလည်းအရာ ရှိဖြစ်ခွင့်မရှိကြောင့် သိရှိရပါတယ်။ဒါအပြင် ယနေ့ခေတ် ဒီယဉ်ကျေးမှုကို ကျန်းမာရေး၊ပညာေ ရး၊ဘာသာရေး၊လူမှုရေး၊နိုင်ငံရေးစသော မြန်မာ့လူ့အဖွဲ့အစည်းကလည်း လက်မခံနိုင်တော့ပါ။ ကျွန်တော်အမြင်တော့ အိမ်ထောင်ပြု၊ဘုရားတည်၊ဆေးမင်စုတ်ထိုး တွေဟာပြန် ဖျက်လို့ ခတ်သောကြောင့် ထိမ်းသိမ်းရမယ့်ယဉ်ကျေးမူထဲမှာ မပါဘူး။ဖျက်၊ပြင်ရမယ့် ယဉ်ေ ကျးမှုထဲပါနေတယ်။ပါးရဲထိုး ယဉ်ကျေးမှုကို ခေတ်နဲ့အညီ ပြုပြင်မယ်ဆိုရင် ပြန်ဖျက်နိုင်သော ပုံနှိပ်များဖြင့်သာ ပါးမဲ ထိုးသင့်ကြောင်း၊ ကပ်ခွာပညာရှင်တွေက ယာယီသဘောပြုလုပ်ပေးနိုင် ကြောင့် သိရှိရပါတယ်။မလိုအပ်လျှင် ဆပ်ပြာနှင့်ရေအသုံးပြုကာ ချက်ချင်းဖျက်နိုင်ကြောင်း၊ မ ဖျက်ပဲထားလျှင် ၃ရက်ကြာရင် အလိုလိုပျက်ပြယ်သွားကြောင်းသိရှိရပါတယ်။နောက်တစ်ခုက တော့ နားတောင်းကြီးနဲ့ ချင်း အမျိုးသမီးများမှာလည်း ဒီထက်ကောင်းသော ယဉ်ကျေးမှုကို ဖန်တီးရပါမယ်။အမှန်တတယ် နားတောင်းတပ်ဖို့ အတွက်နားပေါက်ကြီးများဖောက်ရန်မလိုဘဲ ခေတ်မီလှပအောင်ဆန်းသစ်တီထွင်ရပါမယ်။ဥပမာ ပွဲလမ်းသဘင်တွေမှာတော့ ကိုယ်အသိနဲ့ ကို သားရေကွင်းနဲ့စည်းထားတာမျိုးပေါ့။
ကျွန်တော့်အမြင်ကို ဆက်ပြောရရင် ရုပ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုတွေကို ပြတိုက် ထဲ၊မှတ်တမ်းစါတ်ပုံထဲ ထားခဲ့သင့်တာထားခဲ့ပြီး အချို့ဆက်လက်ထိမ်းသိမ်းသယ်ဆောင်သွား သင့်တာတွေကိုလည်း ခေတ်နဲ့အညီ ဆန်းသစ်တီထွင်ပြီး ရေရှည်တည်တံ့အောင် ထိမ်းသိမ်း သွားသင့်ပါတယ်။
ချင်းလူမျိုး၏စိတ်ယဉ်ကျေးမှုမှာ လုပ်အားဖွဲ့စည်းမှု၊ဧည့်ဝတ်ကျေပွန်ခြင်း၊အိမ် ထောင်ဖက်ရွေးခြင်း၊စေ့စပ်တောင်းရမ်းခြင်း၊အပျိုလှည့်ခြင်း၊ကလေးမျက်နှာပြခြင်း၊ဆွေစဉ်မျိုး ဆက်သတ်မှတ်ခြင်း။အိမ်ထောင်မှု၊အမွေအနှစ်အရိုက်အရာခံခြင်း၊အရန်းစန်းခြင်း၊အမဲလိုက် ခြင်း စသည် စသည်တို့ပါဝင်ကြပါတယ်။ကျွန်တော်တို့ဟာ ရုပ်ယဉ်ကျေးမှုထက် စိတ်ယဉ်ေ ကျးမှုကို အစိက အလေးထားရမှာဖြစ်ပါတယ်။ဧည့်ဝတ်ကျေပွန်ခြင်း ယဉ်ကျေးမှုနဲ့ပတ်သတ် ပြီး ချင်းအဘိုးကြီးတစ်ဦး၏ အဖြစ်အပျက်လေးကို ပြောပြချင်ပါတယ်။တစ်နေ့အဘိုးက မြို့ကြီး ထဲရောက်လာသတဲ့။အဘိုးကြီးသည် သျှောင်ထုံးနဲ့ဖြစ်ပြီး နားတောင်းဝတ်ဆင်ထာသည်။ကား ဂိတ်တစ်ခု၏ ထမင်းဆိုင်ရှေ့တွင် လမ်းသလားနေတယ်။ထမင်းဆိုင်သည်များ၏ သူထက်ငါ ပျူငှါစွာထမင်းစားရန် ခေါ်သောကြောင့် ထိုင်စားဖြစ်လေတယ်။အဘိုးအိုက ခါးတောင်းကျိုက် ဆံထုံးကို သေချာထုံးရျွှ် ခုံပေါ်တွင် ဒူးတစ်ဖက်ကို ထောင်ထားသော ပုံစံဖြင့်ထိုင်ကာ ထမင်းကို အားရပါးရ လွေးလေသည်။ဗိုက်ဆာဆာဖြင့် စားသောကြောင့် စားပွဲထိုးနှစ်ယောက် လက်မလ ည်နိုင်အောင် အလုပ်ရှုပ်နေရတယ်။နောက်ပြီး အဘိုးကြီးသည်" အင်း" ဟုအသံပြုကာ ထိုင်ရ မှ ထရပ်ပြီး ခါးတောင်းကျိုက်ပုဆိုးကို ဖြေလျော့လိုက်တယ်။လက်ကျန်ထမင်းတစ်ပွဲကိုလည်း မတ်တပ်ရပ်ရျွှ် ထပ်ဖြည့်လိုက်သေးတယ်။ယာဘက်လက်ဖြင့် ဟင်းရည်ချိုကို ဇွန်းနဲ့ မခတ် တော့ဘဲ ဇလုံကိုကိုင်ကာ အသံမြည်အောင် အားရပါးရ သောက်လိုက်မှ အဘိုးကြီး၏ စားတေ ာ် အဆုံးသတ်လေတော့တယ်။ထမင်းစားပြီး ပိုက်ဆံရှင်းပေးပါဟု ပြောတော့''အလကား ကျွေး တာမှတ်လို့''တဲ့။ ဟား…..ဟား…….ဟားတောတော်အထာမသိတဲ့ အဘိုးကြီး။ အဲသည်အဘိုးကြီးပဲ။ရှင်ပြု အလျှူပွဲတွင် လှိုက်လှဲစွာ ကြိုဆိုသဖြင့် ထမင်းစား သွားရန် ဖိတ်ခေါ်ခြင်းခံရပြန်သည်။ထိုအခါ အဘိုးကြီးက''တစ်ခါပဲရမယ်၊ နှစ်ခါမရဘူး၊ငါကိုဘာ ကောင်မှတ်လဲ" ဟုပြောကာ ထွက်ပြေးခဲ့သတဲ့။ ဟား….ဟား…..ဟားတော့တော်ရယ်ရတဲ့ အဘိုးကြီး။ လူငယ်နှစ်ဦးက သည်အဖြစ်အပျက်ကို ရယ်စရာအဖြစ် ပြောနေကြတာဖြစ်တ ယ်။ကျွန်တော် ခြုံငုံပြီးသုံးသပ်ကြည့်တော့ ကိုယ့်ယဉ်ကျေးမှုသာ သိပြီးတစ်ပါး၏ယဉ်ကျေးမှု ကိုမသိနားမလည်သောကြောင့်ဖြစ်ပါတယ်။အဘိုးကြီးသိတဲ့ယဉ်ကျေးမှုက ချင်းလူမျိုးတွေ ဘိုး စဉ်ဘောင်ဆက်ကတည်းက စောင့်ထိန်းလာခဲ့သော လောကဝတ်၊ဓမ္မဝတ်၊ဧည့်ဝတ်ကျေပွန် သည့် ယဉ်ကျေးမှုဖြစ်တယ်။ဧည့်သည်လာလျှင် အရက်တိုက်၊ခေါင်ရည်တည်ပေးခြင်း၊ကြက်၊ ဝက် စသော အိမ်မွေးတိရစ္ဆာ္နန်ကို ဟင်းလျာအဖြစ် အသုံးပြုကာ ထမင်းအလကားကျွေးလေ့ရှိ တယ်။ထိုနောက် မဟာမိတ်ဖွဲ့၊ညီအစ်ကိုပြုကြတယ်။တစ်ဖက်၏ ထမင်းဆိုင်ယဉ်ကျေးမှုကိုမ သိ၊ရှင်ပြုပွဲ ယဉ်ကျေးမှုကို မသိ။ထို့ကြောင့် ကိုယ့်လူမျိုး၏ ယဉ်ကျေးမှုကိုသိသလို တစ်ပါး ယဉ်ကျေးမှုကိုလည်းသိရပါမယ်။တန်းဖိုးထားကာဖလှယ်ရပါမယ်။ ယဉ်ကျေးမှုတစ်ရပ်ကို အခွင့်ကောင်းယူရျွှ် လိမ်လည်မှု၊စီးပွားဆန်ဆန်အသုံးချမှု များရှိပါတယ်။ဥပမာ ဧည့်ဝတ်ကျေမှုကိုအသုံးချခြင်း၊အသွင်းဖိုးကို အဃာတဖြင့်တောင်းခြင်း စသည် စသည်တို့ဖြစ်ပါတယ်။ထိုအခါ ယဉ်ကျေးမှုကို ထိမ်းသိမ်းခြင်းခေါင်းစဉ်အောက်တွင် လူ့ယဉ်ကျေးမှုသည် ယဉ်ကျေးမှုမဖြစ်တော့ပဲ မယဉ်ကျေးမှု၊ရိုင်းစိုင်းမှု ဖြစ်လာပါတော့တယ်။ အဲသည်ကိုလည်း သိထားသင့်ပါတယ်။
ပြုပြင်မွှမ်းမံပယ်ဖျက်ရမယ့် ချင်းယဉ်ကျေးမှုများမှာ ချင်းအမျိုးသားတစ်ယောက် တွင် ဇနီးမယားတစ်ယောက်ထက်မက ယူလို့ရခြင်း အဲဒါကို"တစ်လင်တစ်မယားစနစ်'' သို့ပြု ပြင်သင့်တယ်။ ပြီးရင်သားယောကျင်္ားသာလျှင် ဆွေစဉ်မျိုးဆက်သတ်မှတ်ခြင်းနှင့် အမွေအနှစ် များကို အရိုက်အရာခံခြင်း၊အခွင့်ထူးခံရခြင်း အဲဒါတွေကိုလည်း ''တန်းတူအခွင့်အရး"သို့ ချဉ်းကပ်မွှမ်းမံသင့်တယ်။နောက်တစ်ခုက ရိုးရာအရန်းစန်းပွဲ ယဉ်ကျေးမှုတစ်ရပ်ဖြစ်တယ်။ကျွဲ ၊နွားကောင်ရေ များများဖြင့် ပွဲကျင်းပနိုင်လေလေ၊ဂုဏ်သေရေရှိလေလေဖြစ်တယ်ဟု ခံယူထာ းသောယဉ်ကျေးမှုဖြစ်တယ်။ကျွန်တော်အမြင်တော့ ယခုခေတ်မှာ လွင့်ပစ်ရမယ့် ယဉ်ကျေးမှု ဟုမြင်ပါတယ်။အပျိုလှည့်ခြင်း(သို့မဟုတ်)မီးတောင်းခြင်းယဉ်ကျေးမှုလည်းဒီအတိုင်းပင်။ပြုပြင်သင့်ပါတယ်။မြန်မာ့ယဉ်ကျေးမှုမှာလည်း အစိုးရရုံးတချို့ မှာဆိုရင်ရာထူးကြီးတဲ့ သူတွေကို ရာထူးငယ်တဲ့သူတွေက အဘ၊အဘဆိုပြီးလက်အုပ်ချီရတဲ့ ယဉ်ကျေးမှုမျိုးပေါ့။နောက် လက်ဖက်ရည်ဖိုးပေးတဲ့ ယဉ်ကျေးမှုတို့ ဖြစ်တယ်။လွင့်ပစ်ရမယ် ယဉ်ကျေးမှုပေါ့။ ထိမ်းသိမ်းရမယ့် ချင်းယဉ်ကျေးမှုတွေလည်း အများကြီးရှိပါတယ်။လုပ်အားဖွဲ့စည် းမှု၊ကိုယ့်ကျင့်တရား၊သစ္စာတရားရှိခြင်း၊၊မျှဝေမျှစားစနစ်၊ရိုသေပြုထိုက်သူကို ရိုသေဂုဏ်ပြုခြင်း မဟုတ်မခံစိတ်စာတ်၊ရဲစွမ်းသတ္တိ၊ကူညီရိုင်းပင်းလိုစိတ် စသည် စသည်တို့ဖြစ်ကြတယ်။ ချင်းတွေရဲ့အမှတ်လက္ခဏာကဘာလဲ။စည်းစည်းလုံးလုံးမရှိပဲ အမြဲတမ်းကွဲပြဲ နေ တာချင်းလား၊အချိန်မလေးစားဘဲအမြဲနောက်ကျတတ်တာချင်းလား၊နိုင်ငံခြားကိုကိုယ့်နိုင်ငံထင်နေတာချင်းလား၊ကိုယ့်လူမျိုးကိုအထင်သေးနေတာချင်းလား၊စာဖတ်လေ့မရှိတာချင်းလား။
ကျွန်တော်တို့တွေ ဘယ်လိုစိတ်ယဉ်ကျေးမှုတွေကို ထိမ်းသိမ်းစောင့်ရှောက်ပြီး ဆက်လက်ကျင့်သုံးနေကြသလဲဆိုတာက ကျွန်တော်တို့ရဲ့ အမှတ်လက္ခဏာ(Identity)လူမျိုးရဲ့ (National Identity)ဖြစ်လာမှာပါ၊။ကျွန်တော်တို့ ချင်းလူမျိုးတွေဟာ ရုပ်ယဉ်ကျေးမှုထက် စိတ်ယဉ်ကျေးမှုမှာ အားကောင်းကြောင်း ထင်မြင်မိပါတယ်။ရုပ်ယဉ်ကျေးမှုရော့၊စိတ်ယဉ်ကျေး မှုရော့ မြှင့်သည်ထက်မြင့်အောင်ဆောင်ရွက်ရမည်မှာ ယနေချင်းလူငယ်တို့ အားထုတ်ရမည် မဟုတ်ပါလား။
ယခုအချိန်ဟာ ကမ္ဘကြီးတစ်ခုလုံး ရွာကြီးတစ်ရွာလို ဖြစ်လာပြီလို့ ပြောကြတဲ့ Gl obalization ခေတ်ဖြစ်တာနဲ့အညီ ပြောင်းလဲမှုဆိုတာတွေဟာ လှိုင်းသဘောဆောင်ပြီး အရှိန် အဟုန်နဲ့ ဖြစ်ပေါ်စီးဆင်းနေတဲ့ ကာလပါ။ အလျားလိုက်ကြီး တင်းခံချင်တယ်ဆိုရင်တော့ ကိုယ် ဖက်က အားကောင်းဖို့ လိုပါတယ်။မဟုတ်ရင် ဖြောင်းကနဲ့ ကျိုးသွားပြီး စီးဆင်းလာသမျှ တွေ အကောင်းရော၊အဆိုးရော ကျွန်တော်တို့ လက်မခံချင်ပဲ လက်ခံလိုက်ရတဲ့အဖြစ်မျိုးကို ရောက် သွားပါလိမ့်မယ်။တကယ်တမ်း ကျတော့ လှိုင်းရဲ့သဘောဟာ မြင့်ရာကနေ နိမ့်ရာကို စီးပါတ ယ်။လာတဲ့ လှိုင်းကို စီးတက်ရင် လှိုင်းပေါ်မှာ ကိုယ်ရောက်မယ်။ မစီးတက်ရင်တော့ လှိုင်းက ကိုယ်ကိုကျော်သွားမှာပဲ။ကိုးရီးယားဆိုလည်း ယဉ်ကျေးမှု Soft powerမြင့်မားတယ်။ Hard powerလို့ခေါ်တဲ့ စစ်အင်အားက အစိက မဟုတ်တော့ဘူး။Soft powerလို့ခေါ်တဲ့ ယဉ်ကျေးမှု စစ်ပွဲမှာမရှုံးဖို့လိုပါတယ်။ဒါဆို ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုကို Mobilize လုပ်ရမယ်။ယဉ် ကျေး မှုမှာ အယူရှိသလို အပေးလည်းရှိရမယ်။အယူပဲရှိပြီး အပေးမရှိရင်တော့ မဖြစ်ဘူး။ဒါဆို ရေရ ှည်မှာ ကိုယ့်ယဉ်ကျေးမှုက လုံးပါးပါးကျဆုံးပြီး ကမ္ဘာမှာ ပျေက်ကွယ်သွားနိုင်တယ်။ကိုယ့်ယဉ် ကျေးမှုကို သူများယူစေချင်ရင် ကမ္ဘာကလက်ခံအောင်Upate လုပ်ရမယ်။ဒီနေရာမှာလဲ ချင်း ယဉ်ကျေးမှုကို တကယ်ထိမ်းသိမ်းချင်တယ်ဆိုရင်၊ တကယ်မြင့်မားစေချင်တယ်ဆိုရင် အရာ ရာကို လုံးထွေးရောယှက်ပြီး မစဉ်းစားပဲ၊"ဘာတွေကို ထိမ်းသိမ်းကြမှာလဲ၊ဘယ်လို မြင့် မားအောင်လုပ်ကြမလဲ''ဆိုတဲ့မေးခွန်းနှစ်ခုကိုကျွန်တော်တို့ကိုယ်ကျွန်တော်တို့ သေသေချာချာ ပြန် ု ု မေးကြည့်ကြဖို့ တိုက်တွန်းလိုပါတယ်။ ။
ကဲ……ကျွန်တော်တို့ "ဘာတွေကို ထိမ်းသိမ်းကြမှာလဲ၊ဘယ်လိုမြင့်မားအောင် လုပ်ကြမလဲ"
မောင်မော်ကွန်း(ပလက်ဝ)
စာကြွင်း။ ။စာပေယဉ်ကျေးမှုများကိုလည်း မျိုးနွယ်စုစာပေမှ ဘုံစာပေယဉ်ကျေးမှုထိမြင့်တ က်အောင် အားထုတ်သင့်တယ်။ယဉ်ကျေးမှု အနုပညာကို လေ့လာသောအခါ အကမျိုးပေါင်း အတော်များ တွေ့ရှိရတယ်။ဥပမာ မီးပုံဖွဲ့အက သို့မဟုတ် စုပေါင်းအက၊ ၀ါးညှပ်အက၊တောင် ယာလုပ်ငန်းအက….စသည်တို့ဖြစ်တယ်။တေးဂီတ ယဉ်ကျေးမှုမှာ သီချင်းကြီး၊ ကာလပေါ်သီ ချင်း။သချင်း၊ဧချင်း စသည်တို့ဖြစ်ကြတယ်။အားကစားယဉ်ကျေးမှုမှာရိုးရာဝါးတန်းလှဲခြင်း၊ကြ က်မွှေးစူး လေမှုတ်ပြိုင်ပွဲ၊ ရိုးရာစပါးထောင်းပြိုင်ပွဲ၊လက်မောင်းလှဲခြင်း၊ဂျင်ပေါက်ကစားခြင်း စ သည်တို့ဖြစ်ကြတယ်။ချင်းတို့မှာလည်း ၁၂ ရာသီပတ်လုံး သူ့လနှင့်သူ ပြုလုပ်လေ့ရှိသော ကောင်းမြတ်သည့် ရိုးရာယဉ်ကျေးမှုများရှိကြတယ်။ချင်းယဉ်ကျေးမှုကို ဒီထက်မြင့်မားချင်ရင် ရိုင်း စိုင်းတဲ့ နတ်ကိုးကွယ်မှုအယူအဆတွေကို ပြောင်းလဲစွန့်ပစ်ရပေမယ်။မြန်မာ့ ယဉ်ကျေးမှုသမိုင် းမှာလည်းအရည်းကြီးရဟန်းတို့၏အယူဝါဒုကို စွန့်ပစ်ပြီး ဗုဒ္ဒသာသနအစားထိုးဝင်ရောက်လာမှ မြန်မာ့ယဉ်ကျေးမှု တိုးတတ်လာတာပါ။မြန်မာ့ယဉ်ကျေးမှုကို မြှင့်တင်လိုရင် ဗုဒ္ဒယဉ်ကျေးမှုကို မြှင့်တင်ရမှာ ဖြစ်သလို ချင်းလူ့ယဉ်ကျေးမှုကို မြှင့်တင်လိုရင် ခရစ်ယာန်ယဉ်ကျေးမှုကို မြှင့်တ င်ရမှာဖြစ်ပေသည် ဟုသုံးသပ်မိပေတယ်။ကမ္ဘာလူ့ယဉ်ကျေးမှုသည် ယေရူခရစ်တော်၏ 'လူလူ ချင်း၊အိမ်နီးနားချင်းကို ချစ်ခင်ပါ၊ ဘယ်ဘက်ပါးကို ရိုက်ရင် ညာဘက်ပါးကို ထိုးပေပါ' စတဲ့ ခရ စ်ယာန်ယဉ်ကျေးမှုနဲ့ တိုက်ရိုက်အချိုးချသည်ဟု ထင်မိပါတယ်။