လစ်လပ်နေသော ရခိုင်စည်ပင်ဝန်ကြီးနေရာ စိုက်ပျိုးရေးဝန်ကြီးကို ပူးတွဲတာဝန်ပေး

လစ်လပ်နေသော ရခိုင်စည်ပင်ဝန်ကြီးနေရာ စိုက်ပျိုးရေးဝန်ကြီးကို ပူးတွဲတာဝန်ပေး

လစ်လပ်နေသော ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး တာဝန်ကို  စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးကျော်လွင်အား ပူးတွဲတာဝန်ပေး ခန့်အပ်ထားကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၀ ရက်နေ့က ပြည်နယ်အစိုးရအဖွဲ့ဆုံးဖြတ်ချက်အရ ယင်းလစ်လပ်နေသော စည်ပင်ဝန်ကြီး ဦးမင်းအောင်နေရာကို စိုက်ပျိုးဝန်ကြီး ဦးကျော်လွင်အား ပူးတွဲတာဝန်ပေး ခန့်အပ်လိုက်ခြင်းလည်း ဖြစ်သည်။

“အခုလတ်တလောမှာ စည်ပင်ဝန်ကြီး မရှိသေးတဲ့အတွက် အဲဒီနေရာကို ကျနော်ကို ယာယီခန့်အပ်လိုက်တာပါ။ တာဝန် ပေးအပ် ခံရတာကို ဥပဒေနဲ့အညီ စေတနာပါပါနဲ့ ထမ်းဆောင်ရမှာပါ။”ဟု စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ သစ်တောနှင့်  သတ္တုဝန်ကြီး ဦးကျော်လွင်က RiAသို့ ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင် စည်ပင်ဝန်ကြီး ဦးမင်းအောင်သည် နို်င်ငံတော်က ပေးအပ်သော တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခြင်း မရှိဟုဆိုကာ တာဝန်ကမှ ရပ်စဲရန် ရခိုင်ပြည်နယ် လွှတ်တော်က ဇန်နဝါရီလ ၂ ရက်နေ့မှာ အရေးပေါ်အစည်းဝေး ခေါ်ယူပြီး မဲခွဲ ဆုံးဖြတ်ခဲ့သည်။

ယင်းနောက် စည်ပင်ဝန်ကြီး ဦးမင်းအောင်ကို တာဝန်က ရပ်စဲလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးက ဇန်နဝါရီလ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

Most read this week

December 13, 2024
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ဒီဇင်ဘာလ ၁၁ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့နှင့်ရဲ...
December 12, 2024
ပုံစာ - ဒီဇင်ဘာလ ၁၁ ရက် ညက တောင်ငူလေတပ်စခန်းနှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁၀၇ မမ...
December 10, 2024
ဧရာဝတီတိုင်း၊ ပုသိမ်ထောင်တွင် အကျဉ်းသား၊ အကျဉ်းသူများ ရေသုံးစွဲခွင့် လုံလောက်စွာမရ၍...
ပုံအညွှန်း - စစ်မှုထမ်းရန် စုဆောင်းခံရသူများအား အုတ်တွင်းမြို့နယ်အခြေစိုက် စစ်ကောင်စီသင်တန်းကျောင်းတွင် စစ်သင်တန်းပေးနေစဥ်
December 9, 2024
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေမြင်တင်ကျေးရွာရှိ အမှတ် (၆) စစ်အခြေခံလေ့ကျင့်ရေးတပ်မှ...