၁၉၄၉ ခုနှစ်ကတည်းက ကရင်အမျိုးသားများ တန်းတူအခွင့်အရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် လက်နက်ကိုင်တော် လှန်ရေး ဆင်နွှဲခဲ့သည့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် ပြီးခဲ့သည့် ၂၀၁၂ခုနှစ်၊ ဇန်နဝါရီလ ၁၂ရက်နေ့တွင် အစိုးရနှင့် ပထမဆုံးအကြိမ် ပြည်နယ်အဆင့် ပဏာမ အပစ်ရပ်ခဲ့သည်။ ယခု ၂၀၁၈ခုနှစ် ဇန်နဝါရီဆိုလျင် အပစ်ရပ်ကာလ ၆နှစ် ပြည့်ခဲ့ပြီးဖြစ်သည်။
ယင်းသို့ ပဏာမအပစ်ရပ်မတိုင်မှီ ကေအဲန်ယူနှင့်အစိုးရတို့ အပစ်ရပ်ရေးကိစ္စ ဆွေးနွေးမှုများရှိခဲ့သော်လည်း အောင်မြင်မှု မရှိခဲ့ သည်ကို တွေ့ရသည်။ ၂၀၁၀ ရွေးကောက်ပွဲပြီးနောက် သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၁ခုနှစ်၊ သြဂုတ် ၁၈ရက်နေ့ တွင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များကို ငြိမ်းချမ်းရေး ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပြီးနောက်တွင်မူ အပစ်ရပ်ရေး မှာ တဖန်ပြန်လည် အသက်ဝင်လာခဲ့သည်။
ထိုကာလအတွင်း ကေအဲန်ယူက ၎င်းတို့၏ ၁၄ကြိမ်မြောက်ကွန်ဂရက်တွင် ချမှတ်ခဲ့သော နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းဖြင့် တဆင့်ချင်း ဖြေရှင်းသွားမည့် မူအရ ၂၀၁၁ခုနှစ်၊ နိုဝင်ဘာလ ၈ရက်မှ ၁၁ရက်နေ့ထိ ပြုလုပ်သည့် ကေအဲန်ယူ အရေးပေါ်အ စည်းအဝေးတွင် အဖွဲ့ဝင် ရဦးပါဝင်သော အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးမည့် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့သည်။
၎င်းကော်မတီတွင် ထိုစဉ်က ကေအဲန်ယူ ဒုဥက္ကဌဖြစ်သူ ပဒိုစောဒေးဗစ်သကဘော၊ ဒုဥက္ကဌအဖြစ် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ အတွင်းရေးမှူးအဖြစ် ပဒိုစောဒေးဗစ်ထောတို့ဖြစ်ကြပြီး အဖွဲ့ဝင်များအဖြစ် အထွေထွေ အတွင်းရေးမှူး ပဒို နော်စီဖိုးရာစိန်၊ ဗဟို ကျန်းမာရေးဌာန တာဝန်ခံ ဗိုလ်မှူးစောရောဂျာခင်၊ သစ်တောတာဝန်ခံ ပဒိုစောအားတိုးနှင့် ဖားအံခရိုင် ဥက္ကဌ ပဒိုစောအောင်မော်အေးတို့ ပါဝင်ခဲ့ကြသည်။
အဆိုပါ ကေအဲန်ယူ ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီဝင်များနှင့် အစိုးရကိုယ်စားလှယ်တို့ ထိုင်း-မြန်မာနယ်စပ်တွင် တွေ့ဆုံ ဆွေးနွေးမှုရှိခဲ့သည်ဟု သတင်းများ ပေါ်ထွက်ခဲ့သလို ပြည်တွင်းပြည်ပ ကရင့်နိုင်ငံရေးအသိုင်းအဝိုင်း၊ လူမှုရေးအသိုင်းအဝိုင်းများ တွင်လည်း အပစ်ရပ်ကိစ္စနှင့် ပတ်သက်၍ ထင်မြင်ချက်၊ ဝေဖန်ထောက်ပြချက် အမျိုးမျိုး ပေါ်ထွက်လာခဲ့သည်။
၂၀၁၂ခုနှစ်၊ ဇန်နဝါရီ ၁၂ရက်နေ့တွင် ကေအဲန်ယူစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ နှင့် အစိုးရ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ ကရင်ပြည်နယ်၊ ဖားအံမြို့ ဟိုတယ်ဇွဲက ပင်၌ တွေ့ဆုံဆွေးနွေးပြီး ပဏာမ အပစ်ရပ်စာချုပ်ကို လက်မှတ်ထိုးနိုင်ခဲ့သည်။
တဖန်၂၀၁၂ခုနှစ်၊ ဧပြီလ ၆ရက်နေ့တွင်မူ ပဒိုနော်စီဖိုးရာစိန် ဦးဆောင်သည့် ကေအဲန်ယူကိုယ်စားလှယ်အဖွဲ့နှင့် အစိုးရ ပြည် ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ ရန်ကုန်မြို့၊ ဆီဒိုနားဟိုတယ်၌ ပြည်ထောင်စုအဆင့် အပစ်ခတ်ရပ်စဲရေးကို ဆွေးနွေးခဲ့ကြရာမှ ကေအဲန်ယူ၏ ငြိမ်းချမ်းရေးခရီးစဉ် စတင်လာခဲ့သည်။
လွတ်လပ်ရေးရပြီးစအချိန်ကတည်းက အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲခဲ့သည့် ကေအဲန်ယူနှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေး အစိုးရတို့ အပစ်ရပ်လိုက်ခြင်းသည် မြန်မာ့နိုင်ငံရေးအပေါ် များစွာ သက်ရောက်မှု ဖြစ်စေခဲ့့သည်။
သမ္မတဦးသိန်းစိန် ဦးဆောင်သည့် အစိုးရအဖွဲ့အနေဖြင့်လည်း တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အရှည်ကြာဆုံး ဆင် နွှဲခဲ့သည့် ကေအဲန်ယူနှင့် တရားဝင် အပစ်ရပ်နိုင်ခဲ့ခြင်းသည် အစိုးရအဖွဲ့အပေါ် နိုင်ငံတကာနှင့် အများပြည်သူ ယုံကြည်လေးစား မှုကို တည်ဆောက်နိုင်ခဲ့သည်ကိုတွေ့ရပြီး တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြားတွင်လည်း ဂယက်ရိုက်သွားခဲ့ရ သည်။
ကေအဲန်ယူနှင့် အစိုးရတို့ အပစ်ရပ်မတိုင်မှီတွင် ကေအဲန်ယူ တပ်မဟာ ရခုစလုံးတွင် နှစ်ဖက် ထိတွေ့ပစ်ခတ်မှုများ၊ တိုက်ပွဲများ နေ့စဉ် နီးပါးရှိခဲ့ပြီး ၂၀၀၈ခုနှစ် တနှစ်တည်းပင်လျှင် တိုက်ပွဲပေါင်း တစ်ထောင်ကျော် ဖြစ်ပွားခဲ့ရာ အစိုးရစစ်တပ်မှာ အရာရှိစစ် သည် ၁,ဝဝဝကျော်သေဆုံးခဲ့သည်ဟု ကေအဲန်ယူက သတင်းထုတ်ပြန်ခဲ့သည်။ သို့သော်လည်း အပစ်ရပ်ပြီးနောက်ပို်င်းတွင် ထိတွေ့ပစ်ခတ်မှု အနည်းငယ်သာ ရှိခဲ့သည်။
ယင်းအပေါ် ရန်ကုန်မြို့အခြေစိုက် ကရင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး မန်းကျော်ငြိမ်းက “တိုက်ပွဲတွေ နည်းသွား တာတော့ အမှန်ပဲ။ ဒါပေမဲ့ လမ်းတွေဖောက်တော့ ခံစစ်စည်းတွေ ပေါက်ကုန်တယ်။ နောက် အပစ်ရပ်ကာလအတွင်းမှာ ပြည် နယ်မှာ မူးယစ်ဆေးအမှုတွေ များလာတယ်”ဟု မှတ်ချက်ပြု ပြောဆိုသည်။
ကေအဲန်ယူ၏ ၆နှစ်ကြာ အပစ်ရပ်ခရီးကို ပြန်ကြည့်မည်ဆိုလျှင် ၂၀၁၅ခုနှစ်၊ အောက်တိုဘာ ၁၅ရက်နေ့တွင် တစ်နိုင်ငံလုံး ပစ် ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်(NCA)ကို နေပြည်တော်၌ လက်မှတ်ရေးထိုးခဲ့ပြီး အစိုးရကလည်း ကေအဲန်ယူကို မတရားအ သင်းမှ ပယ်ဖျက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ထိုအပစ်ရပ်ကာလအတွင်း ကေအဲန်ယူအနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် တွေ့ဆုံဆွေးနွေး အဖြေရှာရေးကိုသာ ဦးတည်ခဲ့သည်။ NCA အရ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ရာစုပင်လုံ) အစည်းအဝေးကို သမ္မတ ဦးသိန်းစိန်လက်ထက် တွင်တစ်ကြိမ်နှင့် လက်ရှိ NLD အစိုးရလက်ထက်တွင်နှစ်ကြိမ် စုစုပေါင်း သုံးကြိမ်ပြုလုပ်ဖြစ်ခဲ့သည်။
၂၀၁၆ခုနှစ်၊ ဇန်နဝါရီလတွင် ကျင်းပခဲ့သည့် ပထမဦးဆုံးအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင်မူ သမ္မတ ဦးသိန်းစိန် အား နှုတ်ဆက်သည့်သဘောနှင့် အစပြုသည့်ပုံစံမျိုးဖြင့် ပြုလုပ်ခဲ့ပြီး နိုင်ငံရေးဆွေးနွေးမှုများကိုမူ တိတိကျကျ၊ သေသေချာချာ ဆွေးနွေးဆောင်ရွက်ခဲ့ခြင်းမရှိဟု ဆိုနိုင်သည်။
သို့သော် ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရ NLD အနေဖြင့် ၂၀၁၆၊ ဧပြီလတွင် အစိုးရတာဝန်ထမ်းဆောင်ပြီး ယင်းနှစ် သြဂုတ် လကုန်ပိုင်း၌ ပြုလုပ်သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံတွင်မူ နိုင်ငံရေးအခင်းအကျင်း ပြောင်းလဲမှုနှင့်အ တူ ညီလာခံရေချိန် မြင့်တက်သွားသည်ဟု ဆိုရမည်ဖြစ်သည်။
၂၀၁ရခုနှစ်၊ မေလတွင် ဒုတိယအကြိမ် ၂၁ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ထပ်မံ ကျင်းပခဲ့ရာ နိုင်ငံရေးမူဝါဒများ အပေါ် ဆိုင်ရာ အဖွဲ့အစည်းများ၏ ရပ်တည်ချက်များမှာ အဆိုစာတမ်းအဖြစ် အခိုင်အမာထွက်လာပြီး ညီလာခံတွင် တင်ပြခဲ့ကြ သော်လည်း တိုင်းရင်းသားများ မျှော်မှန်းထားခဲ့ကြသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအတွက်မူ အလှမ်းဝေးနေဆဲဖြစ်ကာ နိုင်ငံရေးအရ မပြေလည်မှုများကို နိုင်ငံရေးဆွေးနွေးမှုဖြင့် အဖြေရှာရန် များစွာခက်ခဲသည့်သဘော ထင်ထင်ရှားရှား ပေါ်ထွက် လာခဲ့သည်။
အဆိုပါ ၂၁ပင်လုံ ဒုတိယအကြိမ် အစည်းအဝေးတွင် အာဏာရ NLD အစိုးရအနေဖြင့် တည်ဆဲဥပဒေများနှင့် ကိုက်ညီလျှင် ဆွေးနွေးချက်များကိုလက်ခံမည့်သဘော ကိုင်ဆောင်ထားသလို တပ်မတော်အနေဖြင့်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအ ပေါ် အခြေခံရပ်တည်ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကမူ ဖက်ဒရယ်အခြေခံ ဒီမိုကရေစီမူများအပေါ် မျှော်မှန်းဆွေး နွေးခဲ့သည်။
ညီလာခံအပြီးတွင် ပြည်ထောင်စုငြိမ်းချမ်းရေးစာချုပ်အတွက် အချက် ၃ရချက်ကို သဘောတူညီခဲ့ကြောင်း တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များနှင့် အစိုးရတို့ သဘောတူလက်မှတ်ထိုးခဲ့သော်လည်း ယင်းအချက်အများစုမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ နှင့် စကားလုံးအရ တိုက်ရိုက်မတူသော်လည်း မူအရ အတူတူပင်ဖြစ်နေသည်ကို တွေ့ရသည်။
ညီလာခံတွင် သဘောတူညီခဲ့သည့် အချက် ၃ရချက်နှင့်ပတ်သက်၍ လက်ရှိ ကေအဲန်ယူ အထွေထွေအတွင်းရေးမှူး ပဒိုစောတာ ဒိုမူးက “တစုံတရာ ရတာကတော့ ဘာမှ မရတာထက်စာရင်တော့ ကောင်းတာပေါ့။ အရေးကြီးတာက ကျနော်တို့ လုပ်ငန်းစဉ် ရှေ့ဆက်သွားဖို့က အရေးကြီးဆုံးပါပဲ။ ဒီလောက်ထိ ထွက်လာတာ နားလည်မှု အတိုင်းအတာ တစုံတခုထိတော့ ရှိတယ်ဆိုပေမဲ့ လည်း စိန်ခေါ်မှုတွေကတော့ ရှိနေတာပေါ့နော်။ ဒါပေမဲ့ ဒီရလာတဲ့အချက်တွေက ဖက်ဒရယ်ပြည်ထောင်စုကို သွားနိုင်တဲ့ အဓိ က အရေးကြီးတဲ့ အချက်တွေတော့ မပါသေးဘူး”ဟု ညီလာခံအပြီး ကေအိုင်စီနှင့် အင်တာဗျူးတွင် ပြောဆိုခဲ့ဖူးသည်။
အလားတူ NCA စာချုပ် အခြေခံမူများတွင် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည် ထောင်သွားရန်ဟု ဖော်ပြပါရှိလာခြင်းသည် ယခင်ကထက်တိုးတက်မှုတစ်ခုဖြစ်ကာ ယခု သဘောတူညီခဲ့သည့် ၃ရချက်တွင် အရေးကြီးသည့် အဓိကအချက်များ မပါရှိသော်လည်း နောက်ဆွေးနွေးပွဲများတွင် ပါရှိအောင် ကြိုးပမ်းသွားရမည်ဟု ကေအဲန်ယူ တွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ပဒိုစောလှထွန်းက ၂၀၁၈၊ ဇန်နဝါရီ ၁၈ရက်နေ့တွင် ရန်ကုန်မြို့ရှိ ကရင်လူထုတွေ့ဆုံပွဲ၌ ရှင်းလင်းပြောကြားခဲ့သည်။
NLD အစိုးရလက်ထက်တွင် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ပြေလည်မှုများစွာရရှိမည်ဟု အများပြည်သူ ထင်မြင်ထားခဲ့ကြသော် လည်း ထင်သလို မဖြစ်ခဲ့ဘဲ ၂၁ပင်လုံ ပထမအကြိမ် အစည်းအဝေးပြီးနောက်ပိုင်း မြန်မာပြည်မြောက်ပိုင်းတွင် တိုက်ပွဲများ တကျော့ပြန် ပြင်းထန်လာခဲ့သည်။
ထို့အပြင် ငြိမ်းချမ်းရေး ဆွေးနွေးမှုအပိုင်းမှာလည်း အစိုးရသစ်၏ ထိတွေ့ကိုင်တွယ်မှုများ အားနည်းချက်ရှိခဲ့သည်။ NLD အစိုးရ က တာဝန်ပေးထားသည့် ငြိမ်းချမ်းရေး ဦးဆောင်သူများမှာ တိုင်းရင်းသားအရေးကို ဂဃနဏ နားလည်ကျွမ်းကျင်မှု အားနည်း သလို အတွေ့အကြုံလည်းနည်းသည့်အတွက် ထိရောက်မှု နည်းခဲ့ရသည်။
ဒုတိယအကြိမ် ၂၁ပင်လုံ အစည်းအဝေးအပြီးတွင်မူ အခြေခံရပ်တည်ချက် မတူညီသည့် အစုအဖွဲ့များကြား သဘောတူညီချက် ရရှိရေး များစွာ ကြိုးပမ်းအားထုတ်ရမည့် အခြေအနေမျိုးဖြစ်လာခဲ့ပြီး ပြည်တွင်းငြိမ်းချမ်းရေး ရပ်တန့်မတတ် ကြန့်ကြာသွားသည့် သဘောမျိုး ဖြစ်ပေါ်လာခဲ့သည်။
အနိုင်ရပါတီအဖြစ် ၂၁ပင်လုံ တက်ရောက်ခွင့်ရထားသည့် ကရင်ပြည်သူ့ပါတီ ဥက္ကဌ စောထွန်းအောင်မြင့်က “ပြီးခဲ့တဲ့ ၂၁ပင်လုံ မှာ အခြေအနေတင်းမာမှုတွေ ရှိခဲ့တယ်။ DDR/SSR ပေါ့။ လက်နက်ဖြုတ်သိမ်းရေး ပြန်လည်ပေါင်းစည်းရေးက ဒီအချိန်မှာတော့ စောသေးတယ်။ ဒီလိုပဲ ၈ပြည်နယ်မူကလည်း ဒီအချိန်မှာ စောသေးတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ် ရှေ့မတိုးနိုင်သေးရင် နေပါစေ။ နောက်ပြန်မလှည့်ဖို့တော့ အရေးကြီးတယ်။ ဒါကို ဝိုင်းထိန်းသိမ်းရမယ်”ဟု ပါတီ၏ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ပါဝင်မှုကို ကရင်မိဘပြည်သူများအား ရှင်းလင်းပွဲတွင် ပြောဆိုသွားခဲ့သည်။
ကေအဲန်ယူ၏ ခြောက်နှစ်ကြာ အပစ်ရပ်ခရီးတွင် မြန်မာ့နိုင်ငံရေး အပြောင်းအလဲနှင့်အတူ အနိမ့်အမြင့်၊ အတက်အကျများ ရှိခဲ့ သလို ကေအဲန်ယူနှင့် အစိုးရတို့ ထိတွေ့တိုက်ပွဲများ အနည်းငယ် ရှိခဲ့သော်လည်း ထိန်းချုပ်နယ်မြေများအတွင်း တပ်မတော်၏ အခြေစိုက်နယ်မြေအတွင်း သြဇာချဲ့ထွင်မှုများ၊ တပ်စခန်းခိုင်မာရေး ဆောင်ရွက်လာမှုများ ရှိလာခဲ့သည်ကိုတွေ့ရသည်။ အလား တူ ကေအဲန်ယူအနေဖြင့်လည်း ယခင်က မထိတွေ့နိုင်ခဲ့သည့် ပြည်တွင်း ကရင်အမျိုးသားများနှင့် ချိတ်ဆက်မှုအပိုင်းများကို ပိုမို လုပ်ကိုင်လာနိုင်ခဲ့သည်ကို တွေ့ရသည်။
ယင်းအပေါ် ကရင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး မန်းကျော်ငြိမ်းက “အရင်ကထက် အမျိုးသားနေ့တို့၊ အာဇာနည် နေ့တို့ ပြည်တွင်းမှာ လုပ်လာနိုင်ခဲ့တယ်။ ဒါပေမဲ့ သတိထားရမဲ့ အခြေအနေတော့ ရှိတယ်။ နိုင်ငံရေးအပိုင်းမှာလည်း ၂၀၀၈ ဖွဲ့ စည်းပုံနဲ့တော့ သွားလို့ မလွယ်ဘူး။ အလုပ်မဖြစ်ဘူး”ဟု သုံးသပ်ကာ မှတ်ချက်ပြုခဲ့သည်။
အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲခဲ့သည့် ကေအဲန်ယူအနေဖြင့် မူလ နိုင်ငံရေးအရ မပြေလည်မှုများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် NCA လမ်းကြောင်းအတိုင်း ဆက်လက် လုပ်ဆောင်နေဆဲဖြစ် ကာ အပစ်ရပ်ကာလ ၆နှစ်ပြည့်ခဲ့ပြီးဖြစ်သည်။ သို့သော် မြန်မာ့နိုင်ငံရေးကို ပြေလည်စေမည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင် စု တည်ဆောက်ရေးအတွက်မှာမူ ဝိုးတဝါးသာ ရှိနေသေးသည့်အတွက် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိစေရန် တစ်မျိုး သားလုံး၏ စုစည်းညီညွတ်မှုဖြင့် ရှေ့ဆက်သွားရမည်သာဖြစ်ကြောင်း သုံးသပ်မိပါသည်။