မြစ်ကြီးငါးသွယ်၊ မြစ်ငယ်ငါးရာ ဆိုသော စကားရှိသည်။ ကျွန်တော်တို့ မှီတင်းနေထိုင်ရာ ကမ္ဘာမြေကြီးက မြစ်ကြီးငါးသွယ်နဲ့ မြစ်ငယ်ကငါးရာပဲလား။ ပထဝီဝင်ဆရာတို့၏ အလိုအရ ကမ္ဘာပေါ်မှာ မြစ်ဘယ်နှစ်စင်းရှိပါလိမ့်။ကမ္ဘာပေါ်မှာ ရှိရှိသမျှှ မြစ်တွေကို ရေတွက်ကြည့်လို့ ရနိုင်ကောင်း၏ မရနိုင်ကောင်း၏ ကျွန်တော်မသိ။
သို့သော် တစ်ချို့ မြစ်ကြီးတွေက ကမ္ဘာပေါ်မှာ ဇာက်လိုက်တွေ ဖြစ်နေသည်။ ရာဇဝင် မော်ကွန်းတွေ ဖြစ်နေသည်။ အကောင်းဆုံးသော သမိုင်းရဲ့ သက်သေတွေ ဖြစ်နေသည်၊ နိုင်ငံတစ်နိုင်ငံ၏ ပြယုဂ်၊ လူမျိုးတစ်မျိုး၏ ၀ိညာဉ်လိပ်ပြာ၊ အသက်သွေးကြော၊ မဟာ ကဗျာရှည်ကြီးတစ်ပုဒ်။×××××××××–
ကမ္ဘာကျော် အိန္ဒိယအမျိုးသားခေါင်းဆောင်ကြီး မဟတ္တမဂန္ဒိ၏ အကြောင်းကို ရိုက်ကူးထားသည့် ရုပ်ရှင်ကို ကျွန်တော်ကြည့်ဖူးသည်။ Gandhi ဆိုုသော ရုပ်ရှင်ကား။ ဂန္ဒီ အလုပ်ကြံလိုက်ရခြင်းနှင့် အဆုံးသတ်ထားသော ဇာက်ကားဖြစ်ရာ နောက်ဆုံးအခန်းü ဂန္ဒီ၏ ရုပ်အလောင်းကို မီးသဂြØဟ်ပြီးနောက် သူ၏ ပြာများကို သူချစ်သော ဂင်္ဂါမြစ်ကြီး(Ganges) ထဲ ဖြန့်ကြဲချနေပုံဖြင့် ကြေကွဲစရာ အဆုံးသတ်ထားခဲ့သည်။ ဂင်္ဂါမြစ်(Ganges) သည် အိန္ဒိယ၏ နှလုံးသည်းပွတ်။
အိန္ဒိယ စာရေးဆရာကြီး ရာဟုလာသံကိစ္စည်းက လူ့သမိုင်း လူ၏ ဆင့်ကဲတိုးတက်မှု (Evoluation) ကို ဝတ္တုတစ်ပုဒ် ရေးဖွဲ့ခဲ့သည်။ From Volga to Gangesဗော်လဂါမှ ဂင်္ဂါသို့။ ရုရှနိုင်ငံ ဗော်လဂါမြစ်ရိုးမှ အိန္ဒိယနိုင်ငံ ဂင်္ဂါမြစ်ဝှမ်းအထိ။သည်ဝတု္တထဲမှာကတော့ ဗော်လဂါမြစ်ကြီးနဲ့ ဂင်္ဂါမြစ်ကြီးက လူ့သမိုင်း အဆင့်ဆင့်ကို ပြောပြသည်။
ကျွန်တော်တို့နိုင်ငံက ဆရာဒဂုန်တာရာ တစ်ချိန်က တရုတ်ပြည်ကို သွားဖူးသည်။ ရုရှကိုလည်း သွားဖူးသည်။ ဒါကို ခရီးသွားမှတ်တမ်းအဖြစ်် ရေးဖွဲ့လိုက်သောအခါ ဧရာဝတီ၊ ယန်စီ၊ ဗော်လဂါ ဟူသော စာအုပ်ဖြစ်သွားသည်။ ဒီစာအုပ်ထဲက မြစ်ကြီးသုံးသွယ်က နိုင်ငံအသီးသီး၏ ပုံရိပ်။
ဆိုဗီယက် စာရေးဆရာ ရှိုလိုကော့ဗ်(Sholokov)က သူ့နိုင်ငံထဲက ဒွန်(Don)မြစ်ကို စွဲငြိသည်။ ဒါကြောင့် The Quiet Don ကို သူရေးခဲ့သည်။ ကျွန်တော်တို့ငယ်ငယ်က တငြိမ့်ငြိမ့်ဒွန် ဟူသော ဘာသာပြန်ကို ဖတ်ခဲ့ကြရသည်။ ဝတ္တူထဲက ဇာတ်လိုက်မြစ်ကြီး။
အေမေရိကက မစ္စစ္စပီ(Mississppi) မြစ်ကြီး၊အာဖရိကကို ဖြတ်သွားသည့်နိုင်းလ်(Nile)မြစ်ကြီး၊ တရုတ်နိုင်ငံထဲက မြစ်ဝါ(Yellow River) မြစ်ကြီး၊ဒီမြစ်ကြီးတွေကို ဝတု္တ္တတွေထဲ၊ ရုပ်ရှင်တွေထဲ သီချင်းတွေထဲမှာ ကျွန်တော်တို့ ကတပ်မက်ခဲ့ကြရသည်။
ကျွန်တော်တို့ကို ဂန္ထဝင်မှော်ရုံတောကြီးတွေထဲသို့ ခေါ်သွားခဲ့တာကလည်း သည် မြစ်ကြီးတွေပဲ ဖြစ်ပါသည်။ ပီဠိယက္ခ မင်းကြီးက သုဝဏÖသာမကို မြားနှင့်ပစ်ခဲ့ရာ မိဂသမ္မတာမြစ်ကြီးကိုလည်း ကျွန်တော်တို့ မမေ့နိုင်ကြ။
မြစ်တွေ—-မြစ်တွေ–
စစ်တွေရော၊အချစ်တွေရော၊ ခေတ်တွေရော မြစ်ရေနဲ့အတူ စီးဆင်းမဆုံးနိုင်ကြပါလေတော့။
တီးမစ် ၊ ဘွေနူး ၊ ယပန်း ၊ ကုလားတန် ၊ ကစäပနဒီ ။ ငါးမည်ရတဲ့မြစ်ကြီး ။ ဘယ်နေရာက ကြည့်ကြည့် လွမ်းစရာကောင်းတဲ့မြစ်။ သည်မြစ််ကြီးကို ကျွန်တော် သိပ်ချစ်သည်။
ကျွန်တော်ရဲ့ ဇာတိချက်ကြွေမွေးရပ်မြေ ပလက်ဝမြို့နယ်တွင် အထင်ကရကြီးမားသည့် မြစ်ကြီးတစ်စင်းဖြစ်သည်။ ထိုနဒီမြစ်ကြီးကို ၄င်း၏ စီးဆင်းဖြတ်သန်းရာဒေသ ခြားနားလူမျိုးနွယ်စုများက မိမိတို့အခေါ်များဖြင့် နမသညာ ပေးမှည့်ခေါ်ကြသည်။
ချင်းပြည်နယ်မြောက်ပိုင်း ၊ ဟားခါးမြို့နယ်အတွင်း မြစ်ဖျားခံသည်။ ထိုဒေသက (တီးမစ်)မြစ်ဟုခေါ်ကြ၏။ထိုမှဆက်
í အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်း ဖြတ်သန်းစီးဆင်းသည်။ထိုဒေသခံလူမျိုးနွယ်တို့က (ဘွေနူး)မြစ်ဟူခေါ်ကြသည်။ တစ်ဖန် ချင်းပြည်နယ်ပလက်ဝမြို့နယ်အတွင်းသို့ ခရီးပေါက်လာခဲ့သည်။ ပလက်ဝမြို့နယ်ခံလူမျိုးနွယ်စုတို့က (ယပန်း)မြစ်ဟူရျွ် ခေါ်ကြပြန်သည်။ကျွှ်တွင် အဆုံးမသတ်သေးဘဲ ရခိုင်ပြည်နယ်အတွင်းသို့ ဆက်လက်စီးဆင်းကာ ဘင်္ဂလားပင်လယ်အော်ထဲ သို့စီးဆင်းသွားသည်။ ရခိုင်ပြည်နယ်တွင် ကုလားတန်မြစ်အမည်ဖြင့်လည်းကောင်း၊ ကစ္စပနဒီမြစ်အမည်ဖြင့်လည်းကောင်း ခေါ်ဝေါ် ကြသည်။ ကျွန်တော်တို့ ပလက်ဝမြို့နယ်ဒေသခံ အတွက်တော့ ”ယပန်း” ။
ကျွန်တော်တို့ရဲ့ အသက်သွေးကြောမကြီး ယပန်း။ တိုင်းရင်းသားအချင်းချင်း ငြိမ်းချင်းရေး ပုံဆောင်ပေးတဲ့ ယပန်း ။ တီးမစ် ကိုလည်းချစ်သည်။ ဘွေနူးကိုလည်းချစ်သည်။ ကုလားတန်၊ကစäပနဒီ၊ ယပန်း ဘာဘဲခေါ်ခေါ်ချစ်ပါသည်။ ဧရာဝတီမြစ် ကြီးကို ပယ်လိုက်လျှင် ကျွန်တော်တို့ မြန်မာနိုင်ငံဘာမှ မရှိတော့သလို ယပန်း ကိုပယ်လိုက်လျှင် ကျွန်တော်တို့ ပလက်ဝမြို့နယ်လည်းဘာမှမရှိတော့ပါ။ စိုက်ဖို့၊ပျိုးဖို့၊ရေကိုယပန်း ကပေးသည်။စားဖို့သောက်ဖို့ငါးပုစွန်ကိုယပန်းကပေးသည်။ လှေနာဝါတွေ စုန်ဆန်ကူးခက်ဖို့ ယပန်းကပေးသည်။ သွားဖို့၊လာဖို့ ယပန်း ဘဲအစိကဖြစ်သည်။ ကုန်ရောင်း၊ကုန်ဝယ်ဖို့ သည်ယပန်းဘဲဖြစ်ပါသည်။ ပလက်ဝမြိုံ့ကို ချင်းပြည်နယ် တစ်ခုသော သင်္ဘောဆိပ်ကမ်းဖြစ်စေတဲ့ ယပန်း။ ကျွန်တော်တို့ရဲ့ ရာဇဝင်များရဲ့ သတိုးသမီး။
ယပန်း ကိုအမှီပြုပြီးမြစ်ကြီးဘေးမှာ မြို့တွေ၊ ရွာတွေဖြစ်လာသည်။ သည်မြစ်ကြီးဘေးမှာ သမိုင်းတွေက အထွေထွေ။ ရာဇဝင်တွေ အထပ်ထပ်။ သည်မြစ်ကြီးရဲ့ ဝဲယာမှာ ရွာဟောင်းတွေ အိပ်မောကျသွားကြ။ မြို့သစ်၊ ရွာသစ်တွေ နိုးထလာကြ။ ပလ္လင်သစ် ပလ္လင်ဟောင်း။
နယ်ချဲ့ တွေကို တော်လှန်ခဲ့တာ သည်မြစ်ကြီးဘေးမှာ ဖြစ်သည်။ အဖိုး၊အဘွားတွေ ပြောတဲ့ပုံပြင်များဟာလည်း သည်မြစ်ကြီးအကြောင်းဖြစ်သည်။ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ်ထင်ရှားစွာကျန်ရှိနေဆဲဖြစ်သည်။ကျဆုံးခြင်း၊ အောင်မြင်ခြင်း ၊ပြိုကွဲခြင်း၊စည်းလုံးခြင်း ဖြစ်ခဲ့တာလည်း သည်မြစ်ကြီးဘေးမှာပင်။ ကျွန်တော်တို့မသိနိုင်တဲ့ လျှိုက်ဝှက်ထားသော ရာဇဝင်စာမျက်နှာတွေလည်းရှိသည်။
ကျွန်တော်သိတာကတော့ ယပန်းသည် ကျွမ်းထိုးပြီးဆင်းကူးလိုက်တာနဲ့ တစ်နေကုန် ပင်ပန်းသမျှအားအင်တွေကို ပြန်လည်ဖြည့်ဆည်းပေးသည်။ ”ယပန်း”စီးဆင်းနေသလို ငါရဲ့အချစ်ဟာလည်း အမြဲတမ်းစီးဆင်းနေမှာပါလို့ ချစ်သူကို ဂတိသစ္စာစကားပြောခဲ့ဖူးတာလည်း သည်မြစ်ကြီးဘေးမှာ။”သူကို သိပ်ချစ်တယ်”လို့ မော်ကွန်းရေးထိုးခဲ့တာလည်း မြစ်ကြီးဘေး ကျောက်ပြားပေါ်မှာ။ပြီးရင် ချစ်သူနှစ်ဦး ယပန်းကို သိပ်ချစ်တယ်လို့ အားရပါးရအော်ခဲ့ကြသည်။ ငါအမြဲစီးဆင်းနေသလို အမြဲကြိုးစားပါလို့ပြောနေတဲ့ ယပန်း။ ငါဟာ ငါ့အတွက်မဟုတ်သလို လူတွေအကျိုးကိို သယ်ပိုးပါလို့ ပြောနေတဲ့ ယပန်း။ယပန်း ကို သိပ်ချစ်တယ်။ ယပန်း ထာဝရ စီးဆင်းနေပါစေ။
ယပန်းဟာ ဘာလူမျိုးမှမဟုတ်ဘူး။ ၀ါးပြာဟင်းကို ခံတွင်းမြိန်သလို ရခိုင်မုန့်တီကိုလည်း စားတတ်သည်။ ထင်းရူးတောထဲက အောက်ချင်းမောင်နှံရဲ့သစ္စာတေးသံကို ပင်လယ်အထိ သယ်သွားမယ် ဆိုတဲ့ အဲဒီ သစ္စာတရားတွေနဲ့သူ အမြဲ စီးဆင်းနေပါသည်။ဒါပြင် မောင်ခင်တလိ(ပလက်ဝ)က ကျွှ်သို့ရေးဖွဲ့ထားပါသည်။ ××××××××
မြစ်ကုလားတန်
ယာပန်း တဲ့မြစ်ကုလားတန် ဝေ့ဝိုက်ကာ ရစ်ကာရစ်ခွေစီး မြူးကြွနေဟန်။
စိတ်ထားရယ်မှန် ဒေသခံဆွေအများ။
မှီခိုလို့ ဝမ်းစာရှာ သွေးစည်းကာ အားသစ်သွေးဖို့ ကြွေးသည့်အလား….။ ။
ဆရာကြီး၏ ပလက်ဝနှစ်(၁၄၀)ပြည့်အထိမ်းအမှတ်နှင့်ခူးမီးနှစ်သစ်ကူးပွဲတော် စာအုပ်မှာကိုယ်တိုင်ရေးဖော်ပြတဲ့
ကဗျာ။£န္နြေကြီးမားစွာစီးဆင်းနေသော ယပန်း။ဝေ့ဝိုက်ကာ ရစ်ကာခွေကာ၊ မြစ်၏အလှ ကွေ့မှ၊ကောက်မှ ဆိုသည့်အတိုင်း အလှဖော်ကြူးကာ စီးဆင်းနေပါသည်။အမြဲတိုင်းနုပျိုလန်းဆန်းကာမြူးကြွနေပါသည်။သူကို မုန်းတဲ့လူတွေကိုလည်း ဘယ့်သူ ကိုမှ သူမမုန်းဘူး။စစ်မှန်သော အချစ်၊မှန်ကန်သော သစ္စာတရားတွေနဲ့စီးဆင်းနေပါသည်။ ဒေသခံလူအများလည်း သူကိုမှီခိုလို့ဝမ်းစာရှာနေပါသည်။ တဲ့။မင်း၊ငါ၊သူ၊အားလုံး ပေါင်းစည်းကာ ငြိမ်းချမ်းပြီး အားသစ်ရဖို့ ကြွေးကြော်နေပါသည်။ စသည် စသည်ဖြင့်ဖွဲ့ဆိုထားပါသည်။ ယပန်း။ပလက်ဝမြို့နယ်ဒေသခံ အခေါ် ဇာက်လိုက်မင်းသမီး ယပန်း ။…ယပန်း။