ဖွဲ့စည်းပုံအခြေခံ ဥပဒေကအစ ပြင်နိုင်မှ ကျွန်တော်တုုိ့ ပြည်နယ် တိုးတက်် ပြောင်းလဲလာမှာ

ဖွဲ့စည်းပုံအခြေခံ ဥပဒေကအစ ပြင်နိုင်မှ ကျွန်တော်တုုိ့ ပြည်နယ် တိုးတက်် ပြောင်းလဲလာမှာ
by -
စုုိင်းလင်းလင်းဦး
မောဒူးကလားမေး လူမှုဖွံ့ဖြိုးရေး အသင်းမှ တွဲဖက်ဒါရုုိက်တာ ဦးမြာရယ်
မောဒူးကလားမေး လူမှုဖွံ့ဖြိုးရေး အသင်းမှ တွဲဖက်ဒါရုုိက်တာ ဦးမြာရယ်
စုုိင်းလင်းလင်းဦး — ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု အခြေအနေနဲ့ ပတ်သတ်ပြီး လက်ရှိကယားပြည်နယ် ဒေသအတွင်း တွင် ရွေးကောက်ပွဲ အသိပညာဆုုိင်ရာများကုုိ လုုိက်လံ ပုုိ့ချပေးနေသည့် မောဒူကလားမေး လူမှုဖွင့်ဖြိုးရေး အသင်းမှ တွဲဖက်ဒါရုုိက်တာ ဦးမြာရယ်နှင့် တွေ့ဆုုံမေးမြန်း ထားပါသည်။

မေး - ကယားလူထုုရဲ့ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု အခြေအနေ ဘယ်လိုရှိနေပါသလဲ။

ဖြေ - ပြောရရင်တော့   လူထုုရဲ့အခြေအနေက စိတ်ဝင်စားမှု အားနည်းနေတယ်။ ဒီရွေးကောက်ပွဲ အပေါ်မှာပေါ့။ မြို့ပေါ်မှာပဲ ဖြစ်ဖြစ် ရွာမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားမှု အားနည်းတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ရက်ဆုုိရင်လည်း နောက်ဆုုံး မဲစာရင်းကုုိ သွားကြည့်ကြပါဆုုိတော့ လုုိက်ကြည့်ပါတယ်။ ငါးဆယ်ရာခုုိင်နှုန်းတောင် လာမကြည့်ကြဘူး။

ဒါတောင်ပေါ်မြို့မှာနော် ငါးဆယ်ရာခုုိင်နှုန်းတောင် မရှိဘူးပေါ့။ ရွာတွေမှာဆုုိ ပုုိတောင်ဆုုိးသေးတယ်။ အရေးထဲမှာ မဲစာရင်းကပ်တာက အုုပ်စုုဥက္ကဌ အိမ်မှာပဲ ဆုုိတော့ ကယားက တစ်ရွာနဲ့ တစ်ရွာက ဝေးတယ်လေး။ လာကြည့်ရတာ အခက်အခဲရှိတာပေါ့။ အဓိကကတော့ စိတ်ဝင်စားမှု နည်းနေတာလုုိ့ပဲ ပြောရမယ်။

မေး - ဒီရွေးကောက်ပွဲအတွက် တရားမျှတမှုရှိနိုင်ပါ့မှာလား ဆရာတုုိ့ အနေနဲ့ဘယ်လုုိမြင်သလဲ။

ဖြေ - ကျွန်တော်တစ်ယောက်တည်းအမြင်နဲ့ကတော့ ရွေးကောက်ပွဲကတော့ လုုိသေးတာပေါ့။ အဓိကကတော့ ကျွန်တော် စိုုးရိမ်နေတာက NCA  ကုုိ KNPP က လက်မှတ် မထုုိးဘူးလေ။ အဲဒီမထုုိးသေးတဲ့ အပေါ်မှာ ဒီလာမဲ့ရွေးကောက်ပွဲ အပေါ်မှာ သွားပြီးတော့ သက်ရောက် မှာလားဆုုိတာ ကျွန်တော် နည်းနည်းစုုိးရိမ်တယ်။

အဓိကကတော့ ကျွန်တော်တုုိ့ဒေသတွေမှာ ငြိမ်းချမ်းမယ် ဆုုိရင်ရွေးကောက်ပွဲကတော့ မျှတမယ် ထင်တယ် ။ ဒါပေမဲ့ KNPP လက်မှတ်မထုုိးပဲ အကြောင်းပြချက်နဲ့ ဒီဒေသက မလုုံခြံုဘူး မတည်ငြိမ်ဘူး ဆုုိရင်တော့ ကျွန်တော်တုုိ့ ဒေသကလာမဲ့ ရွေးကောက်ပွဲမှာ နည်းနည်းတော့ အခက်အခဲ ဖြစ်လာလိမ့်မယ်။

တရားမျှတမှုအတွက်ကတော့ မပြောနုုိင်ဘူး ဒါကတော့ အဲဒီဒေသရဲ့ အခြေအနေပေါ် မူတည်တယ်။ ဥပမာ  တုုိက်ပွဲဖြစ်တဲ့နေရာတွေပေါ့ သိတဲ့အတုုိင်းပဲ ပြီးခဲ့တဲ့ ၂၀၁၀ တုုန်းကလုုိ ပုုံစံမျိူးပဲ ပြန်ဖြစ်မှာ ကျွန်တော် နည်းနည်းစုုိးရိမ်တယ်။

မေး - တပ်တွင်းမှာရှိတဲ့ မဲစာရင်းတွေကော ဆရာတုုိ့ တိတိကျကျ သိပြီလား။  

ဖြေ  - တပ်တွင်းမဲဆန္ဒရှင် စာရင်းကတော့ ကျနောတို့တိတိကျကျမသိရသေးပါဘူး သိခွင့်မရှိသေး ဘူးပေါ့ တိတိကျကျ သိချင်တော့ ရွေးကောက်ပွဲကော်မရှင်ကို သွားမေးရင်း ရလိမ့်မယ်ထင်တယ် တပ်မဲစာရင်း ကလွဲပြီး ကျန်တဲ့ မဲစာရင်းတွေတော့ ကျွန်တော်တုုိ့သိရပြီ။

မေး - ကယားပြည်နယ်မှာ တိုးတက်ဖို့ ဘယ်အချက်တွေက အရင်ဆုံး ပြုပြင်ပြောင်းလဲဖို့ လုုိမယ်လုုိ့ ထင်ပါသလဲ။

ဖြေ  - အကုန်လုံး ပြုပြင်ရမယ် အုပ်ချုပ်ပိုင်းကအစ ဒီအစိုးရကရော လူကော ၊မူကော အကုန်လုံး ရှင်းရှင်းပြောရရင် ဖွဲ့စည်းပုံအခြေခံဥပဒေကအစ ပြင်နိုင်မှ ကျွန်တော်တုုိ့ ပြည်နယ် တိုးတက်် ပြောင်းလဲ လာမှာပေါ့။

မေး - အခုဒီအစိုးရသက်တမ်းရဲ့ ဒီပြည်နယ်အစိုးရ ပြည်နယ်လွတ်တော်ရဲ့ လုပ်ဆောင်ခဲ့ တာကိုရော အားရကျေနပ်မှုရှိရဲ့လား ။

ဖြေ - အဲ့ဒါကလူတိုင်းသိတယ်ထင်တယ် ဒီနိုင်ငံရဲ့ တခြားပြည်နယ် တိုင်းမှာဆို ရ၅ ရာခိုင်နုန်းက လုပ်နိုင်တယ်။ ကျွန်တော်တုုိ့ ပြည်နယ်မှာ ပြည်နယ်အစုုိးရက ငါးရာခုုိင်နှုန်းပဲ လုုပ်နုုိင်တယ် ဆုုိတဲ့ ဟာက ရလဒ်ထွက်လာတာပေါ့နော်။ အဲတော့ ကျွန်တော်တုုိ့ ပြည်နယ်အစုုိးရက အလုုပ်လုုပ်မလုုပ် ဆုုိတာတခြား ပြည်နယ် တုုိင်းတွေနဲ့ ယှဉ်လုုိက်ရင် အတော်လေး ကွာသွားတာပေါ့။

မေး - ဆရာတို့အနေနဲ့ နယ်စုံတယ် ဆိုတော့ ပါတီတွေရဲ့  လှုပ်ရှားမှုက ဘယ်ပါတီက အားကောင်း တာလဲ ဘယ်ပါတီကဘယ်လိုအခက်အခဲတွေ ဘယ်လိုမြင်လဲ။

ဖြေ -  ကျွန်တော်တုုိ့ကတော့ မြင်နေတယ်ပေါ့နော် ပါတီတွေက ရွာအလုုိက် သူ့နည်းသူ့ဟန်နဲ့ ကွင်းဆင်း နေကြတာပေါ့။ ဒါပေမဲ့ တချို့အင်အားကြီးတဲ့ ပါတီကလဲ ပေးနုုိင်ကမ်းနုုိင်တယ် ဆုုိတော့လည်း လူထုုရဲ့စိတ်ဝင်စားမှုကလည်း အဲဒီမှာ ကွာလိမ့်မယ်။ ဘယ်ပါတီက အားကောင်းတယ် မကောင်းဘူး ဆုုိတာ အခုုအထိဝေခွဲလုုိ့ မရသေးဘူး။ ဒါပေမဲ့ အင်အားကြီးပါတီက သူ့ဟာနဲ့သူ အားကောင်းသလုုိ ဒီဒေသမှာရှိတဲ့ တုုိင်းရင်းသားပါတီ တွေကလည်း သူ့မိတ်နဲ့ သူရှိမှာပေါ့နော်။

မေး - ပြည်သူတွေကရော ဒီကယားပြည်နယ်မှာ ဘယ်နှစ်ပါတီ ရှိတယ်ဆိုတာ သိကြရဲ့လား။

ဖြေ - သိမယ်မထင်ဘူး ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တုုိ့ အမြင်ဖွင့်သင်တန်းတွေ သွားပေးတဲ့ အခါမှာဆုုိ တော်တော်များများ ပါတီတွေ ကုုိယ်စားလှယ်လောင်းတွေကုုိ မသိကြသေးဘူး။

မေး - အခု ဆရာတို့ အစီအစဉ်က ရွေးကောက်ပွဲဆိုင်ရာ သိမှတ်ဖွယ်ရာနဲ့ ပတ်သတ်လုုိ့ အပြန်အလှန် မေးခွန်းတွေ မေးတော့ ဒီလုုိမေးတဲ့ အချက်အလက်တွေ အပေါ်မှာ လူတွေ ဘယ်လောက်အထိ ပြန်ဖြေ ပေးနုုိင်တာ ရှိကြလား။

ဖြေ - တချို့ဆိုတော်တော် ဖြေနိုင်တယ်ဒီကမြို့နဲ့နီးကြလို့လား မသိဘူး တော်တော်များများ မှန်ကြပါတယ်။ ရွာကလာတဲ့ လူတွေကတော့ နည်းနည်းမှားတာ တွေရှိကြတယ် မြို့နဲ့နီးတဲ့ ရွာတွေကတော့ မှန်ကြတယ် ဝေးတဲ့ရွာတွေ ကတော့ သိပ်မမှန်ကြသေးဘူး။

မေး - ဆရာတို့ ရွေးကောက်ပွဲနေ့ကြရင်ကော စောင့်ကြည့်ဖို့ ဘယ်လိုစီစဉ် ထားတာရှိလဲ။

ဖြေ - စောင့်ကြည့်ဖို့ ကတော့ ကော်မရှင်က တရားဝင်မှတ်ပုံတင်ခိုင်းတယ် ကျွန်တော်ကတော့ အစီအစဉ် မရှိဘူး ဒါပေမယ့် တစ်ချို့အဖွဲ့တွေ ကတော့လုပ်နေကြတာပဲ ဒါနရှေ့ဆောင် ဆိုတဲ့ အဖွဲ့ကတော့ လုပ်နေတာပဲ။

မေး - ဒီလို အသိပညာပေးတာ ဘယ်နှစ်ကြိမ်ရှိပြီလဲ။

ဖြေ - ကျွန်တော်တို့ရဲ့ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လုပ်ငန်းစဉ်မှာ ပထမဦဆုံး ဒီပညာပေးကို လုပ်မယ့်သူတွေ ကျွန်တော်တို့ ၀န်ထမ်းတွေကို သင်တန်းတွေ ပေးတယ် ဒုတိယကတော့ ကျွန်တော်တုုိ့ Taget (ရည်မှန်းထားတဲ့) ဧရိယာ လေးအုပ်စုကို ကျနောတို့ က လူငယ်တွေကို TOT (Trainer of Training)ပေးတယ်။
အခုဆိုရင် ကျွန်တော်တုုိ့က ရွာမှာ draw to draw စနစ်နဲ့ ဘယ်လိုမဲထည့်ရမှာလဲ ပယ်မဲကဘာလဲ ခိုင်လုံမဲက ဘာလဲ ဆိုတာဟာကို အခုလက်ရှိရွာမှာ လုပ်နေတယ် အခုအစီအစဉ်ကတော့ စျေးမှာပေါ့ လူစုံတယ် ဘာသာစုံတယ် နောက်ပြီးတော့ တစ်ခြားရွာတွေမှာ ထပ်လုပ်ဖို့ရှိတယ် ။

မေး - ဒီကယားပြည်နယ်မှာ ရွေးကောက်ပွဲနဲ့ ဆိုင်တဲ့ မဲအသိပညာတွေကို ပေးဖို့လိုနေသေးတယ် ပေးလဲပေးသင့်တယ် ဆိုတဲ့ နေရာတွေ ဘယ်မြို့နယ်တွေ ကျန်သေးလဲ။

ဖြေ - ရှင်းရှင်းပြောရရင် တစ်ပြည်လုံး လိုလိမ့်မယ် ကျွန်တော်တို့က ဒီမှာရှိတဲ့ လေးအုပ်စုပဲ လုပ်နိင်သေးတယ်် ။ ဖရူဆိုမှာ ဆိုရင်လဲ LDN (Local Development Network) ကသူ (taget) ထားတဲ့ နေရာတွေလောက်ပဲ ပေးနိုင်လိမ့်မယ် ဘောလခဲ ၊ ဖါးဆောင်း ကျန်တဲ့ မြို့တွေမှာလဲ မတွေ့  ရသေးဘူး။ လွိုင်ကော် ဒီမောဆိုကတော့ သိသင့်သလောက်တော့ သိလိမ့်မယ် ကျန်တဲ့မြို့နယ် တွေကတော့ ကျန်အုံးမှာပေါ့။

မေး - ဘယ်အဖွဲ့တွေက ဒီ (Votre Education) မဲအသိပညာပေးတွေကို လိုက်ပေးတာ ဘယ်နှစ်ဖွဲ့ လောက်ရှိမှာလဲ ။

ဖြေ -    ကျွန်တော် သိသလောက်တော့ UKSY ကရင်နီလူငယ်များသမဂ္ဂ ၊ Law Home၊ LDN(Local Development Network) အဖွဲ့တွေက ပေးနေကြတယ် ။

မေး - အခုအချိန်က ဘယ်လိုအသိပညာ တွေကို ပြည်သူတွေ သိဖို့လိုမှာလဲ

ဖြေ - လောလောဆယ်တော့ နံပါတ်တစ်အချက်အနေနဲ့ ပြည်သူတွေမဲဘယ်လိုထည့်ရမှာလဲဆိုတာ သိရမယ် ။ ဒုတိယအနေနဲ့ ကို်ယ်ထည့်မယ့် ကိုယ်စားလှယ်လောင်း နဲ့ပါတီတွေ အကြောင်းကို သိဖို့လိုလိမ့်မယ်။ ဒါမှ ကိုယ်ကို ကိုယ်စားပြုနိုင်မယ့် လူကိုရွေးချယ်နို်င်လိမ့်မယ်။

မေး - တခြားဘာတွေများ ထပ်ပြောချင်သေးလဲ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး။

ဖြေ - ဒီရွေးကောက်ပွဲမတိုင်ခင်ကတော့ CBO ၊ CSOs သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်တွေက ဒီလိုမဲအသိပညာပေးတွေကို များများလေး လုပ်ပေးဖို့လိုလိမ့်မယ်။

Most read this week

January 5, 2016
“ တိုင်းနဲ့ပြည်နယ်အားလုံးကိုတော့ နေရာညွန်ကြားချက်ထုတ်ထားတယ်လေ။ တိုင်းနဲ့ပြည်နယ်...
December 21, 2015
“ကိုယ်စားလှယ်လောင်းတွေ  အမည်စာရင်းတင်ထားတာက (၁၃၃)ဦးရှိတယ်။ ဒီထဲမှာ ငွေစာရင်းလာတင်တာက (...
December 16, 2015
ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြိုချိကယ်အုပ်စု ထေးတမကျေးရှိ ကေ့ထျိုးဘိုးခန်းမဆောင်တွင် ကျင်းပသည့်...
December 9, 2015
ထို့ပြင် ပြည်သူလူထုသည် အစိုးရမှ ကျူရှင်မသင်ရဟူသောပညာရေးဥပဒေကို ဖော်ဆောင်...