ကယားလူမျိုးစုဒီမိုကရေစီပါတီ မှ ပြည်နယ်လွတ်တော် မဲဆန္ဒနယ်အမှတ်(၁)တွင် ၀င်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း စိုင်းနိုင်နိုင်ထွေး ၊ အမျိုးသားလွတ်တော်မဲဆန္ဒနယ်အမှတ်(၁) ကို်ယ်စားလှယ်လောင်း ခူးဦးရယ်နှင့် ပြည်သူ့လွတ်တော်မဲဆန္ဒနယ် ကို်ယ်စားလှယ်လောင်း ဦးစတီဗင် (ခ) ထွန်းထွန်း တို့ (၃)ယောက်ပုံပါသော ဆိုင်းဘုတ်ကို အောက်တိုဘာ (၂)ရက်နေ့တွင် ပထမအကြိမ်အဖျက်ခံရပြီး အောက်တိုဘာ (၇)ရက်နေ့တွင်လည်း ဒုတိယအကြိမ်ထပ်ပြီးအဖျက်ခံရသည်ဟု သတင်းရရှိသည်။
“တကယ်တမ်းတော့ လုံးဝမဖျက်သင့်ပါဘူး။ ဘယ်သူပဲထောင်ထောင်ပေ့ါနော်။ဖြစ်သင့်တာကတော့ ကျနော်တို့ ပြည်သူလူထုတွေက အစပေ့ါနော်။ ဒီမိုကရေစီစံချိန်စံနှုန်းပြည့်မှီဖို့တော့ လိုတယ်။” ဟု ခူးဦးရယ်က ပြောသည်။
၄င်းနည်းတူ လီဆူအမျိုးသားဖွ့ံဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) မှ ပြည်နယ် လွွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ဦးစိုးမိုးဝင်းက ၄င်း၏ဆိုင်းဘုတ်လည်း အောက်တိုဘာ (၁)ရက်နေ့တွင် လွိုင်ကော်မြို့ နာနတ်တော ရပ်ကွက် ဂေါက်ကွင်း အနီးရှိ ဆိုင်းဘုတ်၊ မြေနီကုန်းကျေးရွာနှင့် နာနတ်တော ရပ်ကွက်ကြားရှိ ဆိုုင်းဘုတ် နှင့် ထီးစဲခါးကျေးရွာထိပ်ရှိ ဆိုင်းဘုတ် စုစုပေါင်း သုံးခု ဖျက်ဆီးခံခဲ့ရကြောင်း ပြောပြသည်။
၎င်းကိစ္စအတွက် ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်သို့ တိုင်ကြားထားကြောင်း ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)တွင် ၀င်ရောက် ယှဉ်ပြိုင်မည့် ဦးစိုးမိုးဝင်းကပြောသည်။
၎င်းက “ကျနော့်အမြင်ကတော့ ကျနော်တို့ ပါတီအချင်းချင်း သူ့နယ်ကိုယ့်နယ်မှာ ၀င်ပြီး မပြိုင်ခိုင်းစေချင်လို့ ဒီလိုလုပ်တယ်လို့ သဘောမျိုးပဲမြင်တယ်။” ဟု ဆက်ပြောသည်။
၄င်းကဲ့သို့ ဆိုင်းဘုတ်အဖျက်ခံရခြင်းနဲ့ ပတ်သက်ပြီး ပြည်နယ် ရွေးကောက်ပွဲအရာရှိ ဦးကျော်ဆန်းဝင်းကို ဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာတွင် ကော်မရှင်နှင့် မသက်ဆိုင်ကြောင်း ယခုကဲ့သို့ ပြန်လည်ဖြေကြားပါသည်။
“ပြည်သူ့ လွတ်တော်ဥပဒေမှာ အခန်း(၁၃) နဲ့ အခန်း (၁၄)မှာ ရဲအရေးပိုင်အမှုတွေရှိတယ်။ အဲဒါ ရဲအရေးပိုင် အမှုတွေ ။အဲဒါ ရဲကိုတိုင်ရမှာ ။အဲတော့ သူတို့က ကော်မရှင်ကိုတိုင်လို့မရဘူး။ ကော်မရှင်ကိုတိုင်မယ်ဆိုရင် အဲဆိုင်းဘုတ်ကို ဘယ်သူက ဖျက်တာလဲ ။နာမည်အတိအကျ ။ နာမည်မသိပဲ နဲ့ အဖျက်ခံရရင်တော့ ဘယ်လိုမှ မတတ်နိုင်ဘူး။ အဲတော့ ရဲကိုတိုင်ရမယ်။ရဲအရေးပိုင်မှု ဖြစ်တယ် အဲဟာက။ ဖျက်တဲ့သူလည်း မသိဘူး ဆိုရင်တော့ အမှုဖွင့်ရုံပဲရှိတာပေ့ါ။ ကော်မရှင်ကိုတိုင်ရင်ကော်မရှင်က ဘာမှလုပ်လို့မရဘူး။ ဒါက ဖျက်လိုဖျက်ဆီး ဖြစ်တဲ့အတွက် ရဲကိုတိုင်ပြီးအမှုဖွင့်ရမယ်။” ဟု ဦးကျော်ဆန်းဝင်းက ပြောသည်။
ဒူးလေးပါတီသည် ကယားပြည်နယ်တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်နေရာသာ ၀င်ရောက်ယှဉ်ပြိုင်ထားခြင်းဖြစ် သည်။
ကယားလူမျိုး ဒီမိုကရေစီပါတီသည် အမျိုးသားလွတ်တော်တွင် လွှတ်တော် ကိုယ်စားလှယ်လောင်း(၁၀)ဦး၊ ပြည်နယ်လွှတ်တော်တွင် လွှတ်တော် ကုုိယ်စားလှယ်လောင်း (၁၁)ဦး၊ ပြည်သူ့လွှတ်တော်တွင် လွှတ်တော် ကုုိယ်စားလှယ်လောင်း (၄)ဦးနှင့် ဗမာတုုိင်းရင်းသား ရေးရာဝန်ကြီး (၁) ဦး စုုစုုပေါင်း ကုုိယ်စားလှယ်လောင်း (၂၆)ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။