ရွေးကောက်ပွဲကာလ တုုိက်ပွဲများ မဖြစ်ပွားရန် တုုိင်းရင်းသား လက်နက်ကုုိင်များ ဘက်မှ ထိန်းသိမ်းပေးမည်

ရွေးကောက်ပွဲကာလ တုုိက်ပွဲများ မဖြစ်ပွားရန် တုုိင်းရင်းသား လက်နက်ကုုိင်များ ဘက်မှ ထိန်းသိမ်းပေးမည်
မမြဝန်းရံ — ရွေးကောက်ပွဲ ကာလတွင် တိုင်းရင်းသားလက်နက်ကိုင်များ ဘက်မှတိုက်ပွဲများ မဖြစ်ပွားရန် အတတ်နိုင်ဆုံး ထိန်းသိမ်း သွားမည်ဟု RCSS/SSA၏ တောင်ကြီးရုံးမှ ဆက်ဆံရေးရုံးများ ညွှန်ကြားရေးမှူး ဦးစိုင်းဦး က ပြောကြားခဲ့သည်။

တိုက်ပွဲများ ဖြစ်နိုင်သည့် အလားအလာသည် တပ်မတော်နှင့်အစိုးရ အပေါ်တွင် အဓိက ကျသလို တိုင်းရင်းသား လက်နက်ကိုင်များအနေဖြင့်လည်း ရွေးကောက်ပွဲကာလတွင် အေးချမ်းအောင် လုပ်ဆောင်ရန် လုုိအပ်သည်ဟုု ဦးစုုိင်းဦးမှဆုုိသည်။  

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု စာချုပ် (NCA) တွင်် ပါ၀င်လက်မှတ် ရေးထုုိးခဲ့သည့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော်က အဆိုပါစာချုပ်နှင့် ပတ်သတ်သည့် ရှင်းလင်းပွဲတွင် ယခုလိုပြောကြားခဲ့ခြင်းဖြစ်သည်။

ရွေးကောက်ပွဲကာလအတွင်း တိုက်ပွဲများ မဖြစ်ပွားရန် ထိန်းသိမ်းသွားမည် ဖြစ်ပြီး ရွေးကောက်ပွဲနှင့် ပက်သက်​၍ မလေ့လာထားရ သေးကြောင်းနှင့် အမှန်တကယ် ပြောင်းလဲမှုကို လိုအပ်ကြောင်း RCS S/SSA မှ ဒုုုုတိယ ဗုုိလ်ချူပ်ကြီး  ရွက်ဆစ်ကပြောကြားသည်။

ဦးရွက်ဆစ်က"ကျွန်တော်တို့ ဘက်ကအမြင်ကတော့ တပ်မတော် ကုုိယ်နှိုက်ကလဲ ပြုပြင်ပြောင်းလဲရဲရမယ်ပေါ့။ အရင်တုုန်းက နည်းစနစ်တွေ အသစ်တွေနဲ့လဲ ပြုပြင်ပြောင်းလဲ ရဲရမယ်။ ကျွန်တော်တုုိ့အနေနဲ့ ယုုံကြည် မျှော်လင့်ထားတာကတော့ အပြောင်းအလဲတွေ လုုပ်ဆောင်ဖုုိ့ ဆုုိတာက တပ်မတော် ခေါင်းဆောင်ကြီးတွေရဲ့ ရင်ထဲမှာ ရှိလိမ့်မယ်လုုိ့ ကျွန်တော်တုုိ့ ယုုံကြည်မျှော်လင့်ထားပေးပါတယ်။” ဟုု တပ်မတော် အပေါ်စစ်ရေး၊ နုုိင်ငံရေး အရ၎င်းတုုိ့၏ သဘောထား အမြင်ကုုိ ပြောကြားခဲ့သည်။

သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/သျှမ်းပြည်တပ်မတော်သည် စက်တင်ဘာလ၁၆ရက် က၎င်း၏ ထိန်းချုပ်နယ်မြေ ၁၆မြို့နယ်အတွင်း နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးခြင်း မပြုလုပ်ရန် ကြေငြာချက် ထုုန်ပြန်ခဲ့ပြီးနောက် အောက်တုုိဘာ (၁)ရက်မှ လုုံခြံုရေး အခြေအနေ ပြန်ကောင်းလာသဖြင့် မဲဆွယ်စည်းရုုံးရေး ပြုလုုပ်နုုိင်ကြောင်း ကြော်ညာချက် ပြန်လည် ထုုတ်ပြန်ထားခဲ့သည်။

Most read this week

December 14, 2015
၂၀၁၅အထွေထွေရွေးကောက်ပွဲတွင်ရှမ်းပြည်နယ် ရပ်စောက်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ် လွှတ်တော်...
December 11, 2015
အနိုင်ရပါတီခေါင်းဆောင်၏ညွန်းကြားချက်ဖြင့် ဒီဇင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်တွင် နိုင်ငံအနှံ...
December 3, 2015
ဒေါက်တာဒေခင်လှက " အန်တီအနေနဲ့ အင်းတိုင်းရင်းသားကိုယ်စားလှယ်မဖြစ်ခဲ့ဖူး၊ မနိုင်ခဲ့ဖူးဆိုပင်မဲ့လည်း...
December 1, 2015
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ရှမ်းပြည်နယ်အတွင်းရှိ...