တိုက်ပွဲများ ဖြစ်နိုင်သည့် အလားအလာသည် တပ်မတော်နှင့်အစိုးရ အပေါ်တွင် အဓိက ကျသလို တိုင်းရင်းသား လက်နက်ကိုင်များအနေဖြင့်လည်း ရွေးကောက်ပွဲကာလတွင် အေးချမ်းအောင် လုပ်ဆောင်ရန် လုုိအပ်သည်ဟုု ဦးစုုိင်းဦးမှဆုုိသည်။
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု စာချုပ် (NCA) တွင်် ပါ၀င်လက်မှတ် ရေးထုုိးခဲ့သည့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော်က အဆိုပါစာချုပ်နှင့် ပတ်သတ်သည့် ရှင်းလင်းပွဲတွင် ယခုလိုပြောကြားခဲ့ခြင်းဖြစ်သည်။
ရွေးကောက်ပွဲကာလအတွင်း တိုက်ပွဲများ မဖြစ်ပွားရန် ထိန်းသိမ်းသွားမည် ဖြစ်ပြီး ရွေးကောက်ပွဲနှင့် ပက်သက်၍ မလေ့လာထားရ သေးကြောင်းနှင့် အမှန်တကယ် ပြောင်းလဲမှုကို လိုအပ်ကြောင်း RCS S/SSA မှ ဒုုုုတိယ ဗုုိလ်ချူပ်ကြီး ရွက်ဆစ်ကပြောကြားသည်။
ဦးရွက်ဆစ်က"ကျွန်တော်တို့ ဘက်ကအမြင်ကတော့ တပ်မတော် ကုုိယ်နှိုက်ကလဲ ပြုပြင်ပြောင်းလဲရဲရမယ်ပေါ့။ အရင်တုုန်းက နည်းစနစ်တွေ အသစ်တွေနဲ့လဲ ပြုပြင်ပြောင်းလဲ ရဲရမယ်။ ကျွန်တော်တုုိ့အနေနဲ့ ယုုံကြည် မျှော်လင့်ထားတာကတော့ အပြောင်းအလဲတွေ လုုပ်ဆောင်ဖုုိ့ ဆုုိတာက တပ်မတော် ခေါင်းဆောင်ကြီးတွေရဲ့ ရင်ထဲမှာ ရှိလိမ့်မယ်လုုိ့ ကျွန်တော်တုုိ့ ယုုံကြည်မျှော်လင့်ထားပေးပါတယ်။” ဟုု တပ်မတော် အပေါ်စစ်ရေး၊ နုုိင်ငံရေး အရ၎င်းတုုိ့၏ သဘောထား အမြင်ကုုိ ပြောကြားခဲ့သည်။
သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/သျှမ်းပြည်တပ်မတော်သည် စက်တင်ဘာလ၁၆ရက် က၎င်း၏ ထိန်းချုပ်နယ်မြေ ၁၆မြို့နယ်အတွင်း နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးခြင်း မပြုလုပ်ရန် ကြေငြာချက် ထုုန်ပြန်ခဲ့ပြီးနောက် အောက်တုုိဘာ (၁)ရက်မှ လုုံခြံုရေး အခြေအနေ ပြန်ကောင်းလာသဖြင့် မဲဆွယ်စည်းရုုံးရေး ပြုလုုပ်နုုိင်ကြောင်း ကြော်ညာချက် ပြန်လည် ထုုတ်ပြန်ထားခဲ့သည်။