“အခုလုပ်တဲ့အစည်းဝေးကတော့ စတုတ္တအကြိမ် ချင်းမိသားစုနိုင်ငံရေးပါတီ တွေ့ဆုံဆွေးနွေးပွဲပေါ့။ ဒီပွဲမှာ၂၀၁၅ ပါတီစံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲရလာဒ်တွေကို ပြန်လည်သုံးသပ်ပြီးတော့ လာမဲ့ ငါးနှစ်တာအတွင် ချင်းမိသားစုနိုင်ငံရေး ပါတီ အခြင်းခြင်း၊ ချင်းအမျိုးသား တွေရဲ့ဘုံအကျိုး စီးပွားအတွက်ဘယ်လိုလက်တွဲပြီးရှေ့လုပ်ငန်းစဉ်တွေကို ဖော်ထုတ်ကြမလဲ ဆိုတာကိုအဓိကရည်ရွယ် ပြီးဒီကော်မတီကိုဖွဲ့စည်းတာဖြစ်တယ်”ဟု ဦးဆလိုင်းအောင်မင်းလှိုင်ကပြောသည်။
ချင်းပါတီများပေါင်းစည်ရေးနှင့်ပတ်သတ်၍ ၎င်းအစည်းဝေးမှဆုံးဖြတ်ချက်ကိုတိတိကျကျ မချမှတ်နိုင် သော်လည်းချင်းပါတီ များပေါင်းစည်းနိုင်ရေးအတွက်နည်းလမ်းရှာကာပေါင်းစည်ရေးအတွက်သဘောထားထုတ်ပေးနိုင်ခဲ့ပြီး ယခုဖွဲ့စည်းလိုက်သည့် ယာယီအဖွဲ့မှဆက်လက်လုပ်သွားမည်ဟုသတင်း ရရှိသည်။
“ဘာကြောင့်ဒီလိုကော်မတီဖွဲ့ရတာလဲဆိုရင်ချင်းပြည်နယ်မှာ NLD နိုင်တဲ့မဲစာရင်းတွေကိုကြည့် တဲ့အခါမှာ ချင်းပါတီတွေအား လုံးပေါင်းရင် NLD ကိုနိုင်တဲ့နေရာတွေအများကြီးရှိတယ်။ အဲဒါကဘာကိုပြသလဲ ဆိုရင်ချင်းပါတီတွေကွဲ တဲ့အတွက်ကြောင့် NLD က ရသွားတဲ့သဘောပေါ့။ အခုလဲဘုံသဘောတူချက်နဲ့သွားဖို့တော့သိပ်မလွယ်ဘူး။ ချင်းနိုင်ငံရေးပါတီတွေအတက်နိုင်ဆုံး ပေါင်းပြီးတော့ဆက်သွားမယ်ဆိုတဲ့သဘောပဲလုပ်နိုင်တယ်။ အကယ်၍ပေါင်းရင်လည်း မူဘောင် ရေးဆွဲပြီးပေါင်းချင်တယ်။ ဘာကြောင့်လဲဆိုတော့ပါတီတစ်ခုကနေပဲ လွမ်းမိုးသွားတာမဟုတ်ဘဲ အားလုံးမူဘောင်ထဲ ကနေပဲပူးပေါင်းနိင််ဖို့ကိုအဓိကထားရေးဆွဲဖို့ကြိုးစားနေပါတယ်”ဟုချင်းဒီမိုကရေစီအဖွဲ့ချုပ်မှ ဆလိုင်းအောင်လိန်းကပြောသည်။
အထွေထွေရွေးကောက်ပွဲမတိုင်ခင် ချင်းနိုင်ငံရေးပါတီ (၁၃) ဖွဲ့မှ (၃)ကြိမ်မြောက်တွေ့ဆုံခဲ့ပြီးနောက် နေရာအလိုက်မဲဆန္ဒနယ်များ ခွဲဝေသတ်မှတ်ပြီးယှဉ်ပြိုင်ရန်သဘောတူလက်မှတ်ထိုးခဲ့သော်လည်း ချင်းဒီမိုကရက်တစ်ပါတီမှ သဘောတူစာချုပ်ကိုချိုးဖောက် သည်ဟုဆိုကာချင်းပါတီ(၆)ပါတီမှ စက်တင်ဘာ ၂၆ရက်ကရှုံ့ချကြောင်း စာထုတ်ပြန်ခဲ့သည်။
“ချင်းပါတီများနောက်ထပ် ထပ်မံတွေ့ဆုံဆွေးနွေးမယ်ဆိုရင် သူတို့မလွဲမသွေ ဆွေးနွေးရမဲ့အရာ ကတော့ ပေါင်း စည်းရေး ကိစ္စသာဖြစ်တယ်။ ဒီတော့သူတို့ တွေပြောနေကြတာ ပေါင်းစည်းရေးမှာ မူဘောင်ဆွဲမယ်၊ FrameWorkရေးဆွဲမယ်၊ ဆိုလိုခြင်တာကချင်းနိုင်ငံရေးပါတီတွေကစနစ် တကျပြန်လည်ပူးပေါင်းနိုင်ရေးအတွက်ကြိုပမ်းကြမယ်ဆိုတာကိ်ုပါပဲ။ပြီးတော့ ပေါင်းစည်းရေးဆိုတာကို One Partyလို့မဆိုလိုဘူး၊ တပ်ပေါင်းစုနဲ့ လည်းဖြစ်နိုင်တယ်၊ မဟာမိတ်လည်းဖြစ်နိုင် တယ်၊ အနည်းဆုံးနှစ်ပါတီအထိလျော့ချနိုင်တာလည်းဖြစ်နိုင်တယ်။ တစ်ပါတီလည်းဖြစ်နိုင်တာပဲ။ ဒါကသူတို့ဘယ်လိုပူးပေါင်းမလဲပေါ်မှာ မူတည်တယ်။ ပေါင်းစည်းရေးဆိုတာတစ်ပါတီထဲထွက်ရေး ဆိုတဲ့အပေါ်မှာမူမတည်ပါဘူး။ တပ်ပေါင်းစုဆိုရင်တော့ဘယ်ပါတီမှဖြုတ် စရာမလိုပဲသူ့ပါတီနဲ့ သူမူဝါဒရှိနေမှာပါ”ဟုဆလိုင်အိုက်ဇက်ခင်မှလည်း ရှင်လင်းပြောဆိုသည်။
၂၀၁၃ ခုနှစ်တွင် ချင်းပါတီနှစ်ခုဖြစ်သည့်ချင်းတိုးတက်ရေးပါတီနှင့်ချင်းအမျိုးသားပါတီ (ယခု ချင်းအမျိုးသားဒီမိုကရေတစ်ပါတီ)တို့ ပူးပေါင်းရန်ညှိနှိုင်းခဲ့ကြသော်လည်း အကြောင်း အမျိုးမျိုးကြောင့် ချင်းပါတီတစ်ခုထဲအဖြစ်မပူးပေါင်းနိုင်ဘဲ ၂၀၁၄ ခုနှစ်တွင်နောက် ထပ် ချင်းပါတီသစ်တစ်ခုဖြစ်သည့် ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီပေါ်ပေါက်လာခဲ့သည်။
ချင်းပါတီများပူးပေါင်းရန်အတွက်ချင်းမိသားစုနိုင်ငံရေးပါတီများမျက်နှာစုံညီတွေ့ဆုံပွဲခေါင်းစဉ်ဖြင့် ပထမအကြိမ်ကို မတ်လတွင်လည်းကေင်း၊ ဒုတိယအကြိမ်ကိုမေလတွင်လည်းကောင်း၊ တတိယ အကြိမ်ကို ဇူလိုင်လတွင်လည်းကောင်း ကျင်းပခဲ့ပြီး ယခုစတုတ္ထအကြိမ်ကို ဒီဇင်ဘာ(၁၇)ရက်က ကျင်းပခဲ့ပြီး၊ လာမည့်၂၀၁၆ ခု ဇန်နဝါရီ(၆)ရက်တွင်ထပ်မံတွေ့ဆုံသွားမည်ဟုလည်း သတင်းရရှိသည်။