ချင်းပြည်နယ်ရွေးကောက်ပွဲမဲရလဒ်အခြေအနေနှင့်ပတ်သက်ပြီး ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ တရားဝင် ကြေညာခြင်း မရှိသေးသော်လည်း မဲပေးနိုင်သူဦးရေ ၄ သောင်းခန့်ရှိသော တီးတိန်မြို့နယ်တွင်ပြည်သူ့လွှတ်တော် နေရာအတွက် ပူးကျင်းရှင်း ထန်မှ မဲတစ်သောင်းခွဲကျော် ရရှိနေပြီ ဖြစ်သောကြောင့် သေချာနေပြီဟု ZCD အတွင်းရေးမှူး ဦးဂင်ကမ်းလျန်ပြောသည်။
“ ပြည်သူ့လွှတ်တော်မှာ ပူးကျင်းရှင်းထန်ကတော့ သေချာသလောက် ရှိပါပြီ တစ်သောင်းခွဲ လောက်ရပြီဆိုတော့ ကျန်တဲ့သူ တွေက တစ်သောင်းတောင် မရဘူးဆိုတော့ သူကသေချာပါတယ်’’ ဟု ဦးဂင်ကမ်းလျန်ကပြောသည်။
တီးတိန်မြို့ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေတွင် ပူးကျင်းရှင်းထန် အပါအဝင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒေါကတာ ၀ုန်ဆွန်ထန်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ဦးဒိုဆွန်းမုန်၊ ချင်းတိုးတက်ရေး ပါတီမှ ဒေါ်ဝန်ဆွင်းဒိမ်း၊ ချင်းအမျိူးသား ဒီမိုကရက်တစ်ပါတီမှ ဦးရှင်းဇာနန် နှင့်ချင်းဒီမိုကရေစီ အဖွဲ့ချူပ် ပါတီမှ ဒေါက်တာဝမ်းလျန်းထန် စုစုပေါင်း ကိုယ်စားလှယ်လောင်း ၆ ဦးဝင်ရောက် ယှဉ်ပြိုင် ခဲ့ကြခြင်း ဖြစ်သည်။
အမျိူးသားဒီမိုကရေစီ အဖွဲ့ချူပ်ပါတီကတော့ တီးတိန် ပြည်သူ့လွှတ်တော်နေရာတွင် ၀င်ရောက် ယှဉ်ပြိုင်ခြင်း မရှိခဲ့ချေ။