မဲရုံတစ်ရုံတွင် ထောက်ပံကြေး သုံးသောင်းသာရသဖြင့် ကျေးရွာနှင့်ရပ်ကွက်လူကြီး များက အိတ်စိုက် ဖြေရှင်းနေရ

မဲရုံတစ်ရုံတွင် ထောက်ပံကြေး သုံးသောင်းသာရသဖြင့် ကျေးရွာနှင့်ရပ်ကွက်လူကြီး များက အိတ်စိုက် ဖြေရှင်းနေရ
by -
ဆလိုင်းဗန်ကီးယို
ဆလိုင်းဗန်ကီးယို — နိုဝင်ဘာ ၈ ရက်တွင်ကျင်းပမည့် ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲ၌ မဲရုံတစ်ရုံတွင် အစိုးရထောက်ပံ့ကြေး သုံးသောင်းသာရရှိသဖြင့် မဲရုံတွင်းကုန်ကျစရိတ်များကို ကျေးရွာနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မိမိအိတ်စိုက်ဖြေရှင်း နေရကြောင်း သိရသည်။

“လုပ်ငန်း အဆင်ပြေဖို့ မဲရုံစောင့်တွေကို အစိုးရက တစ်ရက် သုံးထောင် ထောက်ပံ့ကြေး ထဲကနေလိုအပ်တာတွေလုပ်ဆောင်သွားမယ်။ ပြီးတော့ ကျေးရွာနဲ့ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တွေလည်း လိုအပ်တာသလောက် စိုက်ထုတ်သွားမယ်။ နိုင်ငံတော်က လည်း မဲရုံအတွက် လုံလုံလောက်လောက် ထောက်ပံ့ပေး စေချင်တာပေါ့” ဟု ကလေးမြို့နယ် အင်ဒိုင်းကုန်းရပ်ကွက်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးစိုင်းကိုကိုကပြောသည်။

ရွေးကောက်ပွဲကျင်းပသည့်ကာလအတွက် ကုန်ကျစရိတ်များမှာ စာရွက်စာတမ်းဖိုး၊ မဲရုံတာဝန်ရှိသူများကျွေးမွေးဧည့်ခံရန်နှင့် မဲရေတွက်သည့်အချိန်တွင် လျှပ်စစ်မီး အတွက်အဓိကကုန်ကျမည်ဖြစ်ပြီး ခန့်မှန်းခြေစုစုပေါင်း ခုနစ်သောင်းကုန်ကျနိုင်သည်ဟု ကလေးမြို့နယ် အင်ဒိုင်းကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်ရွှေကြီးကပြောသည်။

“သုံးသောင်းနဲ့တော့ မလောက်ဘူး။ လိုအပ်တဲ့ကုန်ကျစရိတ်တွေကိုတော့ ကျေးရွာရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်တွေကစိုက်ထည့်မယ်”ဟု ကလေးမြို့ရေကြီးချိန်တွင် တစ်ရွာလုံးရေနစ်မြုပ်ခဲ့သည့် နန်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင် ကပြောပြခဲ့သည်။

Most read this week

January 3, 2016
“အဓိကကျွန်တော်တို့လိုခြင်တာကအစိုးရတစ်ရပ်ကနေ သူရဲ့နိုင်ငံသားပေါ်မှာ တာဝန်ယူမှု ၊ တာဝန်...
ဒီဇင်ဘာ ၂၉၊ ၃၀ရက်က ကျင်းပခဲ့သော UNA မှအစည်းဝေးကျင်းပနေစဉ်
January 3, 2016
“ဘာကြောင့်UNA မှာလျောက်ရသလဲဆိုရင်၊ UNAရဲ့မူဝါဒနဲ့ ကျွန်တော်တို့မူဝါဒခြင်းတူနေတယ်။...
Chin Agency မှ ရွေးကောက်ပွဲမတိုင်ခင်ကာလာ မဲဆန္ဒရှင်များသို့ မဲပေးပုံ ပညာပေးနေစဉ်
January 3, 2016
“ကျွန်တော်တို့ Chin Agency အဖွဲ့အနေဖြင့်ချင်းပြည်နယ် (၇)မြို့နယ်မှာ မဲဆန္ဒရှင်ပြည်သူ...
ဒီဇင်ဘာ ၁၇ ရက်က တော်ဝင်ဂါးဒင်းဟိုတယ်၌ ချင်းပါတီများတွေ့ဆုံစဉ်
December 24, 2015
“အခုလုပ်တဲ့အစည်းဝေးကတော့ စတုတ္တအကြိမ် ချင်းမိသားစုနိုင်ငံရေးပါတီ တွေ့ဆုံဆွေးနွေးပွဲပေါ့။...