မေး။ ။ မတူပီမြို့နယ်မှာ ပြည်သူလူထုက ယခုလာမည့် ရွေးကောက်ပွဲကိုစိ်တ်ဝင်စားမှုရှိရဲ့လား။
ဖြေ။ ။ စိတ်ဝင်စားမှုရှိပါတယ်။ ကျွန်တော်တို့မြို့နယ်မှာကိုယ်စားလှယ်ကောင်းတွေထွက်လာရင်ပြည်နယ်ကို ကောင်းကောင်း ဦးဆောင်မယ်၊ နိုင်ငံကိုကောင်းကောင်း ဦးဆောင်မယ်ပေါ့။ အဲဒီအတွေးတွေ ဝင်လာတဲ့အခါကျ တော့ ဘာပဲဖြစ်ဖြစ် အရင်ကထက်စာရင် လူတိုင်းရဲ့စိတ်ထဲမှာ အများကြီး စိတ်ဝင်စားမှုတွေ ရှိလာတာကို တွေ့ရတယ်။
မေး။ ။ အခုရွေးကောက်ပွဲအတွက် မတူပီမြို့နယ်မှာ မဲရုံပေါင်း ဘယ်နှစ်ရုံ ထားရှိမှာလဲ။
ဖြေ။ ။ကျွန်တော်တို့ မဲရုံပေါင်း ၁၁၉ရုံ သတ်မှတ်ထားပါတယ်။ မဲရုံတစ်ရုံမှာ တစ်ချို့ရွာတွေမှာ လူဦးရေနည်း ပေမယ့် မိုင်ကတစ်အားဝေးတဲ့ အခါကျတော့ အချိန်မှီထည့်နိုင်မှာ မဟုတ်ဘူးဆိုတာကို တွေ့ရတယ်။ဒါကြောင့် ခရီးတော်တော်ဝေးတဲ့ အုပ်စုတစ်ခုမှာ မဲရုံသုံးရုံလည်း ရှိတယ်။ မဲရုံတစ်ရုံထဲလည်းရှိတယ်။ ဒါတွေကို အခြေအ နေကြည့်ပြီး ကော်မတီ ဆုံးဖြတ်ချက်နဲ့ နေရာတွေ ခွဲထားပါတယ်။
မေး။ ။ ကြိုတင်မဲကိစ္စနဲ့ ပတ်သတ်ပြီး ဆရာတို့ကော်မရှင်က ဘာတွေပြင်ဆင်ထားတာ တွေရှိပါသလဲ။
ဖြေ။ ။ မဲမပေးနိုင်တဲ့ ကိုယ်ခန္ဒာအရ သော်လည်ကောင်း၊ အချုပ်ထဲမှာ ရောက်နေတဲ့သူ သော်လည်ကောင်း၊ အဲဒီလိုလူမျိုးတွေကို ကျနော်တို့(၆)ရက် ( ရ )ရက်တွေမှာ ကြိုတင်မဲပေးဖို့ သတ်မှတ်ထားပါတယ်။ အဲဒီအတိုင်းပဲ ဆောင်ရွက်မှာဖြစ်ပါတယ်။ ဒါပေမဲ့ မဲရုံကိစ္စနဲ့ ပတ်သတ်ပြီး နယ်မှာတာဝန်ကျတဲ့ အထူးရဲတို့ ဝန်ထမ်းတို့ ပြည်သူ့ရဲ တို့ဆိုရင်တော့ ၂၉ ရက်နေ့မှာ မဲပေးလို့ရပါတယ် ဆိုပြီးကော်မရှင်က ဒီလိုပဲ သုံးသပ်ထား ပါတယ်။
မေး။ ။ဒါဆိုရင် အပြင်မှာ ရောက်နေတဲ့ ကျောင်းသားတွေကို မဲပေးနိုင်အောင် ကော်မရှင်က ဘယ်လို ဆောင်ရွက်ပေး နိုင်မလဲ။
ဖြေ။ ။ သူတို့ကအချိန်မှီလာရင်လာ၊မလာရင်အရမ်းကိုနီးကပ်ပြီဆိုတော့ အဲဒါကို ကျွန်တော် ပြောလို့မရတော့ဘူး။ သူတို့ မလာနိုင်ရင်တော့ ပျက်ကွက်ထဲမှာပဲ ပါတော့မှာပါ။
မေး။ ။ အခု၂၀၁၅ ရွေးကောက်ပွဲကိုအရပ်ဘက် တော်တော်များကစောင့်ကြည့်နေကြတယ်ပေါ့ မဲရုံတွေမှာကော ဘယ်လို ပစ္စည်း တွေကိုချပေးထားတာတွေ ရှိပါသလဲ။
ဖြေ။ ။ ကျွန်တော်တို့မဲရုံမှာပေါ့ မဲပုံးတွေရယ်၊ ဆန္ဒပြုခန်း၊ မဲ၊ မဲရုံမှုးတွေဆောင်ရွက်ရမည့် ပစ္စည်းတွေ၊ ထုတ်ပိုး ရမည့်ပစ္စည်းတွေဆောင်ရွက်ရမဲ့ကိစ္စ၊ မဲရုံမှုးတွေရဲ့အဝတ်အစားတွေရယ်၊ နိုင်ငံတော်ကချပေးတဲ့အရာတွေ အားလုံကိုကျွန်တော်တို့ကော်မရှင်ကတော့ချပေးမှာဖြစ်ပါတယ်။
မေး။ ။ အခုနောက်ဆုံးအနေနဲ့ မတူပီမြို့မှာရှိတဲ့ မဲရုံတွေမှာ တာဝန်ချထားပေးဖို့အတွက် ဝန်ထမ်းတွေကို ဘယ်လို ခန့်အပ်တာဝန် ပေးထားပါသလဲ။
ဖြေ။ ။အဓိကတော့ ပညာရေးဝန်ထမ်းက သူတွေကို နိုင်ငံတော်က ခန့်အပ်ထားတာရှိပါတယ်။ သူတို့နဲ့မလုံလောက် တာကြောင့် ကျန်းမာရေးက သူတွေကို ခန့်အပ်ထားပါတယ်။ ပြီးတော့ ရပ်/ကျေးက လိုအပ်တဲ့ အထောက်အကူ ကော်မတီဆိုတာရှိပါတယ်။ သူတို့ကို ခန့်အပ်ပါတယ်။
မေ။ ။မတူပီတခုလုံးမှာ တာဝန်ယူမဲ့ မဲရုံဝန်ထမ်းအင်အား ဘယ်လောက် ခန့်အပ်တာဝန်ပေးမှာလဲ။
ဖြေ။ ။ မတူပီတစ်မြို့လုံးမှာမဲရုံ(၁၁၉) ရုံရှိပါတယ်။ အဲဒီမှာတစ်ရုံကို (၁၀) ဦးနဲ့ဆိုတော့(၁၁၉၀ ) ဦးကိုတာဝန်ပေးထားပါတယ်။မဲရုံအခြေအနေကိုကြည့်ပြီးပညာရေးဝန်ထမ်း(၄)ဦးကနေ(၆)ဦးပါဝင်ပါတယ်။ အဲဒီထဲမှာကျန်းမာရေးကဝန်ထမ်းတွေရှိရင်ပြန်ထပ်ဖြည့်ပါတယ်။အဲဒီမှာလိုသေးတယ်ဆိုရင်ရပ်/ကျေးကအ ထောက်အကူပြုကော်မတီတွေကို ထပ်မံဆွဲထည့်ထားတာတွေရှိပါတယ်။
မေး။ ။ မတူပီမြို့နယ်မှာ မဲစာရင်းကို လာကြည့်တဲ့သူ ဘယ်နှစ်ဦးလောက် ရှိမယ်လို့ ထင်ပါသလဲ။
ဖြေ။ ။ အုပ်စုကနေနေ့စဉ်နေ့တိုင်းလာကြည့်တဲ့သူတွေကိုတော့ရှိပါတယ်။ အဲဒီစာရင်းကို ကျွန်တော်တို့ ဆီကိုတော့ ပို့ပေးထားတာရှိတယ် မပေါင်းရသေးဘူး။ တော်တော်များများ စိတ်ဝင်တစား လာကြည့်ကြတာ ရှိပါတယ်။
မေး။ ။ အခုဆိုရင်တစ်နိုင်ငံလုံး မဲစာရင်းမှားတာ တွေရှိပါတယ်။ မတူပီမြို့နယ်မှာကော မဲစာရင်းမှားတာ တွေရှိပါသလား။
ဖြေ။ ။ တစ်ချို့ကတော့ဇွန်လ(၈)ရက်နေ့ကနေ(၂၂) ရက်အထိမဲစာရင်းမှားတာတွေကိုပြန်ပြင်ပေးတယ်။ အသစ်တွေ ထပ်ဖြည့်တာတွေရှိတယ်။ နောက်ပြီိး ဒုတိယအကြိမ် စက်တင်ဘာလ(၂၂)ကနေ(၂၇)ထိနောက်ဆုံး ထုတ်ပြန်ပေးတယ်။
ပြန်ပြီးတော့ ကပ်ပေးထားတယ်။ အဲဒီမှာလဲ မှားတာတွေရှိတယ်။ ဒါကိုရပ်ကျေး အချိန်ပဲရှိပါတယ်။ ဒါကိုရပ်/ကျေး ကော်မရှင်တွေနဲ့ ပူးပေါင်းပြီး ပြန်လည်ပြင်ဆင်ထားတဲ့ အပိုင်းတော့ပြီးပါပြီး။ ကျွန်တော်တို့အခု မဲစာရင်းကို စီစစ်တဲ့အချိန်ပဲဖြစ်ပါတယ်။
မေး။ ။ အခုမဲစာရင်းက နောက်ဆုံးထွက်တာ ဆိုတော့ဒီမှာအမှားတွေ ပါခဲ့မယ်ဆိုရင် ဘယ်လိုပြန်ပြီးတော့ ပြန် လည်ပြင်ဆင်မှာလဲ ။
ဖြေ။ ။ ဒါတွေကိုတော့အထက်ကကော်မရှင်ရဲ့ညွှန်ကြားချက်ကိုပြန်လည်ခံယူရမှာဖြစ်ပါတယ်။
မေး။ ။ အခုဒီမဲစာရင်းနဲ့ ပတ်သတ်ပြီး ပြည်သူလူထုကို ဘယ်လိုမျိုး ပညာပေး ပြောချင်ပါသလဲ။
ဖြေ။ ။ အဓိကကတော့ ရွာတွေမှာ စာမတက်ပေမတက်တွေက များတော့ တစ်ချို့က မဲထည့်တဲ့ အခါမှာယောင် လည်လည်နဲ့ မကြာသင့်ပဲ နဲ့ကြာနိုင်တဲ့ အလားအလာတော့ ရှိတယ်။ ဒါပေမဲ့ အခုကျွန်တော်တို့ မြို့နယ် ကော်မရှင်ခွဲကနေ နယ်တွေကို အကုန်လုံး ဆင်းပြီးတော့ သင်တန်းတော့ ပေးမှပဲ အဆင်ပြေမယ် လို့တော့ ထင်ပါတယ်။
မေး။ ။ ဘယ်လိုမျိုး ကော်မရှင်အနေနဲ့ မဲဆန္ဒရှင်တွေကို ပို့ချတာတွေ ရှိပါသလဲ။
ဖြေ။ ။ဟုတ်ကဲ့ ကျွန်တော်တို့စီမှာ ရှိပါတယ်။ မတူပီမြို့နယ်မှာ ၆၈အုပ်စုရှိတယ်။ အဲဒီထဲမှာ မြို့နယ်ကော်မရှင် အဖွဲ့ ၁၅ဖွဲ့ကနေ ခွဲတမ်းချပြီး မဲဆန္ဒနယ် သတ်မှတ်ကျပါတယ်။ ကော်မရှင်တစ်ဦးက နေပြီးတော့ ၅အုပ်စု ၁၀ အုပ်စုတို့ ပေါ့ အဲဒီလိုမျိုး တာဝန်ယူပြီးတော့ တစ်ချို့ကို သင်တန်းတွေ ပေးထားပြီးဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ သင်တန်း တွေ ပေးသွားမှာဖြစ်ပါတယ်။
မေး။ ။ UECအနေနဲ့ အရပ်ဖက်တွေနဲ့ တွဲပြီးတော့ သင်တန်းပေးတာတွေ ရှိပါသလား။
ဖြေ။ ။ ကော်မရှင်ရဲ့သဘောတူညီချက်နှင့် အညီသင်တန်းတွေ ဒီမှာလာပြီး ဖွင့်လှစ်ကြပါတယ်။ မဲပေးပုံပေး နည်း သင်တန်းတွေ အပါအဝင်ပေါ့။
မေး။ ။ လက်ရှိ မတူပီမြို့နယ်မှာ လူဦးရေ ဘယ်လောက်ရှိပြီး၊ မဲပေးနိုင်တဲ့ စာရင်းမှာ လူဦးရေ ဘယ်လောက် ပါဝင် ပါသလဲ။
ဖြေ။ ။မတူပီမှာ ၅၄၀၀၀ကျော်ရှိပြီး မဲထည့်နိုင်တဲ့ဦးရေကတော့ တိတိကျကျတော့ မရှိသေးပါဘူး။ လောလော ဆယ် (၃) သောင်း ပတ်ဝန်းကျင်ရှိတယ် ဆိုတာကိုတော့ အကြမ်းဖျင်း ပြောလို့ရတယ်။ နိုင်ငံရေးပါတီက ၆ခုရှိပြီး တစ်သီးပုဂ္ဂုလနဲ့ဆိုရင် (၇) ခုရှိပါတယ်။
မေး။ ။ မတူပီမှာရှိတဲ့ တပ်ရင်းတွေက မဲပေးနိုင်တဲ့သူတွေအတွက် ဘယ်လိုပြင်ဆင်ထားပါသလဲ။
ဖြေ။ ။ ကောင်းကောင်းတော့ မဆွေးနွေးရသေးဘူး။ ဒါပေမဲ့ သူတို့အနေနဲ့ လုံခြံုရေးအရ ကလွဲပြီးတော့ လေ့လာသူတွေကိုလည်း ဝင်ခွင့်ပြုမယ် ဆိုရင်အဲဒီမှာလည်း လုပ်လို့ရပါတယ်။ ကျွန်တော်တို့ ဆန္ဒကတော့ ရပ်ကွက် ထဲမှာပဲ လုပ်စေချင်တဲ့ သဘောဆန္ဒတော့ ရှိပါတယ်။
မေး။ ။ အရင်က ကော်မရှင်ဥက္ကဌက ပြောခဲ့ဖူးတာရှိပါတယ်။ တပ်ရင်းထဲမှာ မည်သူမဆို ဝင်ရောက် လေ့လာခွင့့် ရှိတယ်လို့ ပြောဖူးတယ်။ အခုတပ်ရင်းတွေနဲ့ ညှိတဲ့အခါ ဒီလိုကိစ္စတွေ အဆင်ပြေနိုင်ပါ့မလား။
ဖြေ။ ။ အခုလောလောဆယ်တော့မညှိရသေးတော့ပြောလို့မရပါဘူး။ လက်ရှိတပ်ရင်းထဲမှာမဲပေး ခွင့့်ရှိတဲ့သူ ကတော့ ၆၀၀ကျော်ရှိပါတယ်။
မေး။ ။ အခုရွေးကောက်ပွဲအတွက် ရွေးခြယ်ထားတဲ့ အထူးရဲတွေကို ဘယ်သူက ညွှန်ကြားမှာလဲ။ ကော်မရှင်က ပဲညွှန်ကြားမှာလား၊ ရဲတပ်ဖွဲ့ကပဲ ညွှန်ကြားမှာလား။
ဖြေ။ ။အထူးရဲတွေကိုတော့ ဗဟိုရဲတပ်ဖွဲ့ကနေ တဆင့်ခရိုင်၊မြို့နယ်အဆင့်ဆင့်သူတို့ကို လုံခြုံရေးစီမံချက် တွေနဲ့ အညီ ကြီးကြပ် ညွှန်ကြားသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဆီမှာတော့ မဲရုံ၊မဲပုံးတွေကိုပဲ ကြီးကြပ်ရတာပါ။ လုံခြံုရေးကျတော့ မြို့နယ်ရဲတပ်ဖွဲ့နဲ့ အတူပူးပေါင်းပြီး လုပ်ဆောင်သွားမှာပါ။
မေး။ ။ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲတာကြောင့် မဲပုံးတွေ သယ်ယူရာမှာ အခက်အခဲတွေရှိနိုင်ပါ့မလား။
ဖြေ။ ။ အခုတော့ မဲပုံးတွေ အားလုံးပို့ထားပြီဆိုတော့ အခက်အခဲတော့ အဲဒီလောက်ရှိမယ်လို့တော့ မထင်ပါဘူး။ ကျေးရွာတိုင်းမှာလည်း လမ်းတွေကတော့ ဖောက်ထားပြီးပြီ ဆိုတော့လေ။ မြို့နယ်အုပ်ချုပ်ရေး တွေကလည်း လမ်းတွေကို အားချင်း လုပ်ခိုင်းတာပါတယ်။ ဒါကြောင့် အခက်အခဲတွေကတော့ ဒီလောက်ကြံုမယ် လို့တော့ မထင်ပါဘူး။
မေး။ ။ အဝေးသင် သွားတက်မဲ့ ကျောင်းသားတွေအတွက် ဘယ်လိုပြင်ဆင်ထားပါသလဲ။
ဖြေ။ ။ ကြိုတင်မဲကတော့ ပြည်ထောင်စုကသတ်မှတ်ပေးထားတာ နိုဝင်ဘာ ၆ ရက် (၇)ရက် ပဲဖြစ်ပါတယ်။ ဒါပေမဲ့ ကော်မရှင်ကိစ္စနဲ့ ပတ်သတ်ပြီး ပြည်သူ့ရဲတို့၊ အထူးရဲ၊ မဲရုံဝန်ထမ်းတွေကိုတော့ အောက်တိုဘာ ၂၉ ရက်က နေစပြီးပေးလို့ရပါပြီ။