မတူပီမြို့၌ မဲရုံလုံခြုံရေးကို အထူးရဲနှင့်ပြည်သူ့ရဲက တာဝန်ယူသွားမည်

မတူပီမြို့၌ မဲရုံလုံခြုံရေးကို အထူးရဲနှင့်ပြည်သူ့ရဲက တာဝန်ယူသွားမည်
by -
ဆလိုင်းကျော်မိုးထွန်း
ဆလိုင်းကျော်မိုးထွန်း ချင်းဝေါလ် — “တပ်ရင်းတွေရှိတယ်ဆိုပေမဲ့လည်းလာမည့့်ရွေးကောက်ပွဲမှာတော့မဲရုံတွေမှန်သမျှ ကိုအထူးရဲ နှင့်ပြည့်သူ့ရဲက ပဲတာဝန်ယူပေးမှာပါ။ မဲရုံတိုင်းမှာတော့အထူးရဲတာဝန်ဖြစ်တယ်”ဟု မတူပီမြို့နယ်ရဲမှူး ဦးဌေးဝင်းနှင့်တွေ့ ဆုံမေးမြန်းထားပါတယ်။

မေး။  ။ ရာထူးနဲ့တာဝန်တွေကိုမိတ်ဆက်ပေးပါ။

ဖြေ။ ။ ကျွန်တော်နာမည်ကတော့ရဲမှူးဌေးဝင်းဖြစ်ပါတယ်။၂၀၁၃ ခုနှစ်ကစတင်ပြီး မတူပီမြို့မှာစတင်တာဝန် ကျပါတယ်။

မေး။  ။ ရဲမှူးကြီးတာဝန်ထမ်းဆောင်တဲ့အချိန်မှာအမှုပေါင်းဘယ်လောက်ရှိပါသလဲ။

ဖြေ။  ။ ကျွန်တော်တို့စီမှာအမှုခင်းကတော့နည်းပါးပါတယ်။ ၂၀၁၅ ခုနှစ် ၁ ပိုင်းကစပြီးအခုချိန်ထိဆိုရင် ၁၀လပိုင်းအထိ အမှုပေါင်း၃၀ကျော်လောက်ပဲရှိပါတယ်။ မှုခင်းကတော့သိပ်မရှိပါဘူး။

မေး။  ။ ၂၀၁၀ ရွေးကောက်ပွဲမှာဘယ်လိုတာဝန်ထမ်းဆောင်ခဲ့ပါသလဲ။

ဖြေ။  ။ ၂၀၁၀ တုန်းကတော့ကျွန်တော်ကတပ်ဖွဲ့မှာဗျ။ မှုခင်းတပ်ဖွဲ့CIDမှာတာဝန်ထမ်းဆောင်ပါတယ်။

မေး။ ။ အခု ၂၀၁၅ ခုနှစ်မှာတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်အောင်ရဲမှူးကြီးတို့အနေနဲ့ဘယ်လို များပြင်ဆင် ထားပါသလဲ။

ဖြေ။  ။ ဒီမှာတော့လုံခြုံရေးကိစ္စတွေ၊ဆက်သွယ်ရေးကိစ္စတွေမှာဆက်သွယ်ရေးလမ်းကြောင်းတွေ၊ ဆက်သွယ်ရေးကွန်ယက်တွေ၊ ရွေးကောက်ပွဲကာလမှာတစ်နေရာကနေတစ်နေရာသွားလာနိုင်တဲ့အနေ အထား တွေဒါတွေကိုချိန် ဆပြီး၊ မြေပုံကားချပ်တွေပေါ်မှာတင်ရပါတယ်။ ဆက်သွယ််မဲ့နေရာတွေ ဆိုင်ကယ်၊ ကားသွား လာနိုင်မဲ့နေရာတွေနောက်ပြီးတော့ဖုန်း၊ ကျွန်တော်တို့ဆီမှာဖုန်းကဆက်သွယ်ရတာခက်ခဲပါတယ်။ ဒီတော့ ဖုန်းဆက်သွယ်လို့မရနိ်င်မဲ့နေရာတွေမှာစက်တွေကိုအဓိကထားဖို့၊ ဖုန်းမရတဲ့နေရာတွေမှာစက်တွေအလုံအ လောက်ထားနိုင်ဖို့ဒါလေး တွေကိုကြိုတင်ပြီးတော့လုပ်ကိုင်နေပါတယ်။

မေး ။  ။ အခုအထူးရဲသင်တန်းကို ဘယ်လိုမျိုး စတင်ရွေးခြယ်ပြီး သင်တန်းပေးခဲ့တာလဲ။

ဖြေ။  ။ အဓိက ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာတရားမျှတစွာကျင်းပဖို့အတွက် ရဲတပ်ဖွဲ့တစ်ခုတည်းနဲ့မလုံလောက် ပါဘူး။ မြို့နယ်အင်အားပေါ့ ဒါကြောင့်ဒီမှာရှိတဲ့မဲရုံတိုင်းကျွန်တော်တို့မြို့နယ်မှာက မဲရုံပေါင်း(၁၁၉)ခုရှိတယ်။ အဲဒီ၁၁၉ရုံအတွက်အထူးရဲ ၁၁၉ ဦးရှိပါတယ်။ ဒီိလိုခန့်အပ်နိုင်ဖို့အတွက်လည်းဒီမှာရှိတဲ့မြို့နယ်အုပ်ချုပ် ရေးအဖွဲ့တွေ၊ ရပ်ကျေးအဖွဲ့တွေနဲ့အတက်နိုင်ဆုံး ကိုယ့်မဲရုံမှာကိုယ့်ဒေသလူတွေပြန်လည်တာဝန်ထမ်း ဆောင်နိုင်အောင််ရွေးခြယ်ပြီးတော့မဲရုံရှိတဲ့နေရာမှာတာဝန်ချသွားမယ်။ ဒီလိုမျိုးရွေးချယ်နိုင်အောင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ အက်ဥပဒေ၊ ၂၇၊၂၈၊၂၉၊၃၀မှာပါတဲ့နည်းလမ်းတွေနဲ့  ကျွန်တော်တို့ကအဆင့်ဆင့်စီစစ် ပြီးတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို တင်ရပါတယ်။

မေး။  ။ အခုရွေးခြယ်ထားတဲ့ အထူးရဲတပ်သားတွေကို ဘယ်လို အသုံးပြုမှာလဲ၊ ဘယ်ချိန်က စတင် ခန့်အပ်သွားမှာလဲ

ဖြေ။  ။ ကျွန်တော်တို့ကအထူးရဲတပ်ဖွဲ့ဝင်တွေကို ၁၅ရက်ကစတင်ပြီးခန့်အပ်တာဝန်ပေးလိုက်ပြီးဖြစ်ပါတယ်။ တစ်လတိတိတာဝန်ပေးမှာပါ။ ပြီးတော့သင်တန်းကိုတော့၂၀ရက်ကနေစတင်ပြီး၃၁ ရက်ထိ ၂ပတ်တိတိ သင်တန်းပေးမှာဖြစ်ပါတယ်။

မေး။    ။ ရဲတပ်ဖွဲ့သင်တန်းကိုစတင် တက်ရောက်တဲ့ ချိန်ကစပြီး တပ်သားဖြစ်သွားပြီလား။

ဖြေ။      ။ မှန်ပါတယ်။ အထူးရဲတပ်ဖွဲ့သင်တန်းစတင်တက်တဲ့အချိန်ကနေစပြီးတော့  အထူးရဲပေမယ့် ရဲတပ်ဖွဲ့နည်းတူစည်းကမ်းကော၊ အစစအရာရာရဲတပ်ဖွဲ့ဝင်နည်းတူလိုက်နာကျင့်ကြံရမှာပါ။ခံယူရမှာပါ။

မေး။    ။ သူတို့ကို တာဝန်ပေးအပ် တဲ့အခါမှ သီးသန့်တာဝန် ပေးအပ်မှာလား။

ဖြေ။      ။ ကျွန်တော်တိ့ုဆီမှာကဇုံအလိုက်ဇုံနယ်မြေတွေရှိပါတယ်။ JOCလို့ခေါ်တဲ့ Joint Operation Center လို့ခေါ်တဲ့အဖွဲ့ကိုဖွဲ့ထားပါတယ်။ အဲဒီအဖွဲ့တွေကိုကိုယ့်မြို့နယ်ဒေသပေါ်မူတည်ပြီး၁၃ ဖွဲ့ဖွဲ့ထားပါတယ်။ အဲဒီ Joint Operation Centerမှာ ပြည်သူ့ရဲတွေ ချထားပေးပြီးမဲရုံတွေမှာ ကျတော့ မလောက်တဲ့အတွက် အထူးရဲကို ချထား ပေးထားပါတယ်။ JOC တွေနဲ့ပူးပေါင်းပြီးတော့ မဲရုံတွေကိုလှမ်းပြီး ကွပ်ကဲမှာပါ။

မေး။    ။ အခုမတူပီမှာ တပ်ရင်း(၃)  ခုရှိတဲ့အတွက် အဲဒီကမဲရုံတွေကို ဘယ်လိုလုံခြံုရေးယူမှာလဲ။ တပ်ကပဲတာဝန် ယူပေးမှာလား။

ဖြေ။  ။ မဲရုံတွေမှန်သမျှကို အထူးရဲနဲ့ ပြည့်သူ့ရဲကပဲ တာဝန်ယူပေးမှာပါ။ တပ်ရင်းတွေ ရှိပေမယ့်လည်း မဲရုံတိုင်းမှာ တော့အထူးရဲ တာဝန်ဖြစ်ပါတယ်။ ၂၀၁၅ နိုင်ဝင်ဘာ ၈ရက်မှာကျင်းပမဲ့ ရွေးကောက်ပွဲမှာ ပွင့်လင်း မြင်သာမှုရှိအောင် ဆောင်ရွက်တဲ့အခါမှာ လုံခြုံရေးပိုင်းမှာလည်း ချွတ်ယွင်းချက် မရှိအောင် မဲရုံးမှုး၊ ဒုတိယ မဲရုံး မှုး သူ့တို့နဲ့ပက်သက်တဲ့အခက်ခဲ၊ ကော်မရှင်နဲ့ပက်သက်တဲ့ အခက်ခဲတွေကို ကူညီဆောင်ရွက် ပေးနေပါတယ်။ ရွေးကောက်ပွဲကို အောင်အောင်မြင်မြင်နဲ့ ပြီးစီးနိုင်အောင် ဆောင်ရွက်နေပါတယ်။

January 3, 2016
“အဓိကကျွန်တော်တို့လိုခြင်တာကအစိုးရတစ်ရပ်ကနေ သူရဲ့နိုင်ငံသားပေါ်မှာ တာဝန်ယူမှု ၊ တာဝန်...
ဒီဇင်ဘာ ၂၉၊ ၃၀ရက်က ကျင်းပခဲ့သော UNA မှအစည်းဝေးကျင်းပနေစဉ်
January 3, 2016
“ဘာကြောင့်UNA မှာလျောက်ရသလဲဆိုရင်၊ UNAရဲ့မူဝါဒနဲ့ ကျွန်တော်တို့မူဝါဒခြင်းတူနေတယ်။...
Chin Agency မှ ရွေးကောက်ပွဲမတိုင်ခင်ကာလာ မဲဆန္ဒရှင်များသို့ မဲပေးပုံ ပညာပေးနေစဉ်
January 3, 2016
“ကျွန်တော်တို့ Chin Agency အဖွဲ့အနေဖြင့်ချင်းပြည်နယ် (၇)မြို့နယ်မှာ မဲဆန္ဒရှင်ပြည်သူ...
ဒီဇင်ဘာ ၁၇ ရက်က တော်ဝင်ဂါးဒင်းဟိုတယ်၌ ချင်းပါတီများတွေ့ဆုံစဉ်
December 24, 2015
“အခုလုပ်တဲ့အစည်းဝေးကတော့ စတုတ္တအကြိမ် ချင်းမိသားစုနိုင်ငံရေးပါတီ တွေ့ဆုံဆွေးနွေးပွဲပေါ့။...