အဆိုပါ ဖြစ်စဉ်နှင့်ပက်သက်ပြီး “ တစ်ခြားမြို့နယ်တွေမှာဘာမှမဖြစ်ပဲ တီးတိန်မြို့နယ်မှာအခုလိုဖောက်ခွဲခံရ တယ်။ ဒီလိုဖြစ်သွားပင်မဲ့လည်း လာမယ့်ရွေးကောက်ပွဲမှာ အနှောက်အယှက်ဖြစ်လာမယ်လို့တော့ မထင်ဘူး။ ပြီးတော့ ဒီကိစ္စကြောင့် ရွေးကောက်ပွဲနေ့မှာလုံခြုံရေးကို အထူးရဲဝန်ထမ်းသီးသန့်မဟုတ်ဘဲနဲ့ထပ်ပြီးတော့ ဆောင်ရွက်မလားဆိုတာတော့ မြို့နယ်အစိုးရတို့၊ ရဲတပ်ဖွဲ့တို့နဲ့မဆွေးနွေးရသေးပါဘူး”ဟု ၎င်းကဆက်ပြော သည်။
ချင်းပြည်နယ် တီး တိန်မြို့နယ်ရှိ CNF ချင်းအမျိုးသားတပ်ဦးဆက်ဆံရေးရုံး ဗုံးပေါက်ကွဲမှုသည် အောက်တိုဘာ ၁၉ ရက် ည ၁၁ နာရီ ၁၅မိနစ်အချိန်တွင် ဖြစ်ပွားခဲ့ပြီး ပစ္စည်းအနည်းငယ်သာပျက်စီးပြီး လူများထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်းသတင်းရရှိသည်။
“ ဘာကြောင့်လုပ်တယ်။ ဘယ်သူကလုပ်တယ်ဆိုတာပြောဖို့ကတော်တော်လေးခက်နေတယ်။ ကျွန်တော်တို့ လည်း ရုံးမှာညစောင့်မရှိဘူးလေ၊ မနေ့ည ၁၁နာရီ ၁၅မိနစ်လောက်မှာဗုံးကနှစ်ဆင့်ဆက်ပြီး ပေါက်သွားတာပေါ့၊ လုပ်တဲ့သူကနှစ်နေရာ လုပ်ထားတာကိုး၊အပြင်ကနေအုတ်နံရံကိုဖောက်ပြီးတော့အဲဒီမှာယမ်းကိုကပ်ပြီးထောက် ထားတာဆိုတော့ အဲဒီကပေါက်ကွဲမှုကနေ တဆင့်အထဲကိုဝင်တာပေါ့။ ပစ္စည်းတွေ့တော့နည်းနည်းပါးပါးလောက် ပဲပျက်စီးတယ်။ လက်လုပ်ဗုံးအမျိုးအစားပါပဲ” ဟုတီးတိန်မြို့နယ်ဆက်ဆံရေးတာဝန်ခံဦးမာန်နိုးကပြောသည်။
ချင်းပြည်နယ်တီးတိန်မြို့၌ ဆက်ဆံရေးရုံးစတင်ဖွင့်လှစ်သည့်အချိန်မှစ၍ ဒေသခံတစ်ချို့မှကန့်ကွက်မှုများရှိခဲ့ ပြီး ယခုကဲ့သို့ချင်းအမျိုးသား ဆက်ဆံရေးရုံးပေါက်ကွဲမှုနှင့်ပတ်သက်ပြီးချင်းပြည်နယ်မြို့ နယ်ရဲတပ်ဖွဲ့သို့မေးမြန်း ခဲ့ ရာ “ထိခိုက်မှုတော့မရှိပါဘူး။ အခုဖြစ်စဉ်ကိုစုံစမ်းစစ်ဆေးနေတုန်းဆိုတော့ အသေးစိတ်မသိနိုင်သေးဘူး”ဟု တာဝန်ကျရဲတပ်ဖွဲ့ကပြောသည်။
CNF ချင်းအမျိုးသားတပ်ဦးဆက်ဆံရေးရုံးကို ၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၅က်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ၂၀၁၄ မတ် ၂၇ရက် ည ၈နာရီခွဲတွင် တစ်ကြိမ်ဗုံးပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ကာ ယခုပေါက်ကွဲမှုသည်နှစ်ကြိမ်မြောက်ဖြစ်သည်ဟု သတင်းရရှိသည်။
ချင်းအမျိုးသားတပ်ဦး CNF ဆက်ဆံရေးရုံးများကို ချင်းပြည်နယ်ရှိ တီးတိန်၊ ထန်တလန်နှင့် မတူပီ မြို့များတွင် ဖွင့်လှစ်ထားသည်။
တီးတိန်မြို့သည်လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်မှပြည်သူ့လွှတ်တော်နေရာအတွက် အသက်အကြီးဆုံးလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဥက္ကဌ ပူးကျင့်ရှင်းထန်ကိုယ်တိုင်ဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်ပြီး ချင်းဒီမိုကရေစီအဖွဲ့ချုပ်၊ ချင်းအမျိုးးသားတိုးတက်ရေးပါတီ၊ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၊ USDP နှင့် NLD ပါတီတို့မှဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကာ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်နှစ်နေရာရရှိထားသောမြို့နယ်တစ်ခုဖြစ်သည်။