ကလေးခရိုင်၌ ချင်းပါတီ အပါအဝင် နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးရေးအတွက် အခက်ခဲများရှိ

ကလေးခရိုင်၌ ချင်းပါတီ အပါအဝင် နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးရေးအတွက် အခက်ခဲများရှိ
by -
ဆလိုင်းကျော်မိုးထွန်း
ဆလိုင်းကျော်မိုးထွန်း — စစ်ကိုင်းတိုင်းဒေသကြီး ၊ကလေးခရိုင်တွင် ချင်းလူမျိုးအများစု နေထိုင်ကြပြီး ချင်းပါတီ အပါအဝင် နိုင်ငံရေး ပါတီများ မဲဆွယ်စည်းရုံးရာ၌ လမ်းပန်းဆက်သွယ်ရေးကြောင့် ခက်ခဲမှုများ ကြံုတွေ့ နေရကြောင်း သတင်းရရှိသည်။

 စစ်ကိုင်းတိုင်းဒေသကြီး၌ ချင်းလူမျိုး သုံးသိန်းကျော်နေထိုင်ပြီး ကလေးခရိုင်တွင်တစ်သိန်းကျော် နေထိုင်လျှက်ရှိရာစစ်ကိုင်းတိုင်းဒေသကြီး အတွင်းရေကြီးရေလျှံမှုများထပ်မံဖြစ်ပွားခဲ့ပြီး လမ်းပန်းဆက် သွယ်ရေးခက်ခဲမှုကြောင့်နိုင်ငံရေး ပါတီများ မဲဆွယ်စည်းရုံးရေး သွားလာရာတွင် အခက်ခဲရှိနေကြောင်း နိုင်ငံရေးပါတီများထံမှ သိရသည်။

“ကျွန်တော်ဆိုရင် စစ်ကိုင်းတိုင်းဒေသကြီးထဲမှာ ငါးမြို့နယ် မဲဆွယ်ခွင့်ရတယ် ၊ တမူး၊ မုံရွှာ၊ ကလေး၊ ကလေးဝ နဲ့ ကော့လင်း မြို့နယ်တွေပါတယ်။ စစ်ကိုင်းတိုင်းတစ်တိုင်းလုံး နီးပါးရေကြီးမှုတွေ ဖြစ်တော့ လမ်းတွေတံတားတွေအကုန်ပျက်ပြန်လည်း မပြင်ကြဘူး။ ကိုယ်ထူကိုယ်ထစနစ်နဲ့ပဲ ပြန်လုပ်ထားတော့ သွားလာရေးခက်ခဲတယ်။ မဲဆွယ်စည်းရုံးရေး ဆိုတာက ပြည်သူလူထု နဲ့ကိုယ်တိုင် ထိတွေ့မှုရှိမှကိုယ် ဝင်ပြိုင်မဲ့ပါတီ၊နိုင်ငံရေးအကြောင်းသေချာသိမှလူထုရဲ့မဲတပြားကိုရမှာပါ။အခုလိုသွားလာလို့မရတော့ ကျွန်တော်တို့အတွက် နစ်နာဆုံးရှုံးမှုတွေရှိပါတယ်။ အတိုင်းအတာတခုထိ ထိခိုက်မှုရှိတာပေါ့” ဟု စစ်ကိုင်းတိုင်းဒေသကြီး ချင်းတိုင်းရင်းသားရေးရာ လွှတ်တော်ကိုုယ်စားလှယ် ဝင်ရောက် ယှဉ်ပြိုင်မည့် ချင်းဒီမိုကရေစီအဖွဲ့ချုပ်မှ ဥက္ကဌ ဦးလျန်နောင် ကပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင်အမျိုးသားလွှတ်တော် အတွက် မဲဆန္ဒနယ်စုစုပေါင်း ၁၂ ခု ၊ ပြည်သူ့ လွှတ်တော်အတွက် မဲဆန္ဒနယ်စုစုပေါင်း ၃၇ ခု နှင့် တိုင်းဒေသကြီးလွှတ်တော်အတွက် မဲဆန္ဒနယ် စုစုပေါင်း ရ၆ ခုရှိပြီး အမျိုးသားလွှတ်တော် ၊ ပြည်သူ့လွှတ်တော် နှင့် တိုင်းဒေသကြီးလွှတ်တော် အတွက် ကိုယ်စားလှယ်လောင်းစုစုပေါင်း ၅၀၃ ဦး ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

January 3, 2016
“အဓိကကျွန်တော်တို့လိုခြင်တာကအစိုးရတစ်ရပ်ကနေ သူရဲ့နိုင်ငံသားပေါ်မှာ တာဝန်ယူမှု ၊ တာဝန်...
ဒီဇင်ဘာ ၂၉၊ ၃၀ရက်က ကျင်းပခဲ့သော UNA မှအစည်းဝေးကျင်းပနေစဉ်
January 3, 2016
“ဘာကြောင့်UNA မှာလျောက်ရသလဲဆိုရင်၊ UNAရဲ့မူဝါဒနဲ့ ကျွန်တော်တို့မူဝါဒခြင်းတူနေတယ်။...
Chin Agency မှ ရွေးကောက်ပွဲမတိုင်ခင်ကာလာ မဲဆန္ဒရှင်များသို့ မဲပေးပုံ ပညာပေးနေစဉ်
January 3, 2016
“ကျွန်တော်တို့ Chin Agency အဖွဲ့အနေဖြင့်ချင်းပြည်နယ် (၇)မြို့နယ်မှာ မဲဆန္ဒရှင်ပြည်သူ...
ဒီဇင်ဘာ ၁၇ ရက်က တော်ဝင်ဂါးဒင်းဟိုတယ်၌ ချင်းပါတီများတွေ့ဆုံစဉ်
December 24, 2015
“အခုလုပ်တဲ့အစည်းဝေးကတော့ စတုတ္တအကြိမ် ချင်းမိသားစုနိုင်ငံရေးပါတီ တွေ့ဆုံဆွေးနွေးပွဲပေါ့။...