မေး ။ ။ အရင်ဆုံး ဆရာမ နာမည်၊ မိဘ နာမည်နဲ့ မွေးဇာတိကို မိတ်ဆက်ပေးပါ။
ဖြေ ။ ။ ကျွန်မ နာမည်ကတော့ ပီ ကမ်းခန့်ဒိမ်း ပါ။ အဖကတော့ ဦးကိမ်းဇဟောက် ဖြစ်ပြီတော့၊ အမိကတော့ ဒေါ်ဒိမ်းပုမ့်ကျိန်ဖြစ်ပါတယ်။ ကျွန်မရဲ့မွေးဇာတိက ထုတ်လိုင်ရွာ၊ တီးတိန်မြို့နယ် ဖြစ်ပါတယ်။
မေး ။ ။ ဆရာမဖြတ်သန်းခဲ့တဲ့ ပညာရေးကို လဲ ပြောပြပေးပါ။
ဖြေ ။ ။ သင်ကြားခဲ့တဲ့ ပထမဆုံးဘွဲ့ဆိုရင်တော့ ဥပဒေဘွဲ့(LLB) ပေါ့။ ကျွန်မတို့ စီးပွားရေးနဲ့ဆုုိင်တဲ့ (DBL)၊ ပြီးတော့ International law အနေနဲ့ (TIL)၊ ကျွန်မက Myanmar Egress မှာလဲ နုုိင်ငံရေးနဲ့ ပတ်သက်တဲ့ ပြည်သူ့သင်တန်းလဲ ပြီးခဲ့တယ်။ အဲဒီအပြင် ဒေါက်တာ နေဇင်လတ် ဖွင့်တဲ့ ကျောင်းမှာလည်း Polical mangement ကို တက်ရောက် ပြီးခဲ့ပါတယ်။
မေး ။ ။ ဆရာမ အခု ရွေးကောက်ပွဲမဝင် ခင်အထိပေါ့။ ဘယ်လိုလူမှုရေးလုပ်ငန်း တွေ လုပ်ဆောင် ဖြစ်ခဲ့ပါသလဲ။
ဖြေ ။ ။ ကျွန်မရဲ့ အသက်မွေးဝမ်းကျောင်းဖြစ်တဲ့ ရှေ့နေလုပ်တယ်။ အဲဒီအပြင် ကျွန်မရဲ့ နိုင်ငံရေး အတွေ့အကြုံ အရသော်လည်းကောင်း၊ ကျွန်မရဲ့ ပြည်သူလူထုကို ဘယ်လုုိသွားမလဲ ဆုုိတဲ့ပုံစံနဲ့ ကျွန်မရဲ့ အတွေးနဲ့ အန်ဂျီအိုမှာ လုပ်ပါတယ်။ အဲဒါကတော့ ကလေးသူငယ် အခွင့်အရေးဆိုင်တဲ့ UNCIC ကို ချင်းပြည်နယ်မှာ ကွင်းဆင်းပြီးတော့ ၂ နှစ် ခွဲအထိ လုပ်ခဲ့ပါတယ်။
မေး ။ ။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ဆရာမအနေနဲ့ ဘယ်မဲဆန္ဒနယ်မှာ ၀င်ရောက် ယှဉ်ပြိုင်မှာလဲ။
ဖြေ ။ ။ ကျွန်မကတော့ တီးတိန်မြို့နယ်၊ ပြည်နယ် မဲဆန္ဒနယ် အမှတ် (၂)ကနေ ၀င်ပြိုင်မှာ ဖြစ်ပါတယ်။
မေး ။ ။ ၂၀၁၀ ခုနှစ်က ဆရာမအနေနဲ့ ယှဉ်ပြိုင်တယ်လို့သိရတယ်။ဘယ်ပါတီကနေ ၀င်ပြိုင်ခဲ့တဲ့ အတွေ့အကြုံလေးတွေကို ပြောပြပါ။
ဖြေ ။ ။ ဟုတ်ကဲ့၊ ကျွန်မ ၂၀၁၀ ခုနှစ် ၀င်ပြိုင်ခဲ့တာကတော့ NDF ပါတီက ဖြစ်ပါတယ်။ အဲဒါပြီးတော့ အတွေ့အကြုံအရပြောရမယ်ဆိုရင် ကျွန်မတို့နိုင်ငံရဲ့ နိုင်ငံရေး၊ ရွေးကောက်ပွဲကို ပထမဆုံးအတွေ့အကြုံ ဖြစ်တဲ့အတွက် ရန်ကုန်တိုင်း တောင်ဥက္ကလာပ မြို့နယ်မှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တယ် ။ အဲဒီမှာ ကျွန်မတို့ (၅) ဦး ယှဉ်ပြိုင်ခဲ့တယ်။ အဲဒီချိန်တုန်းက လက်ရှိမြို့တော်ဝန်လဲ ဖြစ်နေတဲ့ ရန်ကုန်တိုင်း၊ ကြံ့ခိုင်ရေးပါတီ ပါတီ ဥက္ကဌ၊ ရန်ကုန်တိုင်းမှူးဖြစ်တဲ့ ဦးအောင်သိန်းလင်းနဲ့ ယှဉ်ပြိုင်ရတဲ့အတွက် များစွာသော အတွေ့အကြုံတွေ ရရှိခဲ့ပါတယ်လို့ပြောပြချင်တယ်။
မေး ။ ။ ၂၀၁၀ ခုနှစ်က ဆရာမအနေနဲ့ ပြည်မပါတီကနေ ယှဉ်ပြိုင်ခဲ့ပြီး အခု ၂၀၁၅ ခုနှစ် ကျတော့ ဘာဖြစ်လို့ တောင်ပေါ်ပါတီဖြစ်တဲ့ ဇုုိုုမီးပါတီကနေ ယှဉ်ပြိုင်တာလဲ။
ဖြေ ။ ။ ဟုတ်ကဲ့ပါ……ကျေးဇူးတင်ပါတယ်။ ကျွန်မ မြေပြန့်ပါတီကနေ ၀င်ပြိုင်လိုက်တဲ့ အချိန်မှာ ကိုယ့်ရဲ့ အခန်းကဏ္ဍက ကိုယ်ပါချင်သလောက် မပါ၀င်နိုင်ခဲ့ဘူးလို့ ကိုယ်ကိုကိုယ် ယူဆမိလာတယ်၊ မကောင်းတာတော့ မဟုတ်ဘူးနော်။ ဒါပေမဲ့ ကိုယ်လုပ်ချင်တာ၊ ကိုယ်လိုချင်တာ ဘာလဲဆိုတာ ကျွန်မအဲဒီ ပြည်မပါတီနဲ့ ၀င်ခဲ့တဲ့အတွက်မိုလို့ ကိုယ့်လူမျိုး အတွက်၊ ကိုယ့်ဒေသအတွက်် လုပ်ရမယ်ဆိုတာကို အလိုလိုသိလာရတယ်။ အဲဒါက ဘာလဲဆိုရင် ပြည်မပါတီမှာ ၀င်ခဲ့တဲ့အတွက် ရလာတဲ့အတွေ့အကြုံ ဖြစ်တယ်။အဲဒါကြောင့် ကိုယ့်ဒေသမှာ ၀င်ပြိုင်ပါတယ်လို့ ပြောချင်ပါတယ်။
မေး ။ ။ ဆရာမရဲ့ အဓိက ယှဉ်ပြိုင်ဖက် ပါတီက ဘယ်ပါတီဖြစ်မလဲ။
ဖြေ ။ ။ အခု ကျွန်မတို့က အားလုံး ယှဉ်ပြိုင်မှာက (၇) ဦးပေါ့။ အဲဒီထဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီ၊ ချင်းဒီမိုကရေစီ အဖွဲ့ချုပ်၊ NUP ၊ CNDP ၊ CPP လဲပါတယ်။ ကျွန်မတို့ ZCD ရဲ့ မဲန္ဒနယ် အမှတ် (၂)မှာ အားလုံးပေါင်း (၇) ဦး ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
မေး ။ ။ အခု စည်းရုံးရေးဆင်းနေတဲ့ အခြေအနေကရော ဘယ်လိုရှိလဲ။
ဖြေ ။ ။ စည်းရုံးရေးဆင်းနေတဲ့ အခြေအနေကတော့ ကောင်းပါတယ်။ ကျွန်မတို့က တစ်ရွာပြီးတစ်ရွာ သွားတာပေါ့နော်။ အဓိကအားဖြင့် ဒီရွေးကောက်ပွဲ နေ့အတွက် ကျွန်မ ပြည်သူတွေကို သိစေချင်တာလည်းပါတယ်၊ မဲလည်း လိုချင်တာပါတယ်ပေါ့။ ကျွန်မရဲ့ မဲဆန္ဒနယ်အမှတ် (၂) ဆိုရင် ရွာ (၇၀ ) ရှိတယ်။
အဲဒီရွာ (၇၀) အထိကို ရောက်အောင် ကျွန်မ ကြိုးစားနေပါတယ်။ တစ်ရွာပြီး တစ်ရွာပေါ့နော်၊ အခု ကျွန်မတို့ စဉ်းစားနေတာ ဒီနှစ်လအတွင်း ဘယ်လိုသွားမလဲပေါ့နော်၊ သူတို့ ပေးထားတဲ့ အတိုင်းဆိုရင် အချိန်က ရက်ပေါင်း(၆၀)ထိပဲရတယ်။ ကျွန်မတို့ကို ကော်မရှင်က(၈) ရက်နေ့ ရွေးကောက်ပွဲစလို့ ရပါပြီ ဆိုသော်ငြားလည်း၊ ကျွန်မတို့က ကော်မရှင်ကို (၈) ရက်မှာ စာတင်ရတယ်၊ အဲဒါပြီး သူတို့ ချပေးတဲ့ ရက်က (၁၀)ရက်နေ့မှ ချပေးတယ်။ ဆိုတော့ ကျွန်မတို့ အချိန်အရမ်းနည်း နေတာပေါ့ ။ အဲဒီတော့အသားကုန် run ပြီးတော့ သွားနေရတယ်။
မေး။ ။စည်းရုံးရေး ဆင်းတဲ့အခါမှာ ဆရာမတို့အတွက် အခက်အခဲတွေက ဘာတွေဖြစ်မလဲ။
ဖြေ။ ။အခက်အခဲ ဆုုိတာကတော့ ကျွန်မသိပ်ပြောစရာမရှိပါဘူး။ ဘာဖြစ်လိ်ု့လဲဆိုတော့ ကျွန်မတိုု့က ပြည်သူအတွက် ရွေးကောက်ခံမယ် ၊ပြည်သူအတွက် အလုပ်လုပ်မယ် ဆိုတဲ့ အမာခံတစ်ဦး အနေနဲ့အခု ကျော်လွှား နေတဲ့အတွက် အခုဖြစ်ပေါ်နေတဲ့ အရာတွေကို အခက်အခဲလို့တော့ မဆုုိချင်ဘူး။ ဒီထက်ခက်ခဲရင် တောင်မှ ကျွန်မတို့က လုပ်ရမယ် ပေးဆပ်ပါမယ်လို့ ကိုယ့်ကိုကိုယ် ဆုံးဖြတ်ပြီးမှ ဒီပါတီဝင် တဲ့အတွက်ကြောင့် အခက် အခဲလို့ မယူဆ ချင်ပါဘူး။
မေး။ ။ အခု ချင်းပြည်နယ် နေရာတိုင်းမှာ သဘာဝဘေးဒဏ် သင့်တွေ တော်တော်များများ ကြံုတွေ့နေရတဲ့ အတွက်ကြောင့် ဒီရွေးကောက်ပွဲပေါ်မှာ ပြည်သူလူထုက စိတ်ဝင်စား မှုရှိရဲ့လား။
ဖြေ။ ။ပြည်သူတွေကတော့ စိတ်မဝင်စားဘူး ဆိုတာထက် ကျွန်မထင်တာတော့ သူတို့တွေက စိတ်ဝင်စားကြပါတယ်။ ဘေးဒဏ် သင့်တယ်ဆိုတာ ဖြစ်ပေမယ့် ဘေးအန္တရာယ် မကျရောက်လာတဲ့ အချိန်မှာ ပြည်သူလူထုက တီးတိန်မြို့မှာ ဆိ်ုလည်း ဌာနဆိုင်ရာ သော်လည်ကောင်း ၊အမ်ဂျီအိုသော်လည်း ကောင်း၊ CSO သော်လည်ကောင်း၊ ပါတီဆို်ဒ်က သော်လည်ကောင်း၊ အားလုံးက ၀ိုင်းဝန်းပြီး လုပ်တဲ့အတွက် ကြောင့် သူတို့ရဲ့စိတ်ဓါတ်တွေ လည်းမြင့်သွားသလိုဖြစ်တယ်။
အဲဒီအတွင်းမှာ ကျွန်မတုုိ့က ရွေးကောက် ပွဲလည်းရှိပါ တယ်ဆိုတာ ပြောပြီးတော့ အကယ်၍ ရွေးကောက်ပွဲမှာ သာတင်မြှောက်လုုိ့ကတော့ ကိုယ့်အပေါ်မှာ လုပ်ပေးနိုင်တဲ့ သူတစ်ဦး ပေါ်လာမယ် ဆိုရင်ပိုကောင်းတယ် ဆိုတဲ့စိတ်ဓါတ်မြင့်တဲ့အနေ နဲ့သွားတဲ့အတွက်ကြောင့် သူတို့ စိတ်ဝင်စားမှု အားနည်းတယ်လို့ ကျွန်မတော့ မယူဆပါဘူး။
မေး။ ။ဆရာမနေနဲ့အနိင်ရခဲ့မယ် ဆိုရင်ပြည်သူလူထုအတွက် ဘယ်အပိုင်းတွေကို ဦးစားပေး လုပ်ဆောင်ပေး သွားပါမလဲ။
ဖြေ။ ။ကျွန်မတစ်ကယ်တန်း လုပ်ဆောင်ချင်တာ ကတော့ တရားဥပဒေ စိုးမိုးရေး၊ အမျိုးသမီးနှင့် ခလေးသူငယ် အခွင့်အရေးဆိုင်တဲ့ စီမံအုပ်ချုပ်မှုတွေကို အဓိကလုပ်ချင်တယ်။ အဲဒါနှင့်တွဲပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ဇယား(၂) မှာတွဲပြီး ဖော်ပြထားသော ကျွန်မတိို့ ချင်းပြည်နယ် ခွဲတမ်းကို ရရှိအောင် အတတ်နိုင်ဆုံး ဆောင်ရွက်ချင်ပါတယ်။
မေး။ ။ချင်းနိုင်ငံရေးမှာ အမျိုးသမီးတွေရဲ့ ပါ၀င်မှု အနေအထားကို ဘယ်လို သုံးသပ်မိ ပါသလဲ။
ဖြေ။ ။ ဘယ်လိုသုံးသပ်မိပါသလဲ ဆိုတော့ ဒီအခင်းအကျင်းမှာတော့ ကျွန်မတို့တွေက အမျိုးသမီးတွေကို သွားပြီး သင်တန်းပေးတယ် အတူအလုပ်တွေ လုုပ်ရအောင်လုုိ့ ပြောပေမဲ့ သူတိုု့ကုုိယ်တွေက ပါ၀င်ဖုုိ့ စိတ်ဓါတ်မရှိသေးဘူးလုုိ့ ကျွန်မ ယူဆချင်ပါတယ်။
မေး ။ ။ နိုင်ငံရေးမှာ အမျိုးသမီးတွေ အဓိကပါ၀င် သင့်တဲ့အကြောင်းအရာက ဘာဖြစ်မလဲ။
ဖြေ။ ။ကျွန်မတို့ မိသားစုမှာ သော်လည်ကောင်း ၊လုပ်ငန်း စီမံကိန်းမှာ သော်လည်ကောင်း၊ ဌာနဆိုင်ရာမှာ သော်လည်းကောင်း၊ လုပ်ကြတဲ့ နေရာမှာလည်း နောက်ပြီး စီမံခန့်ခွဲတဲ့ နေရာမှာ အမျိုးသမီးတွေက အမျိုးသားတွေ ထက် ပိုပြီး ကျစ်လစ်တယ်။ တာဝန်ပေးတဲ့အခါ ယူထားတဲ့တာဝန်တွေ ကိုလည်း အမျိုးသားတွေ ထက်ပိုပြီး တော့ ပြီးမြောက်အောင် အသေးစိတ် ဆောင်ရွက်နိုင်တဲ့ အတွက်ကြောင့် ကျွန်မတို့ရဲ့နိင်ငံရေး အခင်းအကျင်း မှာပဲဖြစ်ဖြစ် ကိုယ်စားလှယ်တစ်ဦး အနေဖြင့်ပေါ့ အခွင့်အရေးရခဲ့ရင် အဲဒီအခွင့်အရေး အပေါ်မှာ လုပ်ရမဲ့ တာဝန်ယူမှု တာဝန်ခံမှုတွေမှာ အမျိိုုးသားတွေထက် အမျိုးသမီးတွေက ပိုဆောင်ရွက်နိုင်တဲ့ အတွက်ကြောင့် ကျွန်မတို့ရဲ့လွှတ်တော် အခန်းကဏ္ဍမှာဒီ အမျိုးသမီးတွေ တစ်ကယ်လိုအပ်တယ် ဆိုတဲ့ အကြောင်းကို ပြောပြချင် ပါတယ်။
မေး။ ။ဆရာမတို့ ပါတီအနေနှင့် ဘယ်လောက်ထိ အနိုင်ရမယ်လို့ မျှော်လင့်ထားသလဲ။
ဖြေ ။ ။ ဖြစ်နိုင်ရင်တော့ ဒီအခြေအနေအထား အရတော့ ကျွန်မတုုိ့ ၀င်မဲ့မြို့နယ်တုုိင်းမှာ ရမယ်လုုိ့တော့ မျှော်လင့်ထားပါတယ်။
မေး။ ။နောက်ဆုုံးအနေနဲ့ ပြည်သူကုုိ ဘာပြောချင်ပါသလဲ။
ဖြေ။ ။ ကျွန်မတုုိ့ ကွင်းဆင်းသွားရောက်တဲ့ မဲဆန္ဒနယ်တွေထဲမှာတော့ အများကြီး ပြောခဲ့ပါတယ်။ ဘယ်လုုိပဲ ဖြစ်ဖြစ် ၂၀၁၅ ရွေးကောက်ပွဲ အခင်းအကျင်းမှာ လူတယောက်စီက ကုုိယ့်အသဲထဲက မဲတပြားကုုိ ကုုိယ့်အတွက် တကယ်ဦးဆောင်နုုိင်မဲ့ ကုုိယ်စားလှယ်ကုုိ မဲပေးကြပါလုုိ့ အဲဒီအပြင် ကျွန်မတုုိ့ အမျိုးသမီးတွေ ပါ၀င်လာတဲ့အတွက် အမျိူးသမီးအခန်း ကဏ္ဍတွေမှာလည်း သက်ညှာသော အားဖြင့် အမျိူးသမီးတွေရဲ့ ဖွ့ံဖြိုးမှုကုုိ မြှင့်တင်တဲ့ အနေနဲ့ ပါ၀င်တဲ့ အမျိုးသမီးတွေကုုိ မဲပေးဖုုိ့ ပြောချင်ပါတယ်။