ပလက်ဝ မြို့နယ် ရခိုင်အမျိုးသားပါတီဥက္ကဌဦးထွန်းစိန်က“ပါတီမူဝါဒကတော့ တိုင်းရင်းသား အားလုံး စည်းလုံးညီညွှတ်မှု၊ တိုင်းရင်းသားတွေရဲ့့ အခွင့်အရေးကို ပြည့်ပြည့်ဝဝ တန်းတူညီတူရှိရေးကို အခြေခံပြီး အမျိုးဘာသာခွဲခြားမှုမရှိပဲ လုပ်ငန်းများအတူ လုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ပါတယ်။ နေရာပြည့့် ဝင်ပြိုင်မယ်။ အပြည့်အဝနိုင်မယ် လို့တော့မပြောနိုင်ဘူး ။ ကိုယ့်ပါတီကို တော့ အားကိုးတယ်၊ ယုံကြည်တယ််” ဟုဆိုသည်။
ရခိုင်အမျိုးသား ပါတီအနေဖြင့် စည်းရုံးရေး ဆင်းရာတွင် မူဝါဒပိုင်းဆိုင်ရာများ၊ တိုင်းရင်းသား မျိုးနွယ်စု အားလုံးကို တန်းတူရည်တူ အခွင့်အရေး ကိစ္စရပ်များနှင့် အဓိကထား စည်းရုံးရေး လုပ်နေကြောင်း၊ ထိုကဲ့သို့ စည်းရုံးရေး လုပ်ငန်းများတွင် ချင်းပါတီများဖြစ်သည့် တိုင်းရင်း သားမျိုးနွယ်များဖွံ့ဖြိုးရေးပါတီ၊ မြိုပါတီများနှင့် အတူတူ ပူးပေါင်းစည်းရုံးရေး လုပ်ဆောင် နေကြောင်း ဦးထွန်းစိန်ကပြောသည်။
ချင်းပါတီများဖြစ်သည့် ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီနှင့် ချင်းဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့်လည်း ရခိုင်ပြည်နယ် မြေပုံမြို့၊ မင်းပြားမြို့ နှင့် အမ်းမြို့နယ်များတွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ပလက်ဝမြို့နယ်နှင့် ဆမီးမြို့နယ်ခွဲများ၌၂၀၁၅ အောက်တိုဘာလတွင်ကောက်ခံသော အထွေထွေ အုပ်ချုပ်ရေး စာရင်းအရ လူဦးရေ(၉၆၅၈၀)ရှိပြီး ဒေသခံခူမီးလူမျိုးများမှာ (၅၉၅၁၇)ဦးကျော်နှင့် ရခိုင်လူမျိုး ၃၀၀၀၀ ကျော်နေထိုင်ကြောင်းသိရသည်။
ပလက်ဝမြို့နယ်၌် ၀င်ရောက်အရွေးခံမည့်နိုင်ငံရေးပါတီများမှာ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖြိုးရေးပါတီ ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ ချင်းဒီမိုကရက်တစ် ပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ခူမီး(ခမီး) အမျိုးသားပါတီ၊ တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက် ရေးပါတီ ၊ ရခိုင်အမျိုးသားပါတီနှင့် တစ်သီးပုဂ္ဂလ တို့ဖြစ်သည်။