ချင်းပြည်နယ် မဲဆန္ဒနယ်အတွင်း ဒေသတချို့ အဝါရောင် နယ်မြေသတ်မှတ်

ချင်းပြည်နယ် မဲဆန္ဒနယ်အတွင်း ဒေသတချို့ အဝါရောင် နယ်မြေသတ်မှတ်
လာမည့် ၂၀၁၅ နို၀င်ဘာ (၈) ရက်နေ့တွင် ကျင်းပမည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည် နယ် (၉) မြို့နယ်အတွင်း ထန်တလန်၊ တွန်းဇံ၊ ပလက်ဝမြို့နယ် မဲဆန္ဒနယ် သုံးခု အတွင်း ကျေးရွာ အုပ်စု တချို့အား အဝါရောင်နယ်မြေအဖြစ် သတ်မှတ်လိုက်သည်။

ချင်းပြည်နယ်ရဲတပ်ဖွဲ့မှ ယနေ့ အောက်တိုဘာ (၂)ရက်နေ့၊ ဟားခါးမြို့၊ ဗိုလ်ကြွန်ဘိခ် ခန်းမတွင် ပြုလုပ်သည့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာ ဆောင်ရွက်မည့် အစီအမံများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားတွင် ချင်းပြည်နယ် ရဲတပ်ဖွဲ့ရုုံး၊ ဦးစီးအရာရှိ ( ပထမတန်း) ဒုတိယရဲမှူးကြီး ဦးမြင့်နိုင်က တက်ရောက် လာသည့် နိုင်ငံရေး ပါ တီများ၊ အရပ်ဖက်လူ့အဖွဲ့အစည်းများ၊ မဲဆန္ဒရှင်ပြည်သူများထံ ယခုကဲ့သို့ ရှင်းလင်းခြင်းဖြစ်သည်။

ထန်တလန်မြို့နယ် ဗန်ဇန်တောင်ကြောတွင် CNF နေရာယူနေခြင်း၊ ပလက်ဝမြို့နယ်အတွင်း နယ်စပ်ဒေသ တချို့တွင် ရခိုင်တပ်မတော် အမည်ခံ AA လက်နက်ကိုင်အဖွဲ့ လှုပ်ရှားနေခြင်း၊ တွန်းဇံမြို့နယ် အတွင်း ကျေးလက်ဒေသ တချို့ တွင် အိန္ဒိယ လူမျိုးစု လက်နက်ကိုင် တစု အဝင်အထွက် ရှိနေခြင်းတို့ကြောင့် လုံခြုံရေးအရ ယခုကဲ့သို့ အဝါရောင် အဆင့်ဖြင့် သတ်မှတ်ခြင်းဖြစ်ကြောင်း သိရသည်။

CNF မှ တာဝန်ရှိတဦးကမူ " ငါတို့ နယ်မြေမှာက အဝါရောင်လို့တောင် သတ်မှတ်စရာမလိုပါဘူး၊ ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ပဲ အဓိကပါ၊ ပြည်သူတွေ လွတ်လပ်လုံခြုံစွာနဲ့ မဲထည့်စေချင်တယ် "  ဟု ပြောသည်။

ရှင်းလင်းချက်တွင် ရွေးကောက်ပွဲလုံခြုံရေးအရ ဖြစ်ပေါ်လာနိုင်သည့် အခက်အခဲများ ညှိနှိုင်းဆောင်ရွက်ရာတွင် အပစ်ရပ်လက် နက်ကိုင် အဖွဲ့များ၏ သက်ဆိုင်ရာ ဆက်ဆံရေးရုံးများ၊ မြန်မာနိုင်ငံငြိမ်းချမ်းရေး ဗဟို ( MPC) နှင့် အရပ်ဖက်အဖွဲ့ အစည်း များနှင့် ၀ုိင်းဝန်းဆောင်ရွက်နိုင်ရေး ပါ၀င်သည်။
 
ရှင်းလင်းပွဲတွင် ၂၀၁၅ ရွေးကောက်ပွဲကာလအတွင်း တွေ့ကြုံလာနိုင်သည့် စိန်ခေါ်မှု အခက်အခဲများ နှင့် ဖြေရှင်းရန် နည်းလမ်းများနှင့် ပါတ်သက်ပြီး ရဲတပ်ဖွဲ့၏ အစီအမံ အသေးစိပ်များကို Project ဖြင့် ဒုတိယ ရဲမှူးကြီးက ရှင်းလင်းခဲ့သည်။

ထို့အပြင် အခမ်းအနား အဖွင့် မိန့်ခွန်းတွင်လည်း ပြည်နယ်ရဲမှူးကြီး ဦးမြင့်လွင်က လက်ရှိ ချင်းပြည် သူများ ကြုံတွေ့နေသည့် သဘာဝဘေးဒါဏ်ကြောင့် ရွေးကောက်ပွဲအတွက် ကြုံတွေ့နေသည့် ကြုံတွေ့ လာနိုင်သည့် အခက်အခဲများ နှင့် ပူးပေါင်းဖြေရှင်းရေးပုံများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့အပြင် ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦး လင်းကျော်မှ ဒီမိုကရေစီ နိုင်ငံအတွင်း ရွေးကောက်ပွဲ အရေး ကြီးပုံ၊ မဲစာရင်း၊ မဲပေးသင့်သည်၊ မဲဘယ်လိုပေးရမည်နှင့် ပါတ်သက်ပြီး ရှင်းလင်းမှုပြုလုပ်ခဲ့သည်။်
 
ရှင်းလင်းမှုနှင့် ပါတ်သက်ပြီး ရွေးကောက်ပွဲတွင် တာဝန်ကျမည့် အမျိုးသမီး ၀န်ထမ်းတဦးက ရှင်းလင်းချက်များသည် အသေးစိပ်ကျသော်လည်း ကြေလည်မှုမရှိကြောင်း ပြောသည်။
 
"ရှင်းလင်းချက်တွေက ကောင်းပါတယ်၊ ဒါပေမဲ့ အချိန်နည်းလွန်းတဲ့အတွက် ကျမအတွက်တော့ အနည်းအကျဉ်း ဝေဝါးနေသေးတယ်၊ ဘာပဲဖြစ်ဖြစ် လုပ်ယင်းနဲ့ နားလည်အောင် လုပ်ရမှာပေါ့နော်" ဟု ပြောသည်။
 
ယခုနှစ် နို၀င်ဘာ (၈) ရက်နေ့တွင် ကျင်းပမည့် တနိုင်ငံလုံးအထွေထွေရွေးကောက်ပွဲကာလအတွင်း ချင်းပြည်နယ် အတွင်း ရွေးကောက်ပွဲ လုံခြုံရေးအတွက် ချင်းပြည်နယ် (၉)မြို့နယ် မဲဆန္ဒနယ်အားလုံးတွင် အထူးရဲတပ်ဖွဲ့ အင်အား ၁၀၂၉ ဦး တာဝန်ချထားမည်ဟု သိရပြီး မီးသတ်တပ်ဖွဲ့နှင့် အရပ်ဖက်လူ့အဖွဲ့အစည်းများ၊ သတင်းမီဒီယာများမှ ၀န်းရပြီး ပံ့ပိုးကြမှာဖြစ်သည်ဟု သိရသည်။

January 3, 2016
“အဓိကကျွန်တော်တို့လိုခြင်တာကအစိုးရတစ်ရပ်ကနေ သူရဲ့နိုင်ငံသားပေါ်မှာ တာဝန်ယူမှု ၊ တာဝန်...
ဒီဇင်ဘာ ၂၉၊ ၃၀ရက်က ကျင်းပခဲ့သော UNA မှအစည်းဝေးကျင်းပနေစဉ်
January 3, 2016
“ဘာကြောင့်UNA မှာလျောက်ရသလဲဆိုရင်၊ UNAရဲ့မူဝါဒနဲ့ ကျွန်တော်တို့မူဝါဒခြင်းတူနေတယ်။...
Chin Agency မှ ရွေးကောက်ပွဲမတိုင်ခင်ကာလာ မဲဆန္ဒရှင်များသို့ မဲပေးပုံ ပညာပေးနေစဉ်
January 3, 2016
“ကျွန်တော်တို့ Chin Agency အဖွဲ့အနေဖြင့်ချင်းပြည်နယ် (၇)မြို့နယ်မှာ မဲဆန္ဒရှင်ပြည်သူ...
ဒီဇင်ဘာ ၁၇ ရက်က တော်ဝင်ဂါးဒင်းဟိုတယ်၌ ချင်းပါတီများတွေ့ဆုံစဉ်
December 24, 2015
“အခုလုပ်တဲ့အစည်းဝေးကတော့ စတုတ္တအကြိမ် ချင်းမိသားစုနိုင်ငံရေးပါတီ တွေ့ဆုံဆွေးနွေးပွဲပေါ့။...