အဆိုပါ သဘာဝဘေးဒဏ်ကြောင့် ချင်းပြည်နယ်တွင် လမ်းတံတားများ၊ လူနေအိမ်များပြိုကျပျက်စီးပြီး တောင်ယာစိုက်ခင်းများ ပျက်စီးသောကြောင့် နေ့စဉ်စားဝတ်နေရေးအတွက်သာ ရုန်းကန်နေရသည်အတွက် မဲစာရင်းစိတ်ဝင်းစားမှုနည်းခြင်းဖြစ်သည်ဟုဒေသ ခံများကပြောသည်။
“မဲစာရင်းမှာ ကိုယ့်နာမည်ပါ၊ မပါစိတ်မဝင်စားကြဘူး။ ဒါထက်လက်ရှိ စာရေးသောက်ရေးနေရေးအတွက်ပဲ စိတ်ထဲမှာရှိတယ်။
ဒုက္ခသည်စခန်းတွေ မှာဆို စားရေးနေရေးကအရမ်းခက်ခဲတယ်။ ပြီးတော့ ကျေးရွာချင်းဆက် လမ်းတွေလည်းပျက်စီးကုန်တော့
လူသွားဖို့တောင်ခက်တယ်။ သူတို့တွေ မဲစာရင်းရောဘယ်လိုကြည့်နိုင်မလဲ၊ မဲရောဘယ်လိုပေး ကြမလဲ” ဟု ကျေးလက်နေပြည်သူများ အတွက် ပူပန်ကြောင်းကိုဟားခါးမြို့ဒေသခံ ဆလိုင်းသွီးဒိမ်းကပြောကြားသည်။
ထို့ပြင်ကျေးလက်ဒေသ၌ မြန်မာစာအားနည်းခြင်းကြောင့် မဲစာရင်းကြည့် ရူရာတွင် အခက်အခဲကြံုတွေ့နေရကြောင်းသိရသည်။
“ကျေးရွာတွေမှာ မြန်မာစာမဖတ်တက်တဲ့သူများတော့ ကိုယ့်နာမည်ပါ, မပါ လာကြည့်တဲ့သူနည်းတယ်။ မဲစာရင်းကို အက္ခရာစဉ်နဲ့ကပ်တာကြောင့် ကိုယ့်နာမည်ကို ဘယ်လိုစလုံးပေါင်းလည်းဆိုတာမသိကြတဲ့အတွက် ပိုပြီးအခက်အခဲဖြစ်စေတယ်”ဟု ဖလမ်းမြို့နယ် ပြည်နယ် လွှတ်တော် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ်လောင်း ဆလိုင်းငယ်ပီးကပြောကြား သည်။
မဲစာရင်းကို အက္ခရာစဉ်ဖြစ်ပြောင်းလဲခြင်း၊ တိုင်းရင်းသားအမည်များ စလုံးပေါင်းသတ် ပုံမှားယွင်းမူများပြားခြင်းနှင့် မဲစာရင်းကပ်ထားသည့် အချို့နေ ရာတွင် အစောင့်မရှိခြင်းကြောင့် ကျေးလက်နေ မဲဆန္ဒရှင်ပြည် သူများအခက်အခဲဖြစ်စေသည်ဟု ၄င်းကဆက်လက်ပြောကြားသည်။
“အခုတွေပါတီတွေလည်း ပူးပေါင်းလာကြတော့ အရင်ကထက်စာရင် မဲစာရင်း ကိုပြည်သူတွေ ပိုစိတ်ဝင်တစားရှိကြတယ်။ အိမ်ထောင်စုများတဲ့ ရပ်ကွက် မှာတော့ အက္ခရာစဉ်လိုက်ရေးတာက နာမည်ရှာရတာလွယ်ကူတယ်”ဟု ဖလမ်းမြို့နယ် ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဒုတိယဦးစီးမှူး ဦးရမ်ဇမာန် ကပြောသည်။
ကန်ပလက်မြို့ဒေသခံ ဒေါ်ရှန်းထန်းက “မဲစာရင်းမှာနာမည်မပါတာများတယ်။ ပြီးတော့ နယ်ဘက်မှာလမ်းတံတားတွေ အကုန်ပျက်စီးတော့ သွားရေးလာရေး ခက်ခဲတဲ့တွက် နိုင်ငံရေးပါတီတွေစည်းရုံးရေး ကောင်းကောင်းမလုပ်နိုင်ကြဘူး”ဟုပြောကြားသည်။
ဒုတိယအကြိမ် မဲစာရင်းကို စက်တင်ဘာ ၁၄ ရက်မှ ၂၇ ရက်ထိ တစ်နိုင်ငံလုံး ရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ၁၃ ရက် အကြာ ကြေ ညာမည်ဖြစ်သည်။
နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲတွင် ချင်းပြည်နယ်၌ လွှတ်တော်အမတ် ၃၉ နေရာအတွက် နိုင်ငံရေးပါတီ ၁၃ ပါတီနှင့် တစ်သီးပုဂ္ဂလ ရ ဦးမှ လွှတ်တော်အမတ်လောင်း စုစုပေါင်း ၂၀၂ ဦးက ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်