"မိုးနည်းနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်မှုများလုပ်ထားရမယ်" ဟုဆိုသည့်ဒေါက်တာထွန်းလွင် နှင့်တွေ့ဆုံခြင်း

"မိုးနည်းနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်မှုများလုပ်ထားရမယ်" ဟုဆိုသည့်ဒေါက်တာထွန်းလွင် နှင့်တွေ့ဆုံခြင်း
by -
ကန္တာရဝတီတိုင်း(မ်)
"ကယားပြည်နယ်အနေနဲ့ မိုးနည်းနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်ထားရမယ်။ ထူးထူးခြားခြား တွေ့ရတာကတော့ ကယားပြည်နယ်မှာ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း အမြင့်ဆုံးဖြစ်နေတာ မြန်မာပြည်မှာ အဲ့ဒါလေးလည်း သတိထားဖို့ပါ။” လို့ဆိုလိုက်တဲ့ မိုးလေဝါသပညာရှင် ဒေါက်တာထွန်းလွင် နှင့် မေ ၂၂ ရက်မှာ ပြုလုပ်တဲ့ “ရာသီဥတု နိုင်ငံရေး” ဟောပြောပွဲအပြီး ကယားပြည်နယ် ရာသီဥတုပတ်သက်တဲ့ အကြောင်းအရာတွေကို ကန္တာရဝတီတိုင်း(မ်) သတင်းထောက် စိုင်းလင်းလင်းဦးက တွေ့ဆုံမေးမြန်ထားပါတယ်။

မေး။ ။ ဒီပြည်နယ် ရောက်တုန်းရောက်ခိုက် ရာသီဥတုနဲ့ ပတ်သက်ပြီး ဆရာပြောထားတာ အယ်နီညိုရာသီဥတုကြောင့် မြန်မာနိုင်ငံမှာ မိုးနည်းလိမ့်မယ်ပေါ့။ ဒီပြည်နယ်ကလည်း စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်နေတဲ့ ပြည်နယ်ဆိုတော့ ဘာတွေများ ပြင်ဆင်မှုတွေ လုပ်ထားသင့်သလဲ။

ဖြေ။ ။ ဒီနှစ်က မိုးကတော့ အခုမုန်တိုင်းဖြစ်လိုက်တဲ့အတွက် ဝင်သွားပြီပေါ့နော်။ ဒါပေမယ့် နောက်ပိုင်း မိုးမှန်ဖို့ကတော့ တော်တော်ခက်တယ်။ ခုနပြောသလိုပဲ မိုးကသိပ်နည်းချင်လည်းနည်းမယ် များချင်လည်းများမယ်။ သူက အစွန်းနှစ်ခု ဖြစ်နေတယ်။ ဒီကယားတို့ ဘာတို့ကတော့ နည်းဖို့များတာပေါ့နော်။ အဓိက ကယားရဲ့ပြဿနာဘာလဲဆိုရင် သူက မုတ်သုံမိုးထက် အရှေ့ဖက်ကလာတဲ့ လေပွေလိုင်းမိုးက ပိုပြီးမိုးရတော့ အခုနောက်ပိုင်းမှာ အရှေ့ဖက်ကလာတဲ့ လေပွေလိုင်းတွေက တော်တော်နည်းနေတယ်။ မနှစ်ကဆို တစ်နှစ်လုံးမှ တစ်ကြိမ်နှစ်ကြိမ်ပဲလာတယ်။ ခါတိုင်းဆို ဆယ်ကြိမ်လောက်လာတယ်။ အရှေ့ဖက်က ရှမ်းတို့ ကယားတို့မှာ တော်တော်ထိိခိုက်တယ်ပေါ့နော်။ နောက်တစ်ခုက သစ်တောပြုန်းတာတွေက ရှမ်း၊ကယားတို့ဖက်မှာ တော်တော်ဆိုးတယ်။ ဆိုတဲ့အတွက် သူကအပူချိန်လည်း မြင့်တယ်။ မိုးကတော့နည်းဖို့များဖို့က လက်ရှိအနေအထားကတော့ နည်းတဲ့ဖက်က ပိုများမယ်။ အဲ့ဒီအတွက်ကြိုတင်ပြင်ဆင်ဖို့ပါပဲ။ နောက်တစ်ခုက မုန်တိုင်းကအခုချိန်အထိ အရှေ့ဖက်ကတော့ လာဖို့မရှိသေးဘူး။ တကယ်လို့လာမယ်ဆိုရင် ဂျုူလိုင်လလောက်မှ စလာမယ် အဲ့ချိန်မှ မိုးရွာစရာအကြောင်းရှိမယ်။ ထူးထူးခြားခြား တွေ့ရတာကတော့ ကယားပြည်နယ်မှာ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း အမြင့်ဆုံးဖြစ်နေတာ မြန်မာပြည်မှာ အဲ့ဒါလေးလည်း သတိထားဖို့ပါ။ ဒါကလည်း တစ်နည်းအားဖြင့် မိုးနည်းတာနဲ့ တိမ်ဖြစ်ပေါ်မှုနည်းတာကို ပြနေတယ်။ အဲ့ဒါကို ဒေသခံတွေက ဂရုစိုက်ဖို့ပါ။

မေး။ ။ ဆိုတော့ ဆရာခုက ပြောသလိုမျိုးပဲ မိုးနည်းမယ်ဆိုတော့ အစိုးရအပိုင်းကကော ဘယ်လိုမျိုးပံ့ပိုးမှုတွေ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားသင့်သလဲ။

ဖြေ။ ။ ပံ့ပိုးမှုကတော့ ဖြစ်နိုင်ရင် နည်းပညာပိုင်းပေါ့။ မိုးနည်းရင် ဘယ်လိုမျိုးလုပ်မှာလဲ။ ပြည်နယ်မှာလည်း စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ ပညာရှင်တွေလည်းရှိတာပဲလေ အဲ့ဒီသူတွေရဲ့ အကြံဉာဏ်နဲ့ အကူအညီကတော့ယူသင့်တာပေါ့။ စိုက်ပျိုးရေးဆိုရင် စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ ပညာရှင်တွေက ဘာလုပ်သင့်လဲ။ သီးနှံအမျိုးအစားကအစ စိုက်တဲ့အချိန်ကအစ ဒါလေးတွေကို ချိန်ဆသင့်တယ်။

မေး။ ။ အယ်နီညိုရာသီဥတုက ပြီးခါနီးပြီဆိုတော့ လာမယ့် လာနီညာရာသီဥတုအတွက်ကော ဘာတွေပြင်ဆင်ထားသင့်သလဲ။

မေ။ ။လာနီညာက အောက်တိုဘာလလောက်မှစမယ် လာနီညာရဲ့ အကျိုးသက်ရောက်မှုက ဒီနှစ်ထက် လာမယ့်နှစ်မိုးရာသီမှာ ပိုပြီးအရေးပါမယ်။ လာမယ့်နှစ်ကတော့ မိုးများမယ်ပေါ့။ အဲ့ကျရင် မုန်တိုင်းလာတာပိုများမယ်။ ဆိုတော့ ရေကြီးတာလည်း မြန်မာပြည်မှာ ပိုသတိထားရမယ်။ ဒီဖက်မှာလည်း အထိုက်အလျောက် မြေပြိုတာလည်း ရှိတယ်ဆိုတော့ ရေကိုသတိထားဖို့လိုမယ်။

မေး။ ။ ဆရာ့အနေနဲ့ ဘာတွေများ ဖြည့်စွတ်ပြောကြားချင်သေးလဲ။

ဖြေ။ ။ သေချာတာကတော့ မြန်မာပြည်မှာ မျှတတဲ့ရာသီဥတုကတော့ မရှိတာများတယ်။ အဲ့ဒါကြောင့် ဘာပဲလုပ်လုပ် အချိန်လို်က်ပြောင်းလဲနေတာတွေကို အမြဲတမ်းကိုယ်က သိနေဖို့ပေါ့။ ရာသီဥတု သတင်းအချက်အလက်တွေကို အလွယ်တကူရဖို့အတွက် ဒီဒေသအတွင်းမှာ တာဝန်ရှိတဲ့သူတွေ ဆောင်ရွက်သင့်တယ်။ အခုဆိုရင် ဆက်သွယ်ရေးလမ်းက တအားကောင်းနေပြီလေး မိုဘိုင်းဖုန်းတွေရှိတယ်။ ဖေ့ဘုတ်တွေရှိတယ်။ အဲ့ဒါတွေ လူတွေတွင်တွင်ကျယ်ကျယ် သုံးတက်အောင် သုံးတဲ့အလေ့အကျင့်တွေ ရအောင်တော့ သိမယ်ဆိုရင် ဒါရာသီဥတုသတင်းက အမြဲသိနေရမှာပေါ့ အဲ့ဒါကတော့ အနည်းဆုံးလုပ်သင့်တဲ့ အရာပါ။

December 2, 2024
“အင်အားကြီး နိုင်ငံ နှစ်ခုလုံးက မြန်မာ့အရေးနဲ့ ပတ်သက်ရင် ဆီးရီးယားတို့ ၊ လစ်ဗျားတို့လို...
ဆလိုင်းဒိုခါရ် (India for Myanmar)
November 29, 2024
ချင်းပြည်နယ်မှာ စစ်အာဏာသိမ်းမှုကို ၃ နှစ်ကျော်ကြာ လက်နက်စွဲကိုင်တော်လှန်ကြရင်း ချင်းအင်အားစုတွေ...
KHRG ပြောခွင့်ရ စောနန္ဒဆူး
November 25, 2024
“အရေးယူဆောင်ရွက်မှု မလုပ်သရွေ့တော့ အရပ်သားပြည်သူတွေအတွက် တရားမျှတမှု ဘယ်တော့မှရမှာမဟုတ်သလို၊...
November 21, 2024
“စစ်ကောင်စီကျောင်းကို ကြိုဆိုတာတော့မဟုတ်ဘူး၊ အခြေအနေအရပါပဲ” ကေအဲန်ယူ-...