ကျမတို့ အချိန်ကာလ အရင်ကြည့်ရအောင်အချိန်ကာလ အကန့် အသတ် တခုလိုတယ်လို့ဘာကြောင့် ကျမတို့ဆုံးဖြတ်ရသလဲဆိုရင် တခြားနိုင်ငံ ကနေရတဲ့ အတွေ့အကြုံ ကိုကျမတို့ကြည့်ပြီးတော့ပြောတာပါ။ တခြားနိုင်ငံမှာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် ငြိမ်းချမ်းရေးဖြစ်စဉ်တွေကိုစတဲ့အခါမှာ အချိန်အကန့်အသတ်မရှိထားလိုက်တဲ့အခါမှာ အလုပ်ကိုမပြီးဘူး ဆို တာဖြစ် သွားပါတယ်။
ဥပမာဆိုရင်အထူးသဖြင့် မြောက်အိုင်ယာလန်နဲ့ပတ်သက်လို့ ထဲထဲဝင်ဝင်လုပ် ခဲ့တဲ့ Jonathan Powell တို့ ဆိုရင်သိဖူးကြမှာပါ။ သူပြောခဲ့တာက သူတို့ ပထမပိုင်းမှာဘာမှားသွားလဲဆိုတာက အကန့်အသတ်မရှိ အချိန်ကိုထား လိုက်တဲ့အခါကျတော့ အလုပ်မဖြစ်ဘူးတဲ့။ သူတို့အရင်တုန်းကထင်ခဲ့တာက အရင်တုန်းက အကန့်အသတ်မရှိ ပြောချင်တာပြော ဆွေးနွေးချင်တာဆွေးနွေး ဆိုလို့ရှိရင်ပြသနာတွေ ပြေလည် သွားမယ်လို့ထင်ပေမယ့် မဟုတ်ဘူး တဲ့။ ပြသနာတွေမဆုံးနိုင်ဘူးဘဲဖြစ်သွားတယ်။ အဲတော့ အိုင်ယာလန် ကို ပြန် ကြည့် မယ်ဆိုရင်တော့ အိုင်းရစ်ပြသနာစ တာဟာ Cromwell တို့လက်ထက် ကတည်းက ထဲထဲဝင်ဝင်စတယ် ဆိုရင် အဲဒီမတိုင်မီကတည်းက အိုင်ယာလန်တို့ကနေသွားသွားပြီးတော့ ဒီမိန်းလန်းနားကနေပြီးတော့ အင်္ဂလိပ် တွေ ကျူးကျော်တာတွေဆိုတာ ၁၃ ရာစုလောက်ကတည်းက စခဲ့တဲ့ ကိစ္စ ပါ။
တရားဝင် အိုင်ယာလန်ကိုဝင်သိမ်း လိုက်တာ ကတော့ Cromwell တို့ခေတ် မှာပေါ့နော်။ အဲဒီကနေ တွက်လာရင် တောင်မှ နှစ် ၃၀၀ ကျော်မှ ငြိမ်း ချမ်း ရေး ရအောင် လုပ်တယ်။ အဲတော့ နှစ် ၃၀၀ အကြာမှာ ပြသနာတခုဟာ သူ့ဖာသာ သူပျောက်သွား လား ဆိုတာ သူ့ဟာသူ မပျောက်သွားပါဘူး။ သူတို့ဆွေးနွေး ယူရပါတယ်။ အဲတာ ကျမတို့ကို သတိပေးလိုက် တာက အချိန် သတ်မှတ် ချက်ဆိုတာ ရှိသင့်တယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ လူ့သဘာဝအလျောက် အချိန်ရှိရင်ရှိ သလောက်ပြောမယ်ဆိုမယ်ငြင်းမယ် ခုံမယ်ပေါ့။ အဲတာကို အချိန်သတ်မှတ်ချက်တခုထားမှသာလျှင် ပြောမယ် ဆိုရင် အချိန်နဲ့ပတ် သက်ပြီးတော့လည်း ပန်းတိုင်တခုထားရပါမယ်။ ကိစ္စရပ်တွေနဲ့ပတ်သက်မှသာ ပန်းတိုင်ထား ရမှာ မဟုတ်ပါဘူး။ အချိန်နဲ့ပတ်သက် လို့လည်း ပန်းတိုင်တခုထားရမယ် လို့ပြောတဲ့ဟာကိုလည်း ကျမအမြဲမှတ်ထားပါတယ် ။
တိုက်ပွဲ
နောက်တခုက ခုနက ခေါင်းဆောင်ကြီးတွေပြောသွားတဲ့အထဲမှာ တိုင်းရင်း သားတွေ အချင်းချင်းလဲ တိုက်ပွဲ တွေဖြစ် နေကြတယ်ဆိုတာကတော့ အဲတာဟာကျမတို့အတွက်လေးလေးနက်နက်စဉ်းစားစရာဘဲ။ ဘာဖြစ်လို့ တိုက်ပွဲ တွေဖြစ်လဲ။ တိုက်ပွဲတွေဖြစ်တယ်ဆိုတာဟာ နိုင်ငံရေးသဘောထားမတူညီမှုကြောင့်ဖြစ်တာလား။ ရှိတဲ့အရင်း အမြစ်တွေအတွက် လုကြ တာပေါ့နော်။ မျှမျှတတ မခွဲယူနိုင်မှုကြောင့်ဖြစ်တာလား။ တခြား ကိစ္စ တွေကြောင့်ဖြစ်တာလား။ အပြင်ပယောဂကြောင့်ဖြစ်တာလား စသည်ဖြင့် …။
ဘာဖြစ်လို့တိုင်းရင်းသားတွေကြားထဲမှာ တိုက်ပွဲတွေဖြစ်သလဲ ဆိုတာကျမတို့ စဉ်းစားရပါလိမ့်မယ်။ အဓိက ကတော့ ဗမာ့တပ်မတော်ပေါ့နော်။ နိုင်ငံ့တပ် မတော်ခေါ်မှာလား ရွေးရတာခက်ပါတယ်။ တကယ်တော့ဗမာ အများ စုပါနေတော့ ဗမာ့တပ်မတော်ဘဲခေါ်ရမှာပေါ့။ ဒါပေမယ့် ဗမာ့တပ်မတော်ခေါ်ပြန်တော့လည်း ဗမာလူမျိုးနဲ့တခြား တိုင်းရင်းသားတွေ တိုက်နေတယ်ဆို တဲ့ပုံစံကြီးဖြစ်နေတဲ့ခါကျတော့ ၀မ်းသာစရာ ကိစ္စ မဟုတ်ပါဘူး။ ဒါဘယ်လို ဘဲပြောပြော တပ်မတော်နဲ့တိုင်းရင်းသားအဖွဲ့အစည်းတွေ တိုက်ပွဲတွေဖြစ်နေတာ မဟုတ်ဘူး။ တိုင်းရင်းသား အချင်းချင်းလည်းဖြစ်နေတယ်ဆိုတော့ ဒီဟာကိုကျမတို့က မေးခွန်းမေးရမယ်။ ဘာဖြစ်လို့ကျမတို့ အချင်းချင်း တိုက်ပွဲတွေဖြစ်နေရသလဲ။ ဘာကြောင့်လဲ။ မတူကွဲပြားမှုကြောင့် လို့ပြော သွားတဲ့အပေါ်မှာ ကျမတို့က ဖက်ဒရယ်သာအဖြေဆိုတာ လက်ခံ ထားပြီး သားပါ။ ဖက်ဒရယ်ဆိုတဲ့အဓိပ္ပါယ်ကိုဖော်ရမယ်ဆိုတော့ အမှန်ပြော ရင် ဒါကျမတို့ ခေါ်လို့မရဘူး။ ငြိမ်းချမ်းရေး ညီလာခံ လည်းဖော်လို့မရဘူး။ ဘာဖြစ်လို့ပြောလဲဆိုတော့ ဖက်ဒရယ်ဆိုတဲ့အနက် အဓိပ္ပါယ် ကိုဖော်ရမယ် ဆိုရင် ပညာရှင်များပေါင်းစုံ နှစ်ပေါင်းရာနဲ့ချီပြီးဖော်လို့မရပါဘူး။ တိတိကျ ကျဖော်လို့မရ ပါဘူး။ အခုထက်ထိ ဖက်ဒရယ်နဲ့ ပတ်သက်တဲ့စာရွက်စာတမ်းတွေက တချိန်လုံးထုတ်နေကြတာ။ တယောက် တမျိုးပေါ့။ နောက်ဆုံး ကျမ တို့ရဲ့နိုင်ငံရဲ့ဖက်ဒရယ်ကဘာလဲဆိုတာကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေကဘဲ ဆုံးဖြတ်မှာ။ အမေရိကန်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက ဂျာမနီနိုင်ငံရဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့မတူပါဘူး။ ဂျာမနီနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံ ဥပဒေကလည်း ဆွိစ်ဇာလန် ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့လည်းမတူပါဘူး။ မတူတာနဲ့အမျှ သူတို့ရဲ့ဖက်ဒရယ် တွေကလည်း တခုနဲ့တခု ကွာခြားပါတယ်။
ကွာခြားတဲ့အပေါ် ဘယ်ဟာက ပိုကောင်းတာလဲဆိုတာ ကိုလည်း ပြောဖို့ခက်ပါတယ်။ သူ့နည်းသူ့ဟန်နဲ့ အောင်မြင် နေကြတာဘဲ မတူကြဘူးပေါ့။ ကျမတော့ ဖက်ဒရယ်နဲ့ပတ် သက်ပြီးပြည်သူတွေကိုရှင်းပြတဲ့အခါမှာ- အရင် တုန်းကတော့ ဖက်ဒရယ်နဲ့ပတ်သက်ပြီး ဝါဒဖြန့်မှုတွေ အများ ကြီး ရှိပါတယ်။ ဖက်ဒရယ်ဆိုတာခွဲထွက်ရေး။ ကျမတို့အဖွဲ့က အမြဲတမ်း ဖက်ဒရယ် နဲ့ရပ် တည်ခဲ့တာကိုး။ အဲတာကြောင့် NLD က ခွဲထွက်ရေးကိုလိုလားတယ်။ ပြည်ထောင်စုပြိုကွဲအောင် လုပ်နေတာဆိုပြီး အဲ့တုန်းက ဖက်ဒရယ်ဆိုတဲ့စကားသုံးရင် ဖမ်းတာဆီးတာ တွေရှိခဲ့ပါတယ်။ ကျမတို့တော့ ဖက်ဒရယ်ဆိုတာ ကိုအမြဲသုံးခဲ့ တယ်။ မူအရပေါ့။ ဖက်ဒရယ်ဆိုတာခွဲထွက်ရေး မဟုတ်မှန်းလူထုကို သိစေချင် လို့။ ဆိုတော့ ဖက်ဒရယ်ဆိုတဲ့ အဓိပ္ပါယ်ကိုအရိုးသားဆုံး ရှင်းပြရမယ်ဆိုရင် နိုင်ငံတနိုင်ငံအတွင်းမှာ အာဏာကို ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရ၊ တိုင်း အစိုးရတွေကြားထဲမှာခွဲယူဖို့ ၊ခွဲယူတဲ့စနစ် ။ အဲဒီဟာဖက်ဒရယ်ဘဲ။
ဘယ်လိုပုံစံနဲ့ခွဲယူလဲဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေက သတ်မှတ်တယ်။ ဖက်ဒရယ်နဲ့ပတ်သက်ပြီး ပညာရှင်တွေ ရဲ့လေ့လာချက် သုတေသန ပြုချက် အရ ဖက်ဒရယ်စနစ်လုပ်လိုက်တဲ့အခါမှာ ခွဲထွက်ချင်တဲ့ စိတ်ဓါတ်တွေက ကျဆင်းသွားတယ်။ ဒါကြောင့် ဖက်ဒရယ်ဆိုတာ ခွဲထွက်ချင်တဲ့စိတ်ကို အားပေးတာတော့မဟုတ်ဘူး။ ခွဲထွက် ချင်စရာ အကြောင်း မရှိအောင် အဆောက်အအုံတခုကိုတည်ဆောက်တာဘဲဆိုပြီးတော့ ကျမတို့ဒီလို ဘဲရှင်းပြပါ တယ်။ ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေက ကျမတို့နိုင်ငံနဲ့ အသင့်တော်ဆုံး ဖက်ဒရယ်ပုံစံတခုကို သတ်မှတ်ပေးပါမယ်။
ဆက်ပြီးပြော မယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံက ဖက်ဒရယ်က ရအောင် လုပ်မယ်ဆိုတော့ ညီလာခံတွေဘာတွေနဲ့ ပတ်သက်လို့ Ceasefire မရခင် ညီလာခံလုပ်လို့သင့်တော်ပါ့မလား ခုနပြောတဲ့အတိုင်း အချိန်တိတိကျကျ လိုအပ်ပါတယ်။ ဆိုတော့ NCA ဘက်ကိုပြန်လှည့်လာပါမယ်။
NCA
NCA ထဲမှာပါတဲ့အချက်တွေကို တချို့ဟာတွေကသဘောမတူဘူး။ ဒါကြောင့် NCA ရေးဆွဲရေးမှာ ကျမတို့အဖွဲ့ချုပ် မပါခဲ့ပါဘူး။ ကျမတို့ကဏ္ဍလည်း အင် မတန်မှသေးပါတယ်။ ကျမတို့ ကိုယ်စားလှယ် ၂ ယောက်ဘဲတက်ပါ တယ်။ NCA နဲ့ပတ်သက်လို့ ကျမတို့သဘောမတူခဲ့တာတွေလည်းရှိခဲ့ပါတယ်။ သို့ပေမယ့် ကျမတို့တောင်းဆိုတာ တခုဘဲရှိခဲ့ပါ တယ်။ ပြုသာပြင်သာအောင်တော့ ထည့်ခဲ့ပါ။ အဲတာမထည့်ခဲ့လို့ ကျမတို့လက်မခံနိုင်ပါဘူး။
ဒါတောင်မှ ကျမတို့လက်မှတ်မထိုးခဲ့ပါဘူး။ ပြည်ထောင်စုနေ့တုန်းကလေ။ မထိုးဘူးဆိုတာက ကျမတို့ကို နို့တစ်စ်မပေး ဘဲနဲ့ လာပါတက်ပါ လက်မှတ် ထိုးပါဆိုတော့ ကျမတို့ကိုယ်စားလှယ်တွေက ထိုးခွင့်မရှိဘူးလေ။ တိတိကျကျ ပြောမယ်ဆိုရင် NCA လက်မှတ်ထိုးပြီးတာနဲ့ရက်ပေါင်း ၉၀ အတွင်း ငြိမ်းချမ်းရေးညီလာခံ လုပ်မယ် ဆိုတာ မဖြစ်နိုင် ဘူးလေ။ ဒီတိုင်းဘဲဖြစ်မယ်ဆိုရင် NCA ကဘယ်တော့လောက်မှလက်မှတ် ထိုးနိုင်မလဲဆိုတာ ကျမတို့မှန်းလို့ရမယ်။ NCA လက်မှတ်ထိုးပြီးမှ ဆက်ပြီးသွားဖို့ဆိုတာအမှန်ပြောရင် ကျမတို့ ဆုံးဖြတ်ချက် မဟုတ် ပါဘူး။ အရင်တုန်းက အုပ်ချုပ်ရေး ယန္တယား လို့ဘဲပြောချင်ပါတယ်။ ဒါကျမတို့အမွေခံပါတယ်။
နိုင်ငံတနိုင်ငံရဲ့ အစိုးရတာဝန်ကိုယူတဲ့အဖွဲ့ဟာ အရင်အစိုးရ လုပ်ခဲ့သမျှ ကိုတာဝန်မယူ ဘူးဆိုပြီး လုပ်လို့ မရပါ ဘူး။ ဒါကြောင့် ဒီ NCA ဆိုတဲ့ဝန်ထုပ် ၀န်ပိုးက ကျမတို့အပေါ်ရောက်လာပါတယ်။ ကျမတို့ကထမ်းပြီး တတ်နိုင် သမျှပြေလည်အောင်လုပ်ရမှာဘဲ။ အခွင့်အလမ်းတခုလို့ကျမ မြင်သလို တိုင်းရင်းသားတွေကို မြင်စေ ချင်ပါတယ်။ NCA က ဒီတိုင်းရှိတယ်ဆိုပေမယ့် တချို့သော ဒက်ဖနေးရှင်းတွေက အဓိပါယ်ဖော်မှုတွေက မပြီးပြတ်သေး ပါဘူး။ ဒီအဓိပ္ပါယ်ဖော်မှုတွေက အလျှော့အတင်းလုပ်လို့ရပါတယ်။ ဒါကြောင့် အားလုံး အဆင်ပြေစေ ရမယ်လို့ မပြော လိုဘူး။ အရင်တုန်းကကျမကို ဟိုဘက်ကလာကမ်းလှမ်းတုန်းက Calculated risk ယူလိုက်ပါဆိုသလို။ ၂၀၁၂ ကနေ မကျော်ဖြတ်နိုင်ရင် ၂၀၁၅ ကိုကျမတို့ရောက်မှာမဟုတ်ပါဘူး။ ကျမတို့အလျှော့အတင်းလုပ် ခဲ့ပါတယ်။ အလျှော့အတင်းလုပ်ပြီးတော့ မှ အောင်မြင်အောင်လုပ်ရမှာဘဲ။
ပင်လုံညီလာခံ
ပင်လုံညီလာခံဆိုတာ ပင်လုံ Agreement အပေါ်မှာအခြေခံမှာ လား။ ပင်လုံစိတ်ဓါတ်အပေါ်မှာ အခြေခံတာ လား။ ပင်လုံသဘော တူညီချက်ဟာ ယျေဘုယသဘောဆန်ပါတယ်။ တိတိကျကျရယ်လို့တော့မဟုတ်ပါဘူး။ ပြန်ဖတ် ကြည့်မယ်ဆိုရင်တော့ အဓိက ပါနေတာက ကချင်နဲ့ပတ် သက်တဲ့ဟာ ပါတာပါ ။ တခြားတိုင်းရင်း သားတွေနဲ့စာ လို့ရှိရင်တော့ အပိုဒ် ၅ အပိုဒ် ၆ နဲ့အပိုဒ် ၉ မှာ သေသေချာချာကို ကချင်ဆိုပြီးတော့ ဖော်ပြထား တာရှိပါတယ်။ ၈ မှာတော့ ရှမ်းကိုဖော်ပြထားပါတယ်။ ရှမ်းကိုဖော်ပြထားရာမှာ လည်း တကယ်တော့ General ဖြစ်ပါတယ်။ ဥပမာ (VIII) The arrangements accepted in this Agreement are without prejudice to the financial autonomy now vested in the Federated Shan States.
အဲတော့ without prejudice ဆိုတာ အဓိပ္ပါယ်အမျိုးမျိုးဖော်လို့ရပါတယ်။ အဲတော့ ပင်လုံစာချုပ်အတိုင်းသွားမယ်ဆို လို့ရှိရင်တောင်မှ လိုတိုးပိုလျှော့တွေအများ ကြီးလုပ်နိုင်တဲ့အခြေအနေရှိပါတယ်။ ဒါဟာကျမတို့အတွက်ပြသနာ မဖြစ်နိုင်ပါဘူး။ ပြသနာက တကယ်ကျမတို့ သဘောတူညီမှုယူချင်တယ် ဆိုလို့ရှိရင် ဘာမှပြသနာမရှိပါဘူး။ ကျမက ပင်လုံစိတ်ဓါတ် လို့ပြော တာဟာ ပူးပေါင်းဆက်ဆံရေး။ ပူးပေါင်း ခြင်းအားဖြင့်ပေါ့နော်။ ဒါမယ့် ကျမ တို့က စိတ်ဓါတ်ဘဲယူရမယ်။ ဒီထဲမှာ ရှမ်း၊ ကချင်၊ ချင်း၊ ဗမာ ပါတယ်။ မွန်မပါ ကယားမပါ ။ မပါတာတွေအများကြီးဘဲ။ ဒါကြောင့်ကျမက ပင်လုံ စိတ်ဓါတ်ကို အခြေခံပါ လို့ပြောတာ။ ပင်လုံစာချုပ်ကိုအခြေခံမယ်ဆိုရင် ကချင်၊ ချင်း၊ဗမာ၊ ရှမ်း နဲ့ဘဲပြီးသွားရောလားဆိုတာ- မဖြစ်နိုင် ပါဘူး။ နောက် ပင်လုံစာချုပ် ထဲကအတိုင်း လို့မပြောတာဟာ တိုင်းရင်းသားတွေရဲ့အခွင့်အရေးတွေကို ကန့်သတ် ချင်လို့မဟုတ်ပါဘူး။ပြောရမယ်ဆိုရင် ပင်လုံစာချုပ်က ကျဉ်းလွန်းလို့ပါ။ ဒါ့ထက်ပိုပြီးတော့ ကျယ်ပြန့်ဖို့ ကျမ တို့လိုပါတယ် တကယ့်ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ဖို့ဆိုလို့ရှိရင်ပေါ့။
နိဂုံး
နောက်တခုက ဒီ Ceasefire တွေလုပ်မှ အားလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်လက်မှတ်ထိုးပြီးမှ ညီလာခံကို စ နိုင်မယ်ဆိုရင် ညီလာခံဘယ်တော့စနိုင်မလဲ ။ အဲတော့ အဲလိုဆိုလို့ရှိရင် ညီလာခံမဖြစ်မြောက်ချင်တဲ့ အဖွဲ့အစည်းတခုတည်းကနေပြီးတော့ အားလုံးကိုပျက်စီးအောင် လုပ်လို့ရ တယ်။ အပစ်အခတ်ရပ်စဲရေးဆိုတာ ကျမတို့ဒီကိစ္စလည်းလေ့လာပြီးပါပြီ။ အပစ်ရပ်စဲရေးသဘောတူညီချက်တွေထဲမှာကြည့်လိုက်မယ်ဆိုလို့ရှိရင် ၉၀ ရာခိုင်နှုန်းက လပိုင်းအတွင်း ချိုးဖောက်တယ်။ ဒါတကမ္ဘာလုံး က အဖြစ် အပျက်ကိုကြည့်လိုက်တာ။ အဲတော့ ကျမအမြဲဘဲပြောတယ်။ အပစ်အခတ်ရပ် စဲရေး ပျက်ဖို့ဆိုတာ ၁ စက္ကန့်ဘဲလိုတယ်။
ကျည်ဆံတတောင့်ထွက်ဖို့ဆိုတာ ၁ စက္ကန့်ဘဲ။ ၁ စက္ကန့်တောင်မရှိဘူး ထင်တယ်။ ကျမတော့ မကျွမ်းကျင် တော့ သိပ်မသိဘူး သေနတ်တွေဘာတွေ နဲ့။ ကျွမ်းကျင်တဲ့ဗိုလ်ချုပ်တွေတော့ပိုသိတာပေါ့။ အဲတော့ ဒိုင်း ဆိုတာနဲ့ အပစ်ရပ်က ပြိုကွဲသွားနိုင်တယ်။ ကျည်ဆံတတောင့်ဟာ အပစ်ရပ်ပျက်စီးတဲ့ အခြေအနေကိုဖန်တီး နိုင်တယ်။ အဲတော့ အဲဒီအပေါ်ကို ကျမတို့ရဲ့ငြိမ်းချမ်း ညီလာခံက အခြေခံမှာလား။ အဲတော့ ကျမတို့ရဲ့ ဒီငြိမ်း ချမ်းရေး ညီလာခံက သိပ်ကိုအားနည်းသွားပါတယ်။ ဒါကြောင့်ကျမတို့က ကမူးကရှူး ကမန်းကတန်း လုပ်ချင် တာမဟုတ်ပါဘူး။
တကယ်ပြောမယ်ဆိုရင် ကျမတို့ ငြိမ်းချမ်းရေးညီလာခံဖြစ်သင့်တာဟာ ရာစုနှစ် တဝက် လောက်ကို ရှိနေပါပြီ။ ဒါကျမတို့ သိပ်ပြီးတော့ ကမန်းကတန်း လုပ်တယ်လို့ပြောလို့မရပါဘူး။ လုပ်ခဲ့တဲ့ လုပ်ခဲ့တဲ့အစဉ်အဆက်တွေ အပေါ်ကျမတို့ အခြေခံတာပါ။ ကျမတို့ ဒီ စပြီးဆွေးနွေးတဲ့ ၂ လ လောက် ကမှ စ တာမဟုတ်ပါဘူး။ ငြိမ်းချမ်းရေး Process ဆိုတာ ဟိုးကတည်းက လွတ်လပ်ရေး ရ ကတည်းက စတယ် လို့ဘဲပြောလို့ရမှာပေါ့။
လွတ်လပ်ရေးနဲ့အတူတူ ကျမတို့ပြည်တွင်းငြိမ်းချမ်း ရေးကိုဆုံးရှုံးခဲ့တာကိုး။ အဲတော့ ပြည်တွင်းငြိမ်းချမ်း ရေးရ အောင်လို့ ကြိုးပမ်းမှုတွေက လွတ်လပ်ရေး သက်တမ်းနဲ့အတူတူဘဲလို့ ကျမတို့ပြောလို့ရပါတယ်။
အဲတော့ကျမပြောလိုတာက လိုချင်တာတွေတောင်းပါ ။ ကျမတို့ပေးမယ်လို့အာမ မခံဘူး။ ကျမတို့ဆွေးနွေးမယ်။ ဒါပေမယ့် Calculated Risk ဆိုတာ ကိုလည်းယူပါ။ ၁၀၀ ရာခိုင်နှုန်းအာမခံ ချက်ရှိမှလုပ်မယ် ဆိုရင်ကျမတို့ ဘယ်တော့လုပ်ဖြစ်မှာမဟုတ်ဘူး။ ဘယ်တုန်းကမှကျမတို့ ၁၀၀ ရာခိုင်နှုန်းက မရှိခဲ့ပါဘူး။ ဥပမာကျမတို့ ၂၀၁၂ - ၂၀၁၅ မှာ ၀င်ပြိုင်တုန်းက - ၉၀ တုန်းကကြည့်ပါလား ဘာဖြစ်သွားလဲ။ ဘာကြောင့်အခု ၀င်ပြိုင်မှာလဲ- လို့မေးတယ်။
အဲဒီတော့ ခုနကပြောသွားသလိုပေါ့နော်။ အရင်တုန်းက ဖေဖေတို့နဲ့ သဘော တူညီချက်ဟာ နောက်ပိုင်းကျတော့ မတည်ဘူး။ မတည်လို့ အခု နောက် သဘောတူညီချက် အသစ် မယူသင့်ဘူး ဆိုတာ မသင့်ဘူးဆိုလို့ရှိရင် ကျမတို့ က ၉၀ တုန်းက ကျမတို့ရဲ့ရွေးကောက်ပွဲရလာဒ်ဟာ အဟောသိကံဖြစ် သွားလို့ ၂၀၁၂ ၊ ၂၀၁၅ တို့ဟာ အခွင့်အရေး အလွတ်ခံခဲ့ကြမှာလား။
အလွတ်ခံခဲ့ရင်တော့ ကျမတို့မှားမယ်လို့ ပြန်ပြီးတော့သုံးသပ်လို့ရပါတယ်။ မှားမယ်၊ မှန်မယ် ဆိုတာ ၁၀၀ ရာခိုင်နှုန်း ကျမတို့ ပြောလို့မရဘူး။ ကျမတို့စွန့် စားပြီးတော့မှ- တခါ ဖြစ်ပြီးလို့ အမြဲဘဲဖြစ်မယ်လို့ အဲဒီအမြင်နဲ့ဆိုရင်တော့ အရှေ့တိုးလို့ရမှာမဟုတ်ဘူးဆိုပြီးတော့ ကျမတို့စွန့်စားပြီးလုပ်လိုက်တာပါ။
အသေးစိပ်ဟာတွေနဲ့ပတ်သက်လို့ကတော့ ကျမသိတယ် တိုင်းရင်းသားတွေ နဲ့ဆွေးနွေးရမယ်။ ဘာဘဲဆွေးနွေး ဆွေးနွေး Peace Process မှာဝင်နိုင်ရေး ကို ဦးတည်ပြီးတော့ဆွေးနွေးပါလို့ ကျမက မေတ္တာရပ်ခံချင်ပါတယ်။ Peace Process မှာဝင်နိုင်ဖို့ ဒို့ဘယ်လိုလုပ်ကြမယ်။ ဘယ်လို အပေးအယူ လုပ်ကြ မလဲ အဲလိုပုံစံနဲ့ဘဲဆွေးနွေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်။
ဒါကြောင့်ကျမတို့က ပင်လုံစိတ်ဓါတ်က အင်မတန်ကျယ်ပြန့်တယ် သဘောတူ ညီချက်ကနဲနဲကျဉ်းတယ်။ အဲတာ ကျမတို့စဉ်း စားပြီးပြေလည်အောင် လုပ်ပါမယ်။
၂၁ ရာစုပင်လုံညီလာခံကိုလည်း အပစ်အခတ်ရပ်စဲရေးမထိုးတဲ့လူတွေကိုလည်း တက်နိုင်တဲ့အနေအထားမျိုး ကိုဖန်းတိးချင်တယ် ဒါမယ့်တန်းတူညီတူတော့ အခွင့်အရေး ပေးလို့မရဘူး။ ဒါကတော့ လက်တွေ့ကျပါတယ်။ ဘာလို့လဲ ဆိုတော့ လက်မှတ်မထိုးတဲ့အတူတူဘဲဆိုရင်တော့ ဘယ်သူကထိုးတော့မှာလဲ။ လက်မှတ်မထိုးတဲ့လူနဲ့ လက်မှတ်ထိုးနဲ့လူနဲ့ အတူတူဘဲဆိုရင်တော့ ဘယ်သူကမှထိုးတော့မှာမဟုတ်ဘူး။
အဲ့တော့အဲ့ဟာတခုကတော့ သတ်မှတ်ချက်ကတော့ရှိမှာပေါ့။ ဒါပေမယ့် ကျမ တို့က တတ်နိုင်သမျှ All Inclusive ဖြစ်အောင်လို့ ဘယ်လိုပုံစံ နဲ့လက်မှတ်မထိုးတဲ့သူတွေ ပါ၀င်ပြီးတော့ကျမတို့ ညီလာ ခံဖြစ် မြောက်ရေး အတွက်လုပ်နိုင်မလဲဆိုပြီးတော့ ကျမတို့အဲတာကိုလည်း စဉ်းစားထားပြီး သားပါ။
အကောင်းဆုံးကတော့ လက်မှတ်ထိုးပြီးဝင်လာရင်ကောင်းတာပေါ့။ အဲတော့ လက်မှတ်ထိုးနိုင်အောင်လို့ ဒီ NCA အပေါ်မှာပတ်သက်ပြီးတော့ ဘယ်လို အလျှော့အတင်းလုပ်မလဲ။ ဘယ်လိုအဓိပယ်ဖော်မလဲဆိုတာ ကိုကျမက ဦးတည်စေချင်တယ်။ လက်မှတ်မထိုးဘဲနဲ့တက်ရအောင်လုပ်ပေးဆိုရင် ဒါကတော့မတရားဘူး။ လက်မှတ်ထိုးတဲ့လူတွေကပြောမှာပါ ကျနော်တို့ကျတော့လက်မှတ်ထိုးရတယ်သူတို့ကလက်မှတ်မထိုးရဘူး ဆိုရင်ကျမက ဘယ်လိုဖြေရမလဲ။