ကချင်ပြည်နယ်တွင် သန်းခေါင်စာရင်းကောက်ယူမှုကို မတ် ၃၀ရက်နေ့မှ စတင်လျက်ရှိရာသန်းခေါင်စာရင်း ကောက်သည့်အခါ ခဲတံအသုံးပြုခြင်းသည် မိိမိတို့ဖြေဆိုထားသည့်အချက်အလက် များကိုအစိုးရအနေဖြင့် ပြန်လည်ပြင်ဆင်မှုများပြုလုပ်နိုင်သည်ဟု ကချင်တိုင်းရင်းသားများကြား သံသယရှိနေကြသည်။
ခဲတံအသုံးပြုရခြင်း၏ အကြောင်းရင်းကိုမိမိတို့အနေဖြင့် ကောင်းစွာမသိရှိကြောင်း၊ ခဲတံအသုံးပြုရခြင်းသည် ပြည်သူများ၏သတင်းအချက်အလက်ကို ပြန်လည် ပြင်ဆင်နိုင်သည်ဟု သာထင်မြင်ကြောင်း ဒေသခံတဦးဖြစ်သူ ဦးပါအုကပြောသည်။ “ကျွန်တော်ကတော့ ခဲတံနဲ့ရေးထားတာဟာ လူမျိုးအမည်တွေကိုပြန်ပြင် ရေးတယ်လို့ပဲ ထင်ပါတယ်” ဟုပြောသည်။
၀ိုင်းမော်မြို ့နယ်တွင်နေထိုင်သည့် ဦးဒိုင်ဒေါင်းကလည်း “သန်းခေါင်စာရင်းမှာ ခဲတံနဲ့ ရေးတာဟာ ကိုယ်က အမှန်တွေပြောပြလိုက်လည်း သူတို့ကပြန်ဖျက်လိုက်ပြီး သူတို့ကြိုက်သလိုပြန်ရေးလိုက် လို့ရတာပဲ”ဟုမြင် ကြောင်းပြောသည်။
မြစ်ကြီးနားမြို ့တွင်းရှိ ကုန်စုံဆိုင်ပိုင်ရှင်ဒေါ်အားနန်က “အစိုးရလည်းဒီလောက်တောင်မွဲနေတာမသိဘူး။ ခဲတံနဲ့သန်းခေါင်စားရင်းကောက်တယ်တဲ့။ ငါ့အိမ်က ဘောပင်တစ်ဒါဇင်တောင်လှူလိုက်အုံးမယ်” ဟုပြောသည်။
ထိုသို့ သန်းခေါင်စာရင်းတွင် ခဲတံဖြင့် ရေးဖြည့်သည့်အပေါ်လူထုများအနေဖြင့် ယုံကြည်မှုမရှိသည်မှာ အစိုးအနေဖြင့် သန်းခေါင်စာရင်းအသိပညာလုံလောက်သည့်အမြင်ဖွင့်မှုနှင့်ကောက်ယူမည့်နည်း စနစ်များကို ပြောဆို ခြင်မရှိခြင်းကြောင့်ဖြစ်သည်ဟု တရားလွှတ်တော်ေ့ရှနေဦးမုန်ဆိုင်းတူးကသုံးသပ်ပြောဆိုသည်။
၄င်းက “ခဲတံနဲ့ကောက်တယ်ဆိုတာနည်းပညာပိုင်းနဲ့ဆိုင်တယ်ဆိုပေမဲ့ အောက်ခြေလူထုတွေကို သန်းခေါင်စာ ရင်းနဲ့ပတ်သတ်ပြီးဘယ်လိုစနစ်နဲ့ကောက်မယ်၊ဘယ်လိုပုံစံနဲ့ကောက်မယ် ဆိုတာတွေကို ရှင်းရှင်းလင်းလင်း အမြင်ဖွင့်မှုတွေမလုပ်ထားတဲ့အတွက် လူထုမှာအခုလိုဖြစ်နေ တာပါ” ဟုပြောသည်။
အဆိုပါ ခဲတံအသုံးပြုရခြင်းအကြောင်းရင်းနှင့်ပတ်သက်၍ မြစ်ကြီးနားမြိို ့နယ်၏ လူဝင်မှုကြီးကြပ်ရေးမှူး ဦးစီးဌာနကဦးစီးမှူးက ဖျက်ရန်ရည်ရွယ်ခြင်းမဟုတ်ကြောင်း ရှင်းပြသည်။
“၀၁ လို့ခေါ်တဲ့စာရွက်ကိုစက်နဲ့ဖတ်မှာလေ စက်ဖတ်ဖို့က 2B လို့ခေါ်တဲ့ခဲတံနဲ့ ခြစ်မှ စက်ကဖတ်မှာလေ ဟိုဘောပင်တို့ ဘာတို့နဲ့ သုံးလို့မရဘူးပေါ့လေ။ ခဲတံနဲ့ကောက်တယ် ဆိုတာကဖျက်လို့ပြင်လို့ လွယ်တယ်
ဆိုတဲ့သဘောနဲ့ကောက်တာမဟုတ်ဘူး ” ဟုပြောသည်။
စာရင်းကောက်များနှင့် စာရင်းစစ်များသည် အချက်အလက်များကို ပြင်ပိုင်ခွင့်မရှိကြောင်းနှင့် ပြည်သူများဖြေဆို ထားသည့် အချက်အလက််များကိုသန်းခေါင်စာရင်းဥပဒေ ကကာကွယ်ထားပေးကြောင်းပြောသည်။
ပြည်သူများ၏ စိုးရိမ်ပူပန်မှုများနှင့် ပတ်သတ်ပြီး ဦးစီးမှူးကလည်း “ဥပဒေအရလည်း ယာယီပေါက်ကြားသွားရင် သူအရေးယူခံရမယ်ဆိုတာသူသိတဲ့အတွက်သူက လည်းမပေါက်ကြားအောင်လုပ်မှာပေါ့။ ပြည်သူတွေအနေနဲ့က လည်း သူပေးလိုက်တဲ့အဖြေတွေနဲ့ ပတ်သက်ပြီး အခွန်ကောက်မှာတို့ စိုးရိမ်စရာမလိုဘူး” ဟုပြောသည်။
စာရင်းကောက်များအနေဖြင့်လည်း မိမိတို့ တာဝန်ကျသည့် စာရင်းကောက်ကွက်အတိုင်း စာရင်းစစ်များစီ စစ်ပြီးသည့်အခါ သေချာထုပ်ပိုးကာ သက်ဆိုင်ရာရပ်ကွက်ကျေးရွာများတွင် လုံခြံုစွာသိမ်း ဆည်းထားရကြောင်း လည်းသိရသည်။
မြစ်ကြီးနားမြို ့နယ် တွင် သန်းခေါင်စာရင်းကောက်ကွက်ပေါင်း (၃၁၇)ကွက်ကိုစာရင်းကောက (၅၃၂) ဦးဖြင့် ကောက်ခံနေကြောင်းသိရသည်။