ပထမဆုံး သန်းခေါင်စာရင်းကောက်ယူသည့် နေ့ စိုးရိမ်မှုများကို နားလည်းအောင်ရှင်းပြနေရ

ပထမဆုံး သန်းခေါင်စာရင်းကောက်ယူသည့် နေ့ စိုးရိမ်မှုများကို နားလည်းအောင်ရှင်းပြနေရ
by -
သက်သန္တာလှိုင်

မွန်ပြည်နယ် ပေါင်မြို့နယ်ရှိ ကျေးရွာများတွင် မတ်လ ၃၀ ရက်နေ့ သန်းခေါင်စာရင်းကောက်ယူမေးမြန်း သည့်အချိန် စိုးရိမ်မှုများရှိနေသောကြောင့် စာရင်းကောက်များက နားလည်အောင်ရှင်းပြ နေရသည်ဟု စာရင်းကောက်ယူသည့် ဆရာမများက ဆိုသည်။

ပထမဆုံးနေ့ဖြစ်သော မတ်လ ၃၀ ရက်နေ့ သန်းခေါင်စာရင်းကောက်ယူသည့်အချိန်တွင် ကောက်ယူနေသည့် အိမ်အများစုမှ သန်းခေါင်စာရင်းမေးခွန်းများ မည့်သို့မေးမည်ကိုမသိကြောင်းနှင့် နိုင်ငံခြားသွားရောက် လုပ်ကိုင်သူများအတွက်ပါ စိတ်ပူနေကြကြောင်းလည်း စာရင်းကောက်ယူနေသည့်ဆရာမများက ဆိုသည်။

ပေါင်မြို့အတွင်း စာရင်ကောက် ဆရာမ ခင်ဝင်းယဉ်က ’’ကျွန်မတို့ကောက်နေတာ တစ်အိမ်တက်တစ်အိမ် ဆင်းဆိုတော့ မသိတဲ့လူတွေလည်း နည်းနည်းစိတ်ညစ်တယ်လို့ထင်တယ်။ တချို့တွေက နိုင်ငံခြားမှာ သွားလုပ်စားနေတဲ့သူတွေမပါမှာ စိုးရိမ်နေတယ် ကျွန်မ သူတို့သိအောင်ရှင်းပြပြီးမှ မေးခွန်းမေးတာပါ’’ ဟု ပြောသည်။

သန်းခေါင်းစာရင်းမေးခွန်းများကို မေးမြန်းပြီး ခဲတံဖြင့်မှတ်သားသည့်အချိန်တွင် အိမ်ရှင်အများစု ကြောက်စိတ် များရှိနေကြောင်းနှင့် မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေနှင့်လူဦးရေ မည်မျှသိရှိမည်ကို ရည်ရွယ်၍ ယခုကဲ့သို့
ကောက်ယူခြင်းဖြစ်ကြောင်းနှင့် ရရှိလာသောအချက်အလက်များကို ၄င်းကိစ္စတို့မှတပါး အခြားမည်သည့် နေရာတွင်မှ အသုံးမပြုကြောင်း၊ သန်းခေါင်စာရင်း ဥပဒေများလည်းရှိကြောင်းကို စာရင်းကောက်များမှ
အသေးစိတ်ရှင်းပြနေရသည်ဟု ဆရာမ ခင်ဝင်းယဉ်က ရှင်းပြသည်။

 ပေါင်မြို့နယ် နတ်ကြီးချောင်းကျေးရွာတွင် စာရင်းကောက်ယူနေသည့် ဆရာမ လဲ့လဲ့မင်းက ’’မေးမြန်းတဲ့အချိန် ကတော့ နည်းနည်းစိတ်ရှည်ရတယ် ကျေးရွာမှာနေကြတဲ့ သူတွေဆိုတော့ အသေးစိတ်ရှင်းပြရတယ် နေ့စားအလုပ်သမားတွေဖြစ်နေတော့ သူတို့က စာရင်းကောက်တွေကို အချိန်ပေးရတယ်’’ ဟုပြောသည်။

အကြောင်းကြားစာတွင် အချိန်ကို အတိကျ ရေးသာခြင်းမရှိဘဲ နေ့လည် သို့မဟုတ် ညနေ့ ကောက်ယူမည်ဟု သာ ရေးသာထားပြီး အိမ်ရှင်များအနေနှင့် ကောက်ယူမည့် ဆရာမများကို အချိန်ပေးပြီး စောင့်နေရသည်ဟု အိမ်ရှင်တစ်ဦးက ပြောသည်။

ပေါင်မြို့ မိုးနိုင်းရပ်ကွက်ရှိ အိမ်ရှင် သိန်းသိန်းလတ်က ”စာရွက်လာပေးတဲ့ အချိန်တုန်းကတော့ ဘာတွေမေးမလဲဆိုတာကို နည်းနည်းကြောက်တာပေါ့  နောက်ပြီး အလုပ်ကလည်းရှိသေးတော့ လာမေးမယ့် အချိန်ကို စောင့်နေရတယ် အခုအစောကြီးလာမေးပြီးသွားပြီဆိုတော့ အားလုံးအအဆင်ပြေတယ် မေးခွန်းတွေ ကဘာမှလည်းမဟုတ်ပါဘူး ကျွန်မအနေနဲ့ ပြောရမယ်ဆိုရင် ခက်ခဲမှုမရှိပါဘူး’’ ဟု ပြောသည်။

ကောက်ယူမှု အချိန်ကို မသိသေးသည့် အိမ်များကလည်း ဘယ်အချိန်မှာလာကောက်မည်ကို မသိကြောင်းနှင့် အကြောင်းကြားစာ မရောက်လာကြောင်း ပြောဆိုသည်။

မတ်လ ၃၁ ရက်နေ့တွင် ကောက်ယူမည်ဆိုလျှင် မတ်လ ၃၀ ရက်နေ့တွင် ဆယ်အိမ်မှူးကိုယ်တိုင် ကောက်ယူ မည့်အိမ်များကို ကြိုတင်အကြောင်းကြားထားကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

Most read this week