သန်းခေါင်စာရင်းကောက်ယူမည့်နေအိမ်အဆောက်အအုံများအမှတ်အသားပြုလုပ်

သန်းခေါင်စာရင်းကောက်ယူမည့်နေအိမ်အဆောက်အအုံများအမှတ်အသားပြုလုပ်
by -
အမွန်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို ့ပေါ်ရပ်ကွက်ရှိ နေအိမ်၊ အဆောက်အအုံများတွင် သန်းခေါင်စာရင်း ကောက်ခံရန်အတွက် မြေဖြူဖြင့် အမှတ်အသားများ လိုက်လံရေးမှတ်မှုပြုလုပ်နေသည်မှာ ၉၀ ရာခိုင်နှုန်းခန့်
ပြီးစီးပြီဖြစ်ကြောင်း မြစ်ကြီးနားမြို ့နယ် လူဝင်မှုကြီးကြပ်ရေးနှင် ့ပြည်သူ့အင်အားဦးစီးဌာနမှ ဦးစီးမှူး ဦးစိုးနောင်က ပြောသည်။

“ရပ်ကွက် အတိအကျဆိုတာထက် ၉၀ရာခိုင်နှုန်းလောက်ကတော့ ပြီးသွားပြီ”ဟု ဦးစီးမှူး ဦးစိုးနောင်က ပြောသည်။

မြို ့နယ် လ.၀.က ၀န်ထမ်းများသည် နေအိမ်၊ အဆောက်အအုံ နံပါတ်မှတ်သားမှုများကို ဦးစားပေးလုပ်ဆောင် နေကြောင်းသိရသည်။

ထိုကဲ့သို့ နေအိမ်၊ အဆောက်အအုံများတွင် အမှတ်အသားများ ပြုလုပ်ရာတွင်သက်ဆိုင်ရာ ရပ်ကွက်အုပ် ချုပ်ရေးမှူး၊ နေအိမ်မှူး၊ ဆယ်အိမ်မှူးများ နှင့် လ.၀.ကဝန်ထမ်းများပါဝင်ပြီး  အမှတ်အသားပြုလုပ်ရာတွင် လူအင်းအား (၄)ဦးခန့်ဖြင့် လုပ်ဆောင်နေသည်။

မြစ်ကြီးနားမြို ့ စီတာပူ၊ မုန်ကျိန်ရပ်ကွက်တွင် နေထိုင်သူအမျိုးသမီးတစ်ဦးက “သန်းခေါင်စာရင်းကောက်တဲ့အခါ အိမ်ကို မြန်မြန်ဆန်ဆန် ရှာလို့ရအောင်ဆိုပြီး ကျွန်မတို့ ရပ်ကွက်က ဆယ်အိမ်မှူးနှစ်ယောက်လာပြီး  ရေစွတ်ထားတဲ့ မြေမြူနဲ့ အိမ်ရဲ ့အုတ်နံရံတွေမှာ ထင်းရှားအောင် ဆိုပြီး လိုက်ရေးနေကြတယ်” ဟုပြောသည်။

သန်းခေါင်စာရင်းဥပဒေကို ၂၀၁၃ ခုနစ်၊ဇူလိုင်လ(၂၉)ရက်နေ့တွင် ပြဌာန်းခဲ့ပြီး အဆိုပါဥပဒေ အခန်း(၄) ပုဒ်မ ၁၂(က)တွင် သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့၊ စာရင်းစစ်များနှင့် စာရင်းကောက်များသည် တာဝန်ကျရာဒေသ၌ အဆောက်အအုံများအတွင်းသို့ သတ်မှတ်ချိန်အတွင်း ၀င်ရောက်ခွင့် နှင့် အဆောက်အအုံများတွင် လိုအပ်သည့် အမှတ်အသားများကို ပြုလုပ်ခွင်းရှိသည်ဟု ဖော်ပြထားသည်။

ထိုကဲ့သို့ အမှတ်အသားပြုလုပ်ရာတွင် ပြည်သူများအနေဖြင့် အမှတ်အသားပြုလုပ်ခြင်းကို နှောင့်ယှက်ခြင်း (သို့)
ဟန့်တားခြင်းပြုလုပ်ပါက တစ်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးသောင်း ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။