ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် မြန်မာ အစိုးရတပ်တွေ အကြားဖြစ် ပွားနေတဲ့ တိုက်ပွဲ တွေဟာ ယနေ့ ချိန်ထိ နေ့စဉ်နဲ့အမျှ ဆက်လက်ဖြစ် ပွားနေဆဲပါ။
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် မြန်မာ အစိုးရတပ်တွေ အကြားဖြစ် ပွားနေတဲ့ တိုက်ပွဲ တွေဟာ ယနေ့ ချိန်ထိ နေ့စဉ်နဲ့အမျှ ဆက်လက်ဖြစ် ပွားနေဆဲပါ။ ၁၇နှစ်ကြာ အပစ်အခတ် ရပ်စဲခဲ့ရာက တိုုက် ပွဲတွေ ပြန်လည်စတင်ခဲ့တာ အခုဆိုရင် ၁၀ လ ကျော်ရှိလာပါ ပြီ၊ တိုက်ပွဲကြောင့် မြေဇာပင် အပြစ်မဲ့ ကချင်ပြည်သူလူထုတွေ စစ်ဘေးရှောင် ရင်း ဒုက္ခသည်ဘဝကို ကျရောက်ခဲ့ရပါတယ်။ ဒီလို ထောင်သောင်း မကတဲ့ ကချင်ညီအကို ဒုက္ခသည်တွေကို တဖက်တ လမ်းကနေ အကူအ ညီတွေ ထောက်ပံ့ပေးနိုင်ဖို့ I Love Myanmar ကို တည်ထောင်သူ ချင်းတိုင်းရင်း သူ Daw Levi Sap Nei Thang ဟာ မကြာသေးခင် ရက်ပိုင်းကဘဲ ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည် စခန်းကို ကိုယ်တိုင်သွား ရောက်ခဲ့ပါ တယ်။
I Love Myanmar အဖွဲ့ဟာ လူမျိုးဘာသာ မခွဲခြားဘဲ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရာ တိုးတက်ကြောင်းအတွက် အဖက် ဖက်ကနေ ကူညီထောက်ပ့ံပေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် နာဂစ် ဆိုင်ကလုန်းမုန်တိုင်း ကျရောက်ခဲ့တုန်းကလည်း I Love Myanmar အဖွဲ့က ဧရာဝတီတိုင်းသို့ သွားရောက်ပြီး အိုးအိမ် မဲ့ဖြစ်နေကြ တဲ့ ပြည်သူတွေအတွက် နေအိမ်တွေ ဆောက် တာမျိုး၊ ကျောင်းဆောင်တွေ ဆောက်ပေးတာမျိုး စတဲ့ လူမှု အကူအညီတွေကို ပေးအပ်လှူဒါန်းခဲ့ပါ တယ်။
ယခု ကချင်ပြည်နယ် စစ်ဘေးဒုက္ခသည် စခန်းကို ကိုယ်တိုင်းသွားရောက်ခဲ့တဲ့ Daw Levi Sap Nei Thang ကို ခိုနူမ်းထုန်သတင်းဌာနကနေ ဆက်သွယ်မေးမြန်းခဲ့တာပါ။
မေး ။ ။ ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်စခန်းကို ရောက်ခဲ့တယ်လို့သိရပါတယ်။ ဘယ်တုန်းက သွားရောက်ခဲ့လဲ၊ ဘယ်လောက်ကြာကြာနေခဲ့လဲဆိုတာ ပြောပြပေးလို့ရမလား။
ဖြေ။ ။ ဧပြီလ ၄ ရက် နှင့် ၅ ရက် နေ့တွေမှာ ကချင်စစ်ဘေးသင့်ဒုက္ခသည်စခန်း စုစုပေါင်း ၁၅ နေရာ ရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဋ္ဌါနရဲ့ ဖိတ်ကြားချက်နှင့် စီစဉ်ပေးခြင်းတို့ကြောင့် ရောက်ဖြစ်ခဲ့ပါတယ်။ ကချင်ပြည်နယ်နဲ့ပတ်သက်ရင် ဘယ်သူနဲ့မှ အဆက်အသွယ် မရှိခဲ့လို့ ဘယ်သူ့ကတဆင့် လှူဒါန်ရမှန်း ကူညီရမှန်း မသိခဲ့ပါဘူး။ ဒါကြောင့် ကယ်ဆယ်ရေးဝန်ကြီးဋ္ဌါန ရဲ့ ဖိတ်ကြားချက်ကို ချက်ချင်းလက်ခံလိုက်ပါတယ်။ ၀န်ကြီးဋ္ဌါနကနေ အရာရှိတွေ က ကချင်ပြည်နယ်အထိ လိုက်ပို့ပါတယ်။ ကချင်ပြည်နယ် ကယ်ဆယ်ရေးဝန်းကြီးနဲ့ လဲ တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။
မေး ။ ။ ဘယ်ဒုက္ခသည် စခန်းတွေမှာ သွားရောက်ခဲ့တာပါလဲ။
မြစ်ကြီးနား၊ ၀ုိင်းမော် ပါတ်ဝန်းကျင်အနီးအနားက စခန်းတွေကို ရောက်ခဲ့ပါတယ်။ KIA ထိန်းချုပ်ထားတဲ့ နယ်မြေ ဘက်တော့ မရောက်နိုင်ခဲ့ဘူး။ အခုရောက်ခဲ့တဲ့ဒေသမှာက ခရစ်ယာန်ဘာသာဝင်တွေများတော့ ဘုရားကျောင်း ၀င်းထဲမှာ စုပြီးနေကြတာ တွေ့ခဲ့ရတယ်။ ဘုရားကျောင်း ၁၅ ကျောင်း ရောက်ခဲ့ပါတယ်။ ဗုဒ္ဒဘာသာ ဘုန်းကြီးကျောင်း အနေနဲ့ ကတော့ စစ်ဘေးသင့်သူတွေကို ထားတာ တစ်ခုဘဲ ရှိတယ်။
မေး ။ ။ ဒုက္ခသည်စခန်းကို သွားရောက်ခဲ့တဲ့ ရည်ရွယ်ချက်လေးပြောပြပေးပါလား။
ဖြေ ။ ။ စသွားကတည်းက အိမ်ယာဆုံးရှူံးခဲ့သူတွေ အိမ်ယာမြေပြန်လည်ဆောက်ပေးဘို့ ရည်ရွယ် ချက်နဲ့ သွားခဲ့ပါတယ်။
မေး ။ ။ ဒုက္ခသည်တွေအတွက် ဆရာမကြီး အနေနဲ့ (သို့) I Love Myanmar အနေနဲ့ပေါ့ ဘာတွေ လုပ်ပေးနိုင်ခဲ့လဲ။
ဖြေ ။ ။ ကျမအနေနဲ့ကတော့ မြန်မာပြည်မှာ အလှူလုပ်သမျှကို I Love Myanmar နာမည်နဲ့ဘဲ လုပ်ပါတယ်။ ပထမသုတ်အနေနဲ့ အိမ်အလုံးတစ်ရာ ဆောက်ပေးဖို့ စီစဉ်ထားပါတယ်။
မေး ။ ။ အိမ်အလုံးတစ်ရာ ဆောက်မယ်ဆိုတာက… ဘယ်လိုအိမ်မျိုးလဲ၊
ဖြေ ။ ။ အိမ်ပုံစံကတော့ ထွက်လာပါပြီ၊ သွပ်မိုး၊ ပျဉ်ကာ၊ ကွန်ကရစ်ကြမ်းခင်း၊ ပေ ၂၄×၂၄
မေး ။ ။ အဲဒီအိမ်ဆောက်ဖို့အတွက် ဘယ်သူတွေက တာဝန်ယူလုပ်ဆောင်ဖို့ လွှဲအပ်ပေးခဲ့လဲ။ ကချင်ပြည်နယ်အစိုးရကိုလား၊
ဖြေ ။ ။ လူမှု ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဋ္ဌါနက လမ်းညွှန် အကူညီ အများကြီး ပေးခဲ့ပါတယ်။ ကျမက တခြားအသိလဲ မရှိဘူးလေ။ ဋ္ဌါနက အခုလဲ ကူညီဆောင် ရွက်ပေးနေပါ တယ်။ ထပ်မံကူညီလိမ့် မယ်လို့လည်း မျှော်လင့်ပါတယ်။
နာဂစ်ဒေသမှာတုန်းက လုပ်ခဲ့သလိုမျိူး အိမ်တွေကို လွှဲပြောင်းပေးအပ်တာမျိုးမလုပ်တော့ဘဲ ကျမကိုယ် တိုင် ရှေ့ဆက် ကြည့်ရှုစောင့်ရှောက်သွားချင်တဲ့ ဆန္ဒရှိပါတယ်။ အိမ်ဆောက်ပေးထားပြီးရင်လဲ သူတို့လိုအပ် မယ့် လုပ်ကိုင်စား သောက်ဘို့ အရင်းအနှီး၊ မိသားစုအရေး၊ ပညာရေး စသည်တို့ကိုလည်း အသေး စိတ် စောင့်ရှောက်ပေးချင်တယ်။ နာဂစ်မှာတုန်းကတော့ လှူဒါန်းခဲ့တာ အရမ်းများလွန်းတော့ အားလုံးအတွက် အသေးစိတ် ဂရုမစိုက်နိုင်ခဲ့ဘူး။
မေး။ ။ အိမ်တွေက အခုစတင်ဆောက်နေပြီလား၊ ဘယ်တော့လောက် အပြီးဆောက်ကြမှာလဲ။
ဖြေ ။ ။ အခြေအနေမျိုးစုံကို ကြည့်ရင် အိမ်ဆောက်ပေးဘို့ အစီအစဉ်ကို နိုင်ငံတော်တာဝန်ရှိ သူတွေက လက်မခံသေးဘူး။ ငြိမ်းချမ်းရေးမရမချင်း အိမ်ယာစီမံကိန်းကို မရှိစေချင်ကြသေးဘူး။ ဒါပေမယ့် ကျမကတော့ ကိုယ့် အစီအစဉ်နဲ့ဘဲ စလုပ်ချင်နေပြီ။ မိုးမကျခင်တော့ အပြီးဆောက်ချင်ပေမယ့် မသေချာသေး ဘူး။
မေး ။ ။ အိမ်တွေကို ကချင်ပြည်နယ် ဘယ်ဒေသတွေမှာ ပြန်ဆောက်ပေးမှာလဲ ။
ဖြေ ။ ။ မြစ်ကြီးနား နှင့် ၀ုိင်းမော် ပတ်ဝန်းကျင်မှာပါ။
မေး ။ ။ ခုလိုမျိူး ကချင်ညီအကို ဒုက္ခသည်တွေကို မြင်တွေ့ရတော့ အမ ဘယ်လိုခံစားမိလဲ။
ဖြေ ။ ။ ရာသီဥတုဘေးဒါဏ်သင့်သူတွေနဲ့တော့ မတူဘူး။ ရာသီဥတုဘေးဒါဏ် သင့်သူတွေ ဆိုရင်တော့ သူတို့ ဘဝကို အစကနေ ချက်ချင်း ပြန်စပေးလိုက်လို့ ရတယ်။ အခု စစ်ဘေးသင့်သူတွေက အကုန်လုံးဆုံးရှုံးသွားတာလဲ မဟုတ်သေးဘူးလေ။ တစ်ချို့ဆိုရင် သူတို့ရွာကို ပြန်ချင်နေကြ တယ်၊ ပြန်လို့ လဲမရသေးတော့ ခက်တယ်လေ။ ရွာမှာ ကျန်ခဲ့တဲ့ အိမ်မွေးတိရိစ္ဆာန်တွေဆိုရင်လဲ တပ်က သတ်စားလို့ ကုန်ပြီလို့ပြောတယ်။ တောင်ယာတွေ ကိုတော့ ပြန်လုပ်မယ်ဆို ရင် ဖြစ်နိုင်ခြေရှိသေးတယ်လို့ပြောပါတယ်။ ဆိုတော့ ကျမလဲ သူတို့အတွက် စိတ်မကောင်းပါဘူး။ ရွာကို မီးရှို့ခံရလို့ အိမ်မရှိ တော့တဲ့သူတွေ၊ အိမ်မွေးတရိစ္ဆာန်မရှိတော့တဲ့သူတွေ၊ လယ်ယာလုပ်စားဘို့ မရှိတော့တဲ့သူ တွေကိုတော့ အိမ်ဆောက်ပေးပြီး လယ်ယာလုပ်ကိုင်ဘို့ စီစဉ်ပေးနေပါတယ်။
မေး ။ ။ ခုလက်ရှိ ကချင်ဒုက္ခသည် ဦးရေ ဘယ်လောက်ရှိလဲဆိုတာ သိခဲ့ရပါလား။
ဖြေ ။ ။ ခုနှစ်သောင်းကျော် ရှိပါတယ်။
မေး ။ ။ ဒုက္ခသည်တွေရဲ့ လက်ရှိအခြေအနေလေးကို ပြောပြပေးပါလား၊ ဥပမာ – ဘယ်လိုနေထိုင် ကြလဲ၊ စားဝတ်နေရေးအခြေအနေ၊ ပညာရေးအခြေအနေ ဘယ်လိုအခက်အခဲရင်ဆိုင်နေကြလဲဆိုတာ စသဖြင့်ပေါ့။
ဖြေ ။ ။ စစ်ဘေးသင့်သူတွေရဲ့ လက်ရှိအခြေအနေကတော့ ယာယီတဲထဲမှာ နေကြရတယ်။ ယာယီ တဲတွေက များသောအားဖြင့် ဘုရားကျောင်းဝင်းထဲမှာ ဆောက်တာများတယ်။ မြေနေရာအလွတ်တွေ ရှိတယ်လေ။ တဲကတော့ ထရံကာ သွပ်မိုး နဲ့ဆောက်တာ ရှိသလို။ ပလပ်စတစ်အမိုးနဲ့ အကာ နဲ့ ဆောက်တာတွေလဲ ရှိတယ်။ မိုးရွာပြီဆိုရင် အားလုံးရေစိုကုန်တယ်။ မိုးရာသီရောက်ရင်တော့ ပိုဆိုးမယ် မလွယ်ဘူး။ ယာယီတဲတွေကိုတော့ UN က ဆောက်ပေး ထားတာ များပါတယ်။ ပုဂ္ဂလိကအနေနဲ့ ယာယီတဲတွေ လုပ်ပေးတာ မတွေ့ခဲ့ရပါဘူး။ စောစောပိုင်းက ဒီလိုယာယီတဲ တွေလိုအပ်မှန်း ကြိုသိခဲ့ရင် ကျမလဲ လှူချင်တာပေါ့။ စုပေါင်းနေထိုင်တဲ့ တဲတစ်တဲကို သိန်း ၅၀ လောက်ဘဲ ကုန်ကျပါ တယ်။
စားဝတ်နေရေးကတော့ UN, World Food Program ကနေ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ အာဟာရမှုန့် တို့ကို ပေး ပါတယ်။ ပြင်ပကနေ လှူတာ မရှိပါဘူး။ အစားအသောက်အတွက်တော့ စိုးရိမ်စရာ မရှိပါဘူး။ ပညာရေးအနေ နဲ့တော့ အခုလောလော ဆယ် ကျောင်းပိ်တ်ထားပါတယ်။