(အင်တာဗျူး) ကျတော်ချက်ကြိုးစလွယ်သိုင်း နဲ့ မွေးလာတော့ ချင်းလို ထွန်းယောက်လို့ မှည့်ခဲ့ ကြတယ်၊အဒေါ်က ဗမာလို ထွန်းသန်း လို့ မှည့်ခဲ့တယ်၊ အဖေက ပိုးရှန်၊ အမေက ရီးလောင်၊ ဗမာလို မြရီ၊ အင်္ဂလိပ် သက္ကရာဇ် ၁၉၃၀၊ မြန်မာ သက္ကရာဇ် ၁၂၉၈ ခုနှစ်တန်ခူး လဆန်း ၁၁ရက် မှာ မွေးတယ်၊
မေး။ ။ ဘကြီးလို့ ခေါ်မယ်နော်၊ မိဘ၊ ဇာတိ သိခွင့်ရှိမလား ဘကြီး၊
ဖြေ။ ။ ရပါတယ်၊ ကျတော် ချက်ကြိုးစလွယ်သိုင်းနဲ့ မွေးလာတော့ ချင်းလို ထွန်းယောက်လို့ မှည့်ခဲ့ ကြတယ်၊အဒေါ်က ဗမာလို ထွန်းသန်းလို့ မှည့်ခဲ့တယ်၊ အဖေက ပိုးရှန်၊ အမေက ရီးလောင်၊ ဗမာလို မြရီ၊ အင်္ဂလိပ် သက္ကရာဇ် ၁၉၃၀၊ မြန်မာ သက္ကရာဇ် ၁၂၉၈ ခုနှစ် တန်ခူးလဆန်း ၁၁ ရက်မှာ မွေးတယ်၊မွေးချင်းထဲက ဒုတိယ မြောက်သားပေါ့၊ သရက်မြို့ ဇာ တိပါ။
မေး။ ။ ပညာရေးနဲ့ အစိုးရ ၀န်ထမ်းဘဝပြောပြနိုင်မလား။
ဖြေ။ ။ ၁၉၄၂ ခုနှစ်မှာ ခြောက်တန်းအောင်ပြီး ယာခုတ်၊ တောင်းယက်၊ နှီးဖျာ၊ ထန်းတက် စသဖြင့် လုပ်ခဲ့တယ်၊ ၁၉၄၆ ခုနှစ်မှာ ရှစ်တန်း ပြန်တက်တယ်၊ ရှစ်တန်းကို နှစ်လ တက်ပြီး တန်းကျော် ၉ တန်း တက်တယ်၊ ၉ တန်းကို ၁၉၄၇ ခုမှာ School Living Certificate နဲ့အောင်ခဲ့တယ်၊ ဆယ်တန်းကို သရက် မြို့က ကျတော် တယောက်တည်းအောင် တယ်၊ ငွေကြေးအခက်အခဲကြောင် ့ တက္ကသိုလ်ဆက်မတက်နိုင် ဘူး၊ ဗိုလ်ချုပ် အောင်ဆန်းက လွတ်လပ်ရေးမရခင် ခါးတောင်း ကျိုက်မဖြုတ်ကြနဲ့ လို့ပြောခဲ့တဲ့ စကားက ကျတော့် စိတ်ကို ထက်သန်စေခဲ့တယ်၊ အဘက Chin Defense Organization မှာ ကြယ်သုံးပွင့်နဲ့ ခရိုင်စစ်ခေါင်းဆောင်လုပ်ခဲ့တယ်၊ ၁၉၄၈ မှာ တက္ကသိုလ် ဆက် တက်ဖြစ်တယ်၊ Judson Student Aid က တနှစ်အတွက် သုံးရာ အထောက်အပ့ံရတယ်၊ Judson Chapel ဘုရား ကျောင်းမှာ သန့်ရှင်းရေးလုပ် ကျောင်းစရိတ်ရှာတယ်၊ ဒီလိုနဲ့ အဘက Intermediate ကို အောင်တယ်၊ပြီးမှ Inspector General of police ကို အတွင်းဝန်များရုံး ၀န်ကြီးရုံးပေါ့၊
အဲဒီမှာ ခြောက်လ အလုပ်လုပ်ခဲ့တယ်၊ ပြီးမှ မန္တလေး စိုက်ပျိုးရေး မဟာဌာနကနေ stipend နဲ့ နှစ်နှစ် လောက်ဆက်တက်ပြီး Barchelor of Science and Agriculture ကို အောင်ခဲ့တယ်၊ Anti Malaria Campaign ဆိုတဲ့ ငှက်ဖျားနှိမ်နင်းရေးဌာနမှာ အရာရှိ အဆင့်နဲ့ လေးလ လောက်လုပ်ခဲ့ တယ်၊ အဲဒီကနေ ပညာတော်သင်အရွေးခံပြီး အမေရိကားကို သွားတယ်၊ University of Georgia မှာ မဟာဘွဲ့ရတယ်၊ ၁၉၅၅ မှာပေါ့၊ ၁၉၅၈ ခုနှစ်မှာ စိုက်ပျိုးရေးပါရဂူဘွဲ့Ph.D ကို ရခဲ့တယ်၊ ၁၉၅၉ ခုနှစ် April ၁၃ မှာ မြန်မာ ပြည်ကို ပြန်ရောက်ပြီး မန္တလေး တက္ကသိုလ် လက်အောက် စိုက်ပျိုးရေးမဟာဌာန မှာ Assistant Lecturer အဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်၊ ၁၉၆၂ မှာ Lecturer ဖြစ်ခဲ့တယ်၊ ၁၉၆၄ နို၀င်ဘာလ မှာ ပါမောက္ခ ခန့်အပ်ကြတယ်၊ အခု ရေဆင်းတက္ကသိုလ် အထိပေါ့၊ ရေးဆင်းမှာ ခေတ်ဦး သမလယ်ယာကို တည် ထောင်တယ်။
အဲဒါက စိုက်ပျိုးရေးဘွဲ့ရကျောင်းသားတွေရဲ့ သမဝါယမ လယ်ယာပေါ့၊ တချိန်က ဦးနေဝင်းကိုထောက် ခံခဲ့တယ်၊ ဦးနုက ဗုဒ္ဒဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဌာန်းလိုက်တော့ စစ်တပ်က နိုင်ငံတော် အာဏာကို ကိုင်ယင် ဒီလိုဖြစ်မှာမဟုတ်ဘူးဆိုပြီး ထောက်ခံခဲ့တာပါ၊ နေဝင်းဆိုရှယ်လစ် အစိုးရမှာပါတီ စိတ်မှူး၊ ပါတီခေါင်းဆောင်၊ လမ်းစဉ်လူငယ် ဥက္ကဌတွေလုပ်ခဲ့တယ်၊ ၁၉၉၀ ခုနှစ်မှာ အစိုးရဝန်ထမ်း ဘဝ ကနေ နားလိုက်တယ်။
မေး။ ။ ၁၉၄၉ ခုနှစ်မှာ တောခိုခဲ့ဘူးတယ်နော်၊
ဖြေ။ ။ ဟုတ်တယ်၊ ၁၉၄၉ ခုနှစ် မတ်လမှာ သရက်မြို့ကို ကျတော်ပြန်သွားတယ်၊ အဲဒီတုန်း က ဗမာပြည် တပြည်လုံး ကွန်မြူနစ်လက်အောက်ရောက်သွားတယ်၊ အောက်ပြည်မှာက ကရင် KNDOလက် ထဲမှာ ရှိနေတယ်၊ အစိုးရ ထိန်းချုပ်နယ်မြေဆိုလို့ သရက်မြို့တမြို့ထဲပါပဲ။ သရက်မြို့မှာ က ချင်းတပ် Union Military Police အင်အား ၃၀၀ လောက်ရှိတယ်၊ သူတို့ကို တောခိုဖို့ စည်းရုံး တယ်၊ အားလုံး သဘောတူကြပေမဲ့ တပ်မှူး ဗိုလ်ဆယ်ကြီးက သဘောမ တူခဲ့ဘူး၊ သူ့ကို သတ်ပြီး တောခိုဖို့တိုင်ပင်ကြ သေးတယ်၊ ဗိုလ်ဆယ်ကြီးကို သတ်ဖို့ သွားအခေါ်မှာ ကွန်မြုနစ် ဗိုလ်မှူး သက်ထွန်းတို့ စက်လှေ ၆ စီးနဲ့ သရက်မြို့ကို ၀င်လာတော့ ကျတော်တို့ အဖွဲ့တွေ ကြက်ပျောက် ငှက်ပျောက် ဖြစ်ကုန်ကြ တယ်၊ ဒါနဲ့ ကိုယ်ရောင်ဖျောက်ပြီး ရန်ကုန်ကို တိုက်ကြီးကနေ ဂျိုးဖြူ ရေပိုက်အတိုင်း ဆင်းသွားကြတယ်၊ဒါနဲ့ ဗိုလ်မှူး ကျင် (ဒေါက်တာဆလိုင်းပါကျင်ရဲ့ အဖေ) တို့ရဲ့ First Burma Regiment တပ်ကို ရောက်သွားကြတယ်၊ ဗိုလ်မှူးကျင် က မှော်ဘီ စိုက်ပျိုးရေးခြံမှာ ကျတော် တို့ကို နေရာချပေးတယ်။
မေး။ ။ အဲဒီတုန်းက ချင်းတပ်တွေက ပြည်ထောင်စုကို ကယ်တင်ခဲ့ကြတယ်ဆိုတာကော ဟုတ်သလား၊
ဖြေ။ ။ အဲဒီတုန်းက ချင်း သေနတ်ကိုင် တပ်ရင်း ၁၊ ၂၊ ၃၊ ၄ ဆိုပြီးရှိတယ်၊ တကယ့် Activeအဖြစ်ဆုံး ပေါ့၊ အင်းစိန်တို့ စော်ဘွားကြီးကုန်းတို့ အဲဒီမှာ ကရင်တွေနဲ့ ချကြတာ၊ ဗိုလ်တိုက်ချွန်း တို့ကရွံ့ရွံ့ချွံချွံ တိုက်ခဲ့ကြတယ်၊ ဗိုလ်မှူးကြီး ဟရန် ထီယိုလည်း ကျသွားတယ်၊ ကရင်တွေ က ရန်ကုန်ကို မသိမ်းနိုင် တော့တာပေါ့။ အဲဒါကို ဗမာသေနတ်ကိုင်တပ်ရင်းက အသေအချာ တိုက်ယူပြီး အုပ်ချုပ်ရေးကိုချင်းလက် ထက် အပ်ခဲ့တယ်လို့ ရုပ်ရှင်ရိုက်ကြတာ၊ ရုပ်ရှင်ပြ နေစဉ်မှာပဲ ချင်း ဗိုလ်မှူးတဦးကမဟုတ်တာတွေပြ တယ် ဆိုပြီး မိုးပေါ်ထောင်သေနတ်ဖောက်တယ်၊ ဗိုလ်နေဝင်း တောင်မှ အဖြစ်မှန်ကို မပြောရဲတော့ပဲ ရုပ်ရှင်ကို ပြန်ဖျက်သိမ်းခိုင်းတယ်၊ သမိုင်းကို ဗြောင်ညာကြ တယ်၊ လက်ငင်း အဖြစ်အပျက် တောင် ပြောင်းပြန် လှန်ပြောကြတယ်၊ လှိုင်မြစ်ကနေ အင်းစိန်ကို တက်လာတဲ့ ရဲဘော်ဖြူတွေကို ချင်းတပ်တွေက နှိမ်နင်းခဲ့ တယ်၊ ရန်ကုန်မြို့ကိုချင်းတပ်ကပဲ ကယ်ခဲ့တာပဲ၊ ကျတော် စဉ်းစားမရတာက ဘာဖြစ်လို့ချင်းကို သမိုင်းကနေဖျောက်ဖျက်ချင်ကြ တာလဲ၊
မေး။ ။ ရန်ကုန်မှာ တကိုယ်တော်ဆန္ဒပြခဲ့လို့ ထောင်ကျခဲ့တယ်နော်၊
ဖြေ။ ။ အဘက နိုင်ငံရေးလည်း မသိဘူး၊ ရှင်းရှင်း ပဲ ၀န်ခံတယ်၊ ငဖဲမြို့နယ်၊ ပေလေးထောင် အမြင့်ရှိတဲ့ ခွန်ဇူး စခန်းမှာ ဖက်စုံ ဖွံ့ဖြိုးရေးကို လုပ်တယ်၊ အဲဒါကို အစိုးရဖက်တော်သားတချို့က မကြိုက်ဘူးအမျိုး မျိုးနှောင့်ယှက်ကြတယ်၊ မခံ ချင်ဆုံးနဲ့ ခလုတ်နှိပ်လိုက်တဲ့ ဖြစ်ရပ်ကတော့ ချင်းလူမျိုးတွေရဲ့အရိုး ဒိုင်ကို ဖျက်ဆီးပစ်လိုက်ကြတဲ့ဟာပဲ၊ အရိုးဒိုင်ဆို တာက ချင်းတွေ သေယင် အမျိုးလိုက် မြှုပ်လိုက်ရတဲ့အရိုးတွင်း ပေါ့၊ အဲဒါကို ညတွင်းချင်း ထုတ်ယူသွားကြ တယ်၊ မတရားတာ တော့ ကမ်းကုန်ပဲ၊ အဲဒါကြောင့် ၂၀၀၁ နို၀င်ဘာ ၂၇ မှာ တကိုယ်တော် ဆန္ဒပြခဲ့တယ်၊ တောင်းဆို ချက် များ များ မလုပ်ဘူး၊ မတရား ရယူထားတဲ့ နိုင်ငံတော်အာဏာကို မူလပိုင်ရှင်ဖြစ်တဲ့ ပြည်သူလူ ထုကို ပြန်ပေးပါ အဲဒါပဲ တောင်း ဆိုတယ်၊ ဒါနဲ့ ထောင်ဒါဏ် ရ နှစ် ဆုချခံရတယ်။
အဘ အမျိုးသမီးက ၂၀၀၁ ခုနှစ် ဒီဇင်ဘာလ (၃) ရက်နေ့မှာထောင်ဝင်စာလာတွေ့တယ်၊ ၂၀၀၂ဇန္နဝါရီ မှာ သမ္မာကျမ်း စာအုပ်လာပေးတယ် ၂၀၀၃ ဧပြီ ၁၆ မှာ လာတယ်၊ ဒါပေမဲ့ တခါမှ မရဘူး၊ စီစစ်တုန်းပဲ လို့ပဲတုံ့ပြန်ကြတယ်၊ ဘယ်မှာလဲ လွတ်လပ်စွာကိုးကွယ်ခွင့်လို့ ကျတော်သူတို့ကို မေးလိုက်တယ်၊ ကျတော် အသက် (၇၅) နှစ်ပြည့်တဲ့အထိမ်းအမှတ်နဲ့ ဆေးရုံမှာ အတူနေရတဲ့ ဒေါက်တာ သန်းငြိမ်း၊ ဦးသုဝေ နဲ့ နိုင်ငံရေးသမား (၈) ဦးကို ဒံပေါက်ကျွေးဖို့ (၈) ထုတ်မှာတယ်၊ဆလိုင်းထွန်းသန်းဆိုကတည်း က မရဘူးတဲ့၊ သူများမွေးနေ့တွေဆိုယင် အထုပ်ပေါင်း တစ်သောင်းတောင် ဘုန်းတော် ကြီးတပါးက ကွေးဖူးတယ်၊ ပီဟဲရိုးက နိုင်ငံရေးအကျဉ်းသားတွေကို တွေ့ဆုံစဉ် ထောင်အာဏာပိုင်တွေက အသံဖမ်း ကရိယာကို စားပွဲခုံအောက်မှာထားတယ်၊ ပီဟဲရိုးက ငါ့ကိုယ့်၌က လူ့အခွင့်အရေးချိုးဖောက်ခံရပြီ ဆိုပြီး ထွက်သွားတယ်၊
ခင်ညွန့်ကတောင်းပန်ပေမဲ့မရဘူး၊ ထောင်ထဲမှာ အချက်နှစ်ချက်အတွက် အစာငတ်ခံဆန္ဒပြခဲ့တယ်၊ ကျတော့်ခန္ဒာ ကိုယ်ထဲဘာဆေးမှ မသွင်းဖို့၊ ကျတော်သေယင် အလောင်းကို ငါ့မိန်းမထံ ပို့ပေးဖို့။ တချိန်တည်းမှာပဲ အမေရိက၊ ဥရောပ၊ ဖိလစ်ပိုင်၊ ကနေဒါ၊ အိန္ဒိယ၊သြစတျေးလျ နိုင်ငံတွေမှာကျတော့် လွတ်ဖို့ ဖယောင်းတိုင်မီးထွန်း ဆုတောင်း ပေးကြတယ်၊ ဒါနဲ့ပဲ အာဏာပိုင်တွေကလာပြီး အဘ ရော့ ဒီမှာကျမ်းစာအုပ်၊ငါတို့က မေ့တတ်လို့ပါတဲ့ကွာ၊ ဒံပေါက် ကျွေးခွင့်မပြုတဲ့ထောင်မှူးတွေ ကိုအပြစ်ပေး မယ်၊ ဘာလုပ်မယ်တဲ့၊ ကျတော်က ကျတော့်ကြောင့် ဘယ်သူမှ အန္တရာယ် မဖြစ်စေချင် ဘူး လို့ပြောလိုက် တယ်၊ ၂၀၀၃ ခုနှစ် မေလ (၃)ရက်နေ့မှာထောင် ကနေ ပြန်လွတ်လာခဲ့တယ်။
မေး။ ။ ပြည်ပကို ထွက်သွားတာက၊
ဖြေ။ ။ ထောင်ကနေ ထွက်ထွက်ချင်း၊ passport လျှောက်တယ်၊ အဲဒီတုန်းက ပါးစ်ပို့လျှောက်တာ ခုနစ်ရက် တပတ်ပဲကြာတယ်၊ ဒါပေမဲ့ အဘာက နှစ်နှစ်လောက်ကြာတယ်၊ အမေရိကန်သံရုံးက ဗီဇာ သုံးကြိမ် ငြင်းသေးတယ်၊ ပြည်တွင်းမှာ နေယင် ဒီလိုပဲ အမြဲဖြစ်မှာစိုးလို့ ခွင့်ပြုတာဖြစ်နိုင်တယ်။
မေး။ ။ ချင်းလူမျိုးတွေ နိုင်ငံရေးအရ ပိုမိုစုစည်းလာအောင် ဘယ်လို လုပ်သင့်သလဲ။
ဖြေ။ ။ ဟိုတုန်းက ချင်းတွေဟာ တကွဲတပြားစီ ရှိကြတယ်ဆိုတာ အမှန်ပါပဲ၊ အခု ဗိုလ်သန်းရွှေ ကို တောင် ကျေးဇူး တင်ရ မလိုဖြစ်နေတယ်၊နိုင်ငံရေးမကောင်းတော့ ဆင်းရဲတဲ့ ချင်းလူမျိုးတွေဟာ သူများ တွေထက် တိုင်းတပါးကို ထွက်လာ ကြတယ်၊ အဲဒါအခွင့်ကောင်းတခုပဲ၊ နိုင်ငံရပ်ခြားတွေမှာ ကိုယ့်အခက် အခဲ၊ အနှိပ်စက်ခံ တာတွေသိလာကြတော့ သွေးက စကားပြောပြီး စုစည်းမှုလေးတွေ ရှိလာတယ် လို့ မြင်တယ်၊ တခုက ချင်းတွေဟာ အင်္သရေလ လူမျိုးတွေနဲ့ တူတယ်၊ အင်္သရေလ လူမျိုးတွေဟာ ဒုက္ခ ရောက်တဲ့ အချိန်မှာ ဘုရားကို တမ်းတပြီး တအားအော် ဟစ်ကြ တယ်၊ ကောင်းစား ပြီဆိုယင် ဘုရားကို တန်းမေ့တော့တာပဲ၊ အဲဒါကို ဘုရားက တန်းပြီးဒါဏ်ပေးတယ်၊ စုစည်းမှု တွေရှိဖို့ မီဒီယာ ခေတ်မှာ အပြန်အလှန် ဆက်သွယ်ကြရပါမယ်၊ တိုင်းနိုင်ငံအလိုက် ဆီမီနာတွေလုပ်ကြပါ၊ ချင်းစုစည်း မှုအတွက် မိမိကိုယ် တိုင်က အရေးကြီး၊ တာဝန်အရှိဆုံးပါ၊ ဘာပဲဖြစ်ဖြစ် ဘုရားမှာ အမြဲမပြတ်ဆုတောင်းပါ။
မေး။ ။ အခု ချင်းလက်နက်ကိုင် ချင်းအမျိုးသားတပ်ဦးကို ဘယ်လိုမြင်သလဲ။
ဖြေ။ ။ လက်ရှိ အာဏာရှိတွေအတွက်တော့ သူပုန်ပေါ့၊ သူပုန်ထရခြင်းဟာ မတရားမှုကြောင့်ပေါ်လာ တာပဲ၊ ကျတော်တို့ လက်နက်မရှိတဲ့အချိန်မှာ မတရားလာစော်ကားကြတယ်၊ ဒူးနဲ့ မျက်ရည်သုတ်တဲ့ အချိန်လည်း ဖြစ်လာ တယ်၊ ကိုယ်က လက်နက်ရှိလာတဲ့ အချိန်ကျယင်ကိုယ့်လူမျိုးကိုကာကွယ်တော့ တာပဲ၊ ကိုယ်က အမှန်တရား ဘက်လိုက် တဲ့ မျိုးချစ်တပ်တွေဖြစ်တယ်၊ တကယ့် သူပုန်က စစ်အစိုးရ၊ ချင်းအမျိုးသားတပ်ဦးကို ချင်းလူမျိုးတွေက မျှော်လင့်တယ်၊ အားကိုး တယ်၊ဗြောင်အားမပေးရဲတာဖြစ် မယ်၊ အတွင်းစိတ်က ရာနှုန်းပြည့်အားပေးတယ်၊ ရန်သူကို တိုက် တာ သက်သက် မဟုတ်ပဲချင်းအမျိုးသား စည်းလုံးညီညွတ်မှုကို ပိုမိုအားထုတ်စေချင်တယ်၊ အမှန်တရား ဖက်က လုပ်နေတဲ့ အတွက်ကြောင့်ဘုရား သခင်လည်းကြိုက်တယ်၊ ကိုယ့် ချင်းလူမျိုးတွေလည်း ကြိုက်တယ်၊
မေး။ ။ လက်ရှိ စစ်အစိုးရကိုဘယ်လိုမြင်သလဲ။
ဖြေ။ ။ ဒီမိုကရေစီလိုချင်ယင် ဆေးရှိတယ်၊ တိုင်းရင်းသားတွေ စုစည်းပြီး တိုက်ပွဲဝင်ရမယ်၊ နအဖက ကမ္ဘာကို လိမ်ပြီး ရွေးကောက်ပွဲလုပ်တယ်၊ ကြာအေး အမေက ရိုက်ဆိုသလို သူတို့ အာဏာတည်မြဲဖို့ သံသရာလည်နေအုံးမှာပဲ၊ ဒါပေမဲ့ တနေ့ ဗမာ တိုင်းရင်းသားအပါအဝင် တိုင်းရင်းသားအားလုံးစည်းလုံးမှု ရှိလာတဲ့ နေ့ ဒီမိုကရေစီရမှာ သေချာတယ်၊ ဘုရားသခင်က ကမ္ဘာ အရပ်အရပ်ကို တွန်းပို့ပြီး ဒီမိုကရေစီ၊ လူ့အခွင့်အရေးတွေ စသဖြင့် သင်ခွင့်ရတယ်၊ ဒီဟာတွေ တို့တတွေပြည့်စုံလာတဲ့တနေ့စစ်အာဏာရှင် ဟာ လည်း ဒူးညောင်း ပြုတ်ထွက်တဲ့ နေ့ပဲ။