(အင်တာဗျူး) တိုင်းရင်းသားပြည်သူများ ကောင်းကျိုးကို ရှေ့ရှုပြီး ထိုးစစ်ဆင်မှုများ ရပ်တန့်ဖို့ နေပြည် တော် သမ္မတဦးသိန်းစိန် ထံ လိပ်မူပြီးမိတ္တူ ကိုလဲ ကချင်၊ ကရင်၊ ရှမ်း နှင့် မွန်လက်နက် ကိုင်တပ်ဖွဲ့တွေဆီ အမျိုးသားဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပေးပို့ခဲ့ပါတယ်။
တိုင်းရင်းသားပြည်သူများ ကောင်းကျိုးကို ရှေ့ရှုပြီး ထိုးစစ်ဆင်မှုများရပ်တန့်ဖို့ နေပြည် တော် သမ္မတ ဦးသိန်းစိန်ထံ လိပ်မူပြီးမိတ္တူ ကိုလဲ ကချင်၊ ကရင်၊ ရှမ်း နှင့် မွန်လက်နက် ကိုင်တပ်ဖွဲ့တွေဆီ အမျိုးသားဒီမို ကရေစီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က ပေးပို့ခဲ့ပါတယ်။ အဲဒီအကြောင်းကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လောက်အထိ ထိရောက်နိုင် မလဲ ဆိုတာ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ် မေးမြန်းထားပါတယ်။
မေး။ ။ ဒေါ်အောင်ဆန်းစုကြည် က တိုက်ပွဲတွေ ရပ်တန့်ဖို့ ပြီးခဲ့တဲ့အပတ်ကအဖက်ဖက်ကို တိုက်တွန်း သွား တာနဲ့ ပတ် သက်ပြီး SNLD အနေနဲ့ ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးကို စစ်ရေးနည်းလမ်းနဲ့ ဖြေရှင်းတာ အောင်မြင်မှာ မဟုတ်ဘူး။ ငြိမ်းချမ်း ရေးနည်းလမ်းနဲ့ ဆွေးနွေးဖြေရှင်းတာဟာ သင့်တော်ပြီး ကောင်းမွန်တဲ့အလုပ် ဖြစ်တယ်လို့တိုက် တွန်းပါတယ်။ ဒါကြောင့် နိုင်ငံရေးကို နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းတာကို လက်ကမ်းကြိုဆို သင့်တယ် လို့ မြင်ပါတယ်။
မေး။ ။ သူမရဲ့ တိုက်တွန်းချက်တွေက ထိရောက်မယ်လို့ မြင်ပါသလား။
ဖြေ။ ။ သူမဟာ ငြိမ်းချမ်းရေး နိုဗယ်ဆုရရှင် တစ်ယောက်ဖြစ်တာ ကြောင့် သူမရဲ့တိုက်တွန်းချက် ထိရောက်နိုင် ပေမဲ့ အရေးကြီးတာကငြိမ်းချမ်းရေးလုပ်မဲ့သူအပေါ်မှာမူတည်တယ်။ SSA ခေါင်းဆောင် တွေ KIA ခေါင်းဆောင်တွေ လိုမျိုးပေါ့။ ငြိမ်းချမ်းရေးအတွက် လုပ်ချင်တဲ့ စေတနာဟာ နှစ်ဖက်စလုံးမှာ ညီညီမျှမျှ ရှိနေဖို့လိုတယ်။ တဖက်က UN, US နဲ့ အာစီယံတွေရဲ့ ဆန္ဒ အတိုင်း ငြိမ်းချမ်းရေးကို မျက်နှာသာလုပ်ပြီး နိုင်ငံရေးကစားကွက်အဖြစ် အသုံး ချမယ်ဆို ရင် စစ်မှန်တဲ့ ငြိမ်းချမ်းရေး ပေါ်ထွန်းလာမှာ မဟုတ်ဘူးလို့ မြင်ပါတယ်။ နှစ်ဖက်စလုံးက အမှန်တကယ် ဖြစ်ချင် တဲ့ ဆန္ဒ လုပ်ချင်တဲ့ဆန္ဒ ရှိဖို့လိုတယ်။ တကယ်လို့ လုပ်မယ်ဆိုရင်လဲ ကဏ္ဍတွေ အဆင့်ဆင့်ရှိသင့်တယ်လို့ ကျနော်တို့ မြင်တယ်။တိုက်တာ ခိုက်တာ ရပ်ဖို့ဆိုတာ လွယ်ပါတယ်။ ဒါပေမဲ့ အမှန်တကယ် လုပ်မယ် ဆိုရင် ၁) ဘယ်သူက ငြိမ်းချမ်းရေး အတွက် လက်မှတ်ထိုး မှာလဲ ၂) ဘယ်အဆင့်ထိလုပ်မလဲ ၃) သဘောတူထားတဲ့ အချက်အတိုင်း လုပ် မယ် မလုပ်ဘူးဆိုတာ ဘယ် အဖွဲ့၊ ဘယ်သူ့ကို စောင့်ကြည့်ခိုင်း မလဲ စသဖြင့် အစီအစဉ်တကျ အခန်းကဏ္ဍတွေ နဲ့ လုပ်မှ ဖြစ် မြောက် အောင်မြင်မယ်လို့ထင်တယ်။
မေး။ ။ UN, US နဲ့ အာဆီယံက မြန်မာပြည်အမျိုးသားရင်ကြားစေ့ရေး ငြိမ်းချမ်းရေးအတွက် နှစ်ပေါင်း များစွာ တိုက်တွန်းပြောဆို နေပေမဲ့ မအောင်မြင်ခဲ့ဘူး။ ဒါကြောင့် သူတို့ကို မျှော်လင့်အားကိုးသင့်ပါတော့မ လား။
ဖြေ။ ။ UN, US နဲ့ အာဆီယံတို့က စေတနာနဲ့ ငြိမ်းချမ်းရေးအတွက် ကြားဝင်ကူညီပေးမယ်ဆိုပေမဲ့ အစိုးရနဲ့ လက် နက်ကိုင်အဖွဲ့အစည်းတို့နဲ့ တွေ့ဆုံနွေးဆွေးပြီး သဘောတူညီချက်ရယူတာ မလုပ်နိုင်သရွေ၊ နှစ်ဖက်စလုံး အမြင်ချင်း မတူ သရွေ့ ဘယ်သူကမှ ကူညီနိုင်မှာ မဟုတ်ဘူး။ ခုနကပြောသွားတဲ့အတိုင်း ဘယ်သူ ကလုပ်မလဲဆိုတာကို ပြန် ကြည့်ရင် SSA မှာလဲ နှစ်ဖွဲ့ရှိနေတော့ SSPP/SSA ဝမ့်ဟိုင်းဌာနချုပ်တစ်ခု တည်းဘဲ သဘောတူမလား။ ဒါမှမဟုတ် RCSS/SSA နဲ့ ပူးပေါင်းပြီး သဘောတူမှာလား။ တဖက်မှာ လည်း အစိုးရက တပ်မတော်က အရာရှိတွေ၊ တိုင်းမှူးတို့ ဗျူဟာမှူးတို့လွတ်ပြီး လက်မှတ်ထိုးခိုင်းရင်ကော သမ္မတ ဦးသိန်းစိန်ရဲ့ကိုယ်စားပြုလို့ ဆိုနိုင်မလားဆိုတာ တွေဝေနိုင် တယ်။ သတိထားရမှာက ရွေးကောက် ပွဲဝင် နိုင်ငံရေးပါတီ ၃၇ ပါတီကို ခေါ်တွေ့တုန်းက ဦးတင်အေး ပြောသွားတဲ့ အချက် - စစ်ရေးကို တပ်မ တော်ကဘဲ ဖြေရှင်းသွားမယ် - ဆိုရင်တော့ စိတ်ပူစရာပါဘဲ။ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အကြား စစ်ရေး ပြဿနာကို တိုင်းရင်းသားအဖွဲ့နဲ့ တပ်မတော်ကဘဲ ဖြေရှင်းရမယ်ဆိုတာ နိုင်ငံရေးနည်း လမ်းမကျတဲ့ အတွက် ပြီးဆုံးနိုင်မှာမဟုတ်ဘူး။ တကယ်လို့ ဒီအချက်ကို အလေးအနက်မထားဘူးဆိုရင် နှစ်လ ကြာရှည် ပြဿနာကြီး ဖြစ်သွားမယ်လို့ ကျနော်တို့မြင်တယ်။
လက်မှတ်ရေးထိုးခြင်းဆိုတာအရမ်းအရေးကြီးပါတယ်။ SSPP နဲ့ RCSS ဘဲ လုပ်သွားမယ်ဆိုရင် ပြည့်စုံတဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖြစ်လာနိုင် မှာ မဟုတ်ဘူး။ တိုင်းနဲ့ပြည် နယ်အားလုံး တိုင်းရင်းသားအားလုံး ပြည်သူလူထုတရပ်လုံး တချိန်တည်း စည်းစည်းလုံးလုံးနဲ့ အင်တိုက်အားတိုက် ငြိမ်းချမ်းရေးလုပ်ဖို့ အစိုးရကို တောင်းဆိုမှ ပြည့်စုံတဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဖြစ်လာနိုင် မယ်။ ငြိမ်းချမ်းရေးကို ဘယ် မှာသဘောတူလုပ် မလဲ ဘယ်သူက စောင့်ကြည့် ပေးမလဲ။တကယ်လို့ UN, US, EU နဲ့ အာစီယံ မရှိဘူးဆိုရင် မီဒီယာ အဖွဲ့တဖွဲ့နဲ့ ပြည်သူအများ ယုံကြည်ရ တဲ့အဖွဲ့တို့ ပူးပေါင်းပြီး စောင့် ကြည့် ပေးမယ်ဆိုရင် တစ်နေ့နေ့မှာ ဘယ်သူက သဘောတူထားတဲ့အတိုင်း မလုပ်ဘူး၊ ဆုတ်ယုတ်တယ်၊စည်းကမ်းဖောက်ဖျက် တယ်ဆိုတာ သိလာနိုင်မယ်။ စောင့် ကြည့်ရေးအဖွဲ့ မရှိရင် မဖြစ်ဘူး။ ဒီလိုသုံးလေး ဖွဲ့ပူးပေါင်းပြီး မလုပ်နိုင်ရင် မကျော်လွားနိုင်ရင်တော့ နိုင်ငံရေးကို နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းတာ မဖြစ် လာနိုင်ဘူး။ နိုင်ငံရေးတရားဝင်မှု ဟာ အရေးကြီးဆုံး ဘဲလို့ ပြောချင်ပါ တယ်။ နိုင်ငံရေးမှာ တရားဝင် လုပ်ဆောင်ရမယ်။ တရားဝင် မလုပ်ဆောင်နိုင်သရွေ့ ငြိမ်းချမ်းရေးလဲ လုပ်ဆောင်နိုင် မှာမဟုတ်ဘူးလို့ ပြောချင်ပါတယ်။
မေး။ ။ လေ့လာကြည့်မယ်ဆိုရင် KIA လဲ ငြိမ်းချမ်းရေးယူဖို့ တိုက်ပွဲရပ်မယ် လို့မသိုးမသန့်ကြားနေရ တယ်။ SSPP ဖက်ကိုလဲ မြန်မာစစ်တပ်က သံဃာ နှစ်ပါးစေလွှတ်ပြီး ငြိမ်းချမ်းရေးအတွက် သွားပြောတယ်လို့သိရပါ တယ်။ တဖက် မှာ လဲ မြန်မာစစ်တပ်က အပစ်ရပ်တွေနယ်မြေကနေဆုတ်ခွာနေတယ်။ ဒီအခြေအနေ မှာကော SNLD အနေနဲ့ ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ ပြည်ပနိုင်ငံတွေ ပြည်ပအဖွဲ့အစည်းတွေနဲ့ ယူအဲန်ရဲ့ ဖိအားတွေ ပိုပြီးပြင်းထန်လာလို့ မြန်မာ စစ်တပ်ဖက် က ဆုတ်ခွာသွား တာ ဖြစ်နိုင်တယ်။ တိုင်းရင်းသားအချင်းချင်း စည်းလုံးပြီး အသံတွကျယ်ကျယ် လောင်လောင် ထွက်လာတဲ့ အတွက်ကြောင့်လည်း ဖြစ်နိုင်တယ်။ တိုက်ပွဲတွေရပ်ပြီး ငြိမ်းချမ်းရေးအတွက် သဘောတူလက်မှတ်ထိုး မယ်ဆိုတာ တနိုင်ငံလုံး အတိုင်းအတာနဲ့ မလုပ်နိုင်သရွှေ့ တပ်အပ် စိတ်မချနိုင် သေးပါဘူး။ ငြိမ်းချမ်းရေးဟာ နိုင်ငံရေးထဲဝင်သွားပြီး နိုင်ငံရေးကို နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းဆွေး နွေးမယ်။ ဆွေးနွေးဖို့အချိန်ရောက်မှ နိုင်ငံရေး ခေါင်း ဆောင်တွေ ဘယ် သူရှိသလဲ။ SSA ဖက်က နိုင်ငံရေး ခေါင်းဆောင် ဘယ်သူဖြစ်မလဲ။ ထောင်ဒဏ်ကျခံနေရတဲ့ စဝ်ဆေထဲန်လိုပုဂ္ဂိုလ်မျိုး တကယ်လို့သာ နိုင်ငံရေး ဆွေးနွေးပွဲမှာ သူ-မပါဘူးဆိုရင် ပြီးဆုံးနိုင်မှာလား။ နောက်ပြီး မွန် တပ်ဖွဲ့နဲ့ သျှမ်း ပြည်တပ်မတော် ဆိုတာ ပြည်သူလူထုကနေ ပေါက်ဖွားလာတာ။ ပြည်သူ လူထုက သိရှိနိုင်ဖို့ ပါဝင် နိုင်ဖို့ သူ့တို့ဆန္ဒကိုတင်ပြနိုင်ဖို့ ပြည်သူ လူထုက ရွေး ချယ်တင်မြောက် ထားတဲ့ ၁၉၉၀ ပြည့်ရွေးကောက်ပွဲအနိုင်ရ အမတ်တွေကဘယ်သူ ရှိမယ်။ ၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရအမတ်တွေ ဘယ်သူရှိမယ်။ နိုင်ငံရေး ဆွေးနွေး ပွဲမှာ ပါဝင်သင့်တဲ့သူ တွေ ပါဝင်နိုင်မှ ပြည်သူ အားလုံးကို ကိုယ်စားပြုတဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဖြစ်လာနိုင် မယ်ဆိုတော့ ဒီလို ကွက် ကွက် ကွင်းကွင်း လုပ်ဆောင်နိုင်ဖို့ အတွက် ဘာတွေကြိုတင်ပြင်ဆင် ရမယ်ဆိုတာစဉ်းစားထားသင့် တယ် လို့ မြင်ပါတယ်။
မေး။ ။ ၂၇ ရက်နေ့က ဦးတင်အေး က ကျားဖြူပါတီကို ငြိမ်းချမ်းရေးတွေအတွက် ပါဝင်ဆွေးနွေးချင်ရင် ပြည်နယ် လွှတ်တော်ကိုတင်ပါ။ အဲဒီတဆင့်ကနေ ပြည်ထောင်စုလွှတ်တော်ကိုတင်ပါလို့ ပြောပါတယ်။ အဓိကကတော့ လက် နက်ကိုင်အဖွဲ့အစည်းတွေနဲ့ မဆက်သွယ် မပတ်သက်ဖို့ပေါ့။ ဒါကြောင့် သျှမ်းပြည် အစိုးရနဲ့ အနိုင်ရ ပါတီတွေ ဘယ် လောက်အာဏာရှိပါသလဲ။
ဖြေ။ ။ ပြည်နယ်အစိုးရဟာ စစ်ရေးမှာ လုံးဝလုပ်ပိုင်ခွင့်အာဏာမရှိဘူးလို့ မြင်ပါတယ်။ နိုင်ငံရေးမှာလဲ ဆုံးဖြတ်ပိုင် ခွင့် မရှိဘူး။ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်နေတဲ့ ဝန်ကြီးဌာနတွေမှာဘဲ အာဏာရှိတာ ကြောင့်ပြည်နယ် အစိုးရကို အားကိုး အားထားပြုလို့မရဘူး။ စစ်ရေးကို ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက် ချုပ်ကိုင်တယ်။ လက်နက် ကိုင် အဖွဲ့ အစည်းတွေနဲ့ နိုင်ငံရေးပါတီတွေ ဆက်သွယ်မှုမလုပ်ရဘူး ဆိုရင် ငြိမ်းချမ်း ရေးအတွက် ဘယ်သူကလုပ်မှာလဲဆိုတာ မေးစရာရှိပြန်တယ်။ သံဃာနှစ်ပါးကိုစေလွှတ်လိုက်တာ ကြောင့် တကယ်လို့ တခဏတာ တိုက်ပွဲရပ်သွား မယ်ဆိုရင်လဲ အရာဝင်မှာမဟုတ်ဘူး။ နိုင်ငံရေးဘောင်ထဲ မဝင်မချင်းတော့ စစ်မှန်တဲ့ တရားဝင်တဲ့ ဆွေးနွေးမှု သဘောတူညီမှုဖြစ်လာနိုင်မှာမဟုတ်ဘူး။ တိုင်းရင်းသား တွေ တန်းတူညီတူ မရှိသရွေ့ ငြိမ်းချမ်းရေး မရနိုင်ဘူး။ ငြိမ်းချမ်းရေး မရသရွေ့ တိုင်းပြည်တိုးတက်ဖို့အလှမ်း ဝေးနေတုန်းလို့ မြင်ပါတယ်။
မေး။ ။ စည်းလုံးညီညွှတ်ပြီး ငြိမ်းချမ်းရေးရဖို့အတွက် ဘယ်လိုများလုပ်ဆောင်သင့်ပါသလဲ။
ဖြေ။ ။ ၁၉၉၀ အနိုင်ရ နိုင်ငံရေးပါတီတွေ၊ ၂၀၁၀ အနိုင်ရ နိုင်ငံရေးပါတီတွေ၊ သျှမ်းပြည်အရေး သျှမ်း အမျိုးသား အရေးကို စိတ်ဝင်စားတဲ့အဖွဲ့အစည်းတွေအနေနဲ့ သိရမှာက အခုဖြစ်နေတဲ့ နိုင်ငံရေး ပြဿနာဟာ SSA နှစ်ဖွဲ့အတွက် ဘဲ မဟုတ် ဘူး။ သျှမ်းပြည်မှာရှိတဲ့ ပြည်သူအားလုံးရဲ့ ပြဿနာဖြစ်တယ်။ သျှမ်းပြည်က ပြဿနာကိုဘဲ ဖြေရှင်းလို့ မပြီးဘူး။ မွန်ပြည်၊ ကရင်ပြည်စတဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြဿနာတွေဖြေ ရှင်းမှ အလုပ်ဖြစ်မယ်။ ငါတို့ဘဲ အာဏာရှိတယ် ငါတို့ဘဲ ရွေးကောက်ခံရလို့ တာဝန်ရှိတယ်လို့ စိတ်ထဲမှာ မထားဘဲ တိုင်းပြည်တိုးတက် စေချင်တဲ့ တိုင်းသူ ပြည်သားအားလုံး အကျဉ်းကျခံနေရတဲ့ ပုဂ္ဂိုလ်တွေအားလုံး ပါဝင်ဆွေးနွေးဖို့ အခွင့်အရေးရှိမှ တိုင်းပြည်တိုးတက်ဖို့ မျှော်မှန်းချက် ဖြစ်လာနိုင်မယ်။