၉၀ ခုနှစ် ရွှေးကောက်ပွဲ နှစ်လည်နေ့နဲ့ ALD- RNDP ပေါင်းစည်းရေး ဦးအေးသာအောင်ရဲ့ အမြင်သဘောထား (အင်တာဗျူး)

၉၀ ခုနှစ် ရွှေးကောက်ပွဲ နှစ်လည်နေ့နဲ့ ALD- RNDP ပေါင်းစည်းရေး ဦးအေးသာအောင်ရဲ့ အမြင်သဘောထား (အင်တာဗျူး)
by -
နိရဥ္စရာ

၂၀၁၃ ခုနှစ် မေလ ၂၇ ရက်နေ့ဟာ ၂၃ နှစ်မြောက် ၁၉၉၀ ခုနှစ် ရွှေးကောက်ပွဲ နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။ စစ်အုပ်စုဟာ သူတို့ပေးထားတဲ့ ကတိကို သူတို့ကိုယ်တိုင် ချိုးဖေါက်ပြီး ပြည်သူတွေ တခဲနက် မဲပေးလိုက်တဲ့ ရွှေးကောက်ပွဲ အနိုင်ရပါတီကို အာဏာလွဲပြောင်းဖို့ ငြင်းဆန်ခဲ့တဲ့ အတွက် ဒီနေ့ဟာ စစ်တပ် အုပ်ချုပ်သူတွေက ပြည်သူတွေ အပေါ် သစ္စာဖေါက်တဲ့ နေ့တစ်နေ့ ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ် မေလ ၂၇ ရက်နေ့ဟာ ၂၃ နှစ်မြောက် ၁၉၉၀ ခုနှစ် ရွှေးကောက်ပွဲ နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။ စစ်အုပ်စုဟာ သူတို့ပေးထားတဲ့ ကတိကို သူတို့ကိုယ်တိုင် ချိုးဖေါက်ပြီး ပြည်သူတွေ တခဲနက် မဲပေးလိုက်တဲ့ ရွှေးကောက်ပွဲ အနိုင်ရပါတီကို အာဏာလွဲပြောင်းဖို့ ငြင်းဆန်ခဲ့တဲ့ အတွက် ဒီနေ့ဟာ စစ်တပ် အုပ်ချုပ်သူတွေက ပြည်သူတွေ အပေါ် သစ္စာဖေါက်တဲ့ နေ့တစ်နေ့ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ဟာ  မြန်မာသမိုင်းမှာ အရေးပါတဲ့ နေ့ တစ်နေ့ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့မှာ ကျရောက်တဲ့ ၉၀ ပြည့်နှစ် ရွှေးကောက်ပွဲနဲ့ ပတ်သက်ပြီး ၁၉၉၀ ခုနှစ် ရွှေးကောက်ပွဲမှာ ရခိုင်ပြည်နယ်အတွင်း နေရာ အများဆုံး အနိုင်ရရှိခဲ့တဲ့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဥက္ကဌ ဦးအေးသာအောင်ကို ဆက်သွယ် မေးမြန်းပြီး တင်ပြပေးလိုက်ပါတယ်။

U-Aye-tha-Aung-interview

မေး။ ။  ဒီနေ့ဟာ ၁၉၉၀ ပြည့်ရွေးကောက်ပွဲ နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။ ဒီလိုနေ့မှာ မြန််မာ ပြည်သူတွေကို ၁၉၉၀ ခုနှစ် ရွှေးကောက်ပွဲနဲ့ ပတ်သက်ပြီး  ဘယ်လိုစကားမျိုး အမှာပါးချင်ပါသလဲ။

( အဓိကတော့ ၁၉၉၀ မှာရွေးကောက်ပွဲကို ကျင်းပတယ်။ ကျင်းပတဲ့ အဖွဲ့အစည်း လည်းရှိတယ်။ အနိုင်ရခဲ့တဲ့ အဖွဲ့အစည်းတွေလည်းရှိခဲ့တယ်။ အထူးသဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တစ်ပြည်လုံးအတိုင်းအတာနဲ့ အနိုင်ရခဲ့တယ်။ ပြည်နယ် အသီးသီးမှာလည်း ဥပမာ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ စသည်အားဖြင့် အနိုင်ရခဲ့တဲ့ အနေအထားရှှိပါတယ်။ ဒါပေမဲ့ အဲဒီအချိန်က အစိုးရဟာ ရွေးကောက်ပွဲ ရလာဒ်ကို လုံးဝ အကောင်အထည် ဖော်ပေးခြင်းမရှိတာကို တွေ့ရတယ်။ ၂၀၁၀ မှာရွေးကောက်ပွဲ ကျင်းပတယ် ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ပါတီရှိတယ်။ လွတ်တော်ခေါ်ပြီး အစိုးရဖွဲ့တယ်။ ၁၉၉၀ ခုနှစ် ရွှေးကောက်ပွဲကျတော့ လွှတ်တော် မခေါ်ဘူး။ အစိုးရ မဖွဲ့ခဲ့ရဘူး။ ၂၀၁၀ ရွှေးကောက်ပွဲ ကျတော့ လွှတ်တော် ခေါ်တယ်။ အစိုးရဖွဲ့တယ်။ ဒါကြောင့်  ဒီနေရာမှာ ၂၀၁၅ အတွက် နည်းနည်း သသံယ စိတ်ဝင်တာ ရှိပါတယ်။ ဘာကြောင့်လည်းဆိုရင် ၉၀ ပြည့်မှာ အစိုးရအဖွဲ့က မိမိလိုလားတဲ့ ပါတီ အနို်င်မရတဲ့ အတွက် လွတ်တော်ခေါ်မပေးခဲ့ဘူး။ ၂၀၁၀ မှာတော့ လိုလားတဲ့ ပါတီအနိုင်ရတဲ့အတွက် လွတ်တော်ခေါ်ပြီး အစိုးရဖွဲ့ခွင့်ပေးတာလား။ အခုလည်းဘဲ အသံတွေက အမျိုးမျိုးကြားနေရတယ်။ PR ဆိုတဲ့ ရွေး ကောက်ပွဲ စနစ်သစ်တခုကို ပါတီတချို့ကတင်ပြတယ်။ အခုတော့ လွတ်တော် အထိ တင်ပြတယ်။ ဒါကြောင့် ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က အပြတ်အသတ် အနိုင်ရ သွားလို့ ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ မသေချာတဲ့အတွက်ကြောင့်  ပါတီတစ်ခု အနိုင်ရရေး အတွက် ရွေးကောက်ပွဲစနစ်ကိုပြောင်းတာလား။ ပြောင်းဖို့ကြိုးစားတာလား။ အကယ်၍ ၂၀၁၅ မှာ မိမိလိုလားတဲ့ ပါတီက အနိုင်မရခဲ့ရင် လွတ်တော်ခေါ်မပေးတာမျိုး အစိုးရ ဖွဲ့မပေးတာမျိုး ဖြစ်လာမှာ လား ဆိုပြီး ၉၀ ရွေးကောက်ပွဲရဲ့ ရလာဒ်အပေါ်မှာ အစိုးရက အကောင်အထည် ဖော်ပေးတာမရှိတဲ့ အပေါ်မှာ ၂၀၁၅ ရွှေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကျွန်တော်အနေနဲ့ စိုးရိမ်စိတ် သံသယစိတ်တွေ ၀င်လာတယ်ဆိုတာကို ကျွန်တော့် အနေနဲ့ ပြောလိုပါတယ်။)

မေး။  ။ ဟုတ်ကဲ့၊ ၁၉၉၀ ပြည့်ရွေးကောက်ပွဲမှာ NLD အပါအဝင် ALD တို့အနိုင်ရခဲ့ပေမဲ့ အစိုးရဖွဲ့ခွင့် မပြုခဲ့ဘူး။  ဆိုတော့ ၂၀၁၅ မှာ ALD က ရွေးကောက်ပွဲ ၀င်ဖို့ ဘာကြောင့်ဆုံးဖြတ်ရတာပါလဲ။

( ရွေးကောက်ပွဲ ၀င်ဖို့မဝင်ဖို့ ဆိုတာကို ကျွန်တော်တို့က မဆုံးဖြတ်ရသေးဘူး။ ဆွေးလည်း မဆွေးနွေးရသေးဘူး။ ဒါပေမဲ့ ပါတီတခု လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေကို ဆက်လက်လုပ် နေပါတယ်။ အခုလည်း ရန်ကုန်က စစ်တွေကိုအလာမှာ မြောက်ဦးမြို့နယ်၊ ကျောက်တော်မြိုု့နယ်။ ပုဏ္ဍားကျွန်းမြို့နယ်ထဲက ယိုးတရုတ်ကျေးရွာ စစ်တွေမြို့နယ်တွေမှာ လက်ရှိနိုင်ငံရေးအခြေအနေ တွေကို ပြည်သူကို ဟောပြောပွဲ၊ ရှင်းလင်းပွဲတေ ွလုပ်နေပါတယ်။ ၂၀၁၅ မှာ ကျွန်တော်တို့ ၀င်ဖို့ မဝင် ဖို့ ပြောခြင်း မဟုတ်ပါ။ ရွေးကောက်ပွဲကျင်းပလို့ မည်သည့်ပါတီက အနိုင်ရသည်ဖြစ်စေ မိမိလိုလားတဲ့ ပါတီတခုက အနိုင်မရရင် လွတ်တော်ခေါ်မပေးတာမျိုး၊ အစိုးရဖွဲ့ခွင့် မပေးတာမျိုး ဖြစ်လာမှာလားလို့ ကျွန်တော့်အနေနဲ့ သံသယစိတ်နဲ့ ပြောခြင်းဘဲ ဖြစ်ပါတယ်။

မေး။  ။ နောက်တခုက အခုလတ်တလော အသံတခု ကျယ်ကျယ်လောင်လောင်ထွက်လာတာက ALD က RNDP နဲ့ ပူးပေါင်းဖို့ အဆင်သင့်ရှိတယ်လို့ သတင်းမီဒီယာတွေမှာ တွေ့နေပါတယ်။ ဒီကိစ္စအပေါ်မှာကော ဘာပြောချင်ပါလဲ။

( ကျွန်တော်တို့က အမျိုးသားညီညွတ်ရေးကို တည်ဆောက်ဖို့အတွက် ကျွန်တော်တို့ပါတီ မူဝါဒမှာ ကိုယ်ကရှိပါတယ်။ ဒါ့အပြင်် နှစ်ပါတီ ပေါင်းစည်းရေးအတွက် အမြို့မြို့ အနယ်နယ်က ပြည်သူတွေက တောင်းဆိုတယ်။ အခုတစ်ခေါက် မြောက်ဦး၊ ကျောက်တော် ပုဏ္ဍားကျွန်း၊ စစ်တွေ တွေ့ဆုံပွဲ တွေမှာလညး် ပေါင်းစည်းရေးအတွက် မေးကြတယ်။ ဒါကြောင့်လည်း အခုတစ်ခေါက် ရခိုင်ပြည်နယ်ကို မလာမီပေါင်းစည်း ရေး အတွက် ပါတီမှာဆုံးဖြတ်ချက်တခု ချထားတယ်။ ဒီလိုဘဲ ပေါင်းစည်းဖို့အတွက်ဖွဲ့ထားတဲ့ ကော်မီတီကိုလည်း လုပ်ပိုင်ခွင့် အာဏာ အပြည့်အဝ ပေးထားပါတယ်။ အဲဒီကော်မီတီက နှစ်ပါတီပေါင်းစည်း ရေးအတွက် ဆက်လက်လုပ်လားဖို့ ကျွန်တော်တို့ ဗဟိုက တွန်းအားပေးထားပါတယ်။)

မေး။  ။ ဟုတ်ကဲ့ RNDP နဲ့ ALD ပေါင်းစည်းရေးအတွက် အဓိက အနှောင့်အရှက် အဟန့်အတား ရှိတယ်ဆိုရင် အဲဒီ အနှောင့်အယှက်က ဘာဆိုတာကို ပြောပြလို့ ရပါ့မလား။

( ဒီနေ့အချိန်မှာတော့ အနှောင့်အချက် အဟန့်အတားဟာ ဘာလည်းဆိုတာကို ပြောဖို့ ကျွန်တော်အနေနဲ့ စောပါသေးတယ်။ နှစ်ပါတီ တွေ့ဆုံဆွေးနွေးတဲ့ အခါမှသာ ဘယ်လို အဟန့်အတားရှိသလဲ။ အဲဒီအဟန့်အတားကို နှစ်ပါတီအနေနဲ့ဘယ်လိုကျော်လွားမှာလည်း  ဆိုတာတွေကို ပြောဖို့ သင့်ပါလိမ့်မယ်။)

မေး။ ။ ဟုတ်ကဲ့ အခု ဥက္ကဌအနေနဲ့ မြောက်ဦး၊ ပုဏ္ဍားကျွန်း၊ ကျောက်တော်တွေကိုသွားပြီး လူထုနဲ့တွေ့တယ်လို့ ကြားပါတယ်။ ဆိုတော့ ရခိုင်ပြည်သူတွေရဲ့ နိုင်ငံရေးအပေါ် ဒီနေ့ စိတ်ဝင်စားမှုနဲ့ တိုင်းပြည်နဲ့ လူမျိုးအပေါ်မှာ ဘယ်လောက်ထိ စိတ်ဝင်စားမှုရှိတယ်ဆိုတာကို မြင်ရသလောက်၊ တွေ့ရသလောက် နည်းနည်းရှင်းပြပေးပါ။

( အခု ကျွန်တော်တို့ပါတီမှတ်ပုံတင်ပြီးအချိန် ရ လလောက်အချိန်ရှိပါတယ်။ ဟို ဘက်အချိန်က အလွန်ဆိုးရွားတဲ့အတွက် အခုလိုပြည်သူနဲ့တွေ့ဆုံဖို့ဆိုတာ လုံးဝမဖြစ်နိုင်တဲ့ အနေ အထားရှိတယ်။ ပါတီကို ပြန်ပြီး မှတ်ပုံတင်ပြီးအနေအထားနဲ့ အခုတစ်ခေါက်အနေအထားဟာ မတူပါ။ အခုတစ်ခေါက် အနေအထားမှာ ဘာဘဲဖြစ်ဖြစ် မြောက်ဦး၊ ကျောက်တော် ၊ ပုဏ္ဍားကျွန်း၊ စစ်တွေက လူတွေဟာ အရင်နဲ့စာရင် တက်တက်ကြွကြွ သိချင်တယ်၊ ကြားချင်တဲ့ အနေအထားနဲ့ ကျွန်တော်တို့ ဖိတ်တဲ့ နေရာကို လာရောက်ကြပါတယ်။ မြောက်ဦးမှာဆိုုလည်း ၂၀၀ ကျော်ကျော်လာပါတယ်။ ကျောက်တော်မှာဆိုလည်း ဒီထက်မက များလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ စစ်တွေမှာလည်း ဒီလိုဘဲ လာကြတာကိုတွေ့ရ့တယ်။ ဒါကြောင့် ရခိုင်ပြည်သူတွေဟာ အရင်ထက်စာရင် အမျိုးသားရေး၊ နိုင်ငံရေးမှာ ပိုစိတ်ပါ၀င်စားလာတာကို တွေ့ရပါတယ်။ လက်ရှိနိုင်ငံရေးမှာလည်းဘဲ ကျွန်တော်တို့အနေနဲ့ လက်ရှိပြည်သူမပါဘဲနဲ့ မဖြစ်နိုင်၊ ဒီလူတွေ နိုင်ငံရေးမှာ ပါ၀င်လာမှ အမျိုးသားရေးမှာ ပိုပြီးအကျိုးရှိဖို့ ထိရောက်ဖို့ရည်ရွယ်ချက်နဲ့အခုလို ပြည်သူတွေနဲ့တွေ့ပြီး လက်ရှိနိုင်ငံရေးအခြေအနေတွေကို ကျွန်တော်တို့ ရှင်းလင်းတင်ပြနေခြင်းဖြစ်ပါတယ်။

မေး။  ။ ရခိုင်ပြည်သူတွေကို နောက်ဆုံးအနေနဲ့ ဘာပြောစရာရှိပါလည်း။ ပြောစရာရှိရင်နည်းနည်း ပြောပြပေးပါ။

(အဓိကတော့ ဒီနေ့ အမျိုးသားရေးဆိုဆို နိုင်ငံရေးလို့ဘဲပြောပြော အမျိုးဘာသာ သာသနာရေး အတွက် ရခိုင်အမျိုးသားများ အမျိုးသမီးများ အားလုံး အမျိုးသားရေးအတွက် နိုးနိုးကြားကြား တက်တက််ကြွကြွ ပါ၀င်လာဖို့ ကျွန်တော့်အနေနဲ့ အထူးတိုက်တွန်းလို်ပါတယ်။)

(ပြီး)

Most read this week