ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်တွင် အောက်တိုဘာလ ၁၄ရက် ည၁၁ နာရီကျော်က ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုတွင် သံသယရှိသူ ဖာပွန်မြို့နယ် သူမွဲထကျေးရွာတွင် နေထိုင်သော အသက် ၂၆နှစ်အရွယ် စောမြင့်လွင်အား မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ ဘီးလင်း-နတ်ကြီးကားလမ်းပေါ်တွင် ရဲတပ်ဖွဲ့က အောက်တိုဘာလ ၁၅ရက် နံနက်က ဖမ်းဆီးခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ဘီးလင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒု-ရဲအုပ် ပန်းဦးကို မဇ္ဈိမက ဆက်သွယ်မေးမြန်းထားပါသည်။
ဘီးလင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး ဒု-ရဲအုပ် ပန်းဦးနှင့် အင်တာဗျူး
ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်တွင် အောက်တိုဘာလ ၁၄ရက် ည၁၁ နာရီကျော်က ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုတွင် သံသယရှိသူ ဖာပွန်မြို့နယ် သူမွဲထကျေးရွာတွင် နေထိုင်သော အသက် ၂၆နှစ်အရွယ် စောမြင့်လွင်အား မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ ဘီးလင်း-နတ်ကြီးကားလမ်းပေါ်တွင် ရဲတပ်ဖွဲ့က အောက်တိုဘာလ ၁၅ရက် နံနက်က ဖမ်းဆီးခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ဘီးလင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒု-ရဲအုပ် ပန်းဦးကို မဇ္ဈိမက ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ဒီနေ့မနက်မှာ ရန်ကုန်မှာ ဗုံးဖောက်တယ်လို့ သံသယရှိသူကို ဖမ်းမိခဲ့တဲ့လို့ သိရပါတယ်။ ဖမ်းမိခဲ့တဲ့
အခြေအနေကို သိပါရစေ။
ဖြေ။ ညကတည်းက ကျွန်တော်တို့က သတင်းကရပြီးသားလေ။ တစ်ခြားနေရာတွေမှာလည်း ပိတ်ဆို့တာတွေရှိတယ်လေ။ ဒီနေ့မနက် ငါးနာရီလောက်မှာ ရန်ကုန်တိုင်းက ရဲမှူး သိန်းလွင်အဖွဲ့ ကျွန်တော်တို့ဆီကို ရောက်လာပါတယ်။ ရောက်လာတော့ သူတို့ဆီမှာ သက်သေခံအထောက်အထား ပါလာတယ်။ မှတ်ပုံတင်မိတ္တူလေးပေါ့။ ဒီမှတ်ပုံတင်နဲ့ပုံကို လိုက်မေးကြည့်တော့ ဘီးလင်းမှာ တွေ့ဖူးတဲ့သူရှိတယ်ဗျ။ ဒါနဲ့ ကျွန်တော်တို့လည်း ဘီလင်းမြို့ရဲ့အပြင်ဘက် နတ်ကြီးသွားတဲ့လမ်းမှာ ကျွန်တော်တို့ ထွက်စောင့်တာပေါ့။ စောင့်နေတုန်း သူက ဆိုင်ကယ်နဲ့လာတာကို တွေ့လိုက်ပါ
တယ်။ အဲ့မှာ သူက ကျော်သွားတော့ ကျွန်တော်တို့ကလိုက်တာပေါ့။ လိုက်တော့ သိပ်မကြာလိုက်ပါဘူး။ ဓာတ်တိုင်တစ်တိုင်လောက်မှာပဲ မိတာပေါ့။ နံနက် ၆ နာရီ ၁၅ မိနစ် ဆိုင်ကယ်ကတော့ တော်တော်ကျွမ်းကျွမ်းကျင်ကျင် မောင်းနိုင်တဲ့ပုဂ္ဂိုလ်ပါပဲ။ သူကိုယ်တိုင်မောင်းတာပါ။ တစ်ယောက်တည်းပါပဲ။
မေး။ သူ့ကို မိတဲ့အချိန်မှာ သူ့ဆီမှာ ဘာပစ္စည်းတွေ တွေ့ရလဲ။
ဖြေ။ ဘာမှပါတာ မတွေ့ပါဘူး။ လူနဲ့ ဆိုင်ကယ်နဲ့ပါပဲ။
မေး။ သံသယရှိသူကို ဘီးလင်းမှာမိခဲ့တာဆိုတော့ အခုဘီလင်းမှာရော လုံခြံုရေးကို ဘယ်လိုလုပ်ထားလဲ။
ဖြေ။ တိုးချတာပေါ့ဗျာ။ တိုးချတာပေါ့။ ကျွန်တော်တို့ အရေးကြီးတဲ့နေရာတွေမှာ စောင့်ကြည့်ရတဲ့ကိစ္စတွေ၊
နောက်လမ်းပေါ်မှာ ရှောင်တစ်ခင်စစ်တာပေါ့နော်။ အဲ့ဒါတွေ ကျွန်တော်တို့လုပ်နေပြီ။
မေး။ ဖမ်းမိဖို့အတွက် ရဲအင်အား ဘယ်လောက်နဲ့ ဖမ်းခဲ့ရလဲ။
ဖြေ။ သိပ်မများပါဘူး။ မနက်အစောကြီးအရေးပေါ်ဆိုတော့ စခန်းမှာရှိတဲ့ အင်အားနဲ့ပါပဲ။ ခုနှစ်ယောက်လောက်ပါပဲ။ရှောင်တစ်ခင်စစ်လိုက်တာပေါ့။
မေး။ သူ့ကို အခု ဘယ်မှာထားလဲ။
ဖြေ။ မနက်တည်းက ရန်ကုန်တိုင်းက ရဲမှူး သိန်းလွင်တို့အဖွဲ့ကို လွှဲပေးလိုက်ပါပြီ။
မေး။ အခုဖြစ်ခဲ့တဲ့ ဗုံးပေါက်တဲ့ဖြစ်စဉ်တွေမှာ ဘယ်လိုမှတ်ချက်ပြုချင်လဲ။
ဖြေ။ ဒီဟာကတော့ ကျွန်တော်တို့ ဆီးဂိမ်းနီးလာတဲ့အချိန်မှာ အဖျက်အမှောင့်တွေ ရှိကြတယ်ပေါ့နော်။ အရင်တုန်းက အေးနေပြီးတော့ အခုဆီးဂိမ်းနီးလာမှ ဒီလို ကိစ္စတွေ တွေ့ရတယ်ပေါ့။