ကေအဲန်ယူဒုဥက္ကဌ၏ ဖားအံလူထုတွေ့ဆုံပွဲတွင် လူဦးရေ ၆၀၀ကျော် တက်ရောက်ခဲ့

ကေအဲန်ယူဒုဥက္ကဌ၏ ဖားအံလူထုတွေ့ဆုံပွဲတွင် လူဦးရေ ၆၀၀ကျော် တက်ရောက်ခဲ့
by -
ကေအိုင်စီ

ကေအဲန်ယူဒုဥက္ကဌပဒိုနော်စီဖိုးရာစိန်ဦးဆောင်သော ငြိမ်းချမ်းရေးဆိုင်ရာ ကရင်လူထုတွေ့ဆုံပွဲကို ဖားအံမြို့၊ သုမေဓာရာမ ကြားတောရကျောင်း၌ မေလ ၁၂ရက်နေ့က ကျင်းပပြီးစီးခဲ့ရာ လူပရိဿ     တ်ပေါင်း ၆၀၀ကျော် တက်ရောက်ခဲ့ကြသည်။

အဆိုပါ လူထုတွေ့ဆုံပွဲသို့ ပြည်နယ်အစိုးရအဖွဲ့ကရင်ပြည်နယ်ရှိ လွှတ်တော်အမတ်များ၊ ပါတီများနှင့် ဖားအံ၊ ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်၊ ကမမောင်း၊ လှိုင်းဘွဲမြို့နယ်၊ ပေါင်မြို့နယ်၊ မော်လမြိုင်တို့မှတက်ရောက် ခဲ့ကြပြီး ပဒိုနော်စီဖိုးရာစိန်က ငြိမ်းချမ်းရေး ခရီးစဉ်အတွင်း ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းမှ ပြည်သူများ၊ ၈၈ပွင့်လင်းလူ့အဖွဲ့အစည်း၊ အမျိုးသမီးအဖွဲ့အစည်းများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်-SNLD ဥက္ကဌ ခွန်ထွန်းဦးနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများကို တွေ့ဆုံခဲ့သည်ဟုရှင်းပြခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်လာသူ စောဉာဏ်ဝင်းက “ကေအဲန်ယူခေါင်းဆောင်တွေ အခုလို လူထုတွေ့ ဆုံပွဲတွေလုပ်ပြီးလာရှင်းပြတဲ့အပေါ် ကျနော်တို့အနေနဲ့အများကြီးသိရတယ်။ ကေအဲန်ယူရဲ့ သဘောထားကို လည်း သိရတယ်။ သိရတဲ့အတွက် ကျနော်တို့ဒေသမှာ ရင်ဆိုင်နေရတဲ့အခက်အခဲကို ကေအဲန်ယူကိုတင်ပြခဲ့ တယ်”ဟု ကေအိုင်စီကို ပြောသည်။

ထို့အပြင်ဆွေးနွေးပွဲသို့တက်ရောက်လာသည့် ပြည်သူလူထုမှ အပစ်အခတ်ရပ်ဆိုင်းရေးနောက်ပိုင်း မိမိတို့ဒေသ တွင်း ဖြစ်ပေါ်နေသော ဖွံ့ဖြိုးရေးစီမံကိန်းများ၊ လက်ရှိဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးဖြစ်စဉ်များအပေါ် သိလိုသည်များကို မေးမြန်းကြပြီး ကေအဲန်ယူအဖွဲ့က ပြန်လည်ဖြေကြားပေးသကဲ့သို့ ကေအဲန်ယူနှင့် လူထုတွေ့ဆုံံပွဲတွင် ဒေသခံများ၏ တောင်းဆိုမှုများကို ကေအဲန်ယူဗဟိုအစည်းအဝေးတွင်ဆက်လက်တင်ပြ ကာ ဆောင်ရွက်ပေးသွားမည်ဟု ပဒိုနော်စီဖိုးရာစိန်ကကေအိုင်စီသို့ပြောသည်။

ကရင့်ရေးရာကော်မတီတွဲဖက်အတွင်းရေးမှူး နန်းမြင့်တင်က “အခုလိုကေအဲန်ယူကနေပြီးတော့ လူထုတွေနဲ့ တွေ့ဆုံတာ အန်တီ့အမြင်ကတော့ အင်မတန်မှကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူထုတွေက ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုလည်း နားလည်သွားမယ်၊ ပြီးတော့ သူတို့ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို တိုက်ရိုက်ပြောခွင့်ရှိတယ်”ဟု ဆိုသည်။

မြန်မာပြည်တွင်းရှိ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ ကရင်လူထုများနှင့် တွေ့ဆုံရန် ကရင်အမျိုးသားအစည်း အရုံး(ကေအဲန်ယူ) ဒု-ဥက္ကဌ ပဒိုနော်စီဖိုးရာစိန် ဦးဆောင်သော ကေအဲန်ယူ ဗဟိုအလုပ်အမှုဆောင် ပဒိုစောသမိန်ထွန်း၊ ပဒိုစောမြမောင်၊ ပဒိုစောလှထွန်း၊ ပဒိုစောလစ္စတန်၊ ပဒိုစောနဲထူး၊ ဗိုလ်မှူးကြီးစောနေစိုး ပါ၀င်သည့် ၂၁ဦးအဖွဲ့သည် ဧပြီလ ၃၀ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ်မှ စတင် ထွက်ခွါခဲ့ပြီးရန်ကုန်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်ရှိ လူထုနှင့်တွေ့ဆုံကာ မေလ ၁၂ရက်နေ့တွင် ခရီးစဉ် ပြီးဆုံးခဲ့သည်။

Most read this week