တနင်္သာရီတိုင်းဒေသကြီးရှိ ကော့သောင်း အကျဉ်းထောင်မှ အကျဉ်းသား ၁၂၀ ခန့်ကို မွန်ပြည်နယ်၊ မော်လမြိုင်အကျဉ်းထောင် သို့ ပြောင်းရွှေ့လာခဲ့ရာ စက်တင်ဘာလ ၂၆ ရက်၊ နံနက် ၁၀ နာရီခန့် က မော်လမြိုင်အကျဉ်းထောင်သို့ ရောက်ရှိ လာပြီး ဖြစ်ကြောင်း သိရသည်။
ထိုအကျဉ်းသားများသည် ပြည်ဖြိုးထွန်း(၁၅) သင်္ဘောဖြင့် စက်တင်ဘာလ ၁၈ ရက်နေ့က ကော့သောင်း ထောင်မှ စတင် ခေါ် ဆောင်လာခဲ့ခြင်းဖြစ်ပြီး သင်္ဘောစက်ချွတ်ယွင်းမှုနှင့် ရာသီဥတု ဆိုးရွားမှုတို့ကြောင့် လမ်းခရီးတွင် ၈ ရက်ခန့် ကြာမြင့်ပြီးမှ မော်လမြိုင်ထောင်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
မော်လမြိုင်တွင် စောင့်နေသည့် အကျဉ်းသားမိသားစုဝင်တစ်ဦးက “လမ်းမှာ ကြာနေတော့ မိသားစုဝင်တွေ က အရမ်း စိတ်ပူနေကြတာ။ မော်လမြိုင်ကို ရောက်ရှိလာတော့မှပဲ စိတ်အေးရတော့ တယ်။”ဟု ပြောသည်။
ထို့အပြင် ကော့သောင်းအကျဉ်းထောင်မှ မော်လမြိုင်အကျဉ်းထောင်သို့ ရောက်ရှိလာသည့် အကျဉ်းသားများ ကို တိုက်ပိတ် ထားမည်ဟူသည့် သတင်းကြောင့် အကျဉ်းသား မိသားစုဝင်များအနေဖြင့်စိုးရိမ်နေကြကြောင်း လည်း ၎င်းက ဆက်ပြော သည်။
ယခု ရောက်ရှိလာသည့် အကျဉ်းသားများအကြောင်းနှင့် ပတ်သက်ပြီး မော်လမြိုင်အကျဉ်းထောင်သို့ အာဏာပိုင်များကို သွား ရောက်မေးမြန်းခဲ့သော်လည်း တစ်စုံတစ်ရာ ဖြေကြားပေးခြင်း မရှိခဲ့ပေ။
စက်တင်ဘာလ ၁၃ ရက်နေ့က တနသာင်္ရီတိုင်း၊ ကော့သောင်းမြို့ရှိ (၉) မိုင်အကျဉ်းထောင်အတွင်း အကျဉ်းသားများအချင်းချင်း ဆူပူမှုဖြစ်ပွားခဲ့ပြီး ထိုဆူပူမှုကို ထောင်အာဏာပိုင်များက သေနတ်
ပစ်ထိန်းသိမ်းခဲ့ရာ အကျဉ်းသားတစ်ဦး သေဆုံးကာ ရ ဦး ဒဏ်ရာရရှိခဲ့သည်။
ထိုကဲ့သို့ ထောင်အာဏာပိုင်များက ထောင်တွင်းဆူပူမှုကို အကြမ်းဖက် ထိန်းသိမ်းမှုဖြစ်ပွားခဲ့ခြင်းကိုနိုင်ငံပိုင် မီဒီယာ၏ သတင်း ထုတ်လွှင့်မှုအပေါ် မကျေနပ်သည့်အတွက် ထောင်တွင်း ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီးနောက် အကျဉ်းသားအချို့ကို ယခုလို ထောင် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။