ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းရှိ လောင်းကစားဝိုင်းများကို ခရိုင်ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများမှ ၀င်ရောက်ဖမ်းဆီး ပြီး လောင်းကစားခုံနှင့် ပတ်သက်သည့် ပစ္စည်းများကို ယမန်နေ့မနက်က မီးရှို့့ဖျက်ဆီးခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသော လောင်းကစားပစ္စည်းများကို မြဝတီခရိုင် ဥက္တဌ ဦးသန်းဆွေ၊ ခရိုင်ရဲမှူးကြီး ဦးအောင်မြင့် အပါအဝင် ဌာနဆိုင်ရာ ၀န်ထမ်းများက မတ်လ ၃ ရက်နေ့က မြဝတီမြို့၊ အမှတ် ၄ ရပ်ကွက်ရှိ အဓိဋ္ဌာန်အောင် ဘုရားကြီးဝင်းအနီး၌ မီးရှို့ ခဲ့ခြင်း ဖြစ်သည်။
“လောင်းကစားမှုတွေ ပပျောက်အောင်တော့ အစဉ်တစိုက်ကို ကြိုးပမ်းပြီး ဖမ်းဆီး အရေးယူမှုတွေ ပြုလုပ်နေပါတယ်။ နောက် လည်း ဆက်လက် အရေးယူ ဆောင်ရွက်သွားမှာပါ” ဟု ရဲအရာရှိတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
ထိုကစားခုံများကို မတ်လ ၂ ရက်နေ့ညက မြို့နယ်ရဲတပ်ဖွဲ့မှ ၀င်ရောက်ဖမ်းဆီးရာတွင် လောင်းကစားဒိုင် များနှင့် လောင်းကစား သမားများမှာ ထွက်ပြေးလွတ်မြောက်သွားပြီး အံဂလုံခုံ ၉၂ ခုံနှင့် ဂိမ်းပုံး ၁၄ ခုကို သိမ်းဆည်းမိခဲ့ပြီး ယခု ပထမဆုံးအကြိမ် ဖျက်ဆီးလိုက်ခြင်း ဖြစ်သည်။
မြဝတီမြို့တွင် “အာဝါဒေး” အမည်နှင့် ပြုလုပ်လေ့ရှိသည့် လောင်းကစားဝိုင်းများမှာ ဥပဒေနှင့် ညှိစွန်းသော အလုပ်ဖြစ်သော် လည်း မြို့နယ်အတွင်းရှိ နယ်ခြားစောင့်တပ် အပါအဝင် လက်နက်ကိုင်အဖွဲ့အချို့မှ လုံခြံုရေး တာဝန်ယူပေးလေ့ရှိကြောင်း ဒေသခံများက ပြောဆိုသည်။
၎င်းမီးရှို့ဖျက်ဆီးသည့် အခမ်းအနားသို့ သွားရောက်ကြည့်ရှုခဲ့သူတစ်ဦးက “လောင်းကစားခုံ ဖျက်ဆီးပွဲကို လူတွေ ရာနဲ့ချီ လာ ကြည့်ကြတယ်။ ဒီလိုဖမ်းတော့လည်း လုံခြံုရေးယူထားတဲ့ နယ်ခြားစောင့်တပ်တွေ ဘာတွေလည်း ရှောင်ထွက်ပြေးကုန်တော့ ကစားခုံပိုင်ရှင်တွေ ဒုက္ခရောက်တာပေါ့။” ဟု ဆိုသည်။
အခြားမြဝတီမြို့ခံတစ်ဦးကလည်း “အခုလို ဖမ်းတာလည်း ကောင်းပါတယ်။ အရင်ကလည်း ဖမ်းဆီးတာ အရေးယူတာ ရှိတယ်။ ဖမ်းတုန်း ခဏပါပဲ။ နောက်တော့လည်း ပြန်လုပ်တာပါပဲ။ လောင်းကစားမှု ပပျောက်အောင်လုပ်မယ်ဆိုရင် အဖွဲ့အစည်းအားလုံး ပါ၀င်တိုက်ဖျက်သင့်တယ် ထင်တယ်။ အဲလိုမှ မလုပ်ရင် ဒုံရင်းကဒုံရင်းပဲ နေမှာပါ” ဟု ကေအိုင်စီသို့ ပြောသည်။
ကရင်ပြည်နယ်ရှိ မြို့နယ်အတော်များများတွင် ဘုရားပွဲများ၊ ဇာတ်ပွဲများ၊ ရန်ပုံငွေပွဲများ ပြုလုပ်ရာ၌ လောင်းကစားဝိုင်းများမှာ ပါ၀င်လေ့ရှိပြီး လောင်းကစားနှင့် ပတ်သက်၍ ဥပဒေအရ အများဆုံးထောင်ဒဏ် ၂ နှစ်နှင့် ငွေဒဏ်များ ချမှတ်နိုင်ကြောင်း သိရသည်။
ပြီးခဲ့သော ဇန်နဝါရီလ ၂၆ ရက်နေ့ကလည်း မြဝတီမြို့၊ အမှတ် ၅ ရပ်ကွက်အပိုင်ရှိ ၀မ်းစကင်းကျေးရွာတွင် ပြုလုပ်သော အာဝါ ဒေးပွဲ၌ အမည်မသိ သေနတ်သမားတစ်