“အပစ်ပယ်ခံ” အမည်ရ အစီရင်ခံစာ ထုတ်ပြန်

“အပစ်ပယ်ခံ” အမည်ရ အစီရင်ခံစာ ထုတ်ပြန်
by -
ကေအိုင်စီ

ဖွံ့ဖြိုးရေးစီမံကိန်းကြီးများကြောင့် မြန်မာနိုင်ငံရှိ ပြည်နယ် (၇)ခုနှင့် တိုင်းဒေသကြီး (၁)ခုမှ ဒေသခံလူထုများ၏ ဆန္ဒသဘောထားများ အပစ်ပယ်ခံရမှုနှင့်ပတ်သက် ၍ မြန်မာနိုင်ငံ ကျောင်းသား လူငယ်များကွန်ဂရက်-SYCB နှင့် တိုင်းရင်းသားလူငယ်များ အင်အားစု-NYF တို့က ယနေ့ အစီရင်ခံစာတစ်စောင် ထုတ်ပြန် လိုက်သည်။

ယင်းအစီရင်ခံစာကို “အပစ်ပယ်ခံ” ဟု အမည်ပေးထားပြီး မြန်မာနိုင် ငံရှိ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ သျှမ်းပြည်တောင် ပိုင်းနှင့် တနင်္သာရီတိုင်း တို့တွင် မြန်မာအစိုးရနှင့် နိုင်ငံခြားကုမ္ပဏီ များ၏ ပူးပေါင်းလုပ်ကိုင် သော မဟာစီမံကိန်းကြီး ၉ ခု ကို ဒေသခံလူထုများအား တိုင်ပင်ခြင်းမရှိဘဲ အကောင် အထည်ဖော် လုပ် ဆောင်ခြင်း ကို ထောက်ပြထားသည်။

ဖွံ့ဖြိုးရေးစီမံကိန်းနှင့်ဆက်နွယ်သော လူ့အခွင့်အရေးချိုးဖောက်မှုများ၊ သဘာဝ ပတ်ဝန်းကျင်ပျက်စီး ထိခိုက်မှုများ၊ သတင်းအချက်အလက်မှန်များကို ဖုံးကွယ်ထားသည့်အပေါ် SYCB နှင့် NYF တွင် ပါ၀င်သည့် အဖွဲ့ (၉)ဖွဲ့က၂၀၁၂ ခုနှစ် ဧပြီလမှ ဇွန်လအထိ ကွင်းဆင်း မှတ်တမ်းကောက် ယူခဲ့ခြင်းဖြစ်သည်ဟု SYCB ၏ အထွေထွေအတွင်းရေးမှူး နော်ဆန်းက ပြောသည်။

နော်ဆန်းက “ဖွံ့ဖြိုးရေးစီမံကိန်းကြောင့် အထူးသဖြင့် တိုင်းရင်းသားဒေသမှာ ဖြစ်ပျက်နေတဲ့ လူထုတွေရဲ့ နစ်နာ မှုတွေကို လက်လှမ်းမီသလောက်ပဲ ကျနော်တို့ စုဆောင်းတင်ပြထားတာဖြစ်တယ်။ မြစ်ဆုံကိစ္စနဲ့ ရွှေဂက်(စ်) စီမံ ကိန်းမှာ အဓမ္မခိုင်းစေတာ၊ လယ်မြေသိမ်းတာ စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိတယ်။ ဒါတောင် အခု လက်ပံတောင်း ကြေးနီစီမံကိန်း မပါသေးဘူး။” ဟု ကေအိုင်စီသို့ ပြောသည်။

P1000241

ထိုစီမံကိန်းများမှာ ကချင်ပြည်နယ်-မြစ်ဆုံဆည်၊ ကရင်ပြည်နယ်-ဖားအံမြို့ရှိ စီးပွားရေးဇုန်၊ ချင်းပြည်နယ်-တီး တိန်-ရိဒ် လမ်း၊ ရခိုင် ပြည်နယ်-စစ်တွေ ပင်လယ်ဆိပ်ကမ်း နှင့် ရွှေသဘာဝဓါတ်ငွေ့ပိုက်လိုင်း၊ ကရင်နီ(ကယား) ပြည်နယ်-ဘီလပ်မြေစက်ရုံ၊ သျှမ်းပြည်နယ်တောင်ပိုင်း-အထက်ပေါင်း လောင်းဆည်၊ မွန်ပြည်နယ်-ကတိုက် ဆည်နှင့် တနသာင်္ရီတိုင်း-ထားဝယ်ရေနက်ဆိပ်ကမ်းတို့ ဖြစ်သည်ဟု အပစ်ပယ်ခံ အစီရင်ခံစာတွင် ပါရှိသည်။

စီမံကိန်းကြောင့် အတင်းအဓမ္မလုပ်အားစေခိုင်းခြင်း၊ လယ်မြေသိမ်းယူခြင်း၊ အတင်းအဓမ္မရွေ့ပြောင်းခြင်း၊ စစ်တပ်တိုးချဲ့လာခြင်း၊ လုံခြံုရေးတင်းကြပ်ခြင်း၊ မတရားအခွန်ကောက်ခံခြင်းနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီး ခြင်း စသည့် ဆိုးကျိုးများ ဖြစ်ပေါ်လျှက်ရှိသည်ဟုလည်း အစီရင်ခံစာ၌ ထည့်သွင်းထားသည်။

ထို့အပြင် ဒေသခံ (၂၆၁) ဦးအား တွေ့ဆုံမေးမြန်း စစ်တမ်းကောက်ယူ ချက်အရ ဒေသ ခံ ၉၀ ရာခိုင်နှုန်းမှာ ၎င်းစီမံကိန်းများနှင့်ဆက်စပ်သည့် သတင်းအချက်အလက် မရရှိခြင်း၊ ၈၀ ရာခိုင်နှုန်းမှာ သတင်း အချက်အလက် ရရှိရန် မည်သို့ဆက်သွယ်ရမည်ကို မသိခြင်း၊ ၄၅ ဒဿမ ၂ ရာခိုင်နှုန်းမှာ ဘာမျှ မသိ ခြင်းနှင့် ကောင်းကျိုးသက်ရောက်မှုများကို ခံစားရသူ ၁ ရာခိုင်နှုန်းပင် မပြည့်ကြောင်း အစီရင်ခံစာက ဆိုသည်။

တဆက်တည်းမှာပင် မြန်မာအစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် ချင်းအမျိုး သားတပ်ဦး-CNFတို့ ဒီဇင်ဘာ ၉ ရက်နေ့၌ တွေ့ဆုံခဲ့ရာ အချက် ၆ ချက် သဘောတူခဲ့သည့်အနက် ချင်းပြည်နယ် အတွင်း ဒေသခံလူထု၏ ဆန္ဒကို ဦးစားပေးဆောင်ရွက်မည့် လွတ်လပ်သောဆန္ဒဖြင့် ထုတ်ဖော်ပြောကြားသည့် သဘောတူခွင့်ပြုချက်(FPIC)ဆိုင်ရာလူ့အခွင့်အရေးကိစ္စ ပါရှိကြောင်းနှင့် “ဒီသဘောတူညီချက်ဟာ ကောင်းမွန်တဲ့ခြေလှမ်းလို့ ဆိုနိုင်ပေမယ့် FPIC ကို ပြည်တွင်း ဥပဒေတရပ်အဖြစ် ပြဌာန်းပြီးတော့ တပြည်လုံးကျင့်သုံးဖို့ လိုအပ်တယ်”ဟု နော်ဆန်းက ဖြည့်စွက်ပြောဆိုသည်။

ဆက်လက်၍ SYCB နှင့် NYF တို့က ဖွံ့ဖြိုးရေးစီမံကိန်းနှင့် ပတ်သက်၍ မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန် အပါ အဝင် လုပ်ငန်းရှင်နှင့်ကုမ္ပဏီများ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်၊ နိုင်ငံရေးပါတီ အဖွဲ့အစည်း နှင့် လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ပါ၀င်ဆောင်ရွက်ဖြေရှင်းပေးကြရန် တိုက်တွန်းထားသည်။

SYCB နှင့် NYF သည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူငယ်အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားပြီး လက်ရှိ SYCB တွင် အဖွဲ့ ၁၅ ဖွဲ့နှင့် NYF တွင် အဖွဲ့ ၁၃ ဖွဲ့ရှိသည်။ SYCB ကို ၁၉၉၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး NYF ကို ၂၀၀၃ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။