အမေရိကန်ရောက် ကရင်မိသားစု အချို့မှ KNU ခေါင်းဆောင် ၉ဦးကို ဂုဏ်ပြု

အမေရိကန်ရောက် ကရင်မိသားစု အချို့မှ KNU ခေါင်းဆောင် ၉ဦးကို ဂုဏ်ပြု
by -
ကေအိုင်စီ

အမေရိကန်နိုင်ငံသို့ ရောက်ရှိသွားသည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ရဲဘော်ဟောင်း မိသားစု အချို့က လက်ရှိ တော်လှန်ရေးတွင် တာဝန် ထမ်းဆောင်နေ ဆဲဖြစ်သည့် ခေါင်းဆောင်ကြီး ၉ ဦး ကို ဂုဏ်ပြုသည့် အခမ်းအနားတခု နိုဝင်ဘာလ (၃၀) ရက်နေ့ နေ့လည်က လက်ရှိ KNU ကွန်ကရက် ခမ်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။

ထိုဂုဏ်ပြုပွဲကို အမေရိကန်နိုင်ငံမှ ပြန်လည် ရောက်ရှိလာသည့် နော်ဂျူးရီမှ တာဝန်ယူ လုပ်ဆောင်ပေးခြင်း ဖြစ်ပြီး လှူဒါန်းပစ္စည်းများ ပေးအပ်ခဲ့သည်။

DSC02098

နော်ဂျူးရီက “အသက်တွေ ကြီးပြင်းလာတဲ့ ကျမတို့ တော်လှန်ရေး ခေါင်းဆောင်တွေကို ဂုဏ်ပြုပေးဖို့ အမေရိကန်ရောက် KNU ရဲဘော်ဟောင်းတွေက တောင်းဆိုလာတဲ့အပေါ် ကျမအနေနဲ့ အားတက် သရော ဖြည့်စွမ်း လုပ်ဆောင်ပေးရတာ ဖြစ်တယ်”ဟု နော်ဂျူးရီက ပြောသည်။

ထိုသို့ ဂုဏ်ပြုခံရသည့် ခေါင်းဆောင်များမှာ ဗိုလ်ချုပ်ကြီး စောတာမလာဘော၊ ပဒိုစောဒေးဗစ်သာကပေါ်၊ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ ဗိုလ်ချုပ် ဖလယ့်ခို၊ ပဒိုပဒိုမန်း၊ ဗိုလ်မှူးချုပ်ကျော်လင်း၊ ပဒိုစောသမိန်ထွန်း၊ ဗိုလ်မှူး မန်းသာစိန်နှင့် ဗိုလ်မှူးချုပ် ဆာမိစေးဖိုး တို့ဖြစ်သည်။