ရွှေသဘာဝဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပေါ်နေ

ရွှေသဘာဝဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပေါ်နေ
by -
စောခါးစူး

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံယူနန် ပြည်နယ်အထိ ဖောက်လုပ်နေသည့် ရေနံနှင့် ရွှေသဘာဝဓါတ်ငွေ့ပိုက်လိုင်း စီမံ ကိန်းကြောင့် ဒေသခံများအား အတင်းအဓမ္မ အလုပ်ခိုင်းစေမှု၊ မြေယာသိမ်းမှုနှင့် အလုပ်သမားများခေါင်းပုံဖြတ်ခ ံရမှု စသည့် လူ့အ ခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပွားနေသည်ဟု ရွှေသဘာဝဓါတ်ငွေ့လှုပ်ရှားမှု(SGM) အဖွဲ့က ပြောကြားလိုက်သည်။

၂၀၀၉ ခုနှစ်မှ စတင်ခဲ့သည့် အဆိုပါစီမံကိန်းသည် ယခုအခါ လုပ်ငန်းများ အရှိန်အဟုန် မြှင့်တင်တိုးချဲ့ လုပ်ကိုင်လာသည်နှင့်အမျှ လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုမို များပြားလာသည်ဟု SGM အဖွဲ့၏ ပြောခွင့်ရသူ ဒေါ်ဖြိုးဖြိုးက ကေအိုင်စီကို ပြောသည်။

ထို့အပြင် လယ်မြေအသိမ်းခံရမှုများလည်း ဖြစ်ပေါ်လာသဖြင့် ဒေသခံများ စီးပွားရေးကြပ်တည်းလာရ သည်ဟုလည်း ပြောဆို သည်။ လောလောဆယ် ရခိုင်ပြည်နယ် မဒေးကျွန်းတွင် လယ်ယာမြေဧက ၅၀၀နှင့် ကျောက်ဖြူမြို့နယ်တွင် လယ်ယာမြေဧက ၂၀၀ အသိမ်းခံထားရသည်ဟု SGM က ပြောသည်။

ကီလိုမီတာ ၂,၈၀၀ ၀န်းကျင် ရှည်လျားမည့် ထိုရေနံနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်းသည်ရခိုင်ကမ်းရိုးတန်း မှတဆင့် ရခိုင်ပြည် နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်များကို ဖြတ်သန်းသွားမည်ဖြစ်သည်။

ပိုက်လိုင်း ဖြတ်သန်းသွားမည့် ရှမ်းပြည်နယ်တွင် အစိုးရလုံခြံုရေး တပ်ဖွဲ့ဝင်ဦးရေ ၆ထောင်ကျော်နှင့် အစိုးရကို ဆန့်ကျင်သည့် ကချင်နှင့် ရှမ်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ဦးရေ ၁သောင်းကျော် ရှိသည်ဟု SGM အစီရင်ခံစာတွင် ဖော်ပြထားသည်။

“ဒီလိုမျိုး စစ်တပ်တွေ ချထားတော့ ဒေသခံတွေဟာ စစ်တပ်ရဲ့ ခြိမ်းခြောက်မှု အမျိုးမျိုးကို ခံနေရတယ်။”ဟု ဒေါ်ဖြိုးဖြိုးက ပြော သည်။

ထို့အပြင် စီမံကိန်းဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အမျိုးသမီးများသည် ရပိုင်ခွင့်များ ဆုံးရှုံးနေပြီး ၎င်းတို့၏လုပ်အားခမှာ အမျိုး သားများ လုပ်အားခ၏ ထက်ဝက်သာ ရှိသည်ဟုလည်း SGM က ပြောသည်။

ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းတွင် တရုတ်အစိုးရပိုင် အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC) အပါအဝင် တောင်ကိုရီး ယား Dawoo International ကုမ္ပဏီ၊ အိန္ဒိယ ONGC Videsh ကုမ္ပဏီ၊ Gas Authority of India-GAIL၊ မြန်မာရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း(MOGE) တို့ ပူးတွဲလုပ်ကိုင်လျှက် ရှိသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် သဘာဝဓါတ်ငွေ့အပြင် အရှေ့အလယ်ပိုင်းဒေသနှင့် အာဖရိကတိုက်တို့မှ ရေနံတင်သင်္ဘောများဖြင့် သယ်ဆောင်လာမည့် ရေနံများကိုလည်း မြန်မာနိုင်ငံကို ဖြတ်သန်းပြီးတရုတ် နိုင်ငံသို့ ယခု တည်ဆောက်နေသည့် ပိုက်လိုင်းမှတ ဆင့် တင်ပို့မည်ဖြစ်သည်။

၎င်းပိုက်လိုင်းစီမံကိန်းကို ၂၀၁၃ခုနှစ်တွင် အပြီးဖောက်လုပ်ရန်ရှိသည်။ ထိုပိုက်လိုင်းမှတဆင့်သဘာဝဓါတ် ငွေ့များကို တရုတ်နိုင်ငံ သို့ တင်ပို့ရောင်းချမည်ဖြစ်ပြီး နှစ် ၃၀ကာလအတွင်း အမေရိကန်ဒေါ်လာ ၂၉ ဘီလီယံခန့်ကို မြန်မာအစိုးရက အကျိုးခံစားခွင့် ရရှိ မည်ဟု SGM အဖွဲ့၏ အစီရင်ခံစာတွင်ဖော်ပြထား သည်။