အစိုးရနှင့် တိုင်းရင်းသားပဋိပက္ခ ညှိနှိုင်းဆွေးနွေးရန် ဒေါ်စု အသင့်ရှိ

အစိုးရနှင့် တိုင်းရင်းသားပဋိပက္ခ ညှိနှိုင်းဆွေးနွေးရန် ဒေါ်စု အသင့်ရှိ
by -
ကေအိုင်စီ

မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ များအကြား ယခုလတ်တလော ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကို အမြန်ဆုံး အပစ်ရပ်စဲကြပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးရန် အသင့်ရှိကြောင်း မြန်မာ့ဒီမိုကရေစီခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ရက်စွဲဖြင့်အိတ်ဖွင့် စာပေးတစောင် ထုတ်ပြန်လိုက်သည်။

DASSK

လက်ရှိ အခြေအနေတွင် ကချင်၊ ရှမ်း၊ ကရင်နှင့် မွန် စသည့် ပြည်နယ်များတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အ ဖွဲ့အစည်းများ စစ်ရေးပဋိပက္ခကြောင့် ပြည်သူအများအပြားသေကြေပြီး နိုင်ငံပိုင်အဆောက် အဦးများ၊ စီမံကိန်းလုပ်ငန်းများ၊ ယိုယွင်းပျက်စီးမှုများ အိမ်နီးချင်းနိုင်ငံများပါ ကူးစက်ပျံနှံ့နေချိန်တွင် ဒေါ်စု အိတ်ဖွင့်စာ ထွက်ပါ်လာခြင်း ဖြစ်သည်။

အစိုးရအနေဖြင့် စစ်ပွဲပဋိပက္ခများကို အင်အားသုံးဖြေရှင်းပါက နှစ်ဦးနှစ်ဘက် အကျိုးဆုတ်ယုတ်စေ သည့်အ တွက် နိုင်ငံရေး ကို နိုင်ငံရေးနည်းဖြင့် ဆွေးနွေးအဖြေရှာမှသာ စစ်မှန်သောတိုင်းရင်းသားစည်းလုံးညီညွှတ် ရေးကို ရရှိမည်ဖြစ်သည်ဟု ဒေါ် အောင်ဆန်းစုကြည်က ပြောဆိုထားသည်။

တိုင်းရင်းသားဒေသရှိ ပဋိပက္ခကို လူထုခေါင်းဆောင်ဖြစ်သည် ဒေါ်အောင်ဆန်းစုကြည်က ယခုလို ပါ၀င်ဖြေ ရှင်းလာသည့် အပေါ် အလားအလာကောင်းတခုဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)တွဲဖက် အတွင်းရေးမှူး(၁) ဗိုလ်မှူးစော လှငွေက ကေအိုင်စီကို ပြောသည်။

“ဒေါ်စု ပါ၀င်လာခြင်းအားဖြင့် သူ့နောက်မှာ ရှိနေတဲ့ လူထုတစ်ရပ်လုံးက ပါ၀င်လာတာနဲ့ အတူတူပဲ။သက်ဆိုင် ရာ အစိုးရ ကလည်း ဒီအိတ်ဖွင့်ပေးစာကို အလေးအနက်ထားပြီး အပြုသဘောဆောင်တဲ့ တုံ့ပြန်ဖို့မျှော်လင့် ပါတယ်။”ဟု သူက ပြော သည်။

မွန်ပြည်သစ်ပါတီ-NMSP ၏ ဥက္ကဌ နိုင်ဟံသာကလည်း “စစ်ရေးက တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးကို မတည်ဆောက် နိုင်ပါဘူး။ ဒေါ်စုအနေနဲ့ အခုလို စေတနာနဲ့ ကြိုးပမ်းလာတဲ့အပေါ်မှာ ကျနော်တို့ကဝမ်းသာ ကြိုဆိုတယ်။ အခုကိစ္စမှာ လည်း အစိုးရတစ်ဖွဲ့တည်းနဲ့တော့ မလုပ်နိုင်ပါဘူး။ ဘက်ပေါင်းစုံ အင်အားစုအားလုံး အကောင်အထည်ဖော်မှ ဖြစ်မှာပါ။” ဟု ဆိုသည်။

ပြည်ထောင်စု သမတ မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးစုများနှင့် စုစည်းထားသောနိုင်ငံဖြစ်ပြီး တမြေ တည်းနေ တရေ တည်းသောက် ညီအစ်ကိုမောင်နှမများ အတူတကွ နေထိုင်လျှက်ရှိသော နိုင်ငံဖြစ်သည့် အတွက် တစ်ဦးနှင့်တစ်ဦး ချစ် ကြည်ရင်းနှီးစွာ နေထိုင်ကြရန် တိုက်တွန်းရေးသားထားပါသည်။

ပြည်ထောင်စုသားများအနေဖြင့် တစ်ဦးနှင့်တဦး၊ တဖွဲ့နှင့်တဖွဲ့ အပြန်အလှန် နားလည်မှု၊ယုံကြည်လေးစားမှု များရှိကြပြီး တိုင်းပြည်အကျိုးနှင့် ပြည်သူလူထုအကျိုးကို မျှော်ကိုးကာ တိုက်ပွဲများရပ်တန့်ပြီးအပစ်ခတ်ရပ်စဲရေး နှင့် ငြိမ်းချမ်းရေးလုပ် ငန်းများ လုပ်ဆောင်သွားရန် ဒေါ်စုက ပြောဆိုထားသည်။

ယခုအပတ် ဇူလိုင်လ ၂၅ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် အလုပ်သမားနှင့် လူမှုဝန်ထမ်းဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံပွဲအပြီး ယခုလို အိတ်ဖွင့်ပေးစာ ပေါ်ထွက်လာခြင်းဖြစ်သည်။

Most read this week