အခြေခံဥပဒေပြင်ဆင်ရေး (သို့ ) အသစ်ရေးဆွဲရေးနှင့် မွန်အမျိုးသား ကွန်ဂရက်

အခြေခံဥပဒေပြင်ဆင်ရေး (သို့ ) အသစ်ရေးဆွဲရေးနှင့် မွန်အမျိုးသား ကွန်ဂရက်
by -
ရွှေဟင်္သာ

နိင်ဘန်း-ပြီးခဲ့သည့် စက်တင်ဘာ ၂၈ မှ ၃၀ မှ ကျင်းပသည့် မွန်အမျိုးသားလုံး ဆိုင်ရာ ညီလာ ခံတွင် မွန်အမျိုးသား ကွန် ဂရက် ကျင်းပရေး၊ စစ်မှန်သည့် ငြိမ်းချမ်း ရေးနှင့် တပြည်လုံး အပစ် အခတ် ရပ်စဲရေး၊ မွန်တမျိုး သားလုံး စည်းလုံး ညီညွတ်ရေး၊ မွန်ဒေသ ဖွ့ံဖြိုး တိုးတက်ရေး၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက် ရေးနှင့်၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ရေး သို့မဟုတ် အသစ် ရေးဆွဲရေး စသည့် ဆုံးဖြတ် ချက်များ ချမှတ် ထားသည်ကို တွေ့ရပေသည်။

၄င်းဆုံးဖြတ်ချက်များအနက် ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ရေးသို့မဟုတ် အသစ်ရေးဆွဲရေးသည် ယနေ့ မြန်မာ့ နိုင်ငံရေးတွင် ထိပ်ဆုံး ရောက်နေသည့် အကြောင်း အရာတခု ဖြစ်သည်။

၄င်းအပြင် စက်တင်ဘာ ၂၁ ရက် နေ့တွင် ကျင်းပသည့် ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ခြင်း (ရှမ်း၊ကယားနဲ့မွန်ပြည်နယ်) ဆွေးနွေးပွဲ တွင်လည်း၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ရေးသို့မဟုတ် အသစ် ရေးဆွဲရေး ဆုံးဖြတ်ချက် ချလာ သည်ကို တွေ့ရသည်။

၂၀၀၈ အခြေခံ ဥပဒေ ဖွဲ့စည်းပုံသည် ယခင် စစ်အစိုးရ လက်ထက်က ၄င်းတို့ စိတ်ကြိုက် ရေးဆွဲထားသည့် ဖွဲ့စည်းပုံ ဖြစ်ပြီး  ယင်းဖွဲစည်းပုံ၌ တိုင်းရင်းသား အခွင့်အရေးများ မပါရှိ သလိုဒီမိုကရေစီ အခွင့် အရေးလည်း မရှိပေ၊ ၄င်းအပေါ် အခြေ ခံ၍ ပေါ်ပေါက် လာသော အစိုးရနှင့် လွှတ်တော် သည်လည်းတိုင်းရင်းသားများနှင့်  မြန်မာပြည်သူ တရပ်လုံးထက် စစ်အစိုးရနှင့် ၄င်းတို့ အသိုင်း အဝိုင်း ကိုသာ ပိုအကျိုးရှိ စေမည်မှာ မလွဲပေ။

 သို့ဖြင့်တိုင်းပြည် အတွက် အကျိုးရှိလိုပါက ၂၀၀၈ အခြေခံ ဥပဒေကိုပြင်နိုင်မှ သို့မဟုတ် ဖွဲ့စည်းပုံ အသစ် တခုကို အစားထိုး ကျင့်သုံး နိုင်မှ ဖြစ်ပေမည်၊ဤသည် တိုင်းပြည် အတွက် အရေး ကြီးသည့် နိုင်ငံရေး လုပ်ငန်း တခု ဖြစ်သည်ကို မည်သူမျှ မငြင်းပေ။

သို့သော်ဖွဲ့စည်းပုံ ပြင်ဆင်ရေး သို့မဟုတ် အသစ် ရေးဆွဲ ရေးသည်ကောင်းကျိုး ဆိုးကျိုးများ ဖြစ်လာ နိုင်သဖြင့် အသေအချာစဉ်းစား သုံးသပ်ပြီး လုပ်ဆောင် မှသာလျှင်အောင်မြင်မည် ဖြစ်သည်။ ၄င်း ပြသနာသည် တိုင်းပြည် ၏အင်အားစုအားလုံးနှင့်သက်ဆိုင်နေသည့်အပြင်  လက်ရှိမြန်မာ့နိုင်ငံရေး အပြောင်းအလဲနှင့်ဆက်စပ်နေသဖြင့် ရည်ရွယ်ချက်မည်မျှကောင်းမွန််စေကါမူ လုပ်နည်းလုပ်ဟန်နှင့်ချဉ်ကပ် မှု မှားပါကတန်ပြန်ဆိုးကျိုးများ ရှိလာနိုင်သည်ကို ထည့်တွက်ထားရမည်။

 ထို့ကြောင့် ပကတိဖြစ်ရှိနေတဲ့ နိုင်ငံရေးအပေါ်အခြေခံပြီးဖွဲ ့စည်းပုံပြသနာကို ကိုင်တွယ်ပါက ပိုမိုလက်တွေ့ ကြမည်ဟုထင်ပါသည်၊ယနေ့မြန်မာ့နိုင်ငံရေးအပြောင်းအလဲအပေါ်အမြင်အမျိုးမျိုးဖြင့် သုံးသပ်နေကြသော် လည်း  ယေဘူယျအားဖြင့် ယနေ ့အပြောင်းအလဲသည် စစ်အစိုးရက စခဲ့သည့်အပြောင်းအလဲဆိုက ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ကျနပ်တို့အသိအမှတ်ပြုရပေလိမ့်မည်၊၄င်းအပြောင်းအလဲသည် တိုင်းပြည်အတွက် အကျိုးနည်းသော်လည်း ပကတိတရားအရ ကျန်ုပ်တို ့ဖြတ်သန်းနေရ၊ အသိအမှတ်ပြုနေ ရပြီး ဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်က ၂၀၀၈ အခြေခံဥပဒေကိုလက်မခံဟု ကြွေးကြော်ခဲ့သော တိုင်းရင်းသား လက်နုက်ကိုင်အဖွဲ့များသည် ယခုအခါ၄င်းအခြေခံဥပဒေအရ ပေါ်ပေါက်လာသည့်  အစိုးရနှင့်အပစ် အခတ်ရပ်စဲရေးလုပ်လာသည်ကို တွေ ့ရပေသည်၊ ထိုနည်းတူ ၂၀၀၈ အခြေခံဥပဒေကို ဆန့်ကျင်ခဲ့သည့်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားနိုင်ငံရေးပါတီများကလည်းယခုအခါ တရားဝင်နိင်ငံရေး ပါတီအဖြင့် လှုပ်ရှားလာကြသည်သာမက  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ကြားဖြတ်ရွေးမှလွှတ် တော်ထဲသို့ ဝင်ရောက်နေကြပြီးဖြစ်သည်၊ ဤသည် ၂၀၀၈ အခြေခံဥပဒေကို တနည်းနည်းဖြင့်အသိအမှတ် ရာ ရောက်ပြီး အစိုးရ၏အပြောင်းအလဲတွင် လိုက်ပါလာခြင်းဖြစ်သည်။

တိုင်းပြည်၏ပကတိ တည်ရှိမှုတရားကိုလက်ခံခြင်း

အနှစ် ၆၀ သမိုင်းအရ အုပ်ချုပ်သူအစိုးရနှင့် တိုင်းရင်းသားအင်းအားစုများ အထူးသဖြင့် လက်နက်ကိုင် တိုင်းရင်းသားအင်အားစုများသည်ရန်ဘက်အဖြစ်စဉ်စားပြိး မိမိအနိင်ရရေးအတွက် အပြုတ်တိုက်ရေး ပေါလစီကို ကျင့်သုံးခဲ့သည်၊လက်တွေ့တွင် တိုင်းရင်းသားတို့လက်နက်ကိုင်တော်လှန်ရေးကြောင့် ပြုတ်ကျခဲ့သည့်အစိုးရမရှိသလို အစိုးရ၏ စစ်ရေးကြောင့် ပျောက်ကွယ်သွားသည့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့တစ်ဖွဲ ့မျှမရှိပေ၊ အကျိုးဆက်အားဖြင့် အနှစ် ၆၀ ပြည်တွင်းစစ်ကြောင့် တိုင်းပြည်ဆင်းရဲ တွင်းနစ်ခဲ့ပြီး ပြည်သူများအတိဒုက္ခရောက်ခဲ့ရသည်။

၄င်းအတွေ့အကြုံအပေါ် သင်ခန်းစာယူပြီး  မြန်မာ့နိုင်ငံရေးပြသနာသည် အင်အားစုအားလုံးပါ၀င်သည့် တွေ့ဆုံးဆွေးနွေးရေးဖြင့်သာ ဖြေရှင်းနိုင်မည်ကို အားလုံးလက်ခံလာကြသည်၊ တိုင်းပြည်၏ပြသနာကို တွေ့ဆုံဆွေးနွေးခြင်းဖြင့်အဖြေရှာပါက တွေ့ဆုံဆွေးနွေးရေးအပေါ် ယုံကြည်ချက်ရှိရှိနှင့်စိတ်ရှည်ရှည်ဖြင့့် တစိုက်မတ်မတ် လုပ်ဆောင်မှသာ ဖြစ်နိုင်ပေသည်၊ တိုင်းပြည်ပြသနာ အဖြေရှာရေး၊တိုင်းပြည်ငြိမ်းချမ်ရေး နှင့်တိုးတက်ရေးဆိုသည့် ဘုံရည်မှန်းချက်များအောက်တွင် တိုင်းရင်းသားအင်အားစုများနှင့်အစိုးရတို့သည် ယခင်ထားရှိခဲ့သည့် ရန်ဖက်စဉ်းစားချက်မှ မိတ်ဖက်စဉ်းစားချက်အဖြစ် ပြောင်းလဲပြီး အတူတကွဆွေး နွေးပါက  တိုင်းပြည်ပြဿနာကို မဖြေရှင်းနိုင်စရာအကြောင်းမရှိပေ။

ဤသို့အင်အားစုများအတူဆွေးနွေးနိုင်ရန်အတွက်အင်းအားစုအသီးသီး၏အခန်းကဏ္ဍကို အထူးသဖြင့် အစိုးရနှင့်တပ်မတော်၏အခန်းကဏ္ဍကို အသိမှတ်ပြုရပေမည်၊ထိုနည်းတူအစိုးရနှင့်စစ်တပ်ကို ဆွေးနွေး ဖက်အဖြစ်အသိအမှတ်ပြုပါက ၄င်းတို့ရေးဆွဲထားသည့် ၂၀၀၈အခြေခံဥပဒေကိုလည်း အနည်းနှင့် အများ အသိအမှတ်ပြုဘို့လိုအပ်ပေမည်။

ဖွဲ ့စည်းပုံပြင်ရေး အသစ်ရေးဆွဲရေး နှင့် မွန်တို ့ညီလာခံ

 ၂၀၀၈ ဖွဲ့စည်းပုံနှင့်ပတ်သက်ပြီးအခြားတိုင်းရင်းသားမျာနည်းတူ မွန်အမျိုးသားတို့တွင်လည်း  ပြင်လိုသည့် အယူအဆနှင့် အသစ်ရေးဆွဲသည့်အယူအဆဆိုပြီး၂ မျိုးရှိသည်၊ သို့သော်ငြားလည်း   အခြေခံအချက်ဖြစ်သည့် ၂၀၀၈ ဖွဲ့စည်းပုံသည် မွန်တို့၏အခွင့်အရေးမဖော်ဆောင်နိုင်ခြင်းနှင့် မွန်တို့အတွက်အကျိုးဖြစ်ထွန်းစေမည့် အခြေခံဥပဒေတခုပေါ်ပေါက်ရေးတို့ သည် အတူအတူပင်ဖြစ်သည်။

 ဖွဲ ့စည်းပုံကို အသစ်ရေးဆွဲလိုသည့်အမြင်ရှိသူများဘက်က၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ရှုပ်ထွေးပြီး ပြင်ဆင်ရေးဆွဲရတာခက်သည့်အတွက် အသစ်ရေးဆွဲခြင်းသည်ပိုပြီးကောင်းမွန်ပြီး လွယ်ကူသည်ဟု ဆိုသည်၊ ဤငြင်းချက်သည်မမှားပါ၊ ၂၀၀၈ အခြေခံဥပဒေတွင်ဒီမိုကရေစီစံများမရှိသည့်အပြင် ပြင်ဆင်မှုခက်အောင်လည်း ယခင်စစ်အစိုးရက စိတ်ကြိုက်ရေးဆွဲထားသည်၊စစ်တပ် ၂၅ % ပါ၀င်သည့်လွတ်တော်တွင် လွတ်တော်၏ ရ၅ % ထောက်ခံမှ ဥပဒေကို ပြင်ဆင်နိုင်မည်ဟုပြဌန်း ထားခြင်းသည် အခြေခံဥပဒေကို ပြင်လို ့မရအောင် ထမင်လုပ်ထားခြင်းဖြစ်သည်။

သို့သော်  အဓိကစဉ်းစားရမည့်အချက်တခုမှာ မိမိတို့အသစ်ရေးဆွဲမည့်ဥပဒေကိုအစိုးရနှင့် စစ်တပ်လက်မခံပါ က ဘာလုပ်မည်နည်း၊ ယခုအချိန်အတွင်လည်း ဖွဲ့စည်းပုံအသစ်ရေး ဆွဲခြင်းသည်လက်မခံနိုင်ဟု ကာကွယ် ရေး စစ်ဦးစီချုပ်က မကြာခင်က ကရင်အမျိုးသားအစည်းအရုံးကိုယ်စားလှယ်နှင့် တွေ့ဆုံပွဲတွင်ပြောခဲ့သလို အာဏါရပါတီအတွင်းရေးမှူးကလည်း ဖွဲ့စည်းပုံအသစ်ရေးဆွဲယင် တိုင်းပြည်အတွက်အန္တရာယ်ဖြစ်သည်ဟု ဆိုသည်၊

သို့ဖြင့် ဖွဲ့စည်းပုံအသစ်ကိုအစိုးရကလက်မခံပါက လက်ခံအောင်တွန်းမည်လော၊ တွန်းမည်ဆိုက တွန်းနိုင်မည်လော၊ သို့ဖြင့်တွေ့ဆုံရေးလမ်းမှ ယခင်လမ်းဖြစ်သည့် ထိပ်တိုက်ရေးလမ်းသို့ပြန်ရောက်သွားပြီး  နိုင်ငံရေးပိတ်ဆို့မှု ( Political Deadlock) ပြန်ဖြစ်မည်လော၊တကယ်၍နိုင်ငံရေးပိတ်မှုဆို့ပါက ယခင်ကဲ့သို့ နောက်အနှစ် ၂၀ ကြာအုံးမည်လော စသည့်မေးခွန်းများအတွက်အဖြေကို စဉ်းစားထား ရပေလိမ့်ဖြစ်မည်။

တဖက်တွင်လည်း ၂၀၀၈ အခြေခံဥပဒေကိုပြင်ဆင်ခြင်းသည့် နိုင်ငံရေးပိတ်ဆို့မှု၊ထိပ်တိုက်မှုများကို ရှောင်ရှားနိုင်ပြီး  မိမိတို ့လိုချင်သည့်အခွင့်ရေးကို ရနိုင်မည်လော၊ဤနည်းလမ်းလည်းလွယ်လွယ်နှင့်ရမည် မထင်ပါ၊ သို ့သော် ၂၀၀၈ အခြေခံဥပဒေသည် အားနည်းချက်ရှိပြီးပြင်ဆင်ဘို ့လိုသည်ကို အစိုးရရော လွှတ်တော်က သဘောတူပြီး လွတ်တော်မှ ဥပဒေပြင်ဆင်ရေးကော်မတီကိုလည်းဖွဲ့စည်းထား ခြင်းဖြစ်သည်၊ ၄င်းအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ဖွဲ့စည်းပုံကိုအစိုးရနှင့်ညှိနှိင်းပြီး ပြင်ဘို့ တရားဝင်ထုတ် ပြောလာပြီးဖြစ်သည်၊ သို့ဖြင့် ၂၀၀၈ ကို  ပြင်ဆင်သည့်နည်းသည် နည်းနည်း ပွင့်နေသည့်တခါးကိုပို ကျယ်အောင် တွန်းသည့်အခွင့်အရေးရှိနေသည့်အပြင် ထိပ်တိုက်မှုကိုလည်း အနည်းအနှင့်အများရှောင်နိုင် မည့်ဟုဆိုရပေမည်၊ သို့သော်ငြားလည်း မိမိတွန်းနိုင်သည့်အားအပေါ် မူတည် ပေလိမ့်မည်၊ ဖွဲ့စည်းပုံ ပြင်ဆင်သည့်နည်းလမ်းသည် အစိုးရ၊စစ်တပ်နှင့် ဆွေးနွေးယူရမည် ဖြစ်သည့် အတွက် မိမိတို့လိုချင်သည့် အခွင့်အရေးအားလုံးတခါတည်းမရနိုင်ပါ။

ခြုံပြောမည်ဆိုပါက ဖွဲ့စည်းပုံအသစ်ရေးဆွဲရေးနှင့်ပြင်ဆင်ရေးသည်မည်သည့်ဖက်မျှ မလွယ်ကူလှပါ၊ အစိုးရက အသစ်ရေးဆွဲရေးကို လက်မခံသလို ပြင်ဆင်ရေးဆွဲရေးလည်း မလိုလားပါ၊သို့သော်  ဖွဲ့စည်းပုံပြသနာကို လူထုတရပ်လုံးကတောင်းဆိုပါက ဒီမိုကရေစီစနစ်သို အသွင်ကူးပြောင်းနေ သည့်အစိုးရ တရပ်အနေဖြင့် လူထုအသံကိုမလွဲသာ နားထောင်ရလိမ့်မည်၊ ထိုနည်းတူ မွန်တို့၏အခွင့်အရေးကို မွန်လူမျိုးတရပ်လုံးက အသံညီညီဖြင့် ထုတ်ဖော်တောင်းဆိုပါက အမျိုးသားစည်းလုံးညီညွတ်မှုတည် ဆောက်ရေး ကြွေးကြော်နေသည့် အစိုးရတရပ်အနေဖြင့် မွန်တို့၏အသံကို မဖြစ်မနေ နားထောင်ရ ပေလိမ့်မည်။

ထို့ကြောင့် မွန်တို့အသံသည်တသံတည်းဖြစ်ဘို့လိုအပ်ပေသည်၊မွန်တို့၏သဘောထားများကို မွန်အမျိုးသားညီလာခံတွင် စုစည်းနိင်မည်ဖြစ်သည်၊ထို့ကြောင့်မွန်အမျိုးသားညီလာခံသည် မွန်တမျိုးသားလုံး ညီညွတ်ရေးအတွက် သဘောထားများစုစည်းရာနေရာဖြစ်သလို မွန်အမျိုးသားများ၏ရှေ့လုပ်ငန်းစဉ် ချမှတ်ရာ နေရာဖြစ်သည်၊ ဤညီလာခံမှချမှတ်လိုက်သော လုပ်ငန်းစဉ်များသည်အမျိုးသားညီညွတ်ရေး နှင့်မွန်တို့၏တန်းတူရေးအခွင့်အရေးကို ဖော်ဆောင်ပေးနိုင်သည့် လုပ်ငန်းစဉ်ဖြစ်ရန်အရေးကြီးပေသည်၊ ညီလာခံလုပ်ငန်းစဉ်သည် ပြတ်သားမှု၊ပီပြင်မှုမရှိပါက မိမိတို့အကြား အချင်းအချင်းရှင်းနေသည့်သံသရာ တွင် လည်နေမည်ဖြစ်သည်။

 ဖွဲ့စည်းပုံအသစ်ရေးဆွဲရေး သို့မဟုတ် ပြင်ဆင်ရေးဟုစက်တင်ဘာလကုန်အမျိုးသားညီလာခံ၏ ဆုံးဖြတ်ချက်သည် မွန်အမျိုးသားထုအတွင်း ၂ ခြမ်းကွဲစေသဖြင့် မွန်တို၏အခြေခံရည်မှန်းချက်ဖြစ်သည့် မွန်တို့၏အခွင့်အရေးကို ဖော်ဆောင်မည့်ဖွဲ့စည်းပုံပေါ်ပေါက်ရေးတိုက်ပွဲကိုလည်း အားပျော့သွားစေပါသည်၊ သို့သော် ဤညီလာခံ၏ဆုံးဖြတ်ချက်သည် နောင်နှစ်ဆန်းတွင်ကျင်းပမည့် မွန်အမျိုးသား ကွန်ဂရက်တွင် ပြင်ဆင်နိုင်သဖြင့် မွန်တို့သည်ဖွဲ ့စည်းပုံ ပြင်မလား အသစ်ရေးမလား ဆိုသည့်အမြင် ၂ ခုအနက် တခုကို ရွေးချယ်ချမှတ်နို်င်ပါသည်၊ ကျနု်ပ်တို ့ခေါင်းဆောင်းများ မွန်အရေးလုပ်ရှားသူများ မွန်တို့၏အခွင့်အရေးကို ဖော်ဆောင်နိ်င်မည်၊့မွန်တို့၏ ညီညွတ်မှုကို ဖော်ဆောင်နိုင်သည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ပါစေ။