အမှတ် ၁၄ တပ်မတော်တန်းမြင့်စစ်လေ့ကျင့်ရေးသင်တန်းကျောင်းတည်ရှိတဲ့ ကယား(ကရင်နီ)ပြည်နယ်၊ ဖရူဆိုမြို့ နယ်ကို ရောက်ရှိလာတဲ့ အမှတ် (၂) အထူးစစ်ဆင်ရေးမှူး ဒု-ဗိုလ်ချုပ်ကြီးအောင်သန်းထွဋ်နဲ့ ဇွန်နဝါရီ ၁၆ရက်နေ့က မျက်နှာချင်းဆိုင်တွေ့ချိန်မှာ မာဖရိုရှေ့ကက််သလစ် ကျောင်းထိုင်ဘုန်းတော်ကြီး ခူးရီးရယ်က “လက်နက်ကြီးတွေ ပစ်တဲ့နေရာမှာက အသံအရမ်းဆူတယ် အဲတာကို တခြားတနေရာမှာ သွားပြီးတော့ ပစ်ခိုုင်းရင်ကောင်းမယ်၊ ဥပမာဘောလခဲဖက်ဆိုရင် တပ်မြေတွေကအကျယ်ကြီး ရှိထားပြီးနေ ပြီပဲ၊ အခု ဒီမှာက ရွာတွေနဲ့လဲ နီးနေတယ်၊ သက်ကြီး ရွယ်အိုတွေနဲ့ကလေး သူငယ်တွေ အတွက်ကတော့ မကောင်းဘူး”လို့ ပြောပါတယ်။
ဒုု-ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်က “ဘယ်နိုင်ငံမှာပဲ ကြည့်ကြည့်ပေါ့နော် တပ်မတော်ရှိရင် လေ့ကျင့်ရေး ကျောင်းဆိုတာ ရှိပါတယ်၊ ဒီရေ ဒီမြေဆိုတာလဲ ရွာသားတွေ ပိုင်တယ်ဆိုတာလဲ မှန်ပါတယ်၊ ရွေ့ပြောင်း တောင်ယာတွေ လုပ်တယ်ဆိုတာလည်း မှန်ပါတယ်၊ သို့သော်လည်းပဲ ဘယ်နိုင်ငံမှာမဆို မြေတွေ အားလုံးဟာ နိုင်ငံတော်ကပဲ ပိုင်တယ်ပိုင်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့က မတရားလုပ်တာ ဘာတခုမှ မလုပ်ဘူး၊ သေချာ စနစ် တကျ စီမန်ခန့်ခွဲပြီးတော့ ရပ်ရွာ ဖွံ့ဖြိုးဖိုးအတွက် လုပ်နေတာပါ”လိုု့ ပြန်လည်ပြောဆိုုခဲ့ပါတယ်။
ဒု-ဗိုုလ်ချုပ်ကြီးဟာ အမှတ်-၁၄တန်းမြင့်စစ်သင်တန်းကျောင်းအခြေအနေကိုု လာရောက်ကြည့်ရှုစစ်ဆေးစဉ် စစ်သင်တန်းကျောင်းအနီးရှိ မာဖရိုုရှေ့ကျေးရွာမှ ဘုုန်းတော်ကြီးနဲ့အတူ ရပ်ရွာအုုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖ တွေနဲ့တွေ့ဆုံုသွားခြင်းဖြစ်ပါတယ်။
အစိုုးရနဲ့ အပစ်ခတ်ရပ်စဲရေးသဘောတူထားတဲ့ ကရင်နီအမျိုးသားတိုုးတက်ရေးပါတီ - KNPP ဟာ အစိုုးရနဲ့ ပြည်ထောင်စုုအဆင့် ဒုတိယအကြိမ်ထိတွေ့ဆုံုပွဲတွေပြုလုုပ်ခဲ့ပေမယ့် တပ်နေရာချထားရေးကိစ္စနဲ့ နယ်မြေသတ်မှတ်ရေးကိစ္စတိုု့ကိုု သဘောတူညီချက်မချမှတ်နိုုင်သေးဘဲ အမှတ် ၁၄ စစ်ရေးလေ့ကျင့်ရေး ဆောက်လုပ်ခြင်းကိစ္စကိုုလည်း ကန့်ကွက်ထားပါတယ်။
ယခင်စစ်အစိုုးရလက်ထက်ကတည်းက စစ်သင်တန်းကွင်းတည်ဆောက်ဖို့ ဖရူဆိုုမြို့နယ် မာဖရိုုရှေ့၊ ဒေါလော်ခူနဲ့ လောဂျာရွာ သားများပိုုင်ဆိုု်င်တဲ့ မြေယာဧက ၂၇၀၀ ကိုုသိမ်းဆည်းခဲ့တာဖြစ်ပါတယ်။ ၂၀၁၁ ခုုနှစ် သြဂုုတ်လမှာ အဆောက်အဦးတွေ စတင်ဆောက်လုုပ်ကာ ၂၀၁၃ခုုနှစ် အောက်တိုုဘာမှာ ဆောက်လုုပ်ပြီး စီးခဲ့ပြီး စစ်သင်တန်းများစတင်ခဲ့ပါတယ်။
ဒေသခံရွာသူရွာသားတွေဟာ အမှတ် ၁၄ စစ်လေ့ကျင့်ရေးကျောင်း ပြန်လည်ရုတ်သိမ်းရေး၊ သိမ်းဆည်းပြီး မြေ ယာများပြန်လည်ရရှိရေး၊ တည်ဆောက်ပြီးစီးသွားပြီဖြစ်တဲ့ အဆောက်အဦးများအား လူထုအကျိုးပြု အဆောက်အဦးများအဖြစ်ပြန်လည် အသုံးပြုနိုင်ရန်ဆောင်ရွက်ပေးရေးအတွက် ဆန္ဒပြတောင်းဆိုုမှုတွေ လုုပ်ဆောင်လျက်ရှိနေပါတယ်။
အမှတ်၁၄ လေ့ကျင့်ရေးကျောင်းအပေါ် ကန့်ကွက်သည့်လှုပ်ရှားမှုများအနေဖြင့် လူထုဆန္ဒမဲ ခံယူပွဲများ၊ ဆုတောင်းပွဲများကိုလည်း ၁၀ ကြိမ်ထက်မနည်းပြုလုပ်ခဲ့ပြီဖြစ်ပြီး ဆက်လက်၍လည်း ထပ်မံဆန္ဒဖော် ထုတ်ဖို့ တွေ့ ဆုံပွဲတွေလုုပ်ဆောင်သွားမယ်လိုု့ ခိုလျှေဆို တောင်သူလယ် သမားကော်မတီမှ ပြောခွင့်ရ ဆရာစဲရယ်ကဆိုုပါတယ်။
“တကယ်လို့ ခင်များတို့ ရွာသားတွေ အနေနဲ့လဲ ပစ်ချင်တယ် ဆိုရင်လည်း လာပစ်လို့ ရတယ်၊ ပေးပစ်မယ် ကျနော် ဘယ်လောက်တောင် ပြောထားလဲဆို တကယ်လို့ ခင်များတို့ KNPP က သင်တန်းတွေ လုပ်ချင်တယ်ဆို ခင်ဗျားတို့ လူကိုခေါ်လာပြီးတော့ လာလုပ်လို့ရတယ် လို့တောင် ပြောထားတယ်”လို့ ဒု-ဗိုလ်ချုပ်ကြီး အောင်သန်းထွဠ်က ပြောပါတယ်။
ယခုု ၂၀၁၄-၁၅ အစိုုးရ ဘဏ္ဌာရေးနှစ်မှာ ကာကွယ်ရေးဝန်ကြီးဌာနက အမေရိကန်ဒေါ်လာ ၂.၃၆ ဘီလီယံအသုံုးပြုနိုုင်ရန် ကာကွယ်ရေးဝန်ကြီး ဒုုတိယဗိုုလ်ချုပ်ကြီး ဝေလွင်မှတောင်းဆိုုထားကြောင်း သိရပါတယ်။ အဲ့ဒီစစ်သုံုးစားရိတ်ကိုု တပ်စခန်းတည်ဆောက်ခြင်း၊ တပ်စခန်းများကိုုရောက်နိုုင်သော လမ်းများဖောက်လုုပ်ခြင်း၊ စစ်ကားများဝယ်ယူခြင်း၊ စစ်ဝတ်စုံုများဝယ်ယူတပ်ဆင်ခြင်း၊ စစ်သင်တန်း ပေးခြင်းနဲ့ နိုုင်ငံခြားစစ်သင်တန်းပိုု့ခြင်းတိုု့ဆောင်ရွက်ရန်အတွက်ဖြစ်ပါတယ်။
ကယားပြည်နယ်က လက်ရှိဖွင့်လစ်နေတဲ့ အမှတ် ၁၄စစ်သင်တန်းကျောင်းမှာ တပ်အင်အားသောင်းနဲ့ချီ ရှိနိုုင်ကြောင်းခန့်မှန်းရပါတယ်။
“တပ်သား အင်းအားက ထောင်သောင်းနဲချီးပြီးတော့ အများပြည်သူသွား လမ်းမကြီး ဖြစ်တဲ့ လွိုင်ကော် ဖားဆောင်းလမ်းမကြီးကိုပါ အသုံးပြုပြီးတော့ တခါတခါ လေ့ကျင့်နေတဲ့ အတွက် လမ်းတွေက ပိတ်နေတယ် မနက်ကနေ နေ့လယ်လောက်အထိဆို လမ်းက ပိတ်နေတဲ့ အတွက် ဘယ်သူ့မှ သွားလို့ မရတော့ဘူး အဲတာကို ရေရှည်အနေနဲ့ ကြည့်မယ်ဆိုရင် မကောင်းဘူး လမ်းက အမြဲတမ်းပိတ်နေ မယ်ဆို အများပြည်သူတွေ သွားလားရေးကိုလဲ ထိခိုက်လာမယ်”လို့ မာဖရိုရှေ့ အုပ်ချုပ်ရေးမှူး ဆော်ရယ်က ဒုု-ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်ကိုုပြောပြခဲ့ပါတယ်။
၂၀၁၃ခုုနှစ် ဇွန်လ ၁၉ ရက်နေ့မှ၂၀ရက်နေ့ထိပြည်လုုပ်ခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနဲ့ KNPP တို့ရဲ့ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ စစ်ရေးကိစ္စရပ်များ နဲ့ပါတ်သက်ပြီး တပ်မတော် အမှတ် (၂) အထူး စစ်ဆင်ရေးမှူး ဒုု- ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်၊ အရှေ့ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်စိုးထွဋ်တို့အပါအဝင် အခြားတပ်မတော် ထိပ်ပိုင်းအရာရှိတွေနဲ့ KNPP စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီတူးတို့ဟာ နှစ်ဖက် တပ်နေရာချထားရေးအတွက် သီးသန့် တံခါးပိတ်ဆွေးခဲ့ကြပါတယ်။
လက်ရှိအမှတ် ၁၄ကိုု KNPP မှ ကန့်ကွက်မှုတွေလုုပ်ထားတဲ့အတွက် အစိုးရစစ်တပ်ဘက်က သိမ်းဆည်းခဲ့တဲ့ မြေ ယာအနည်းငယ်ကိုု ရွာသားများပြန်လည်ပေးအပ်ပေမယ့် ဒီစီမံကိန်းကိုု ဆက်လက်လုုပ်ဆောင်နေ လျက်ရှိနေပါတယ်။