မြန်မာပြည် နိုင်ငံရေးသမိုင်းတွင် ပထမဆုံးအဖြစ် ကရင်နီပြည်ရှိ အပစ်ရပ်အုပ်စုများ နယ်ခြား စောင့်တပ်ပြောင်းလဲရေးအတွက် သဘောတူလက်မှတ်ရေးထိုးခဲ့လေသည်။ ထိုဖြစ်ရပ်များစွာ အတွက်လည်း အနာဂတ်် မြန်မာပြည် သမိုင်းပုံရိပ် နိုင်ငံရေးအဆင့် ပြောင်းလဲ မှုနှင့် ပတ်သက် ပြီး လုံးဝမမေ့နိုင်ပေ။
ကရင်နီအပစ်ရပ်အဖွဲ့များ အနေနှင့် အပစ်မရပ်မှီ အချိန်ပိုင်းအထိ နှစ်ပေါင်းဆယ်စုနှစ် လေးစုမျှ အကြာ ကရင်နီပြည်ရှိ အမျိုးသားရေး တန်းတူညီမျှမှုအပြင် အမျိုးသားနိုင်ငံနှင့် ဒီမိုကရေစီ နည်းကျ ဖယ်ဒရယ်ပြည်ထောင်စုအတွက် ကရင်နီ လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး(ကလလတ)၊ ကယန်းပြည်သစ်ပါတီနှင့် ကျန်အဖွဲ့ငယ်များသည်လည်း မိခင်ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (ကေအဲန်ပီပီ)နှင့်အတူ ပါဝင်ခဲ့လေသည်။
နှစ်ပေါင်း(၄ဝ)မှကြာပြီးနောက် အဖွဲ့အသီးသီးတွင် ကရင်နီပြည်အတွက်ဆိုပြီး မူဝါဒရေးရာနှင့် အကြောင်းအမျိုးမျိုးသော ဖြစ်ရပ်များကြောင့် အပစ်ရပ်ရန် (နဝတ)စစ်အစိုးရနှင့် ကမ်းလှမ်းခဲ့ ပေသည်။ ထိုနှစ်ပေါင်းများစွာအတွက် အဖွဲ့၏ရပ်တည်ရေး လက်နက်ခဲယမ်းနှင့် ရိက္ခာတို့သည် ပြည်သူမှသာလျှင် ထောက်ပံ့ခဲ့သလို ပြည်သူကသာလျှင် အကာအကွယ်ပေးခဲ့ရလေ၏။
ကရင်နီအပစ်ရပ်အဖွဲ့များ ယခုလက်ထဲမှ ကိုင်စွဲထားသော လက်နက်ခဲယမ်းများသည် ကရင်နီ ပြည်သူများ၏ အသက်ပေါင်းများစွာကို ကာကွယ်ရန်ပြည်သူများမှ အပ်နှင်းထားသော လက်နက်သာ ဖြစ်သည်။
ယခုအပစ်ရပ်ပြီးမှသာလျှင် သွေးနားထင်ရောက်နေဟန်ရှိသည်။ အပစ်ရပ်ပြီးနောက်တွင်လည်း ပြည်သူကို ယဉ်ကျေးသိမ့်မွေ့စွာ မဆက်ဆံပေ မိုက်ရိုင်းသည်။ ပြည်သူသည် အမိဖြစ်သလို အဖလည်းဖြစ်ပေသည်။ ပြည်သူကိုအကြောက်တရားနှင့်ဆက်ဆံခဲ့လေပြီး။
မရှက်မကြောက်စွာနှင့် ကရင်နီပြည်သူပိုင် သံယံဇတများစွာကို သိမ်းပိုက်ဓားပြတိုက် လေသည်။
ကရင်နီပြည်သူသည် လယ်ယာစိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ပြီး တောင်ယာလုပ်ငန်း နှင့် ပျော်မွေ့လေသည်။ ကရင်နီပြည်သူများ၏ အသက်သွေးကြောကို ဖြတ်တောက်လေပြီး သဘာဝအဖိုးတန် သစ်တောကို ဖျက်ဆီးလေ၏ ။
ထို့ကြောင့် ရေမရှိသောလယ်မြေများအပြင် ရာသီဥတုသည် ဆိုးရွားစွာ ဖောက်ပြန်လာလေ သည်။ ကရင်နီပြည်သူ၏အသက်ကို ရက်စက်စွာသတ်ဖြတ်သကဲ့သို့ရှိပေ၏။
စစ်ခေါင်းဆောင်ဗိုလ်သန်းရွှေ သမက် မောင်တေဇသည် မြန်မာပြည်အရပ်ရပ်ရှိ သစ်တောနှင့် သံယံဇတများကို မျက်နှာပြောင်တိုက် ခိုးဝှက်လျက်နေသော လူထုအော့နှလုံးနာ သူခိုးဓားပြ တစ်ဦးဖြစ်လေသည်။
ထိုလူထုအော့နှလုံး နာစရာကောင်းသော သူခိုးဓားပြနှင့် အပေါင်းအသင်း ရောင်းရင်သည် ကရင်နီပြည်မှာ အဖိုးတန်ကျွန်းသစ်ကိုခုတ်လေသည် ခဲသတ္တုကိုတူလေသည် မြရတနာ ကျောက်ကိုခိုးဝှက် ဓားပြတိုက်လေပြီး ကရင်နီပြည်တွင်းရှ်ိသော သံယံဇတများစွာ ခိုးဝှက် လေသည် ကောင်းလေစွ။
ကရင်နီပြည်သူသည် နေ့စဉ်နှင့်အမျှ စားဝတ်နေရေးကို ခက်ခဲစွာ ဖြေရှင်းနေရပေသည်။ နှစ်စဉ် ကျေးရွာများ စွန့်လွှတ်ကာ တောတွင်း ပုန်ရှောင်နေရသူ ကရင်နီပြည်များမှာ လူဦးရေ ၅ သောင်းခန့်ရှိပေမည်။
ထိုပြဿနာပေါင်းများစွာအတွက် ကရင်နီအပစ်ရပ်အဖွဲ့များသည် မသိချင်ယောင်ဆောင် ခဲ့ကျပြီး တာဝန်မဲ့စွာပင် လက်ပိုက်ကြည့်နေပေ၏။
အမျိုးသားဒီမိုကရေစီအဖွဲ့ အားကောင်းစဉ်ကာလများတွင် နိုင်ငံရေးနည်းအရ ပြောင်းလဲရန် အလို့ငှာ ထုတ်ပြန်ကြော်ငြာချက်များကို ကရင်နီ လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး၊ ကယန်း ပြည်သစ်ပါတီ၊ ရှမ်းပြည်နယ် အမျိုးသား လူမျိုးပေါင်းစုံတပ်ဦးနှင့် ကရင်နီအပစ်ရပ် အခြားအဖွဲ့တို့ စုပေါင်းပြီး နိုင်ငံရေးအရ တွေ့ဆုံအဖြေရှာရေးကို (၁၉၉၇)များကာလနှင့် ၂ဝဝ၁ ခုနှစ်များအတွင်း အသီးသီးတောင်းဆိုခဲ့ကြလေသည်။
နောင်ကာလများတွင် ဗိုလ်ခင်ညွန့်၏ နည်းဗျူဟာမြောက် စီးပွားရေးမက်လုံးများ နှင့်အတူ ကရင်နီအပစ်ရပ် ခေါင်းဆောင်များ မျောပါခဲ့ရ၊ သွားခဲ့ရပြီး လူချမ်းသာဘဝများသို့ တဟုန်ထိုး လျင်မြန်စွာပြောင်းလဲခဲ့ရပေသည်။
နှောင်းကာလ ၂ဝဝ၃ ခုနှစ်ကာလများတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် အရှိန်အဟုန် မှေးမှီန်လာပြီးနောက် ကရင်နီအပစ်ရပ်အဖွဲ့များသည် ထိုနိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးကို မပြောဆိုကြတော့ပေ။ ဒီမိုကရစီ အပြောင်းအလဲ ဖေါ်ဆောင်ရန်လည်း တွန်းအားမပေးတော့ ပေ။ ၂ဝဝရ ခုနှစ်သံဃာတော်များနှင့် ငြိမ်းချမ်စွာဆုတောင်းခြင်းများ ပါဝင်သည့် ရွေဝါရောင် တော်လှန်းရေးအတွင်း မည်သည့် အပစ်ရပ်အဖွဲ့များမှ မပါဝင်ခဲ့သလို မည့်သို့သော ကူညီမှုများ ကို ထိရောက်စွာပေးခဲ့ပါသနည်း။
၂ဝဝ၈ ခုနှစ်များအတွင်း ကန့်ကွက်မဲလှုပ်ရှားမှုများတွင်လည်း မည်သို့သော အကူညီများ ပေးခဲ့ပါသလဲ။ ထိုမေးခွန်းများစွာအတွက် ကရင်နီအပစ်ရပ်အဖွဲ့များ တာဝန်ခံဖြေကြား ရပေမည်။
ကရင်နီပြည်သူသည် ဒေါသထွက်လျှက်ရှိသော်လည်း နေ့စဉ်ရင်ဆိုင်ဖြေရှင်းနေရသော မိသားစုစားဝတ်နေရေး အခက်ခဲများကြောင့် သိသော်လည်းငြိမ်ခံနေရပေသည်။ ကရင်နီအပစ်ရပ်အဖွဲ့များနှင့် စစ်အစိုးရ၏ သေနတ်ကိုကြောက်လန့်နေလို့ မဟုတ်ပေ။
မတရားဖိနှိပ် အနိုင်ကျင့်မှု အချိန်ကာလမကြာနိုင် တနေ့ပေါက်ကွဲမည် တွန်းလှန်မည်သာ ဖြစ်သည်။ ကရင်နီအပစ်ရပ် အဖွဲဝင်ခေါင်းဆောင်များနှင့် ပါတီဝင်(သို့မဟုတ်) ရဲဘော်တိုင်း ကရင်နီလူမျိုးနွယ်မှ ပေါက်ဖွားလာသော အမျိုးသားများပင်ဖြစ်သည်။
မိမိကရင်နီပြည်သူကို အကာကွယ်ပေးရပေမည်။ ကရင်နီအမျိုးသားကို စောင့်ရှောက် ရန်တာဝန် ရှိပေသည် တရာမျှတပြီး မှန်ကန်သော အမူအကျင့်များကို ကျင့်သုံးရပါမည်။
ကရင်နီပြည်သူကို မတရာအနိုင်ကျင့်၊ သံယံဇာတများကို ခိုးဝှက်နေသော ကရင်နီအပစ်ရပ် ခေါင်းဆောင်များအတွက် ကောင်းချီးလက်ဆောင် ပေးစွမ်းနိုင်ရန် ကျွနုပ်တို့ ကရင်နီလူငယ်များ ကြိုးစားထားပေပြီး။
စစ်အာဏာရှင် ခေါင်းဆောင်များနှင့် မတရားဗိုလ်ကျနေသော ကရင်နီအပစ်ရပ် ခေါင်းဆောင် များကို နိုင်ငံတကာ လူ့အခွင့်အရေးခုံရုံးနှင့် သဘာဝပတ်ဝန်းကျင်များ ဖျက်ဆီးမှုဆိုင်ရာ တရားစွဲဆိုမှုများအတွက် ပြင်ဆင်ထားလေ၏။ ၄င်းတရားစွဲဆိုမှုများစွာအတွက် စနစ်ကျသော အချက်အလက်များစွာ စုဆောင်းထားခဲ့ရပါတယ်။
အချက်အလက်ပေါင်းများစွာ စနစ်တကျဖြစ်ဖို့အတွက် ကူညီသူ ကရင်နီပြည်သူများကို အထူး ကျေးဇူးတင်ရှိအပ်ပေသည်။ ထိုကောင်းချီးလက်ဆောင်များ မကြာမှီသောကာလ များတွင် ခံယူကျရပေမည်။ ထိုသတင်းစကားများအတွက် ကရင်နီပြည်ထံမှ အထူးကျေးဇူးတင် တုန့်ပြန်မှုတို့ကို လက်ခံရရှိခဲ့ပေသည်။
ထိုကဲ့သို့သော ဆောင်ရွက်ရာတွင်လည်း နိုင်ငံတကာရောက် ကရင်နီလူငယ်နှင့် ကရင်နီမျိုးသားများ ပါဝင်သင့်ပါသည်။ ကရင်နီပြည်ဖွား ကရင်နီ အမျိုးသားစုအဖြစ် ခံယူသူများအားလုံး ပါဝင်ရမည်။ ပိုမိုစည်းလုံးညီညွတ်မှုကိုဖေါ်ဆောင်ရပေမည်။
ကရင်နီပြည် ဒီမိုကရေစီဖေါ်ဆောင်ရေးနှင့် အားကျိုးမာန်တက် ကြိုစေလိုကြောင်း နိုင်ငံတကာရောက် ကရင်နီအမျိုးသား အားလုံးသို့ တိုက်တွန်းလိုက်ရပေသည်။